< ဆာလံ 109 >
1 ၁ အကျွန်ုပ် ချီးမွမ်း သော ဘုရား သခင်၊ တိတ်ဆိတ် စွာနေတော်မ မူပါနှင့်။
“For the leader of the music. A psalm of David.” O God of my praise! be not silent!
2 ၂ မ တရားသောသူနှင့် သစ္စာ ပျက်သောသူတို့ သည် အကျွန်ုပ် တဘက် ၌နှုတ် ကိုဖွင့် ၍ ၊ မုသား စကား ကို ပြောဆို ကြပါ၏။
For the mouths of the wicked and the deceitful are opened against me; They speak against me with a lying tongue.
3 ၃ မနာလို သောစိတ်နှင့် စကား ပြောလျက် ၊ အကျွန်ုပ် ကိုဝိုင်း ၍ အကြောင်း မရှိဘဲ စစ်တိုက် ကြပါ၏။
They assault me on every side with words of hatred; They fight against me without a cause.
4 ၄ အကျွန်ုပ် ၏ မေတ္တာ အတွက် သူတို့သည် ရန်ဘက် ပြုကြပါ၏။ အကျွန်ုပ် မူကား ပဌနာ ပြုလျက် နေပါ၏။
For my love they are my adversaries: But I give myself unto prayer.
5 ၅ အကျွန်ုပ် ပြုသောကျေးဇူး အတွက် မကောင်း သောအပြစ်ကို ၎င်း ၊ အကျွန်ုပ် မေတ္တာ အတွက် မုန်း ခြင်းကို၎င်း ဆပ် ပေးကြပါ၏။
They repay me evil for good, And hatred for love.
6 ၆ ထိုသို့သောသူ ၏အပေါ် မှာ မ တရားသောသူကို ခန့်ထား တော်မူပါ။ သူ ၏လက်ျာ နား မှာ ရန်သူ နေ ပါစေ။
Set thou a wicked man over him, And let an adversary stand at his right hand!
7 ၇ သူ သည် တရား စီရင်ခြင်းကိုခံ ရာတွင် ရှုံး ပါစေ။ သူ ပြုသော ပဌနာ သည် ပြစ်မှား ခြင်းဖြစ် ပါစေ။
When he is judged, may he be condemned, And may his prayer be a crime!
8 ၈ သူ ၏အသက် တို ပါ စေ။ သူ ၏အရာ ကိုလည်း အခြား သူရ ပါစေ။
May his days be few, And another take his office!
9 ၉ သူ ၏သား တို့သည် ဘသားဆိုး ၊ မယား လည်း မုတ်ဆိုးမ ဖြစ် ပါစေ။
May his children be fatherless, And his wife a widow!
10 ၁၀ သူ ၏သား တို့သည် အရပ်ရပ် လည်၍ သူ တောင်း စား ဖြစ်ကြပါစေ။ ပျက်စီး သော မိမိ တို့နေရာများမှ ထွက် ၍ ၊ အစာကိုရှာ ကြပါစေ။
May his children be vagabonds and beggars, And from their ruined dwellings seek their bread!
11 ၁၁ သူ ၌ ရှိသမျှ ကို ကြွေးရှင် သိမ်းယူ ပါစေ။ သူ လုပ် ၍ရသောဥစ္စာ ကိုလည်း တပါး အမျိုးသားလုယူ ပါစေ။
May a creditor seize on all that he hath, And a stranger plunder his substance!
12 ၁၂ သူ ၌ ကျေးဇူး ပြု သောသူ၊ သူ ၏ဘသားဆိုး တို့ကို ကယ် မသနားသောသူ တယောက်မျှ မ ရှိ စေနှင့်။
May there be none to show him compassion, And none to pity his fatherless children!
13 ၁၃ သူ ၏အနွှယ် သည် ပြတ် ပါစေ။ လူမျိုး ဆင်းသက်၍ တဆက်တည်းတွင် ၊ သူ တို့၏ နာမည် သည် ကျေ ပျောက် ပါစေ။
May his posterity be cut off; In the next generation may his name be blotted out!
14 ၁၄ သူ့ ဘိုးဘေး တို့၏ ဒုစရိုက် ကို ထာဝရဘုရား သည် သတိရ တော်မူပါစေ။ သူ့ အမိ ၏ အပြစ် သည် မ ဖြေ ပါစေနှင့်။
May the iniquity of his fathers be remembered by the LORD, And may the sin of his mother never be blotted out!
15 ၁၅ ထိုဒုစရိုက်အပြစ်သည် ထာဝရဘုရား ရှေ့ မှာ အစဉ်အမြဲ ထင်ရှား၍၊ မြေကြီး ပေါ် မှာ ထိုသူ တို့ကို အောက်မေ့ စရာ အမှတ်မျှ မရှိစေခြင်းငှါ၊ ပယ်ရှင်း တော်မူပါစေ။
May they be before the LORD continually; And may he cut off their memory from the earth!
16 ၁၆ အကြောင်း မူကား၊ ထိုသူသည် ကယ်မ သနားခြင်းငှါ သတိ မ ရှိ။ ဆင်းရဲငတ်မွတ် ၍ စိတ် ပျက် သောသူကို သေ စေသည်တိုင်အောင် ညှဉ်းဆဲ ပြီ။
Because he remembered not to show pity, But persecuted the afflicted and the poor man, And sought the death of the broken-hearted.
17 ၁၇ သူသည် ကျိန်ဆဲ ခြင်းကို နှစ်သက် သည်နှင့်အညီ ၊ သူ့ အပေါ်သို့ ရောက် ပါစေ။ ကောင်းကြီး မင်္ဂလာကို အလို မ ရှိသည်အတိုင်း သူ နှင့် ဝေး ပါစေ။
As he loved cursing, let it come upon him; As he delighted not in blessing, let it be far from him!
18 ၁၈ အဝတ် ကို ဝတ်သကဲ့သို့ ကျိန်ဆဲ ခြင်းကို ဝတ် ရပါ စေ။ ရေ ကဲ့သို့ သူ ၏ဝမ်း ထဲ သို့၎င်း ၊ ဆီ ကဲ့သို့ သူ ၏အရိုး ထဲသို့ ၎င်း ဝင် ပါစေ။
May he be clothed with cursing as with a garment; May it enter like water into his bowels, And like oil into his bones!
19 ၁၉ သူ၏ကိုယ်ကိုခြုံ သော အဝတ် ကဲ့သို့ ၎င်း၊ သူ ၏ ခါး၌ အစဉ် စည်း သော ခါးစည်း ကဲ့သို့ ၎င်း သူ ၌ ဖြစ် ပါစေ။
May it be to him like the robe that covereth him, Like the girdle with which he is constantly girded!
20 ၂၀ ငါ ၏ဝိညာဉ် တဘက် ၌ မ ကောင်းသောစကားကို ပြော တတ်သော ငါ ၏ရန်သူ တို့သည် ထိုသို့ သော အကျိုး ကို ထာဝရဘုရား ထံ ခံရကြပါစေ။
May this be the wages of mine adversaries from the LORD, And of them that speak evil against me!
21 ၂၁ အိုဘုရား ရှင် ထာဝရဘုရား ၊ နာမ တော်အတွက် ကြောင့် အကျွန်ုပ် အမှုကို စောင့် တော်မူပါ။ ကရုဏာ တော် ကောင်း သည်ဖြစ်၍ ၊ အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။
But do thou, O LORD, my God! take part with me, For thine own name's sake! Because great is thy mercy, O deliver me!
22 ၂၂ အကျွန်ုပ် သည် ဆင်းရဲ ငတ်မွတ် ပါ၏။ အကျွန်ုပ် အထဲ ၌ နှလုံး နာ လျက်ရှိပါ၏။
For I am afflicted and needy, And my heart is wounded within me.
23 ၂၃ ရှည်လျား သော အရိပ် ကဲ့သို့ အကျွန်ုပ်ရွေ့သွား ပါ၏။ ကျိုင်းကောင် ကဲ့သို့ လှုပ်ရှား လျက်ရှိပါ၏။
I am going like a shadow; I am driven away as the locust.
24 ၂၄ အစာ မစားဘဲ နေရသောကြောင့် ၊ ဒူးဆစ် နုန့်နဲ့ ၍ အသား လည်း လျော့ ပါ၏။
My knees totter from fasting, And my flesh faileth of fatness.
25 ၂၅ အကျွန်ုပ် သည်လည်း သူတပါး တို့ ကဲ့ရဲ့ စရာ အကြောင်းဖြစ် ၍၊ သူတို့သည် အကျွန်ုပ် ကို မြင် သောအခါ ၊ ခေါင်း ညှိတ် ခြင်းကို ပြုကြပါ၏။
I am a reproach to my enemies; They gaze at me; they shake their heads.
26 ၂၆ အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ အကျွန်ုပ် ကို မစ တော်မူပါ။ ကရုဏာ တော်ရှိသည်အတိုင်း ကယ်တင် တော်မူပါ။
Help me, O LORD, my God! O save me, according to thy mercy!
27 ၂၇ ထို အမှုသည် တန်ခိုး တော်ကြောင့်ဖြစ်၍ ၊ ထာဝရဘုရား တည်းဟူသောကိုယ်တော်စီရင် တော်မူသည် ဟု ထို သူတို့သည် သိ ကြပါစေသော။
That they may know that this is thy hand; That thou, O Lord! hast done it!
28 ၂၈ ထိုသူ တို့သည် ကျိန်ဆဲ သော်လည်း ၊ ကိုယ်တော် မူကား ကောင်းကြီး ပေးတော်မူပါ။ သူတို့သည် ထ သောအခါ အရှက် ကွဲကြပါစေသော။ ကိုယ်တော် ၏ ကျွန် မူကား ၊ ဝမ်းမြောက် ပါစေသော။
Let them curse, but do thou bless! When they arise, let them be put to shame; But let thy servant rejoice!
29 ၂၉ အကျွန်ုပ် ၏ ရန်သူ တို့သည် ရှက်ကြောက် ခြင်းအဝတ်ကိုဝတ် ၍ ၊ စောင် နှင့်ခြုံသကဲ့သို့ ၊ မျက်နှာ ပျက်ခြင်း နှင့် ကိုယ် ကိုခြုံ ကြပါစေသော။
May my enemies be clothed with ignominy; May they be covered with their shame, as with a mantle!
30 ၃၀ အကျွန်ုပ် သည် နှုတ် မြွက်၍ ၊ ထာဝရ ဘုရား၏ ဂုဏ်ကျေးဇူးတော်ကို အလွန် ချီးမွမ်း ပါမည်။ များစွာ သောသူတို့ အလယ် မှာ ချီးမွမ်း ပါမည်။
I will earnestly praise the LORD with my lips; In the midst of the multitude I will praise him.
31 ၃၁ အကြောင်း မူကား၊ ဆင်းရဲသောသူ ၏ ဝိညာဉ် ကို အပြစ် စီရင်သောသူတို့ ၏လက်မှ ကယ်တင် ခြင်းငှါ ၊ သူ ၏လက်ျာ ဘက်မှာ ရပ် ၍ နေတော်မူတတ်၏။
For he standeth at the right hand of the poor, To save him from those who would condemn him.