< ဆာလံ 113 >
1 ၁ ထာဝရဘုရား ၏ ကျွန် တော်တို့၊ ထာဝရဘုရား ၏နာမတော် ကို ချီးမွမ်း ကြလော့။ ချီးမွမ်း ကြလော့။
၁ထာဝရဘုရားအားထောမနာပြုကြလော့။ အချင်းထာဝရဘုရား၏အစေခံတို့၊ ကိုယ်တော်၏နာမတော်အားထောမနာ ပြုကြလော့။
2 ၂ ထာဝရဘုရား ၏ နာမတော် သည် ယခု မှစ၍ ၊ အစဉ် အဆက် မင်္ဂလာ ရှိစေသတည်း။
၂ကိုယ်တော်၏နာမတော်အားယခုမှစ၍ ကာလအစဉ်အဆက်ထောမနာပြုကြ ပါစေသော။
3 ၃ နေ ထွက် ရာမှ သည် နေ ဝင် ရာတိုင်အောင် ၊ ထာဝရဘုရား ၏နာမတော် သည် ချီးမွမ်းဘွယ်ဖြစ်၏။
၃နေထွက်ရာအရပ်မှနေဝင်ရာအရပ်သို့ တိုင်အောင် ထာဝရဘုရား၏နာမတော်အားထောမနာ ပြုကြ ပါစေသတည်း။
4 ၄ ထာဝရဘုရား သည် လူမျိုး တကာ တို့ အပေါ် ၌၎င်း၊ ဘုန်း တော်သည် ကောင်းကင် အပေါ် ၌၎င်း မြင့် တော်မူ၏။
၄ထာဝရဘုရားသည်လူမျိုးတကာတို့ကို အစိုးရတော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေတော်သည် မိုးကောင်းကင်အထက်ထွန်းတောက်တော်မူ၏။
5 ၅ ကိုယ်ကို ချီးမြှင့် ၍ ကျိန်းဝပ် တော်မူသော်လည်း၊ကိုယ်ကိုနှိမ့်ချ ၍
၅ငါတို့၏ဘုရားသခင်ထာဝရဘုရားနှင့် နှိုင်းယှဉ်နိုင်သူတစ်စုံတစ်ယောက်မျှမရှိ။ ကိုယ်တော်သည်အထက်ဘဝဂ်တွင်စံနေ တော်မူ၏။
6 ၆ ကောင်းကင် အရာနှင့် မြေကြီး အရာတို့ကိုကြည့်ရှု တော်မူသော ငါ တို့၏ဘုရားသခင် ထာဝရဘုရား နှင့် အဘယ်သူ တူ သနည်း။
၆သို့ရာတွင်မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ငုံ့ကြည့်တော်မူ၏။
7 ၇ ဆင်းရဲ သောသူကို မြေမှုန့် ထဲ ကကြွ လျက်၊ ငတ်မွတ် သောသူကို နောက်ချေး ပုံထဲ က ချီးမြှောက် လျက်၊
၇ဆင်းရဲသူတို့ကိုမြေမှုန့်ထဲကချီးမြှင့်၍ နွမ်းပါးသူတို့ကိုအမှိုက်ပုံထဲက ချီးမြှောက်တော်မူ၏။
8 ၈ မင်းသား တို့တွင် ၎င်း၊ မိမိ လူ တို့ကို အုပ်စိုး သော မင်းတို့တွင် ၎င်း နေရာ ပေးတော်မူ၏။
၈ထိုနောက်မင်းသားများဖြစ်ကြသော၊ကိုယ် တော်၏ လူစုတော်ကိုအုပ်စိုးသောမင်းသားများနှင့် အတူ သွားလာပေါင်းဖော်ခွင့်ကိုပေးတော်မူ၏။
9 ၉ မြုံ သောမိန်းမသည် အိမ် ၌နေ ၍၊ ဝမ်းမြောက် သောစိတ်နှင့် သားဘွား ရသောအခွင့်ကိုပေး တော်မူ၏။ ဟာလေလုယ။” ဟာလေလုယ ဘုရားသခင် ဘုန်းကြီး ပါပေ ၏
၉ကိုယ်တော်သည်မြုံသောအိမ်ရှင်မအား ချီးမြှင့်တော်မူရာသားသမီးရစေ၍ ဝမ်းမြောက်စေတော်မူ၏။ ထာဝရဘုရားအားထောမနာပြုကြလော့။