< ဆာလံ 107 >

1 ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၍၊ ကရုဏာ တော် အစဉ် အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
``ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​သည် ဖြစ်​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​၏'' ဟု​
2
ရန်​သူ​တို့​လက်​မှ​ကယ်​ဆယ်​တော်​မူ​၍ အ​ရှေ့​အ​နောက်​တောင်​မြောက်​ရှိ​တိုင်း​တစ်​ပါး​မှ ပြန်​ခေါ်​ဆောင်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည်​ချီး​မွမ်း​ကြ​စေ။
3 ရန်သူ ၏လက် မှ ထာဝရဘုရား နှုတ် ၍ အရှေ့ အနောက် တောင် မြောက် အရပ်ရပ် ထဲ က စုသိမ်း သော သူတည်းဟူသော၊ ရွေး တော်မူသောသူတို့ သည် ဝန်ခံ ကြစေ။
4 သူတို့သည် တော တွင် လူ ဆိတ်ညံရာအရပ်၌ လည် ၍၊ နေစရာ မြို့ သို့ ရောက်သောလမ်း ကို မ တွေ့ ကြ။
လူ​အ​ချို့​တို့​သည်​လမ်း​မ​ရှိ​သည့်​သဲ​ကန္တာ​ရ တွင် လှည့်​လည်​လျက်​နေ​ခဲ့​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​နေ​ထိုင်​စ​ရာ​မြို့​သို့​သွား​ရာ လမ်း​ကို​ရှာ​၍​မ​တွေ့​ကြ။
5 ဆာငတ် မွတ်သိပ် ၍ စိတ်ပျက် ကြ၏။
သူ​တို့​သည်​အ​စာ​ငတ်​ရေ​ငတ်​ကြ​လျက် စိတ်​ပျက်​အား​လျော့​ကြ​၏။
6 ဆင်းရဲ ခံရသောအခါ ၊ ထာဝရဘုရား ကို အော်ဟစ် ၍ ၊ ဆင်းရဲ ဒုက္ခထဲ က ဆယ် နှုတ်တော်မူ၏။
သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​အော်​ဟစ်​ကြ​ရာ ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော် မူ​၏။
7 သူတို့နေစရာ မြို့ သို့ ရောက် စေခြင်းငှါ ၊ ဖြောင့် သောလမ်း ဖြင့် ပို့ဆောင် တော်မူ၏။
ကိုယ်​တော်​သည်​သူ​တို့​နေ​ထိုင်​ရန်​မြို့​သို့​လမ်း ဖြောင့်​ဖြင့် ပို့​ဆောင်​တော်​မူ​၏။
8 လူသား တို့၌ ပြုတော်မူသောကရုဏာ နှင့် အံ့ဘွယ် သော အမှုတော်တို့ကိုထောက် ၍၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြစေ။
သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊ မိ​မိ​တို့​အား​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ​များ အ​တွက်​လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ထော​မ​နာ​ပြု​ရ ကြ​ပေ​မည်။
9 အကြောင်း မူကား၊ တောင့်တ သော ဝိညာဉ် ကို ရောင့်ရဲ စေ၍၊ မွတ်သိပ် သော ဝိညာဉ် ကိုလည်း ၊ ကောင်း သောအရာနှင့် ဝ စေတော်မူ၏။
ကိုယ်​တော်​သည်​ရေ​ငတ်​သူ​တို့​အား ရေ​ငတ်​ပြေ​စေ​တော်​မူ​၏။ ဆာ​လောင်​မွတ်​သိပ်​သူ​တို့​အား​ကောင်း​သော အ​ရာ​များ​နှင့်​ဝ​စေ​တော်​မူ​၏။
10 ၁၀
၁၀အ​ချို့​သော​သူ​တို့​သည်​မှောင်​မိုက်​အ​တိ​ဖုံး​လွှမ်း​ရာ အ​ရပ်​၌​နေ​ထိုင်​ရ​လျက်​သံ​ကြိုး​ဖြင့် ချည်​နှောင်​ခြင်း​ခံ​ရ​လျက်​ဒုက္ခ​ခံ​ရ​ကြ​၏။
11 ၁၁ ထိုသူတို့သည် ဘုရား သခင်၏ အမိန့် တော်ကို ငြင်းဆန် ၍၊ အမြင့်ဆုံး သော ဘုရား၏ အကြံ တော်ကို မထီမဲ့မြင် ပြုသောကြောင့် ၊ မှောင်မိုက် ၊ သေမင်း အရိပ်၌ထိုင် လျက်၊ ဒုက္ခ နှင့်၎င်း၊ သံကြိုး နှင့်၎င်း ချည်နှောင် လျက်နေရကြ၏။
၁၁အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​မိန့်​တော်​ကို​ဖီ​ဆန်​၍ အ​နန္တ​တန်​ခိုး​ရှင်​၏​ညွှန်​ကြား​ချက်​များ​ကို ပစ်​ပယ်​ကြ​သော​ကြောင့်​ဖြစ်​၏။
12 ၁၂ ဘုရားသခင်သည် အမှု ရောက်စေ၍ ၊ သူ တို့ စိတ် ကိုနှိမ့်ချ တော်မူ၏။ သူတို့သည် လဲ ၍ ထောက်မ သော သူမ ရှိဘဲ၊
၁၂သူ​တို့​သည်​ပင်​ပန်း​စွာ​အ​လုပ်​လုပ်​ရ​ကြ​သ​ဖြင့် အား​အင်​ကုန်​ခန်း​ရ​ကြ​၏။ လဲ​ကျ​သော်​လည်း​သူ​တို့​အား​ထူ​မ​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။
13 ၁၃ ဆင်းရဲ ခံရသောအခါ ၊ ထာဝရဘုရား ကို အော်ဟစ် ၍ ဆင်းရဲ ဒုက္ခထဲ က ကယ်တင် တော်မူ၏။
၁၃သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့်​ထာ​ဝ​ရ ဘု​ရား​ထံ အော်​ဟစ်​ကြ​ရာ ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော်​မူ​၏။
14 ၁၄ မှောင်မိုက် နှင့် သေမင်း အရိပ်ထဲ က ထုတ် ဆောင်၍ သူ တို့ချည်နှောင် ခြင်းကို ဖြေ တော်မူ၏။
၁၄ကိုယ်​တော်​သည်​သူ​တို့​အား​မှောင်​မိုက်​အ​တိ ဖုံး​လွှမ်း​ရာ အ​ရပ်​မှ​ထုတ်​ဆောင်​တော်​မူ​၍ သူ​တို့​အား​ချည်​နှောင်​ထား​သည့်​သံ​ကြိုး များ​ကို အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ​၏။
15 ၁၅ လူသား တို့၌ ပြုတော်မူသောကရုဏာ နှင့် အံ့ဘွယ် သောအမှုတော်တို့ကိုထောက်၍၊ ထာဝရ ဘုရား၏ ဂုဏ်ကျေးဇူးကို ချီးမွမ်း ကြစေ။
၁၅သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊မိ​မိ​တို့​အား ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ​များ​အ​တွက် လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရ​ပေ​မည်။
16 ၁၆ အကြောင်း မူကား၊ ကြေးဝါ တံခါး တို့ကို ချိုး ၍ ၊ သံ ကန့်လန့် တို့ကို အပိုင်းပိုင်းဖြတ် တော်မူ၏။
၁၆ကိုယ်​တော်​သည်​ကြေး​တံ​ခါး​များ​ကို​ချိုး​၍ သံ​ကန့်​လန့်​များ​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ​၏။
17 ၁၇ မိုက် သောသဘောရှိသောသူတို့ သည်လမ်း လွှဲ ၍ ၊ ဒုစရိုက် ကို ပြုသောကြောင့် ဆင်းရဲခြင်း နှင့် တွေ့ကြုံရကြ၏။
၁၇အ​ချို့​သော​သူ​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​များ ကြောင့် ဖျား​နာ​ရ​ကြ​၏။ မိ​မိ​တို့​၏​ဒု​စ​ရိုက်​များ​ကြောင့်​ဆင်း​ရဲ​ဒုက္ခ ရောက်​ရ​ကြ​၏။
18 ၁၈ စား စရာမျိုးကို ရွံ ၍ သေခြင်း တံခါး ငါ့အနီး သို့ ရောက်ကြ၏။
၁၈သူ​တို့​သည်​အ​စား​အ​စာ​ကို​ပင်​ကြည့်​ချင်​စိတ် မ​ရှိ​တော့​ဘဲ သေ​မင်း​၏​တံ​ခါး​ဝ​အ​နီး​သို့​ရောက်​ရ​ကြ​၏။
19 ၁၉ ဆင်းရဲ ခံရသောအခါ ထာဝရဘုရား ကို အော်ဟစ် ၍ ၊ ဆင်းရဲ ဒုက္ခထဲ က ကယ်တင် တော်မူ၏။
၁၉ထို​အ​ခါ​သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​အော်​ဟစ်​ကြ​ရာ ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော်​မူ​၏။
20 ၂၀ နှုတ်ကပတ် တော်ကိုလွှတ် သဖြင့် ၊ သူ တို့အနာ ကို ငြိမ်းစေ၍ ၊ ဖျက်ဆီး ခြင်းအရာများထဲ က နှုတ်ယူ တော်မူ ၏။
၂၀ကိုယ်​တော်​သည်​အ​မိန့်​တော်​ပေး​၍​သူ​တို့​အား ရော​ဂါ​ပျောက်​ကင်း​စေ​တော်​မူ​ပြီး​လျှင် သင်္ချိုင်း​တွင်း​မှ​ကယ်​တော်​မူ​၏။
21 ၂၁ လူသား တို့၌ ပြုတော်မူသောကရုဏာ နှင့် အံ့ဘွယ် သောအမှုတော်တို့ကိုထောက် ၍၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြစေ။
၂၁သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊ မိ​မိ​တို့​အား​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် ရာ​များ အ​တွက်​လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ရ​ပေ​မည်။
22 ၂၂ ကျေးဇူး တော် ဝန်ခံရာယဇ် ကို ပူဇော် ၍ ၊ ရွှင်လန်း သော အသံနှင့်တကွ အမှုတော် တို့ကို ကြား ပြော ကြစေ။
၂၂သူ​တို့​သည်​ယဇ်​ပူ​ဇော်​သကာ​ဖြင့်​ကိုယ်​တော်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ရ​ပေ​မည်။ ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​လျက် ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို ဖော်​ပြ​ရ​ကြ​ပေ​မည်။
23 ၂၃ သင်္ဘော စီးလျက် ပင်လယ် ကိုကူး ၍၊ ရေ များ ပေါ် မှာ လုပ်ဆောင် သောသူတို့ သည်၊
၂၃လူ​အ​ချို့​တို့​သည်​သ​မုဒ္ဒ​ရာ​တွင်​သင်္ဘော​လွှင့်​၍ ကူး​သန်း​သွား​လာ​လျက်​အ​သက်​မွေး​ဝမ်း​ကျောင်း ရှာ​ကြ​၏။
24 ၂၄ နက်နဲ ရာအရပ်၌ ထာဝရဘုရား ၏ အမှုတော် တို့နှင့်၊ အံ့ဘွယ် သော အမှုတော်တို့ကို မြင် ရကြ၏။
၂၄သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​တော်​များ၊ပင်​လယ်​တွင်​ပြ​တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​များ​ကို​မြင်​တွေ့​ရ​ကြ​၏။
25 ၂၅ အမိန့် တော်ရှိ၍ လေပြင်း မုန်တိုင်း တိုက် သဖြင့် ၊ လှိုင်း တံပိုးတို့ကို ထ စေ၏။
၂၅ကိုယ်​တော်​အ​မိန့်​ပေး​တော်​မူ​သော​အ​ခါ လေ​ပြင်း​မုန်​တိုင်း​ကျ​ရောက်​လာ​၍ လှိုင်း​တံ​ပိုး​များ​ထ​လေ​၏။
26 ၂၆ မိုဃ်း ကောင်းကင်တိုင်အောင်တက် လျက်၊ နက်နဲ ရာထဲသို့ ဆင်း လျက် တွေ့သောဘေး ကြောင့် ၊ သူတို့သည် စိတ်ပျက် ကြ၏။
၂၆သင်္ဘော​များ​သည်​လေ​ထဲ​သို့​မြောက်​၍​သွား​ကြ ပြီး​နောက် ရေ​ထဲ​သို့​ထိုး​ဆင်း​သွား​ကြ​၏။ ယင်း​သို့​သေ​ဘေး​နှင့်​တွေ့​ကြုံ​ရ​ကြ​သ​ဖြင့် လူ​တို့​သည်​ထိတ်​လန့်​တုန်​လှုပ်​ကြ​ကုန်​၏။
27 ၂၇ တလည်လည် သွားလျက် ယစ်မူး သော သူကဲ့သို့ တိမ်းယိမ်း လျက်နေ၍ ဉာဏ် တိမ် မြုပ်ခြင်းရှိကြ၏။
၂၇သူ​တို့​သည်​အ​ရက်​မူး​သူ​များ​ကဲ့​သို့​ယိမ်း​ယိုင် လဲ​ကျ​ကြ​ကုန်​၏။ သူ​တို့​၏​ကျွမ်း​ကျင်​မှု​သည်​အ​ချည်း​နှီး​ပင်​ဖြစ်​၏။
28 ၂၈ ဆင်းရဲ ခံရသောအခါ ထာဝရဘုရား ကို အော်ဟစ် ၍ ၊ ဆင်းရဲ ဒုက္ခထဲ က ထုတ် ဆောင်တော်မူ၏။
၂၈ထို​အ​ခါ​သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​အော်​ဟစ်​ကြ​ရာ ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော် မူ​၏။
29 ၂၉ လေပြင်း ကို ပျောက် စေတော်မူ၍ ၊ လှိုင်း တံပိုးများလည်း ငြိမ်ဝပ် ကြ၏။
၂၉ကိုယ်​တော်​သည်​လေ​မုန်​တိုင်း​ကို​ရပ်​စဲ​စေ​တော် မူ​သ​ဖြင့် လှိုင်း​တံ​ပိုး​တို့​သည်​ငြိမ်သက်​လေ​၏။
30 ၃၀ ထိုသို့ ငြိမ်ဝပ် သောကြောင့် သူတို့သည် ဝမ်းမြောက် ကြ၏။ အလို ရှိရာ သင်္ဘော ဆိပ်သို့ ပို့ဆောင် တော်မူ၏။
၃၀ယင်း​သို့​လေ​ငြိမ်​သ​ဖြင့်​သူ​တို့​သည် ဝမ်း​မြောက်​ကြ​ကုန်​၏။ ကိုယ်​တော်​သည်​သူ​တို့​သွား​လို​ရာ​သင်္ဘော​ဆိပ်​မြို့​သို့ ဘေး​မဲ့​လုံ​ခြုံ​စွာ​ပို့ဆောင်​တော်​မူ​၏။
31 ၃၁ လူ သားတို့၌ ပြုတော်မူ သော ကရုဏာ နှင့် အံ့ဘွယ် သော အမှုတော တို့ကို ထောက် ၍၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြစေ။
၃၁သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊ မိ​မိ​တို့​အ​တွက်​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​များ​အ​တွက်​လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ရ​ပေ​မည်။
32 ၃၂ လူ ပရိတ်သတ် ၏ အလယ် မှာ ထာဝရ ဘုရားကို ချီးမြှောက် ၍ အသက်ကြီး သူတို့၏ အစည်း အဝေး၌ ချီးမွမ်း ကြစေ။
၃၂သူ​တို့​သည်​ကိုယ်​တော်​ကြီး​မြတ်​တော်​မူ​ပုံ​ကို လူ​တို့ စု​ဝေး​ရာ​အ​ရပ်​၌​ထုတ်​ဖော်​ကြေ​ညာ​ကြ​ရ​ပေ​မည်။ ခေါင်း​ဆောင်​များ​အ​စည်း​အ​ဝေး​၌​ကိုယ်​တော်​ကို ထော​မ​နာ​ပြု​ကြ​ရ​ပေ​မည်။
33 ၃၃ မြစ် တို့ကို လွင်ပြင် ဖြစ် စေခြင်းငှါ၎င်း၊ စမ်း ရေ ထွက်ရာ အရပ် ကို လည်း သွေ့ ခြောက်စေခြင်းငှါ ၎င်း ပြု တော်မူ၏။
၃၃ထာ​ဝ​ရ​ဘု​ရား​သည်​မြစ်​များ​ကို​လုံး​ဝ ခန်း​ခြောက်​စေ​တော်​မူ​၏။ စမ်း​ချောင်း​များ​ကို​လည်း​ဆို့​ပိတ်​၍​ထား​တော်​မူ​၏။
34 ၃၄ မြေ ကောင်းသော ပြည် ကို ပြည်သူ ပြည်သားတို့ ၏ အပြစ် ကြောင့် ဆား မြေဖြစ်စေ တော်မူ၏။
၃၄ပြည်​သူ​တို့​၏​ယုတ်​မာ​မှု​ကြောင့်​ကိုယ်​တော်​သည် မြေ​ကောင်း​မြေ​သန့်​ကို အ​သုံး​မ​ဝင်​သည့်​ဆား​မြေ​အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​တော်​မူ​၏။
35 ၃၅ တဖန်လွင်ပြင် ကို ရေ နှင့်ပြည့် စေခြင်းငှါ ၎င်း ၊ သွေ့ခြောက် သော အရပ် ကိုလည်း စမ်းရေ ထွက်စေ ခြင်းငှါ ၎င်း ပြု တော်မူ၏။
၃၅ကိုယ်​တော်​သည်​သဲ​ကန္တာ​ရ​များ​ကို​ရေ​အိုင်​များ အ​ဖြစ်​သို့​လည်း​ကောင်း၊ ခြောက်​သွေ့​သည့်​ဒေ​သ​များ​ကို​စမ်း​ရေ​ပေါက် အ​ဖြစ်​သို့​လည်း​ကောင်း​ပြောင်း​လဲ​စေ​တော်​မူ​၏။
36 ၃၆ ထိုအရပ် ၌လည်း ၊ ငတ်မွတ် သောသူတို့ကို နေရာ ချတော်မူ၍ ၊ သူတို့သည် မိမိနေ စရာဘို့မြို့ ကို တည် ကြ၏။
၃၆ထို​ဒေ​သ​တွင်​အ​စာ​ငတ်​မွတ်​သူ​တို့​အား နေ​ထိုင်​ခွင့်​ပေး​တော်​မူ​၏။ သူ​တို့​သည်​လည်း​မိ​မိ​တို့​နေ​ထိုင်​ရန်​မြို့​ကို တည်​ကြ​၏။
37 ၃၇ လယ် လုပ် လျက် ၊ စပျစ် ဥယျာဉ်ကိုလည်း စိုက်ပျိုး လျက် ၊ မြေ အသီးအနှံတို့ကို ပြုစု ကြ၏။
၃၇သူ​တို့​သည်​လယ်​ယာ​လုပ်​ကိုင်​ကာ​စ​ပျစ်​ပင် များ​ကို စိုက်​ပျိုး​ကြ​၏။ ယင်း​တို့​သည်​များ​စွာ​သော​အ​သီး​အ​နှံ တို့​ကို​ဆောင်​ကုန်​၏။
38 ၃၈ ကောင်းကြီး ပေးတော်မူ၍ ၊ သူတို့သည် အလွန် ပွားများ ကြ၏။ သူ တို့သိုး နွားများကိုလည်း လျော့ စေတော်မ မူ။
၃၈ကိုယ်​တော်​သည်​မိ​မိ​လူ​စု​တော်​ကို ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်​သူ​တို့​သည် သား​သ​မီး​များ​စွာ​ရ​ရှိ​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​၏​နွား​အုပ်​များ​ကို​လည်း မ​ယုတ်​မ​လျော့​စေ​ရန်​စောင့်​ရှောက်​တော်​မူ​၏။
39 ၃၉ တဖန် သူတို့သည် လျော့ ၍ ညှဉ်းဆဲ ခြင်း၊ ငြိုငြင် ခြင်း၊ စိတ် ပူပန်ခြင်းအားဖြင့် နှိမ့်ချ လျက်နေရကြ၏။
၃၉ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည်​ရက်​စက်​စွာ ဖိ​စီး​နှိပ်​စက်​မှု​နှင့်​ဆင်း​ရဲ​ဒုက္ခ​များ​ကြောင့် အ​ရေး​ရှုံး​နိမ့်​ကာ​အ​ရှက်​တ​ကွဲ​ဖြစ်​ရ​ကြ သော​အ​ခါ
40 ၄၀ မင်းသား တို့ကို အရှက်ခွဲ ၍ ၊ လမ်း မ ရှိသော တော အရပ်၌ လည် စေတော်မူ၏။
၄၀ကိုယ်​တော်​သည်​ယင်း​သို့​ဖိ​စီး​နှိပ်​စက်​သူ​များ​အား စက်​ဆုပ်​ရွံ​ရှာ​၍ လမ်း​မ​ရှိ​သည့်​သဲ​ကန္တာ​ရ​တွင်​လှည့်​လည် သွား​လာ​စေ​တော်​မူ​၏။
41 ၄၁ ဆင်းရဲ သောသူကိုလည်း ဒုက္ခ မှ ထမြောက် စေ ၍ ၊ သိုးစု ကဲ့သို့ အိမ်ထောင် ပွားများ စေတော်မူ၏။
၄၁သို့​ရာ​တွင်​ကိုယ်​တော်​သည်​ချို့​တဲ့​နွမ်း​ပါး​သူ တို့​ကို ဆင်း​ရဲ​ဒုက္ခ​မှ​ကယ်​ဆယ်​တော်​မူ​၍ သူ​တို့​၏​အိမ်​ထောင်​စု​များ​ကို​သိုး​အုပ်​များ သ​ဖွယ် တိုး​ပွား​စေ​တော်​မူ​၏။
42 ၄၂ ဖြောင့်မတ် သောသူတို့ သည် မြင် ၍ ၊ ဝမ်းမြောက် ကြ၏။ ခပ်သိမ်း သော ဒုစရိုက် သည်လည်း မိမိ နှုတ် ကို ပိတ် ရ၏။
၄၂သူ​တော်​ကောင်း​တို့​သည်​ဤ​အ​ခြင်း​အ​ရာ​ကို မြင်​၍​ဝမ်း​မြောက်​ကုန်​၏။ သူ​ယုတ်​မာ​အပေါင်း​တို့​သည်​ကား​နှုတ်​ပိတ်​၍ နေ​ရ​ကြ​၏။
43 ၄၃ အကြင် သူသည်ပညာရှိ ၏။ ထိုသူသည် ဤ အမှုအရာ တို့ကို ဆင်ခြင် ၍ ၊ ထာဝရဘုရား ၏ ကရုဏာ ကျေးဇူးတော်ကို နားလည် လိမ့်မည်။
၄၃အ​သိ​ပညာ​ရှိ​သူ​တို့​သည်​ဤ​အ​မှု​အ​ရာ တို့​ကို နှ​လုံး​သွင်း​၍ ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော​မေတ္တာ​တော် အ​ကြောင်း​ကို​စဉ်း​စား​ဆင်​ခြင်​ကြ​စေ။

< ဆာလံ 107 >