< ဆာလံ 102 >
1 ၁ ဆင်းရဲ သောသူသည် ညှိုးငယ် သောစိတ်နှင့် ထာဝရဘုရား ရှေ့ တော်၌ ညည်းတွား မြည်တမ်း၍ပြုသောပဌနာ။ အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ပဌနာ ကို နားထောင် တော်မူပါ။ အကျွန်ုပ် အော်ဟစ် ခြင်းအသံ သည် ရှေ့ တော်သို့ ရောက် ပါစေသော။
[A Prayer of the afflicted, when he is overwhelmed and pours out his complaint before the LORD.] Hear my prayer, LORD. Let my cry come to you.
2 ၂ ဘေး ရောက်သည်ကာလ ၌ မျက်နှာ တော်ကို အကျွန်ုပ် မှ လွှဲ တော် မ မူပါနှင့်။ အကျွန်ုပ်ခေါ် သောအခါ နားထောင် တော်မူပါ။ အလျင် အမြန်ထူး တော်မူပါ။
Do not hide your face from me in the day of my distress. Turn your ear to me. Answer me quickly in the day when I call.
3 ၃ အကြောင်း မူကား၊ အကျွန်ုပ် ၏ နေ့ရက် ကာလ သည် မီးခိုး ကဲ့သို့ ကုန် တတ်ပါ၏။ အကျွန်ုပ် ၏ အရိုး တို့ သည် မီး ချေးကဲ့သို့ ကျွမ်း ကြပါ၏။
For my days consume away like smoke. My bones are burned like a hearth.
4 ၄ အကျွန်ုပ် ၏နှလုံး သည် မြက်ပင် ကဲ့သို့ အထိ အခိုက်ခံရ၍ ၊ ညှိုးနွမ်း လျက် ရှိပါ၏။ အစာ စား ခြင်း ကိစ္စကို ပင် မေ့လျော့ တတ်ပါ၏။
My heart is blighted like grass, and withered, for I forget to eat my bread.
5 ၅ ကိုယ် ညည်းတွား ခြင်း အသံ ကြောင့် ၊ အကျွန်ုပ် ၏ အရိုး တို့သည် အရေ ၌ ကပ် လျက်ရှိကြပါ၏။
By reason of the voice of my groaning, my bones stick to my skin.
6 ၆ အကျွန်ုပ်သည် လွင်ပြင် ၌ နေသော ဝံပို ကဲ့သို့၎င်း၊ တော ၌နေသောဇိကွက် ကဲ့သို့ ၎င်း ဖြစ် ပါ၏။
I am like a pelican of the wilderness. I have become as an owl of the waste places.
7 ၇ အကျွန်ုပ်သည် အိမ်မိုး ပေါ် မှာ တ ကောင်တည်း နေရသော ငှက် ကဲ့သို့ ဖြစ် ၍ စောင့် လျက်နေရပါ၏။
I watch, and have become like a sparrow that is alone on the housetop.
8 ၈ အကျွန်ုပ် ရန်သူ တို့သည် တ နေ့လုံးကဲ့ရဲ့ ကြပါ၏။ အကျွန်ုပ် တဘက်၌ စော်ကား သောသူတို့ သည် အကျွန်ုပ် ကို ပုံခိုင်း၍ ကျိန်ဆို တတ်ကြပါ၏။
My enemies reproach me all day. Those who are mad at me use my name as a curse.
9 ၉ စိတ် တော်မပြေ၊ အမျက် ထွက်တော်မူသောကြောင့် ၊ အကျွန်ုပ်သည် ပြာ ကိုမုန့် ကဲ့သို့ စား ရပါ၏။ သောက် သောအခါလည်း ၊ မျက်ရည် ရော ၍သောက်ရပါ၏။
For I have eaten ashes like bread, and mixed my drink with tears,
10 ၁၀ ကိုယ်တော်သည် အကျွန်ုပ် ကိုချီးမြှောက် ပြီးမှ အောက်သို့ချ တော်မူပြီ။
Because of your indignation and your wrath, for you have taken me up, and thrown me away.
11 ၁၁ အကျွန်ုပ် ၏နေ့ရက် တို့သည် ရှည်လျား သော အရိပ် ကဲ့သို့ ဖြစ်၍ ၊ မြက်ပင် ကဲ့သို့ အကျွန်ုပ်ညှိုးနွမ်း ပါ၏။
My days are like a long shadow. I have withered like grass.
12 ၁၂ အိုထာဝရဘုရား ၊ ကိုယ်တော် သည် နိစ္စ ထာဝရ ဖြစ်တော်မူ၏။ နာမ တော်သည် ကာလ အစဉ်အဆက် တည် ပါ၏။
But you, LORD, will abide forever; your renown endures to all generations.
13 ၁၃ ထ တော်မူပါ။ ဇိအုန် မြို့ကို သနား တော်မူပါ။ ဇိအုန် မြို့ကို ကယ် မသနားရသောအချိန် ၊ ချိန်းချက် တော်မူ သောအချိန်ရောက် ပါပြီ။
You will arise and have mercy on Zion; for it is time to have pity on her. Yes, the set time has come.
14 ၁၄ ကိုယ်တော် ၏ ကျွန် တို့သည် ထိုမြို့ ၏ ကျောက်ခဲ တို့ကိုပင် နှစ်သက် ၍ ၊ သူ ၏မြေမှုန့် ကိုပင် စုံမက် ကြပါ၏။
For your servants take pleasure in her stones, and have pity on her dust.
15 ၁၅ တပါးအမျိုးသား တို့သည် ထာဝရဘုရား ၏ နာမ တော်ကို၎င်း ၊ လောကီ ရှင် ဘုရင်အပေါင်း တို့သည် ဘုန်း တော်ကို၎င်း ကြောက်ရွံ ကြပါလိမ့်မည်။
So the nations will fear the name of the LORD; all the kings of the earth your glory.
16 ၁၆ ထာဝရဘုရား သည် ဇိအုန် မြို့ကို တည်ထောင် ၍၊ ဘုန်း တော်နှင့်တကွ ထင်ရှား တော်မူလိမ့်မည်။
For the LORD has built up Zion. He has appeared in his glory.
17 ၁၇ ကိုးကွယ် ရာ မဲ့ သောသူတို့ ဆုတောင်းခြင်း အကြောင်း ကို မထီမဲ့မြင် မ ပြု၊ သူ တို့၏ ပဌနာ ကို မှတ် တော်မူလိမ့်မည်။
He has responded to the prayer of the destitute, and has not despised their prayer.
18 ၁၈ ထို အကြောင်းအရာကို နောက် ဖြစ်လတံ့သော လူမျိုး အဘို့ ရေးမှတ် ရမည်။ ပြုပြင် တော်မူလတံ့သော လူ တို့သည် ထာဝရ ဘုရားကို ချီးမွမ်း ကြလိမ့်မည်။
This will be written for the generation to come, that a people yet to be created may praise the LORD.
19 ၁၉ ချုပ်ထား သောသူ၏ ညည်းတွား သံကို နားထောင် ခြင်းငှါ ၎င်း၊ သေ ရမည့် သူ တို့ကို လွှတ် ခြင်းငှါ ၎င်း၊
For he has looked down from the height of his sanctuary. From heaven, the LORD looked at the earth;
20 ၂၀ အတိုင်းတိုင်း အပြည်ပြည်သော လူမျိုး တို့သည် ထာဝရဘုရား ၏ဝတ် ကိုပြုလျက်စုဝေး ကြသောအခါ၊
to hear the groans of the prisoner; to free those who are condemned to death;
21 ၂၁ ဇိအုန် တောင်ပေါ် ၊ ယေရုရှလင် မြို့၌ ၊ ထာဝရဘုရား ၏ နာမ တော်နှင့် ဂုဏ် ကျေးဇူးတော်ကို ထင်ရှား စေခြင်းငှါ ၎င်း၊
that men may declare the name of the LORD in Zion, and his praise in Jerusalem;
22 ၂၂ သန့်ရှင်း ရာ ဌာနတော်အထွဋ် က ငုံ့ ကြည့်တော်မူ၍၊ ကောင်းကင် ပေါ်က ထာဝရဘုရား သည် မြေကြီး ကို ရှုမှတ် တော်မူ၏။
when the peoples are gathered together, the kingdoms, to serve the LORD.
23 ၂၃ လမ်း ခရီး၌ ငါ ၏အစွမ်း ကို လျော့ စေခြင်းငှါ၎င်း၊ ငါ ၏နေ့ရက် ကာလကို တို စေခြင်းငှါ၎င်း ပြုတော်မူသောအခါ၊
He weakened my strength along the course. He shortened my days.
24 ၂၄ ငါလျှောက် သော အချက်ဟူမူကား၊ အို အကျွန်ုပ် ၏ဘုရား ၊ အကျွန်ုပ် ကို အသက် ပျို စဉ် ပင် ပယ်ရှင်း တော် မ မူပါနှင့်။ ကိုယ်တော် ၏ နှစ် တို့သည် ကာလ အစဉ် အဆက်မြဲကြပါ၏။
I said, "My God, do not take me away in the midst of my days. Your years are throughout all generations.
25 ၂၅ ကိုယ်တော်သည် ရှေ့ဦးစွာ ၌ မြေကြီး ကို တည် တော်မူပြီ။ မိုဃ်းကောင်းကင် သည်လည်း လက် တော်နှင့် ဖန်ဆင်း သောအရာဖြစ်ပါ၏။
In the beginning, LORD, you established the foundation of the earth. The heavens are the works of your hands.
26 ၂၆ ထို အရာတို့သည် ပျက်စီး ခြင်းသို့ ရောက်သော်လည်း ၊ ကိုယ်တော် သည် အမြဲတည် တော်မူ၏။ ထို အရာ ရှိသမျှ တို့သည် အဝတ် ကဲ့သို့ ဟောင်းနွမ်း ခြင်းသို့ရောက်၍ ၊ ကိုယ်တော်သည် ဝတ်လုံ ကိုလဲ သကဲ့သို့ လဲတော်မူသဖြင့်၊ ပြောင်းလဲ ခြင်းရှိကြသော်လည်း၊
They will perish, but you remain; and they will all wear out like a garment. You will change them like a cloak, and they will be changed.
27 ၂၇ ကိုယ်တော် သည် ပြောင်းလဲ တော်မမူပါ။ အသက် တော်လည်း မ ကုန် မဆုံးရပါ။
But you are the same. Your years will have no end.
28 ၂၈ ကိုယ်တော် ကျွန် တို့၏သား မြေးတို့သည် တည် ၍ ၊ အမျိုးအနွယ် သည်လည်း ရှေ့ တော်၌ မြဲမြံ ပါလိမ့်မည်။
The children of your servants will continue, and their descendants will be established before you."