< ဆာလံ 112 >
1 ၁ ထာဝရဘုရား ကို ကြောက်ရွံ့ ၍၊ ပညတ် တော်တို့ ၌ အလွန် မွေ့လျော် သောသူသည် မင်္ဂလာ ရှိ၏။
Msifuni Bwana. Heri mtu yule amchaye Bwana, mtu yule apendezwaye sana na amri zake.
2 ၂ ထိုသူ ၏ သား မြေးတို့သည် မြေ ပေါ် မှာ အားကြီး ကြလိမ့်မည်။ ဖြောင့်မတ် သောသူတို့ ၏အမျိုးအနွယ် သည် မင်္ဂလာ ရှိတတ်၏။
Watoto wake watakuwa wenye uwezo katika nchi, kizazi cha watu waadilifu kitabarikiwa.
3 ၃ ထိုသူ ၏ အိမ် ၌ စည်းစိမ် ဥစ္စာကြွယ်ဝ ၍ ၊ သူ ၏ ကောင်းကျိုး သည် အစဉ် အမြဲတည် တတ်၏။
Nyumbani mwake kuna mali na utajiri, haki yake hudumu milele.
4 ၄ သဘောဖြောင့် သောသူတို့ အဘို့ ၊ မှောင်မိုက် ထဲ မှာ အလင်း ပေါ်ထွန်း တတ်၏။ ထိုသို့သောသူသည် ကျေးဇူး ပြုတတ်သော သဘောနှင့် သနား စုံမက်တတ် သော သဘောရှိ၍ ၊ တရား သဖြင့် ပြုတတ်၏။
Hata gizani nuru humzukia mtu mwadilifu, yule mwenye rehema, huruma na haki.
5 ၅ ကရုဏာ စိတ်ရှိ၍ ချေးငှါး တတ်သောသူ သည် ကောင်းစား တတ်၏။ တရားဆုံးဖြတ်ရာ ကာလ၌ အောင် ခြင်းသို့ ရောက်လိမ့်မည်။
Mema yatamjia mtu yule aliye mkarimu na mwenye kukopesha bila riba, anayefanya mambo yake kwa haki.
6 ၆ အကယ် စင်စစ်လှုပ်ရှား ခြင်းနှင့်အစဉ် ကင်းလွတ် လိမ့်မည်။ ဖြောင့်မတ် သောသူသည် အစဉ် အမြဲအောက်မေ့ ဘို့ရာ ဖြစ် လိမ့်မည်။
Hakika hatatikisika kamwe, mtu mwenye haki atakumbukwa milele.
7 ၇ မ ကောင်းသော သိတင်း ကိုမ ကြောက် ရ။ စိတ် နှလုံး သည် ထာဝရဘုရား ကို ကိုးစား သဖြင့် တည်ကြည် တတ်၏။
Hataogopa habari mbaya, moyo wake ni thabiti, ukimtegemea Bwana.
8 ၈ သူ ၏စိတ် နှလုံးသည် မြဲမြံ သည် ဖြစ်၍၊ ရန်သူ တို့ ၌ အားမ ရမှီတိုင်အောင်၊ ကြောက်ခြင်း နှင့် လွတ်လိမ့်မည်။
Moyo wake ni salama, hatakuwa na hofu, mwishoni ataona ushindi dhidi ya adui zake.
9 ၉ သူသည် စွန့်ကြဲ ပြီ။ ဆင်းရဲ သောသူတို့ အား ပေးကမ်း ပြီ။ သူ ၏ ဖြောင့်မတ် ခြင်းသည် အစဉ် အမြဲတည် တတ်၏။ သူ ၏ဦးချို သည် ဂုဏ် အသရေနှင့် ချီးမြှင့် ခြင်း ရှိလိမ့်မည်။
Ametawanya vipawa vyake kwa ukarimu akawapa maskini; haki yake hudumu milele; pembe yake itatukuzwa kwa heshima.
10 ၁၀ မ တရားသောသူတို့သည် မြင် ၍ ၊ နာကြင် သောစိတ် ရှိကြလိမ့်မည်။ အံသွား ခဲကြိတ်၍ ပိန်ချုံး ကြလိမ့်မည်။ မ တရားသောသူတို့၏ အလို သည် ပျက်စီး ရလိမ့်မည်။
Mtu mwovu ataona na kuchukizwa, atasaga meno yake na kutoweka, kutamani kwa mtu mwovu kutaishia patupu.