< ဆာလံ 114 >
1 ၁ ဣသရေလ အမျိုး၊ ယာကုပ် အနွှယ် သည် ရိုင်း သောလူမျိုး နေရာ အဲဂုတ္တု ပြည်က ထွက်သွား သောအခါ၊
When Israel went forth out of Egypt, The house of Jacob from a people of strange language;
2 ၂ ယုဒ အမျိုးသည် သန့်ရှင်း ရာဌာနတော်ဖြစ် ၏။ ဣသရေလ အမျိုးသည် နိုင်ငံ တော်ဖြစ်၏။
Judah became his sanctuary, Israel his dominion.
3 ၃ ပင်လယ် သည် မြင် ၍ ပြေး လေ၏။ ယော်ဒန် မြစ် လည်း နောက် သို့ လှည့် လေ၏။
The sea saw it, and fled; The Jordan was driven back.
4 ၄ တောင် ကြီးတို့သည် သိုး ကဲ့သို့ ၎င်း၊ တောင် ငယ်တို့သည် သိုးသငယ် ကဲ့သို့ ၎င်း ခုန် ကြ၏။
The mountains skipped like rams, The little hills like lambs.
5 ၅ အချင်းပင်လယ် ၊ သင်ပြေး သည် အကြောင်း ၊ အချင်းယော်ဒန် မြစ်၊ သင်သည် နောက် သို့လှည့် သည်အကြောင်း၊
What aileth thee, O thou sea, that thou fleest? Thou Jordan, that thou turnest back?
6 ၆ အချင်းတောင် ကြီးတို့၊ သင်တို့သည် သိုး ကဲ့သို့ ခုန် ကြသည်အကြောင်း၊ အချင်းတောင် ငယ်တို့၊ သင် တို့သည် သိုးသငယ် ကဲ့သို့ ခုန်ကြသည် အကြောင်း ကား အဘယ်သို့ နည်း။
Ye mountains, that ye skip like rams; Ye little hills, like lambs?
7 ၇ အိုမြေကြီး ၊ အရှင် ၏မျက်နှာ တော်ရှေ့၊ ယာကုပ် အမျိုးကိုးကွယ်သော ဘုရား သခင်၏ မျက်နှာ တော်ရှေ့မှာ တုန်လှုပ် လျက်နေလော့။
Tremble, thou earth, at the presence of the Lord, At the presence of the God of Jacob,
8 ၈ ဘုရားသခင်သည် ကျောက် ကို ရေ ကန် ၊ မီး ကျောက်ကို စမ်းရေ တွင်းဖြစ်စေ တော်မူသတည်း။
Who turned the rock into a pool of water, The flint into a fountain of waters.