< ဆာလံ 114 >

1 ဣသရေလ အမျိုး၊ ယာကုပ် အနွှယ် သည် ရိုင်း သောလူမျိုး နေရာ အဲဂုတ္တု ပြည်က ထွက်သွား သောအခါ၊
ဣသရေလအမျိုး၊ ယာကုပ်အနွှယ်သည် ရိုင်း သောလူမျိုးနေရာ အဲဂုတ္တုပြည်က ထွက်သွားသောအခါ၊
2 ယုဒ အမျိုးသည် သန့်ရှင်း ရာဌာနတော်ဖြစ် ၏။ ဣသရေလ အမျိုးသည် နိုင်ငံ တော်ဖြစ်၏။
ယုဒအမျိုးသည် သန့်ရှင်းရာဌာနတော်ဖြစ်၏။ ဣသရေလအမျိုးသည် နိုင်ငံတော်ဖြစ်၏။
3 ပင်လယ် သည် မြင် ၍ ပြေး လေ၏။ ယော်ဒန် မြစ် လည်း နောက် သို့ လှည့် လေ၏။
ပင်လယ်သည် မြင်၍ပြေးလေ၏။ ယော်ဒန်မြစ် လည်း နောက်သို့ လှည့်လေ၏။
4 တောင် ကြီးတို့သည် သိုး ကဲ့သို့ ၎င်း၊ တောင် ငယ်တို့သည် သိုးသငယ် ကဲ့သို့ ၎င်း ခုန် ကြ၏။
တောင်ကြီးတို့သည် သိုးကဲ့သို့၎င်း၊ တောင်ငယ်တို့သည် သိုးသငယ်ကဲ့သို့၎င်း ခုန်ကြ၏။
5 အချင်းပင်လယ် ၊ သင်ပြေး သည် အကြောင်း ၊ အချင်းယော်ဒန် မြစ်၊ သင်သည် နောက် သို့လှည့် သည်အကြောင်း၊
အချင်းပင်လယ်၊ သင်ပြေးသည် အ ကြောင်း၊ အချင်းယော်ဒန်မြစ်၊ သင်သည် နောက်သို့လှည့် သည်အကြောင်း၊
6 အချင်းတောင် ကြီးတို့၊ သင်တို့သည် သိုး ကဲ့သို့ ခုန် ကြသည်အကြောင်း၊ အချင်းတောင် ငယ်တို့၊ သင် တို့သည် သိုးသငယ် ကဲ့သို့ ခုန်ကြသည် အကြောင်း ကား အဘယ်သို့ နည်း။
အချင်းတောင်ကြီးတို့၊ သင်တို့သည် သိုးကဲ့သို့ ခုန်ကြသည်အကြောင်း၊ အချင်းတောင်ငယ်တို့၊ သင်တို့ သည် သိုးသငယ်ကဲ့သို့ ခုန်ကြသည် အကြောင်းကား အဘယ်သို့နည်း။
7 အိုမြေကြီး ၊ အရှင် ၏မျက်နှာ တော်ရှေ့၊ ယာကုပ် အမျိုးကိုးကွယ်သော ဘုရား သခင်၏ မျက်နှာ တော်ရှေ့မှာ တုန်လှုပ် လျက်နေလော့။
အိုမြေကြီး၊ အရှင်၏မျက်နှာတော်ရှေ့၊ ယာကုပ် အမျိုးကိုးကွယ်သော ဘုရားသခင်၏ မျက်နှာတော်ရှေ့မှာ တုန်လှုပ်လျက်နေလော့။
8 ဘုရားသခင်သည် ကျောက် ကို ရေ ကန် ၊ မီး ကျောက်ကို စမ်းရေ တွင်းဖြစ်စေ တော်မူသတည်း။
ဘုရားသခင်သည် ကျောက်ကို ရေကန်၊ မီးကျောက်ကို စမ်းရေတွင်းဖြစ်စေတော်မူသတည်း။

< ဆာလံ 114 >