< ဆာလံ 109 >

1 အကျွန်ုပ် ချီးမွမ်း သော ဘုရား သခင်၊ တိတ်ဆိတ် စွာနေတော်မ မူပါနှင့်။
For the music director. A psalm of David. God, the one I praise, please don't remain silent,
2 မ တရားသောသူနှင့် သစ္စာ ပျက်သောသူတို့ သည် အကျွန်ုပ် တဘက် ၌နှုတ် ကိုဖွင့် ၍ ၊ မုသား စကား ကို ပြောဆို ကြပါ၏။
because wicked and deceitful people are attacking me, telling lies about me.
3 မနာလို သောစိတ်နှင့် စကား ပြောလျက် ၊ အကျွန်ုပ် ကိုဝိုင်း ၍ အကြောင်း မရှိဘဲ စစ်တိုက် ကြပါ၏။
They surround me with words of hate, fighting against me for no reason.
4 အကျွန်ုပ် ၏ မေတ္တာ အတွက် သူတို့သည် ရန်ဘက် ပြုကြပါ၏။ အကျွန်ုပ် မူကား ပဌနာ ပြုလျက် နေပါ၏။
I love them, but they respond with hostility towards me, even while I'm praying for them!
5 အကျွန်ုပ် ပြုသောကျေးဇူး အတွက် မကောင်း သောအပြစ်ကို ၎င်း ၊ အကျွန်ုပ် မေတ္တာ အတွက် မုန်း ခြင်းကို၎င်း ဆပ် ပေးကြပါ၏။
They pay me back with evil instead of good, with hatred instead of love.
6 ထိုသို့သောသူ ၏အပေါ် မှာ မ တရားသောသူကို ခန့်ထား တော်မူပါ။ သူ ၏လက်ျာ နား မှာ ရန်သူ နေ ပါစေ။
“Appoint someone wicked over him. Have someone stand as an accuser against him.
7 သူ သည် တရား စီရင်ခြင်းကိုခံ ရာတွင် ရှုံး ပါစေ။ သူ ပြုသော ပဌနာ သည် ပြစ်မှား ခြင်းဖြစ် ပါစေ။
When he is judged and sentenced, may he be found guilty. Let his prayers be counted as sins.
8 သူ ၏အသက် တို ပါ စေ။ သူ ၏အရာ ကိုလည်း အခြား သူရ ပါစေ။
May his life be short; let someone else take over his position.
9 သူ ၏သား တို့သည် ဘသားဆိုး ၊ မယား လည်း မုတ်ဆိုးမ ဖြစ် ပါစေ။
May his children be left fatherless, and his wife become a widow.
10 ၁၀ သူ ၏သား တို့သည် အရပ်ရပ် လည်၍ သူ တောင်း စား ဖြစ်ကြပါစေ။ ပျက်စီး သော မိမိ တို့နေရာများမှ ထွက် ၍ ၊ အစာကိုရှာ ကြပါစေ။
May his children be homeless, wandering beggars, driven from their ruined houses.
11 ၁၁ သူ ၌ ရှိသမျှ ကို ကြွေးရှင် သိမ်းယူ ပါစေ။ သူ လုပ် ၍ရသောဥစ္စာ ကိုလည်း တပါး အမျိုးသားလုယူ ပါစေ။
May creditors seize all that he owns; may strangers take all that he worked for.
12 ၁၂ သူ ၌ ကျေးဇူး ပြု သောသူ၊ သူ ၏ဘသားဆိုး တို့ကို ကယ် မသနားသောသူ တယောက်မျှ မ ရှိ စေနှင့်။
May no one be kind to him; may no one take pity on his fatherless children.
13 ၁၃ သူ ၏အနွှယ် သည် ပြတ် ပါစေ။ လူမျိုး ဆင်းသက်၍ တဆက်တည်းတွင် ၊ သူ တို့၏ နာမည် သည် ကျေ ပျောက် ပါစေ။
May his descendants die; may his family name be wiped out in the next generation.
14 ၁၄ သူ့ ဘိုးဘေး တို့၏ ဒုစရိုက် ကို ထာဝရဘုရား သည် သတိရ တော်မူပါစေ။ သူ့ အမိ ၏ အပြစ် သည် မ ဖြေ ပါစေနှင့်။
May the Lord be reminded of the sins of his fathers; may his mother's sins not be blotted out.
15 ၁၅ ထိုဒုစရိုက်အပြစ်သည် ထာဝရဘုရား ရှေ့ မှာ အစဉ်အမြဲ ထင်ရှား၍၊ မြေကြီး ပေါ် မှာ ထိုသူ တို့ကို အောက်မေ့ စရာ အမှတ်မျှ မရှိစေခြင်းငှါ၊ ပယ်ရှင်း တော်မူပါစေ။
May their sins be constantly before the Lord; may his name be totally forgotten by people.
16 ၁၆ အကြောင်း မူကား၊ ထိုသူသည် ကယ်မ သနားခြင်းငှါ သတိ မ ရှိ။ ဆင်းရဲငတ်မွတ် ၍ စိတ် ပျက် သောသူကို သေ စေသည်တိုင်အောင် ညှဉ်းဆဲ ပြီ။
For he didn't think to be kind to others, instead he harassed and killed the poor, the needy, the brokenhearted.
17 ၁၇ သူသည် ကျိန်ဆဲ ခြင်းကို နှစ်သက် သည်နှင့်အညီ ၊ သူ့ အပေါ်သို့ ရောက် ပါစေ။ ကောင်းကြီး မင်္ဂလာကို အလို မ ရှိသည်အတိုင်း သူ နှင့် ဝေး ပါစေ။
He loved to put a curse on others—let it come back on him. He had no time for blessings—so may he never receive any.
18 ၁၈ အဝတ် ကို ဝတ်သကဲ့သို့ ကျိန်ဆဲ ခြင်းကို ဝတ် ရပါ စေ။ ရေ ကဲ့သို့ သူ ၏ဝမ်း ထဲ သို့၎င်း ၊ ဆီ ကဲ့သို့ သူ ၏အရိုး ထဲသို့ ၎င်း ဝင် ပါစေ။
He cursed as often as he got dressed. May his curses go into him like the water he drinks, like the olive oil he rubs on his skin that enters his bones.
19 ၁၉ သူ၏ကိုယ်ကိုခြုံ သော အဝတ် ကဲ့သို့ ၎င်း၊ သူ ၏ ခါး၌ အစဉ် စည်း သော ခါးစည်း ကဲ့သို့ ၎င်း သူ ၌ ဖြစ် ပါစေ။
May his curses stick to him like clothing, may they be pulled tight around him like a belt.”
20 ၂၀ ငါ ၏ဝိညာဉ် တဘက် ၌ မ ကောင်းသောစကားကို ပြော တတ်သော ငါ ၏ရန်သူ တို့သည် ထိုသို့ သော အကျိုး ကို ထာဝရဘုရား ထံ ခံရကြပါစေ။
May all this be the punishment of the Lord on my enemies, on those who speak evil of me.
21 ၂၁ အိုဘုရား ရှင် ထာဝရဘုရား ၊ နာမ တော်အတွက် ကြောင့် အကျွန်ုပ် အမှုကို စောင့် တော်မူပါ။ ကရုဏာ တော် ကောင်း သည်ဖြစ်၍ ၊ အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။
But treat me well, Lord God, because of your own reputation. Save me because you are faithful and good.
22 ၂၂ အကျွန်ုပ် သည် ဆင်းရဲ ငတ်မွတ် ပါ၏။ အကျွန်ုပ် အထဲ ၌ နှလုံး နာ လျက်ရှိပါ၏။
For I am poor and needy, and my heart is breaking.
23 ၂၃ ရှည်လျား သော အရိပ် ကဲ့သို့ အကျွန်ုပ်ရွေ့သွား ပါ၏။ ကျိုင်းကောင် ကဲ့သို့ လှုပ်ရှား လျက်ရှိပါ၏။
I am fading away like an evening shadow; I am like a locust that is shaken off.
24 ၂၄ အစာ မစားဘဲ နေရသောကြောင့် ၊ ဒူးဆစ် နုန့်နဲ့ ၍ အသား လည်း လျော့ ပါ၏။
I am so weak from lack of food that my legs give way; my body is just skin and bones.
25 ၂၅ အကျွန်ုပ် သည်လည်း သူတပါး တို့ ကဲ့ရဲ့ စရာ အကြောင်းဖြစ် ၍၊ သူတို့သည် အကျွန်ုပ် ကို မြင် သောအခါ ၊ ခေါင်း ညှိတ် ခြင်းကို ပြုကြပါ၏။
People ridicule me—they look at me and shake their heads!
26 ၂၆ အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ အကျွန်ုပ် ကို မစ တော်မူပါ။ ကရုဏာ တော်ရှိသည်အတိုင်း ကယ်တင် တော်မူပါ။
Help me, Lord my God; save me because of your trustworthy love.
27 ၂၇ ထို အမှုသည် တန်ခိုး တော်ကြောင့်ဖြစ်၍ ၊ ထာဝရဘုရား တည်းဟူသောကိုယ်တော်စီရင် တော်မူသည် ဟု ထို သူတို့သည် သိ ကြပါစေသော။
May they recognize that this is what you are doing—that you are the one who saves me.
28 ၂၈ ထိုသူ တို့သည် ကျိန်ဆဲ သော်လည်း ၊ ကိုယ်တော် မူကား ကောင်းကြီး ပေးတော်မူပါ။ သူတို့သည် ထ သောအခါ အရှက် ကွဲကြပါစေသော။ ကိုယ်တော် ၏ ကျွန် မူကား ၊ ဝမ်းမြောက် ပါစေသော။
When they curse me, you will bless me. When they attack me, you will defeat them. And I, your servant, will be happy.
29 ၂၉ အကျွန်ုပ် ၏ ရန်သူ တို့သည် ရှက်ကြောက် ခြင်းအဝတ်ကိုဝတ် ၍ ၊ စောင် နှင့်ခြုံသကဲ့သို့ ၊ မျက်နှာ ပျက်ခြင်း နှင့် ကိုယ် ကိုခြုံ ကြပါစေသော။
May those who accuse me be clothed with disgrace; may they cover themselves with a cloak of shame.
30 ၃၀ အကျွန်ုပ် သည် နှုတ် မြွက်၍ ၊ ထာဝရ ဘုရား၏ ဂုဏ်ကျေးဇူးတော်ကို အလွန် ချီးမွမ်း ပါမည်။ များစွာ သောသူတို့ အလယ် မှာ ချီးမွမ်း ပါမည်။
But I will keep on thanking the Lord, praising him to everyone around me.
31 ၃၁ အကြောင်း မူကား၊ ဆင်းရဲသောသူ ၏ ဝိညာဉ် ကို အပြစ် စီရင်သောသူတို့ ၏လက်မှ ကယ်တင် ခြင်းငှါ ၊ သူ ၏လက်ျာ ဘက်မှာ ရပ် ၍ နေတော်မူတတ်၏။
For he takes a stand to defend the needy, to save them from those who condemn them.

< ဆာလံ 109 >