< ဆာလံ 106 >
1 ၁ ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၍၊ ကရုဏာ တော် အစဉ် အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
E HALELU aku ia Iehova. E mililani aku ia Iehova, no ka mea ua maikai ia; Ua mau loa hoi kona lokomaikai.
2 ၂ ထာဝရဘုရား ၏ တန်ခိုး ကြီးခြင်း အရာတော် တို့ကို အဘယ်သူ ပြော နိုင်သနည်း။ ဂုဏ် ကျေးဇူးတော်ကို အဘယ်သူသည် အကုန်အစင် ဘော်ပြ နိုင်သနည်း။
Owai la ka mea e hai mai i na mea nui a Iehova? A e hoike mai hoi i kona hanohano a pau?
3 ၃ ခပ်သိမ်း သော အခါ တို့၌ တရား ကို စောင့်ရှောက် ၍၊ ဖြောင့်မတ် စွာကျင့် သောသူတို့သည် မင်္ဂလာ ရှိကြ၏။
Pomaikai ka poe malama i ka hoopono, A hana i ka pololei i na manawa a pau.
4 ၄ အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ရွေးကောက် တော်မူသောသူတို့၏ကောင်းကျိုး ကို မြင် စေခြင်းငှါ ၎င်း၊ ကိုယ်တော် ၏လူမျိုး ဝမ်းမြောက် ခြင်း၌ ဝမ်းမြောက် ၍၊ ကိုယ်တော် ၏အမွေ ဖြစ်သောသူတို့နှင့်အတူ ဝါကြွား ရွှင်လန်းစေခြင်းငှါ ၎င်း၊
E hoomanao mai oe ia'u, e Iehova, Me au e aloha'i i kou poe kanaka; E haawi mai no hoi ia'u i kou hoola ana.
5 ၅ ကိုယ်တော် ၏လူ တို့ခံရသောစေတနာ တော်နှင့်တကွ၊ အကျွန်ုပ် ကိုအောက်မေ့ တော်မူပါ။ အကျွန်ုပ် ကိုအကြည့်အရှု ကြွလာ၍ ကယ်တင် တော်မူပါ။
I ike aku au i ka maikai o kou poe i waeia, I lealea hoi au ma ka lealea ana o kou lahuikanaka, I kaena hoi au ma kou poe hooilina.
6 ၆ အကျွန်ုပ် တို့သည် ဘိုးဘေး တို့နှင့်အတူ ပြစ်မှား ကြပါပြီ။ ဒုစရိုက် ကို ပြုကြပါပြီ။ မ တရားသောအမှုကို ပြုကြပါပြီ။
Ua hewa pu no makou me ko makou poe kupuna, Ua lawehala hoi, a ua hana kolohe.
7 ၇ အဲဂုတ္တု ပြည်၌ ပြု တော်မူသောအံ့ဩဘွယ်တို့ကို ဘိုးဘေး တို့သည် နား မ လည်ကြ။ များစွာ သော ကရုဏာ တော်ကို မ အောက်မေ့ ကြ။ ပင်လယ် နား ၊ ဧဒုံ ပင်လယ် နား မှာ ပုန်ကန် ကြပါ၏။
O ko makou poe kupuna ma Aigupita, Aole lakou i hoomaopopo i kau mau hana mana; Aole hoi lakou i hoomanao i ka nui o kou lokomaikai; A hoonaukiuki aku la ma ke kai, ma ke Kaiula hoi.
8 ၈ သို့သော်လည်း ၊ မဟာတန်ခိုး တော်ကို ထင်ရှား စေခြင်းငှါ ၊ နာမ တော်၏အကြောင်း ကြောင့် သူ တို့ကို ကယ်တင် တော်မူ၏။
Aka, no kona inoa, hoola mai oia ia lakou, I hoike mai ai oia i kona mana.
9 ၉ ဧဒုံ ပင်လယ် ကို ဆုံးမ တော်မူ၍ ၊ ပင်လယ်ရေ သည် ခန်းခြောက် လေ၏။ တော ၌ ပို့ဆောင်သကဲ့သို့ နက်နဲ ရာအရပ်၌ သူ တို့ကို ပို့ဆောင် တော်မူ၏။
Papa mai la oia i ke Kaiula, a maloo iho la ia; Alakai ae la oia ia lakou ma ka hohonu me he nahelehele la.
10 ၁၀ မုန်း သောသူ၏လက် မှ သူ တို့ကို ကယ်တင် ၍ ၊ ရန်သူ ၏လက် မှ ရွေးနှုတ် တော်မူ၏။
Hoola mai la oia ia lakou mai ka lima mai o ka poe inaina, A hoola panai hoi ia lakou mai ka lima mai o ka enemi.
11 ၁၁ ရန်သူ တစုံ တယောက်ကိုမျှ မ ကျန် ရစ်စေခြင်းငှါ၊ ရေ သည် လွှမ်းမိုး လေ၏။
Popoi mai la na wai i ko lakou poe enemi; Aole i hookoeia kekahi o lakou.
12 ၁၂ ထိုအခါ စကား တော်ကို ယုံ ၍ ဂုဏ် ကျေးဇူးတော်ကို သီချင်း ဆိုကြ၏။
Alaila, hooiaio lakou i kana mau olelo, A oli iho la i mau halelu nona.
13 ၁၃ သို့သော်လည်း၊ အမှုတော် ကို အလျင် အမြန်မေ့လျော့ သည်ဖြစ်၍ ၊ အကြံအစည် တော်ကို မ ဆိုင်း မလင့်ဘဲ၊
Poina koke ia lakou kana mau hana, Aole lakou i kakali i kana ao ana.
14 ၁၄ တော ၌ အလွန်တပ်မက် ၍ ၊ လူ ဆိတ်ညံရာအရပ် ၌ ဘုရား သခင်ကို စုံစမ်း ကြ၏။
Kuko nui no lakou ma ka waonahele, A hoao lakou i ke Akua, ma ka waoakua.
15 ၁၅ သူ တို့တောင်း သော ဆုကို ပေး တော်မူ၏။ သို့သော်လည်း ၊ သူ တို့၌ ပိန်ကြုံ ခြင်းကို သွင်း ပေး တော်မူ၏။
Haawi mai la oia ia lakou i ka mea a lakou i noi aku ai; A haawi mai nae i ka hookii iloko o ko lakou uhane.
16 ၁၆ ထိုသူတို့သည်လည်း၊ တပ် ထဲ မှာ မောရှေ ကို ၎င်း၊ ထာဝရဘုရား ၏ သန့်ရှင်း သူအာရုန် ကို၎င်းငြူစူ ကြ၏။
Huahua lakou ia Mose ma kahi hoomoana'i, A me Aarona hoi ka haipule a Iehova.
17 ၁၇ မြေကြီး သည် ကွဲ လျက် ဒါသန် ကိုမျို ၍ ၊ အဘိရံ ၏ အသင်း အဝင်ကို ဖုံးအုပ်လေ၏။
Wahi ae la ka honua, a moni iho la ia Datana, A poi mai la hoi maluna o ke anaina o Abirama,
18 ၁၈ သူ တို့အသင်း အဝင်ထဲမှာ မီး ရှို့ ၍ ၊ မ တရားသောသူတို့ ကို လောင် လေ၏။
Hoaaia ke ahi ma ko lakou anaina, A pau iho la ka poe hewa i ka lapalapa ahi.
19 ၁၉ သူတို့သည် ဟောရပ် တောင်နား မှာ နွားသငယ် ကို လုပ် ၍ ၊ အရည် သွန်းသော ရုပ်တုကို ပြပ်ဝပ်ကိုးကွယ် ကြ၏။
Hana no lakou i keiki bipi ma Horeba, A kulou hoomana lakou ia kii hooheheeia.
20 ၂၀ သူ တို့၏ဘုန်း ကိုလဲ ၍ မြက် ကိုစား သော နွား ၏ ပုံ သဏ္ဍာန်ကို ယူကြ၏။
Hoololi lakou i ko lakou nani I ke ano o ka bipi e ai ana i ka mauu.
21 ၂၁ အဲဂုတ္တု ပြည်၌ ကြီး သော အမှုတို့ကို၎င်း၊
Poina ia lakou ke Akua, ko lakou Hoola, Ka mea i hana i na mea nui ma Aigupita;
22 ၂၂ ဟာမ အမျိုးနေရာပြည် ၌ အံ့ဘွယ် သောအမှုတို့ကို၎င်း၊ ဧဒုံ ပင်လယ် နား မှာ ကြောက်မက် ဘွယ်သော အမှုတို့ ကို၎င်းပြု ၍၊ ကယ်တင် တော်မူသောအရှင်ဘုရား သခင်ကို မေ့လျော့ ကြ၏။
Na mea kupanaha hoi ma ka aina o Hama, Na mea weliweli hoi ma ke Kaiula.
23 ၂၃ ထိုအခါ ရွေးကောက် တော်မူသောမောရှေ သည် အမျက် တော်ကို လွှဲ ၍၊ ထိုသူတို့ကို ဖျက်ဆီး တော်မမူစေခြင်းငှါ ၊ ဖျက်ဆီး ရာအရပ်၊ ရှေ့ တော်၌ မ ရပ် လျှင်၊ သူ တို့ကို ဖျက်ဆီး မည်ဟု အကြံ ရှိတော်မူ၏။
Alaila, olelo no oia e luku ia lakou, Ina i ku ole o Mose, kona mea i waeia ma ka hakahaka imua ona. E pale aku i kona huhu i ole ia e luku mai.
24 ၂၄ ထိုသူတို့သည်လည်း စကား တော်ကို မ ယုံ ၊ သာယာ သောပြည် ကို မထီမဲ့မြင် ပြုကြ၏။
A hoowahawaha no hoi lakou i ka aina aloha, Aole hoi i hooiaio i kana olelo.
25 ၂၅ မိမိ တို့တဲ များ၌ ဆန့်ကျင် ဘက်ပြု၍ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နား မ ထောင်ဘဲနေကြ၏။
Ohumu iho lakou ma ko lakou mau halelewa. Aole hoi i hoolohe i ka leo o Iehova.
26 ၂၆ ထိုကြောင့် သူ တို့ကို တော ၌ လှဲ ခြင်းငှါ ၎င်း၊
Alaila, hoana ae la oia i kona lima, E hoohina ia lakou ma ka waonahele;
27 ၂၇ သူ တို့အမျိုးအနွယ် ကို တပါးအမျိုးသား တို့တွင် လှဲ ၍ ၊ အပြည်ပြည် အရပ်ရပ်သို့ ကွဲပြား စေခြင်းငှါ ၎င်း၊ သူ တို့တဘက်၌ ကျိန်ဆိုတော်မူ၏။
E hoohina hoi i ka lakou poe mamo mawaena o ko na aina e, A e hooauhee ia lakou maluna o ka honua.
28 ၂၈ ထိုသူတို့သည် ဗာလပေဂုရ ဘုရား၌ မှီဝဲ ၍ လူသေ ရှေ့မှာ ပူဇော်သောယဇ် ကောင်ကို စား ကြ၏။
Hoopili ae la lakou ia Baalapeora, A ai no hoi lakou i na mohai o ka poe i make.
29 ၂၉ ထိုသို့မိမိ တို့အမှု များအားဖြင့် အမျက် တော်ကို နှိုးဆော်၍ ၊ ကာလနာ သည် သူ တို့ကို လုယက် လေ၏။
Hoonaukiuki aku lakou ma ka lakou hana ana; A puka mai la ka mai make iwaena o lakou.
30 ၃၀ ထိုအခါ ဖိနဟတ် သည် ထ ၍ တရား စီရင်သဖြင့် ၊ ကာလနာ သည် ငြိမ်း လေ၏။
Alaila ku ae la o Pinehasa iluna, a hoopai iho la, A hookiia ua mai make la.
31 ၃၁ ထိုအမှုကို သူ၏ဖြောင့်မတ် ခြင်းကဲ့သို့ လူမျိုး အဆက်ဆက်တည်သော ကာလ အစဉ်မပြတ် မှတ် ရ သတည်း။
Manaoia'e la ia, he pono nona, I kela hanauna, i keia hanauna, a mau loa aku.
32 ၃၂ တဖန် မေရိဘ ရေ အနား မှာ အမျက် တော်ကို နှိုးဆော်ကြသဖြင့် ၊ သူ တို့အတွက် ကြောင့် မောရှေ ၌ အ မင်္ဂလာဖြစ်လေ၏။
Hoonaukiuki aku lakou ia ia ma na wai o Meriba, A hewa o Mose, no lakou la.
33 ၃၃ သူ ၏စိတ် ကို ချုပ်ချယ် နှောင့်ရှက်ကြသဖြင့် ၊ သူသည် အမှတ်တမဲ့မြွက်ဆို ၏။
No ka mea, hookuee lakou i ka manao ana, A olelo pono ole mai la oia ma kona mau lehelehe.
34 ၃၄ ထာဝရဘုရား မိန့် တော်မူသည် အတိုင်း မပြု၊ တပါး အမျိုးသားတို့ကို မ ဖျက်ဆီး ဘဲ နေကြ၏။
Aole lakou i luku ae i na lahuikanaka, A Iehova i kauoha mai ai ia lakou.
35 ၃၅ သူ တို့နှင့် ရောနှော ၍ သူ တို့၏ ဘာသာ ဓလေ့ကို သင် ကြ၏။
Ua huiia no lakou me ko na aina e, A ao mai la lakou i ka lakou mau hana.
36 ၃၆ သူ တို့၏ရုပ်တု များကို ဝတ်ပြု ၍ ကျော့ကွင်း ၌ ကျော့မိ ကြ၏။
Malama aku no hoi i ko lakou poe akua kii, A lilo ia i pahele na lakou.
37 ၃၇ ကိုယ် သား သမီး တို့ကို နတ်ဆိုး တို့အား ယဇ် ပူဇော်ကြ၏။
Alaila, mohai aku la lakou i ka lakou poe keikikane, A me ka lakou poe kaikamahine no na daimonio.
38 ၃၈ ထိုသို့ အပြစ် မရှိသောသူတို့ ၏ အသွေး ၊ ခါနာန် ရုပ်တု တို့ရှေ့မှာ ယဇ် ပူဇော်သော ကိုယ် သား သမီး တို့၏ အသွေး ကို သွန် ကြ၍ ၊ ထိုမြေ သည် အသွေး နှင့် ညစ်ညူး လေ၏။
Hookahe ae la lakou i ke koko hala ole, I ke koko hoi o ka lakou poe keikikane, a me ka lakou poe kaikamahine, Na mea a lakou i mohai aku ai i na'kua kii o Kanaana; A hoohaumiaia ka aina i ke koko.
39 ၃၉ သူတို့သည် ကိုယ် အကျင့် အားဖြင့် ကိုယ်ကို ညစ်ညူး စေ၍ ၊ ကိုယ် အမှု တို့တွင် မှားယွင်း ကြ၏။
A haumia no hoi lakou i ka lakou mau hana, A moe kolohe lakou me na mea a lakou i hana'i.
40 ၄၀ ထိုကြောင့် ထာဝရဘုရား သည် မိမိ လူ တို့ကို အမျက် တော်ထွက် ၍ ၊ မိမိ အမွေ တော်ကို ရွံရှာ တော်မူ၏။
Nolaila, hoaaia ka inaina o Iehova i kona poe kanaka, A hoopailua mai la oia i kona hooilina iho.
41 ၄၁ သူ တို့ကို တပါးအမျိုးသား တို့လက် သို့ အပ် တော်မူသဖြင့် ၊ မုန်း သောသူတို့သည် အုပ်စိုး ရကြ၏။
A haawi ae la ia ia lakou i ka lima o ko na aina e; A noho alii maluna o lakou ka poe inaina mai ia lakou.
42 ၄၂ ရန်သူ တို့သည် ညှဉ်းဆဲ ၍ ၊ သူ တို့သည် ရန်သူတို့ အောက် မှာ နှိမ့်ချ ခြင်းကိုခံရကြ၏။
Hookaumaha mai no hoi ko lakou poe enemi ia lakou, A hoohaahaaia mai no hoi malalo iho o ko lakou lima.
43 ၄၃ သူ တို့ကို ကြိမ်ဖန် များစွာ ကယ်နှုတ် တော်မူသော်လည်း ၊ ပုန်ကန် သော အကြံ ကိုသာ ကြံ၍ ၊ မိမိ တို့ဒုစရိုက် အပြစ်ကြောင့် နှိပ်စက် ခြင်းကိုခံရကြ၏။
Hoopakele pinepine mai la oia ia lakou; Aka, hoonaukiuki aku lakou ia ia, ma ko lakou manao, A hokii iho la lakou no ko lakou hewa.
44 ၄၄ တဖန်သူ တို့ အော်ဟစ် ခြင်းကို ကြား တော်မူလျှင် ၊ သူ တို့၌ ဆင်းရဲ ဒုက္ခကို ကြည့်ရှု သဖြင့်၊
Alaila, ike mai la oia i ko lakou pilikia, Ia ia i lohe ai i ko lakou olo pihe ana.
45 ၄၅ ဝန်ခံ ခြင်းဂတိတော်ကို သူ တို့အဘို့ အောက်မေ့ ၍ ၊ ကရုဏာ တော် များပြား သည်အတိုင်း နောင်တ ရတော်မူ ၏။
A hoomanao mai la oia i kona berita me lakou, A minamina iho la oia, e like me ka nui o kona lokomaikai ana.
46 ၄၆ သူ တို့ကို ချုပ်ထား သိမ်းသွားသော သူအပေါင်း တို့သည် သနား ရကြမည်အကြောင်း ပြု တော်မူ၏။
Alaila, haawi mai la oia ia lakou I ke alohaia imua o ka poe a pau i lawe pio ia lakou.
47 ၄၇ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ၊ သန့်ရှင်း သော နာမ တော်၏ ဂုဏ်ကျေးဇူးသည် ကြီးလှပါ ၏ဟု အကျွန်ုပ်တို့သည် ဝန်ခံ ၍၊ ကိုယ်တော် ကို ချီးမွမ်း ခြင်း၌ ဝါကြွား ဝမ်းမြောက်မည်အကြောင်း ၊ အကျွန်ုပ် တို့ကို ကယ်တင် လျက် ၊ တပါးအမျိုးသား တို့အထဲ က နှုတ်ယူ၍ စုသိမ်း တော်မူပါ။
E hoola mai oe ia makou, e Iehova, e ko makou Akua, E hoiliili mai ia makou, maiwaena mai o ko na aina e, I mililani aku makou i ka inoa hoano, A e hiilani aku hoi ma kou halelu.
48 ၄၈ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည် ကမ္ဘာ အဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။ လူ ခပ်သိမ်း တို့သည် အာမင် ဟု ဝန်ခံ ကြစေ။ ဟာလေလုယ။
E hoomaikaiia o Iehova, ke Akua o ka Iseraela, Mai kahiko loa mai, a mau loa aku no: E i mai no hoi na kanaka a pau, Amene. E halelu aku ia Iehova.