< ဆာလံ 106 >

1 ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၍၊ ကရုဏာ တော် အစဉ် အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
Praise Yahweh. Give thanks to Yahweh, for he is good, for his covenant faithfulness endures forever.
2 ထာဝရဘုရား ၏ တန်ခိုး ကြီးခြင်း အရာတော် တို့ကို အဘယ်သူ ပြော နိုင်သနည်း။ ဂုဏ် ကျေးဇူးတော်ကို အဘယ်သူသည် အကုန်အစင် ဘော်ပြ နိုင်သနည်း။
Who can recount the mighty acts of Yahweh or proclaim in full all his praiseworthy deeds?
3 ခပ်သိမ်း သော အခါ တို့၌ တရား ကို စောင့်ရှောက် ၍၊ ဖြောင့်မတ် စွာကျင့် သောသူတို့သည် မင်္ဂလာ ရှိကြ၏။
Blessed are those who do what is right, and whose deeds are always just.
4 အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ရွေးကောက် တော်မူသောသူတို့၏ကောင်းကျိုး ကို မြင် စေခြင်းငှါ ၎င်း၊ ကိုယ်တော် ၏လူမျိုး ဝမ်းမြောက် ခြင်း၌ ဝမ်းမြောက် ၍၊ ကိုယ်တော် ၏အမွေ ဖြစ်သောသူတို့နှင့်အတူ ဝါကြွား ရွှင်လန်းစေခြင်းငှါ ၎င်း၊
Call me to mind, Yahweh, when you show favor to your people; help me when you save them.
5 ကိုယ်တော် ၏လူ တို့ခံရသောစေတနာ တော်နှင့်တကွ၊ အကျွန်ုပ် ကိုအောက်မေ့ တော်မူပါ။ အကျွန်ုပ် ကိုအကြည့်အရှု ကြွလာ၍ ကယ်တင် တော်မူပါ။
Then I will see the prosperity of your chosen, rejoice in the gladness of your nation, and glory with your inheritance.
6 အကျွန်ုပ် တို့သည် ဘိုးဘေး တို့နှင့်အတူ ပြစ်မှား ကြပါပြီ။ ဒုစရိုက် ကို ပြုကြပါပြီ။ မ တရားသောအမှုကို ပြုကြပါပြီ။
We have sinned like our ancestors; we have done wrong, and we have done evil.
7 အဲဂုတ္တု ပြည်၌ ပြု တော်မူသောအံ့ဩဘွယ်တို့ကို ဘိုးဘေး တို့သည် နား မ လည်ကြ။ များစွာ သော ကရုဏာ တော်ကို မ အောက်မေ့ ကြ။ ပင်လယ် နား ၊ ဧဒုံ ပင်လယ် နား မှာ ပုန်ကန် ကြပါ၏။
Our fathers did not appreciate your marvelous deeds in Egypt; they ignored your many acts of covenant faithfulness; they were rebellious at the sea, the Sea of Reeds.
8 သို့သော်လည်း ၊ မဟာတန်ခိုး တော်ကို ထင်ရှား စေခြင်းငှါ ၊ နာမ တော်၏အကြောင်း ကြောင့် သူ တို့ကို ကယ်တင် တော်မူ၏။
Nevertheless, he saved them for his name's sake so that he might reveal his power.
9 ဧဒုံ ပင်လယ် ကို ဆုံးမ တော်မူ၍ ၊ ပင်လယ်ရေ သည် ခန်းခြောက် လေ၏။ တော ၌ ပို့ဆောင်သကဲ့သို့ နက်နဲ ရာအရပ်၌ သူ တို့ကို ပို့ဆောင် တော်မူ၏။
He rebuked the Sea of Reeds, and it dried up. Then he led them through the depths, as through a wilderness.
10 ၁၀ မုန်း သောသူ၏လက် မှ သူ တို့ကို ကယ်တင် ၍ ၊ ရန်သူ ၏လက် မှ ရွေးနှုတ် တော်မူ၏။
He saved them from the hand of those who hated them, and he rescued them from the hand of the enemy.
11 ၁၁ ရန်သူ တစုံ တယောက်ကိုမျှ မ ကျန် ရစ်စေခြင်းငှါ၊ ရေ သည် လွှမ်းမိုး လေ၏။
But the waters covered their adversaries; not one of them survived.
12 ၁၂ ထိုအခါ စကား တော်ကို ယုံ ၍ ဂုဏ် ကျေးဇူးတော်ကို သီချင်း ဆိုကြ၏။
Then they believed his words, and they sang his praise.
13 ၁၃ သို့သော်လည်း၊ အမှုတော် ကို အလျင် အမြန်မေ့လျော့ သည်ဖြစ်၍ ၊ အကြံအစည် တော်ကို မ ဆိုင်း မလင့်ဘဲ၊
But they quickly forgot what he had done; they did not wait for his instructions.
14 ၁၄ တော ၌ အလွန်တပ်မက် ၍ ၊ လူ ဆိတ်ညံရာအရပ် ၌ ဘုရား သခင်ကို စုံစမ်း ကြ၏။
They had insatiable cravings in the wilderness, and they challenged God in the desert.
15 ၁၅ သူ တို့တောင်း သော ဆုကို ပေး တော်မူ၏။ သို့သော်လည်း ၊ သူ တို့၌ ပိန်ကြုံ ခြင်းကို သွင်း ပေး တော်မူ၏။
So he gave them what they requested, but he sent a horrible disease upon them.
16 ၁၆ ထိုသူတို့သည်လည်း၊ တပ် ထဲ မှာ မောရှေ ကို ၎င်း၊ ထာဝရဘုရား ၏ သန့်ရှင်း သူအာရုန် ကို၎င်းငြူစူ ကြ၏။
In the camp they became jealous of Moses and Aaron, the holy priest of Yahweh.
17 ၁၇ မြေကြီး သည် ကွဲ လျက် ဒါသန် ကိုမျို ၍ ၊ အဘိရံ ၏ အသင်း အဝင်ကို ဖုံးအုပ်လေ၏။
The earth opened and swallowed up Dathan and covered the followers of Abiram.
18 ၁၈ သူ တို့အသင်း အဝင်ထဲမှာ မီး ရှို့ ၍ ၊ မ တရားသောသူတို့ ကို လောင် လေ၏။
Fire broke out among them; the fire consumed the wicked.
19 ၁၉ သူတို့သည် ဟောရပ် တောင်နား မှာ နွားသငယ် ကို လုပ် ၍ ၊ အရည် သွန်းသော ရုပ်တုကို ပြပ်ဝပ်ကိုးကွယ် ကြ၏။
They made a calf at Horeb and worshiped a cast metal figure.
20 ၂၀ သူ တို့၏ဘုန်း ကိုလဲ ၍ မြက် ကိုစား သော နွား ၏ ပုံ သဏ္ဍာန်ကို ယူကြ၏။
They traded the glory of God for the image of a bull that eats grass.
21 ၂၁ အဲဂုတ္တု ပြည်၌ ကြီး သော အမှုတို့ကို၎င်း၊
They forgot God their Savior, who had done great deeds in Egypt.
22 ၂၂ ဟာမ အမျိုးနေရာပြည် ၌ အံ့ဘွယ် သောအမှုတို့ကို၎င်း၊ ဧဒုံ ပင်လယ် နား မှာ ကြောက်မက် ဘွယ်သော အမှုတို့ ကို၎င်းပြု ၍၊ ကယ်တင် တော်မူသောအရှင်ဘုရား သခင်ကို မေ့လျော့ ကြ၏။
He had done wonderful things in the land of Ham and mighty acts at the Sea of Reeds.
23 ၂၃ ထိုအခါ ရွေးကောက် တော်မူသောမောရှေ သည် အမျက် တော်ကို လွှဲ ၍၊ ထိုသူတို့ကို ဖျက်ဆီး တော်မမူစေခြင်းငှါ ၊ ဖျက်ဆီး ရာအရပ်၊ ရှေ့ တော်၌ မ ရပ် လျှင်၊ သူ တို့ကို ဖျက်ဆီး မည်ဟု အကြံ ရှိတော်မူ၏။
So he said he would destroy them— had not Moses, his chosen one, stood in the breach before him, to turn away his anger from destroying them.
24 ၂၄ ထိုသူတို့သည်လည်း စကား တော်ကို မ ယုံ ၊ သာယာ သောပြည် ကို မထီမဲ့မြင် ပြုကြ၏။
Then they despised the fruitful land; they did not believe his promise,
25 ၂၅ မိမိ တို့တဲ များ၌ ဆန့်ကျင် ဘက်ပြု၍ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နား မ ထောင်ဘဲနေကြ၏။
but grumbled in their tents, and did not obey Yahweh.
26 ၂၆ ထိုကြောင့် သူ တို့ကို တော ၌ လှဲ ခြင်းငှါ ၎င်း၊
Therefore he raised his hand and swore to them that he would let them die in the desert,
27 ၂၇ သူ တို့အမျိုးအနွယ် ကို တပါးအမျိုးသား တို့တွင် လှဲ ၍ ၊ အပြည်ပြည် အရပ်ရပ်သို့ ကွဲပြား စေခြင်းငှါ ၎င်း၊ သူ တို့တဘက်၌ ကျိန်ဆိုတော်မူ၏။
scatter their descendants among the nations, and scatter them in foreign lands.
28 ၂၈ ထိုသူတို့သည် ဗာလပေဂုရ ဘုရား၌ မှီဝဲ ၍ လူသေ ရှေ့မှာ ပူဇော်သောယဇ် ကောင်ကို စား ကြ၏။
They worshiped the Baal of Peor and ate the sacrifices offered to the dead.
29 ၂၉ ထိုသို့မိမိ တို့အမှု များအားဖြင့် အမျက် တော်ကို နှိုးဆော်၍ ၊ ကာလနာ သည် သူ တို့ကို လုယက် လေ၏။
They provoked him to anger with their actions, and a plague broke out among them.
30 ၃၀ ထိုအခါ ဖိနဟတ် သည် ထ ၍ တရား စီရင်သဖြင့် ၊ ကာလနာ သည် ငြိမ်း လေ၏။
Then Phinehas rose to intervene, and the plague subsided.
31 ၃၁ ထိုအမှုကို သူ၏ဖြောင့်မတ် ခြင်းကဲ့သို့ လူမျိုး အဆက်ဆက်တည်သော ကာလ အစဉ်မပြတ် မှတ် ရ သတည်း။
It was counted to him as a righteous deed to all generations forever.
32 ၃၂ တဖန် မေရိဘ ရေ အနား မှာ အမျက် တော်ကို နှိုးဆော်ကြသဖြင့် ၊ သူ တို့အတွက် ကြောင့် မောရှေ ၌ အ မင်္ဂလာဖြစ်လေ၏။
They also angered Yahweh at the waters of Meribah, and Moses suffered because of them.
33 ၃၃ သူ ၏စိတ် ကို ချုပ်ချယ် နှောင့်ရှက်ကြသဖြင့် ၊ သူသည် အမှတ်တမဲ့မြွက်ဆို ၏။
They made Moses bitter, and he spoke rashly.
34 ၃၄ ထာဝရဘုရား မိန့် တော်မူသည် အတိုင်း မပြု၊ တပါး အမျိုးသားတို့ကို မ ဖျက်ဆီး ဘဲ နေကြ၏။
They did not destroy the nations as Yahweh had commanded them,
35 ၃၅ သူ တို့နှင့် ရောနှော ၍ သူ တို့၏ ဘာသာ ဓလေ့ကို သင် ကြ၏။
but they mingled with the nations and learned their ways
36 ၃၆ သူ တို့၏ရုပ်တု များကို ဝတ်ပြု ၍ ကျော့ကွင်း ၌ ကျော့မိ ကြ၏။
and worshiped their idols, which became a snare to them.
37 ၃၇ ကိုယ် သား သမီး တို့ကို နတ်ဆိုး တို့အား ယဇ် ပူဇော်ကြ၏။
They sacrificed their sons and their daughters to demons.
38 ၃၈ ထိုသို့ အပြစ် မရှိသောသူတို့ ၏ အသွေး ၊ ခါနာန် ရုပ်တု တို့ရှေ့မှာ ယဇ် ပူဇော်သော ကိုယ် သား သမီး တို့၏ အသွေး ကို သွန် ကြ၍ ၊ ထိုမြေ သည် အသွေး နှင့် ညစ်ညူး လေ၏။
They shed innocent blood, the blood of their sons and of their daughters, whom they sacrificed to the idols of Canaan, desecrating the land with blood.
39 ၃၉ သူတို့သည် ကိုယ် အကျင့် အားဖြင့် ကိုယ်ကို ညစ်ညူး စေ၍ ၊ ကိုယ် အမှု တို့တွင် မှားယွင်း ကြ၏။
They were defiled by their deeds; in their actions they were like prostitutes.
40 ၄၀ ထိုကြောင့် ထာဝရဘုရား သည် မိမိ လူ တို့ကို အမျက် တော်ထွက် ၍ ၊ မိမိ အမွေ တော်ကို ရွံရှာ တော်မူ၏။
So Yahweh was angry with his people, and he despised his own people.
41 ၄၁ သူ တို့ကို တပါးအမျိုးသား တို့လက် သို့ အပ် တော်မူသဖြင့် ၊ မုန်း သောသူတို့သည် အုပ်စိုး ရကြ၏။
He gave them into the hand of the nations, and those who hated them ruled over them.
42 ၄၂ ရန်သူ တို့သည် ညှဉ်းဆဲ ၍ ၊ သူ တို့သည် ရန်သူတို့ အောက် မှာ နှိမ့်ချ ခြင်းကိုခံရကြ၏။
Their enemies oppressed them, and they were brought into subjection to their authority.
43 ၄၃ သူ တို့ကို ကြိမ်ဖန် များစွာ ကယ်နှုတ် တော်မူသော်လည်း ၊ ပုန်ကန် သော အကြံ ကိုသာ ကြံ၍ ၊ မိမိ တို့ဒုစရိုက် အပြစ်ကြောင့် နှိပ်စက် ခြင်းကိုခံရကြ၏။
Many times he came to help them, but they kept rebelling and were brought low by their own sin.
44 ၄၄ တဖန်သူ တို့ အော်ဟစ် ခြင်းကို ကြား တော်မူလျှင် ၊ သူ တို့၌ ဆင်းရဲ ဒုက္ခကို ကြည့်ရှု သဖြင့်၊
Nevertheless, he paid attention to their distress when he heard their cry for help.
45 ၄၅ ဝန်ခံ ခြင်းဂတိတော်ကို သူ တို့အဘို့ အောက်မေ့ ၍ ၊ ကရုဏာ တော် များပြား သည်အတိုင်း နောင်တ ရတော်မူ ၏။
He called to mind his covenant with them and relented because of his steadfast love.
46 ၄၆ သူ တို့ကို ချုပ်ထား သိမ်းသွားသော သူအပေါင်း တို့သည် သနား ရကြမည်အကြောင်း ပြု တော်မူ၏။
He caused all their conquerers to have pity on them.
47 ၄၇ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ၊ သန့်ရှင်း သော နာမ တော်၏ ဂုဏ်ကျေးဇူးသည် ကြီးလှပါ ၏ဟု အကျွန်ုပ်တို့သည် ဝန်ခံ ၍၊ ကိုယ်တော် ကို ချီးမွမ်း ခြင်း၌ ဝါကြွား ဝမ်းမြောက်မည်အကြောင်း ၊ အကျွန်ုပ် တို့ကို ကယ်တင် လျက် ၊ တပါးအမျိုးသား တို့အထဲ က နှုတ်ယူ၍ စုသိမ်း တော်မူပါ။
Save us, Yahweh, our God. Gather us from among the nations so that we may give thanks to your holy name and glory in your praises.
48 ၄၈ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည် ကမ္ဘာ အဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။ လူ ခပ်သိမ်း တို့သည် အာမင် ဟု ဝန်ခံ ကြစေ။ ဟာလေလုယ။
May Yahweh, the God of Israel, be praised from everlasting to everlasting. All the people said, “Amen.” Praise Yahweh.

< ဆာလံ 106 >