< ဆာလံ 110 >

1 ထာဝရဘုရား က၊ သင် ၏ရန်သူ တို့ကို သင် ၏ ခြေ တင် ရာ ၊ ငါမ ချ ထားမှီတိုင်အောင်၊ ငါ့ လက်ျာ ဘက်၌ ထိုင် နေလော့ဟု ငါ ၏သခင် အား မိန့် တော်မူ၏။
The LORD said unto my Lord, Sit you at my right hand, until I make your enemies your footstool.
2 ထာဝရဘုရား သည် အရှင် ၏ အာဏာ တော် လှံတံ ကို ဇိအုန် မြို့မှ လွှတ် တော်မူမည်။ ကိုယ်တော် သည် ရန်သူ တို့၏အလယ် ၌ အုပ်စိုး တော်မူလိမ့်မည်။
The LORD shall send the rod of your strength out of Zion: rule you in the midst of your enemies.
3 တန်ခိုး တော်ပြသော နေ့ရက် ကာလ၌၊ ကိုယ်တော် ၏ လူ တို့သည် သန့်ရှင်း သော တန်ဆာ ကို ဆင်လျက်၊ ကြည်ညို သော စေတနာစိတ်ရှိ၍၊ လူပျို တော် တို့သည် နံနက် ဝမ်း ထဲက ထွက်သော ဆီးနှင်း ကဲ့သို့ဖြစ်ကြပါလိမ့်မည်။
Your people shall be willing in the day of your power, in the beauties of holiness from the womb of the morning: you have the dew of your youth.
4 ထာဝရဘုရား က၊ သင် သည် မေလခိဇေဒက် နည်းတူ ထာဝရ ယဇ် ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို ၍ ၊ နောက်တဖန်စိတ် ပြောင်းလဲခြင်း ရှိတော်မ မူ။
The LORD has sworn, and will not repent, You are a priest for ever after the order of Melchizedek.
5 လက်ျာ တော်နား မှာ ရှိသောဘုရား ရှင်သည် အမျက် တော် အချိန် ကာလ၌ ရှင်ဘုရင် တို့ကို ဒဏ်ခတ် တော်မူမည်။
The Lord at your right hand shall strike through kings in the day of his wrath.
6 ငါ၏သခင်သည် တပါးအမျိုးသား တို့တွင် တရား စီရင် လျက်၊ အသေ ကောင်တို့ကို အနှံ့အပြား ဖြစ်စေ၍၊ ကျယ် သောမြေ ၌ သူတို့ဦးခေါင်း ကို နှိပ်စက် တော်မူမည်။
He shall judge among the heathen, he shall fill the places with the dead bodies; he shall wound the heads over many countries.
7 လမ်း နား မှာ စီး သောရေကို သောက် ၍ ၊ ခေါင်း တော်ကို ချီးမြှင့် တော်မူမည်။
He shall drink of the brook in the way: therefore shall he lift up the head.

< ဆာလံ 110 >