< ဆာလံ 112 >

1 ထာဝရဘုရား ကို ကြောက်ရွံ့ ၍၊ ပညတ် တော်တို့ ၌ အလွန် မွေ့လျော် သောသူသည် မင်္ဂလာ ရှိ၏။
Hallelujah. Happy is the man that feareth the Lord, that greatly delighteth in his commandments.
2 ထိုသူ ၏ သား မြေးတို့သည် မြေ ပေါ် မှာ အားကြီး ကြလိမ့်မည်။ ဖြောင့်မတ် သောသူတို့ ၏အမျိုးအနွယ် သည် မင်္ဂလာ ရှိတတ်၏။
His seed shall be mighty upon earth: the generation of the upright shall be blessed.
3 ထိုသူ ၏ အိမ် ၌ စည်းစိမ် ဥစ္စာကြွယ်ဝ ၍ ၊ သူ ၏ ကောင်းကျိုး သည် အစဉ် အမြဲတည် တတ်၏။
Plenty and riches shall be in his house, and his righteousness shall endure for ever.
4 သဘောဖြောင့် သောသူတို့ အဘို့ ၊ မှောင်မိုက် ထဲ မှာ အလင်း ပေါ်ထွန်း တတ်၏။ ထိုသို့သောသူသည် ကျေးဇူး ပြုတတ်သော သဘောနှင့် သနား စုံမက်တတ် သော သဘောရှိ၍ ၊ တရား သဖြင့် ပြုတတ်၏။
There ariseth in the darkness a light to the upright: he is gracious, and merciful, and righteous.
5 ကရုဏာ စိတ်ရှိ၍ ချေးငှါး တတ်သောသူ သည် ကောင်းစား တတ်၏။ တရားဆုံးဖြတ်ရာ ကာလ၌ အောင် ခြင်းသို့ ရောက်လိမ့်မည်။
Well will it be with the man who is kind, and lendeth: he will guide his affairs with justice.
6 အကယ် စင်စစ်လှုပ်ရှား ခြင်းနှင့်အစဉ် ကင်းလွတ် လိမ့်မည်။ ဖြောင့်မတ် သောသူသည် အစဉ် အမြဲအောက်မေ့ ဘို့ရာ ဖြစ် လိမ့်မည်။
Surely unto eternity shall he not be moved: in everlasting remembrance shall the righteous be held.
7 မ ကောင်းသော သိတင်း ကိုမ ကြောက် ရ။ စိတ် နှလုံး သည် ထာဝရဘုရား ကို ကိုးစား သဖြင့် တည်ကြည် တတ်၏။
Of an evil report shall he not be afraid: his heart is firm, trusting in the Lord.
8 သူ ၏စိတ် နှလုံးသည် မြဲမြံ သည် ဖြစ်၍၊ ရန်သူ တို့ ၌ အားမ ရမှီတိုင်အောင်၊ ကြောက်ခြင်း နှင့် လွတ်လိမ့်မည်။
Well supported is his heart, he shall not be afraid, until he looketh on [the punishment of] his assailants.
9 သူသည် စွန့်ကြဲ ပြီ။ ဆင်းရဲ သောသူတို့ အား ပေးကမ်း ပြီ။ သူ ၏ ဖြောင့်မတ် ခြင်းသည် အစဉ် အမြဲတည် တတ်၏။ သူ ၏ဦးချို သည် ဂုဏ် အသရေနှင့် ချီးမြှင့် ခြင်း ရှိလိမ့်မည်။
He distributeth, he giveth to the needy: his righteousness endureth for ever; his horn shall be exalted in honor.
10 ၁၀ မ တရားသောသူတို့သည် မြင် ၍ ၊ နာကြင် သောစိတ် ရှိကြလိမ့်မည်။ အံသွား ခဲကြိတ်၍ ပိန်ချုံး ကြလိမ့်မည်။ မ တရားသောသူတို့၏ အလို သည် ပျက်စီး ရလိမ့်မည်။
The wicked shall see it, and be vexed; he will gnash with his teeth, and melt away: the longing of the wicked shall perish.

< ဆာလံ 112 >