< ဆာလံ 104 >

1 အို ငါ့ ဝိညာဉ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေး လော့။ အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် သည် အလွန် ကြီးမြတ် တော်မူ၏။ ဘုန်း တန်ခိုး အာနုဘော် နှင့် တန်ဆာ ဆင်တော်မူ၏။
Benedici il Signore, anima mia, Signore, mio Dio, quanto sei grande! Rivestito di maestà e di splendore,
2 အဝတ် နှင့်ခြုံသကဲ့သို့ ၊ အလင်း နှင့် ကိုယ်တော်ကို ခြုံ တော်မူထသော၊ မိုဃ်းကောင်းကင် ကို မျက်နှာကြက် ကဲ့သို့ ကြက် တော်မူထသော၊
avvolto di luce come di un manto. Tu stendi il cielo come una tenda,
3 နေတော်မူရာအထက် ခန်း၊ အမြစ်ကိုရေ ၌ တည် တော်မူထသော၊ မိုဃ်းတိမ် ရထား ကို စီး၍၊ လေ အတောင် တို့ဖြင့် ကြွ သွားတော်မူထသော၊
costruisci sulle acque la tua dimora, fai delle nubi il tuo carro, cammini sulle ali del vento;
4 မိမိ တမန် တို့ကို လေ ကဲ့သို့၎င်း၊ မိမိ အစေအပါး တို့ကို မီး လျှံ ကဲ့သို့၎င်း ဖြစ် စေတော်မူထသော၊
fai dei venti i tuoi messaggeri, delle fiamme guizzanti i tuoi ministri.
5 မြေကြီး အမြစ် ကို ကာလ အစဉ်အမြဲ မ ရွေ့ မလှုပ် စေခြင်းငှါ၊ တည် တော်မူသောဘုရားပေတည်း။
Hai fondato la terra sulle sue basi, mai potrà vacillare.
6 ကိုယ်တော်သည် မြေကြီး ကို အဝတ် နှင့် ဖုံး သကဲ့သို့ ၊ ပင်လယ် နှင့် ဖုံးတော်မူ၍၊ ရေ တို့သည် တောင် များ အပေါ် မှာ ရပ် နေကြပါ၏။
L'oceano l'avvolgeva come un manto, le acque coprivano le montagne.
7 တဖန် ဆုံးမ တော်မူ၍ သူတို့သည် ပြေး ကြပါ၏။ မိုဃ်းချုန်း တော်မူသံ ကိုကြား၍ ၊ အလျင် အမြန်ပြန်သွား ကြပါ၏။
Alla tua minaccia sono fuggite, al fragore del tuo tuono hanno tremato.
8 တောင် တို့သည် တက် လျက်၊ ချိုင့် တို့သည် ဆင်း လျက်၊ သူ တို့ဘို့ ခွဲခန့် တော်မူသောအရပ် သို့ ရောက်ကြပါ ၏။
Emergono i monti, scendono le valli al luogo che hai loro assegnato.
9 ရေတို့သည် ပြန်လာ ၍ မြေကြီး ကို မ လွှမ်းမိုး စေခြင်းငှါ ၊ မ ကျော် ရသောနယ်စပ် ကိုပိုင်းခြား တော်မူ၏။
Hai posto un limite alle acque: non lo passeranno, non torneranno a coprire la terra.
10 ၁၀ ထာဝရဘုရားသည် ချိုင့် များထဲ သို့ စမ်း ရေကို လွှတ် တော်မူ၍၊ ရေသည် တောင် တို့တွင် စီး လျက်၊
Fai scaturire le sorgenti nelle valli e scorrono tra i monti;
11 ၁၁ မြေ တိရစ္ဆာန် အပေါင်း တို့အား သောက် ရသောအခွင့်ကိုပေး ၏။ မြည်း ရိုင်းတို့သည် အငတ် ပြေ ရကြ၏။
ne bevono tutte le bestie selvatiche e gli ònagri estinguono la loro sete.
12 ၁၂ ထို ရေအနား မှာ မိုဃ်း ကောင်းကင်ငှက် တို့သည် နေရာ ကျ၍ ၊ သစ်ပင် အခက်အလက်တို့တွင် ကြွေးကြော် ကြ၏။
Al di sopra dimorano gli uccelli del cielo, cantano tra le fronde.
13 ၁၃ အထက် ခန်းတော်ထဲ က တောင် များကို ရေ ပေး တော်မူ၏။ စီရင် ပြုပြင်တော်မူခြင်းအကျိုး ကြောင့် ၊ မြေကြီး သည် ရောင့်ရဲ လျက်ရှိ၏။
Dalle tue alte dimore irrighi i monti, con il frutto delle tue opere sazi la terra.
14 ၁၄ တိရစ္ဆာန် ဘို့ မြက်ပင် ကို၎င်း ၊ လူ သုံးဘို့ စပါး ပင်ကို၎င်းပေါက် စေတော်မူသဖြင့်၊ မြေကြီး ထဲ က မုန့် ကို ထုတ် ဘော်တော်မူ၏။
Fai crescere il fieno per gli armenti e l'erba al servizio dell'uomo, perché tragga alimento dalla terra:
15 ၁၅ စပျစ် ရည်သည်လည်း လူ တို့ကို ရွှင်လန်း စေ၏။ ဆီ အားဖြင့်လည်း သူတို့မျက်နှာ ကို ပြောင် စေတော်မူ၏။ မုန့် သည်လည်း ၊ သူ တို့နှလုံး ကို ထောက်မ ၏။
il vino che allieta il cuore dell'uomo; l'olio che fa brillare il suo volto e il pane che sostiene il suo vigore.
16 ၁၆ ထာဝရဘုရား ၏သစ်ပင် ၊ စိုက် တော်မူသောလေဗနုန် အာရဇ် ပင်တို့သည်လည်း ရောင့်ရဲ လျက်ရှိကြ၏။
Si saziano gli alberi del Signore, i cedri del Libano da lui piantati.
17 ၁၇ ထိုအပင်တို့၌ ငှက် တို့သည် အသိုက် လုပ်တတ် ကြ၏။ ထင်းရူး ပင်တို့၌ တောငန်း တို့သည် နေရာ ကျ တတ်ကြ၏။
Là gli uccelli fanno il loro nido e la cicogna sui cipressi ha la sua casa.
18 ၁၈ မြင့် သောတောင် တို့သည် တောဆိတ် များမှီခို ရာ၊ ကျောက် တို့သည် ရှာဖန်ယုန် များ မှီခိုရာ ဖြစ်ကြ၏။
Per i camosci sono le alte montagne, le rocce sono rifugio per gli iràci.
19 ၁၉ ချိန်းချက် သောအချိန်ဘို့ ၊ လ ကို ဖန်းဆင်း တော်မူပြီ။ နေ သည်လည်း၊ မိမိ ဝင် ရသောအချိန်ကိုသိ ၏။
Per segnare le stagioni hai fatto la luna e il sole che conosce il suo tramonto.
20 ၂၀ ကိုယ်တော်သည် မှောင်မိုက် ကို စီရင် တော်မူ၍ ညဉ့် ဖြစ် ပါ၏။ ထိုအချိန်၌ တော တိရစ္ဆာန် အပေါင်း တို့ သည် တွား လျက် ထွက်တတ်ကြပါ၏။
Stendi le tenebre e viene la notte e vagano tutte le bestie della foresta;
21 ၂၁ ခြင်္သေ့ ပျိုတို့သည် လုယက် ခြင်းအလိုငှါ ဟောက် ၍ ၊ ဘုရား သခင့်ထံမှာ အစာ ကို ရှာ ကြပါ၏။
ruggiscono i leoncelli in cerca di preda e chiedono a Dio il loro cibo.
22 ၂၂ တဖန်နေ ထွက် ပြန်လျှင်၊ သူတို့သည် ဆုတ် သွား ၍ နေမြဲတွင်း တို့၌ အိပ် နေကြပါ၏။
Sorge il sole, si ritirano e si accovacciano nelle tane.
23 ၂၃ လူ သည်လည်း လုပ်ဆောင် ပြုမူခြင်းငှါ ညဦး တိုင်အောင် ထွက်သွား ပါ၏။
Allora l'uomo esce al suo lavoro, per la sua fatica fino a sera.
24 ၂၄ အို ထာဝရဘုရား ၊ ကိုယ်တော် စီရင် ပြုပြင်တော်မူ သောအရာတို့သည် အလွန်များပြား ပါ၏။ ရှိရှိသမျှ တို့ကို ပညာ တော်အားဖြင့် ဖန်ဆင်း တော်မူ၏။ မြေကြီး သည် ဘဏ္ဍာ တော်နှင့် ကြွယ်ဝ ပါ၏။
Quanto sono grandi, Signore, le tue opere! Tutto hai fatto con saggezza, la terra è piena delle tue creature.
25 ၂၅ မ ရေတွက် နိုင်အောင် တွား တတ်သော တိရစ္ဆာန် အစရှိ သော တိရစ္ဆာန်အကြီး အငယ် များတို့နေရာ ကြီးမား ကျယ်ဝန်းသော သမုဒ္ဒရာ လည်း ရှိပါသေး၏။
Ecco il mare spazioso e vasto: lì guizzano senza numero animali piccoli e grandi.
26 ၂၆ ထို အရပ်၌ သင်္ဘော တို့သည် သွား လာကြပါ၏။ ထို အရပ်၌ ကွန့်မြူးစေခြင်းငှါဖန်ဆင်းတော်မူသောငါးကြီးလဝိသန်သည်လည်း ရှိပါ၏။
Lo solcano le navi, il Leviatàn che hai plasmato perché in esso si diverta.
27 ၂၇ ထိုသို့သော တိရစ္ဆာန် အပေါင်း တို့သည် အချိန်တန် လျှင် အစာ ကျွေး တော်မူစေခြင်းငှါ ၊ ကိုယ်တော် ကို မြော်လင့် လျက် နေကြပါ၏။
Tutti da te aspettano che tu dia loro il cibo in tempo opportuno.
28 ၂၈ ကိုယ်တော်ချ ထားတော်မူသည်အတိုင်း သူတို့ သည် သိမ်းယူ ကြပါ၏။ လက် တော်ကို ဖွင့် တော်မူသော အားဖြင့် ၊ သူတို့သည် ကောင်း သောအရာနှင့် ရောင့်ရဲ ကြ ပါ၏။
Tu lo provvedi, essi lo raccolgono, tu apri la mano, si saziano di beni.
29 ၂၉ မျက်နှာ တော်ကို လွှဲ တော်မူလျှင်၊ သူတို့သည် ပင်ပန်း ကြပါ၏။ သူ တို့အသက် ကို ရုပ်သိမ်း တော်မူလျှင်၊ သူတို့သည် သေ ၍ မိမိ တို့မြေမှုန့် ထဲ သို့ ပြန် သွားကြပါ၏။
Se nascondi il tuo volto, vengono meno, togli loro il respiro, muoiono e ritornano nella loro polvere.
30 ၃၀ တဖန်ဝိညာဉ် တော်ကို လွှတ် ၍ ၊ သူတို့ကို ဖန်ဆင်း တော်မူသဖြင့်၊ မြေကြီး မျက်နှာ ကို အသစ် ပြုပြင် တော်မူ၏။
Mandi il tuo spirito, sono creati, e rinnovi la faccia della terra.
31 ၃၁ ထာဝရဘုရား ၏ဘုန်း တော်သည် နိစ္စ အမြဲ တည် ၏။ ထာဝရဘုရား သည် မိမိ အမှု တော်တို့တွင် ဝမ်းမြောက် တော်မူ၏။
La gloria del Signore sia per sempre; gioisca il Signore delle sue opere.
32 ၃၂ မြေကြီး ကို ကြည့်ရှု တော်မူ၍ သူသည် တုန်လှုပ် တတ်၏။ တောင် တို့ကို တို့ တော်မူ၍ ၊ သူတို့သည် မီးခိုး ထွက်တတ်ကြပါ၏။
Egli guarda la terra e la fa sussultare, tocca i monti ed essi fumano.
33 ၃၃ ငါ သည် အသက် ရှင်စဉ် ၊ ထာဝရဘုရား ကို သီချင်း ဆိုမည်။ ငါဖြစ်သည် ကာလ ပတ်လုံး၊ ငါ ၏ ဘုရား သခင် ကို ထောမနာသီချင်း ဆိုမည်။
Voglio cantare al Signore finché ho vita, cantare al mio Dio finché esisto.
34 ၃၄ ငါ ဥဒါန်း ကျူးခြင်းအသံသည် နှစ်သက် တော်မူဘွယ်ဖြစ်၍၊ ထာဝရဘုရား ၌ ငါ ရွှင်လန်း လိမ့်မည်။
A lui sia gradito il mio canto; la mia gioia è nel Signore.
35 ၃၅ ပြစ်မှား သောသူတို့ကို မြေကြီး မှ သုတ်သင် ပယ်ရှင်း၍ ၊ မ တရားသောသူတို့ သည် နောက် တဖန် မ ဖြစ်ရကြ။ အိုငါ့ ဝိညာဉ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးလော့။ ဟာလေလုယ။
Scompaiano i peccatori dalla terra e più non esistano gli empi. Benedici il Signore, anima mia.

< ဆာလံ 104 >