< ဆာလံ 110 >
1 ၁ ထာဝရဘုရား က၊ သင် ၏ရန်သူ တို့ကို သင် ၏ ခြေ တင် ရာ ၊ ငါမ ချ ထားမှီတိုင်အောင်၊ ငါ့ လက်ျာ ဘက်၌ ထိုင် နေလော့ဟု ငါ ၏သခင် အား မိန့် တော်မူ၏။
၁ထာဝရဘုရားက ``ငါသည်သင်၏ရန်သူများကိုသင်၏ ခြေတင်ခုံဖြစ်စေမည်။ ယင်းသို့မဖြစ်မီကာလငါ၏လက်ယာဘက် တွင် ထိုင်နေလော့'' ဟု ငါ၏အရှင်မင်းမြတ်အားမိန့်တော်မူ၏။
2 ၂ ထာဝရဘုရား သည် အရှင် ၏ အာဏာ တော် လှံတံ ကို ဇိအုန် မြို့မှ လွှတ် တော်မူမည်။ ကိုယ်တော် သည် ရန်သူ တို့၏အလယ် ၌ အုပ်စိုး တော်မူလိမ့်မည်။
၂ထာဝရဘုရားသည်အရှင်၏ရာဇအာဏာ ကို ဇိအုန်မြို့မှနေရာအနှံ့အပြားသို့တိုင်အောင် တည်စေတော်မူလိမ့်မည်။ ကိုယ်တော်ကအရှင့်အား``သင်၏ရန်သူတို့ကို အုပ်စိုးလော့'' ဟုမိန့်တော်မူ၏။
3 ၃ တန်ခိုး တော်ပြသော နေ့ရက် ကာလ၌၊ ကိုယ်တော် ၏ လူ တို့သည် သန့်ရှင်း သော တန်ဆာ ကို ဆင်လျက်၊ ကြည်ညို သော စေတနာစိတ်ရှိ၍၊ လူပျို တော် တို့သည် နံနက် ဝမ်း ထဲက ထွက်သော ဆီးနှင်း ကဲ့သို့ဖြစ်ကြပါလိမ့်မည်။
၃ရန်သူတို့အားအရှင်မင်းကြီးတိုက်ခိုက် တော်မူသောနေ့၌ အရှင်၏ပြည်သားတို့သည်အလိုအလျောက် ကိုယ်တော်နှင့်လိုက်ပါချီတက်ကြပါလိမ့်မည်။ နံနက်ချိန်၌ကျသည့်ဆီးနှင်းကဲ့သို့သန်စွမ်း သော လူငယ်လူရွယ်အမြောက်အမြားသည် အရှင်မင်းကြီးရှိရာသန့်ရှင်းမြင့်မြတ်သည့် တောင်ပေါ်သို့ရောက်ရှိကြပါလိမ့်မည်။
4 ၄ ထာဝရဘုရား က၊ သင် သည် မေလခိဇေဒက် နည်းတူ ထာဝရ ယဇ် ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို ၍ ၊ နောက်တဖန်စိတ် ပြောင်းလဲခြင်း ရှိတော်မ မူ။
၄``သင်သည်ယဇ်ပုရောဟိတ်မင်းမေလခိ ဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်လိမ့်မည်'' ဟု ထာဝရဘုရားသခင်သည်ကျိန်ဆို ကတိပေးတော်မူသည်ဖြစ်ရာ ထိုကတိတော်ကိုပြန်လည်ရုပ်သိမ်းတော်မူ လိမ့်မည် မဟုတ်ပါ။
5 ၅ လက်ျာ တော်နား မှာ ရှိသောဘုရား ရှင်သည် အမျက် တော် အချိန် ကာလ၌ ရှင်ဘုရင် တို့ကို ဒဏ်ခတ် တော်မူမည်။
၅ဘုရားရှင်သည်အရှင်မင်းကြီး၏လက်ယာ ဘက်တွင် ရှိတော်မူပါ၏။ အမျက်ထွက်တော်မူရာနေ့ရက်၌ကိုယ်တော် သည် ဘုရင်အပေါင်းတို့ကိုနှိမ်နင်းတော်မူလိမ့်မည်။
6 ၆ ငါ၏သခင်သည် တပါးအမျိုးသား တို့တွင် တရား စီရင် လျက်၊ အသေ ကောင်တို့ကို အနှံ့အပြား ဖြစ်စေ၍၊ ကျယ် သောမြေ ၌ သူတို့ဦးခေါင်း ကို နှိပ်စက် တော်မူမည်။
၆လူမျိုးတကာတို့ကိုတရားစီရင်တော်မူ ရာတွင် စစ်တလင်းကိုလူသေကောင်များနှင့် ပြည့်နှက်စေတော်မူလိမ့်မည်။ ကမ္ဘာတစ်ဝှမ်းလုံးရှိဘုရင်တို့ကို နှိမ်နင်းတော်မူလိမ့်မည်။
7 ၇ လမ်း နား မှာ စီး သောရေကို သောက် ၍ ၊ ခေါင်း တော်ကို ချီးမြှင့် တော်မူမည်။
၇မင်းကြီးသည်လမ်းအနီးရှိစမ်းချောင်းမှ ရေကိုသောက်လျက်အားအင်ပြည့်တင်းလာကာ အောင်ပွဲကိုခံတော်မူလိမ့်မည်။