< ဆာလံ 115 >

1 အကျွန်ုပ် တို့၌ ဘုန်းမ ရှိစေဘဲ၊ အို ထာဝရဘုရား ၊ အကျွန်ုပ် တို့၌ ဘုန်းမ ရှိစေဘဲ၊ ကိုယ်တော် ၏နာမ ၌ ကရုဏာ တော်နှင့် သစ္စာ တော်ကြောင့် ဘုန်း ရှိ ပါစေ သတည်း။
Sio kwetu sisi, Ee Bwana, sio kwetu sisi, bali utukufu ni kwa jina lako, kwa sababu ya upendo na uaminifu wako.
2 သူ တို့၏ ဘုရား သခင်သည် အဘယ် မှာရှိ သနည်းဟု တပါးအမျိုးသား တို့သည် အဘယ်ကြောင့် ဆို ရကြမည်နည်း။
Kwa nini mataifa waseme, “Yuko wapi Mungu wao?”
3 ငါ တို့၏ ဘုရား သခင်သည် ကောင်းကင် ဘုံ၌ ရှိတော်မူ၏။ အလိုတော် ရှိသမျှ အတိုင်း ပြု တော်မူ၏။
Mungu wetu yuko mbinguni, naye hufanya lolote limpendezalo.
4 သူ တို့၏ရုပ်တု များမူကား ငွေ လည်းဖြစ်၏။ ရွှေ လည်း ဖြစ်၏။ လူ လက် ဖြင့် လုပ် သောအရာပေတည်း။
Lakini sanamu zao ni za fedha na dhahabu, zilizotengenezwa kwa mikono ya wanadamu.
5 ထို ရုပ်တုတို့ သည် နှုတ် ရှိ၍ စကား မ ပြောတတ်။ မျက်စိ ရှိ၍ မ မြင် တတ်။
Zina vinywa, lakini haziwezi kusema, zina macho, lakini haziwezi kuona;
6 နား ရှိ၍ မ ကြား တတ်။ နှာခေါင်း ရှိ၍ မ နမ်း တတ်။
zina masikio, lakini haziwezi kusikia, zina pua, lakini haziwezi kunusa;
7 လက် ရှိ၍ မ ကိုင် တတ်။ ခြေ ရှိ၍ မ သွား တတ်။ သူ တို့လည်ချောင်း ဖြင့် အသံ မ ပြုတတ်ပါတကား။
zina mikono, lakini haziwezi kupapasa, zina miguu, lakini haziwezi kutembea; wala koo zao haziwezi kutoa sauti.
8 လုပ် သောသူတို့လည်း အတူတူ ပါတကား။
Wale wanaozitengeneza watafanana nazo, vivyo hivyo wale wote wanaozitumainia.
9 အို ဣသရေလ အမျိုး၊ ထာဝရဘုရား ကို ကိုးစား လော့။ ထာဝရဘုရားသည် ဣသရေလအမျိုးကို မစသောသူ၊ ကွယ်ကာ သောသူဖြစ်တော်မူ၏။
Ee nyumba ya Israeli, mtumainini Bwana, yeye ni msaada na ngao yao.
10 ၁၀ အိုအာရုန် အမျိုး အနွယ်၊ ထာဝရဘုရား ကို ကိုးစား လော့။ ထာဝရဘုရားသည် အာရုန်အမျိုးအနွယ်ကို မစ သောသူ၊ ကွယ်ကာ သောသူဖြစ် တော်မူ၏။
Ee nyumba ya Aroni, mtumainini Bwana, yeye ni msaada na ngao yao.
11 ၁၁ ထာဝရဘုရား ကို ကြောက်ရွံ့ သောသူတို့၊ ထိုဘုရားကို ကိုးစား ကြလော့။ ထာဝရဘုရား သည် ထိုသို့ သောသူ တို့ ကို မစ သောသူ၊ ကွယ်ကာ သောသူဖြစ် တော်မူ ၏။
Ninyi mnaomcha, mtumainini Bwana, yeye ni msaada na ngao yao.
12 ၁၂ ထာဝရဘုရား သည် ငါ တို့ကို အောက်မေ့ တော်မူ ၏။ ကောင်းကြီး ပေးတော်မူမည်။ ဣသရေလ အမျိုး ကို ကောင်းကြီး ပေးတော်မူမည်။ အာရုန် အမျိုး အနွယ်ကို ကောင်းကြီး ပေးတော်မူမည်။
Bwana anatukumbuka na atatubariki: ataibariki nyumba ya Israeli, ataibariki nyumba ya Aroni,
13 ၁၃ ထာဝရဘုရား ကို ကြောက်ရွံ့ သောသူ အကြီး အငယ် တို့ကို ကောင်းကြီး ပေးတော်မူမည်။
atawabariki wale wanaomcha Bwana, wadogo kwa wakubwa.
14 ၁၄ ထာဝရဘုရား သည် သင် တို့နှင့် သင် တို့သား မြေးတို့၌ မင်္ဂလာကို တိုးပွား စေတော်မူမည်။
Bwana na awawezeshe kuongezeka, ninyi na watoto wenu.
15 ၁၅ သင် တို့သည် ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း သော ထာဝရဘုရား ကောင်းကြီး ပေးတော်မူသောသူ ဖြစ်ကြ၏။
Mbarikiwe na Bwana Muumba wa mbingu na dunia.
16 ၁၆ ကောင်းကင် ကား၊ ထာဝရဘုရား ၏ ကောင်းကင် ဖြစ်၏။ မြေကြီး ကိုကား လူသား တို့အား ပေး တော်မူပြီ။
Mbingu zilizo juu sana ni mali ya Bwana, lakini dunia amempa mwanadamu.
17 ၁၇ သေလွန် သောသူ၊ ငြိမ်း ရာထဲသို့ ဆင်း သောသူ ရှိသမျှ တို့သည် ထာဝရ ဘုရားကို မ ချီးမွမ်း ရကြ။
Sio wafu wanaomsifu Bwana, wale washukao mahali pa kimya,
18 ၁၈ ငါ တို့မူကား ၊ ထာဝရ ဘုရားကို ယခု မှစ၍ အစဉ် အဆက် ကောင်းကြီး ပေးကြလေအံ့သတည်း။ ဟာလေလုယ။
bali ni sisi tunaomtukuza Bwana, sasa na hata milele. Msifuni Bwana.

< ဆာလံ 115 >