< ဆာလံ 103 >

1 အို ငါ့ ဝိညာဉ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေး လော့။ ငါ ၏ အထဲ မှာ ရှိသမျှ တို့၊ သန့်ရှင်း သော နာမ တော်ကို ကောင်းကြီးပေးကြလော့။
Por David. ¡Alabado sea Yahvé, alma mía! Todo lo que hay dentro de mí, alaba su santo nombre.
2 အို ငါ့ ဝိညာဉ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးလော့။ ကျေးဇူး တော်အပေါင်း ကို မ မေ့လျော့ နှင့်။
Alaba a Yahvé, alma mía, y no olvides todos sus beneficios,
3 သင် ၏အပြစ် အလုံးစုံ တို့ကို ဖြေလွှတ် ၍၊ သင် ၏ အနာ ရောဂါရှိသမျှ တို့ကိုလည်း ပျောက် စေတော်မူ၏။
que perdona todos tus pecados, que cura todas tus enfermedades,
4 သင် ၏အသက် ကို ဖျက်ဆီး ခြင်းထဲက ရွေး ၍ ကျေးဇူးတော်၊ ကရုဏာ တော်များနှင့် သင် ၏ခေါင်းကို ပတ်ရစ် တော်မူ၏။
que redime tu vida de la destrucción, que te corona de bondad y misericordia,
5 သင့်ကို အသက်ကြီးစဉ်၊ ကောင်း သောအရာနှင့် ရောင့်ရဲ စေတော်မူသဖြင့်၊ သင် ၏အရွယ် သည် ရွှေလင်းတ ၏အရွယ်ကဲ့သို့ ပြုပြင် ခြင်းရှိ၏။
que satisface tu deseo con cosas buenas, para que tu juventud se renueve como la del águila.
6 ထာဝရဘုရား သည် ညှဉ်းဆဲ ခြင်းကိုခံရသမျှ သောသူတို့ အဘို့ တရား ပေး၍ စီရင် ဆုံးဖြတ်တော်မူ၏။
Yahvé ejecuta actos justos, y justicia para todos los oprimidos.
7 ဘာသာ ဓလေ့တော်တို့ကို မောရှေ ၌ ၎င်း၊ စီရင် တော်မူသောအမှု အရာတို့ကို ဣသရေလ အမျိုးသား တို့၌ ၎င်း ပြ တော်မူပြီ။
Dio a conocer sus caminos a Moisés, sus hechos a los hijos de Israel.
8 ထာဝရဘုရား သည် သနား တတ်သောသဘော၊ ကျေးဇူး ပြုတတ်သောသဘော၊ စိတ်ရှည် ၍ ၊ ကရုဏာ ကြွယ်ဝ သော သဘောရှိတော်မူ၏။
El Señor es misericordioso y bondadoso, lento para la ira, y abundante en bondad amorosa.
9 အစဉ် မပြတ်အပြစ်တင် တော်မူသည်မဟုတ်။ အငြိုး ကို အမြဲ ထားတော်မူသည်မဟုတ်။
No siempre acusará; tampoco se quedará enfadado para siempre.
10 ၁၀ ငါ တို့ပြစ်မှား ခြင်းနှင့် အလျောက်ငါ တို့၌ ပြု တော် မ မူတတ်။ ငါ တို့၌ ဒုစရိုက် ရှိသည်အတိုင်း အပြစ် ကိုပေး တော်မ မူတတ်၊
No nos ha tratado según nuestros pecados, ni nos ha pagado nuestras iniquidades.
11 ၁၁ မြေကြီး ပေါ် တွင် ကောင်းကင် အမြင့် ရှိသည် အတိုင်း ၊ ထာဝရ ဘုရားကို ကြောက်ရွံ သောသူတို့ ၌ ကရုဏာ တော်သည် အားကြီး ပေ၏။
Porque como los cielos son altos sobre la tierra, tan grande es su bondad para con los que le temen.
12 ၁၂ အရှေ့ မျက်နှာစွန်းသည် အနောက် မျက်နှာစွန်း နှင့် ဝေး သည်အတိုင်း ၊ ငါ တို့အပြစ် များကို ငါ တို့နှင့် ဝေး စေ တော်မူ၏။
Tan lejos como el este está del oeste, hasta ahora ha quitado de nosotros nuestras transgresiones.
13 ၁၃ အဘ သည်သား တို့ကို သနား စုံမက်သည်နည်းတူ ၊ ထာဝရဘုရား သည် ကြောက်ရွံ့ သောသူတို့ကို သနား စုံမက်တော်မူ၏။
Como un padre se compadece de sus hijos, por lo que Yahvé se compadece de los que le temen.
14 ၁၄ အကြောင်း မူကား၊ ငါ တို့ကိုယ် ခန္ဓါကို သိ တော်မူ ၏။ ငါ တို့သည် မြေမှုန့် ဖြစ်ကြောင်း ကို အောက်မေ့ တော်မူ ၏။
Porque él sabe cómo estamos hechos. Recuerda que somos polvo.
15 ၁၅ လူ တို့၏ နေ့ရက် ကာလသည် မြက်ပင် ကဲ့သို့ ဖြစ်၏။ လူသည် လယ်ပြင် ၌ရှိသောပန်းပွင့် ကဲ့သို့ ပွင့် တတ်၏။
En cuanto al hombre, sus días son como la hierba. Como una flor del campo, así florece.
16 ၁၆ လေ သည် လွန် သွားလျှင် အပွင့်ပျောက် ၍ ၊ သူ ၏နေရာ သည် နောက် တဖန် သူ့ ကိုမ သိ ရာ။
Porque el viento pasa por encima, y se va. Su lugar ya no lo recuerda.
17 ၁၇ ထာဝရဘုရား ၏ကရုဏာ တော်မူကား ၊ ကြောက်ရွံ့ သောသူတို့ အပေါ် သို့ ကာလ အစဉ်အဆက် သက်ရောက် တတ်၏။
Pero la bondad de Yahvé es eterna con los que le temen, su justicia a los hijos de los hijos,
18 ၁၈ သစ္စာ တော်ကိုစောင့် ၍ ပညတ် တော်တို့ကို ကျင့် ခြင်းငှါ ၊ သတိပြု သောသူတို့၏ သား စဉ်မြေးဆက်တို့သည် ကုသလတရားတော်နှင့် ဆိုင်ရကြ၏။
a los que guardan su pacto, a los que se acuerdan de obedecer sus preceptos.
19 ၁၉ ထာဝရဘုရား သည် ပလ္လင် တော်ကို ကောင်းကင် ဘုံ၌ တည် တော်မူ၍ ၊ အာဏာ တော်သည် ခပ်သိမ်း သော အရပ်တို့ကို နှံ့ပြား၏။
Yahvé ha establecido su trono en los cielos. Su reino gobierna sobre todo.
20 ၂၀ တန်ခိုး ကြီး၍ နှုတ်ကပတ် တော်အသံ ကို နားထောင် လျက် ၊ အမိန့် တော်အတိုင်း ဆောင်ရွက် သော ကောင်းကင် တမန်တော်တို့၊ ထာဝရဘုရား ကို ကောင်းကြီး ပေးကြလော့။
Alabad a Yahvé, ángeles suyos, que son poderosos en fuerza, que cumplen su palabra, obedeciendo la voz de su palabra.
21 ၂၁ အလို တော်သို့လိုက် သော အမှုတော် ထမ်း၊ ကောင်းကင်ဗိုလ်ခြေ တော်အပေါင်း တို့၊ ထာဝရဘုရား ကို ကောင်းကြီး ပေးကြလော့။
Alabad a Yahvé, todos sus ejércitos, vosotros, siervos suyos, que hacéis su voluntad.
22 ၂၂ နိုင်ငံ တော်အရပ်ရပ် ၌ စီရင် ဖန်ဆင်းတော်မူသမျှ တို့၊ ထာဝရဘုရား ကို ကောင်းကြီး ပေးကြလော့။ အို ငါ့ ဝိညာဉ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးလော့။
Alabad a Yahvé, todas sus obras, en todos los lugares de su dominio. ¡Alabado sea Yahvé, mi alma!

< ဆာလံ 103 >