< ဆာလံ 101 >

1 ငါသည် သနား စုံမက်ခြင်း၊ တရား သဖြင့် စီရင်ခြင်း ကို အကြောင်းပြု၍ သီချင်း ဆိုပါမည်။ အို ထာဝရဘုရား ၊ ရှေ့ တော်၌ သီချင်း ဆိုပါမည်။
I will sing of loving kindness and justice. To thee, O Jehovah, I will sing praises.
2 စုံလင် သော တရား အတိုင်း ပညာ သတိနှင့် ကျင့်ပါမည်။ ကိုယ်တော်သည် အကျွန်ုပ် ဆီ သို့ အဘယ် ကာလမှ ကြွလာ တော်မူမည်နည်း။ ကိုယ် အိမ် တွင် သန့်ရှင်း သော စိတ် နှလုံးနှင့် ကျင့် ပါမည်။
I will behave myself wisely in a perfect way. O when will thou come to me? I will walk within my house with a perfect heart.
3 အဓမ္မ အမှု အရာကို မျက်မှောက် မ ပြု ပါ။ လမ်းလွှဲ သောသူ ၏ အမှု ကို ရွံရှာ သည်ဖြစ်၍၊ ငါ ၌ မ မှီ မကပ်ရ။
I will set no base thing before my eyes. I hate the work of those who turn aside. It shall not cleave to me.
4 သဘော ကောက် သောသူသည် ငါ့ ထံ မှ ထွက်သွား ရမည်။ မ ကောင်းသောသူနှင့် ငါမ ပေါင်းဘော်။
A perverse heart shall depart from me. I will know no evil thing.
5 မိမိ အိမ်နီးချင်း ၏ အသရေ ကို တိတ်ဆိတ် စွာ ဖျက်သောသူကို ငါပယ်ဖြတ် မည်။ မျက်နှာ ထောင်လွှား ၍ စိတ် မြင့် သောသူကို သည်း မ ခံ။
He who slanders his neighbor secretly, him I will destroy. He who has a high look and a proud heart I will not endure.
6 သစ္စာရှိ သော ပြည်သားတို့ သည် ငါ့ ထံ မှာနေ မည်အကြောင်း သူတို့ကို ငါ ကြည့်ရှု မည်။ စုံလင် သောတရား ၌ ကျင်လည် သောသူသည် ငါ ၏ အမှု ကို ဆောင်ရွက်ရမည်။
My eyes shall be upon the faithful of the land, that they may dwell with me. He who walks in a perfect way, he shall minister to me.
7 လှည့်စား တတ်သောသူမူကား၊ ငါ့ အိမ် ၌ မ နေ ရ။ မုသာ စကားကို ပြော တတ်သောသူသည် လည်း၊ ငါ့ မျက်မှောက် ၌ အခွင့် မ ရှိရ။
He who works deceit shall not dwell within my house. He who speaks falsehood shall not be established before my eyes.
8 ဆိုး သောအမှုကို ပြု သောသူအပေါင်း တို့ကို ထာဝရဘုရား ၏ မြို့ တော်မှ ပယ်ဖြတ် မည်အကြောင်း ၊ မ တရားသော ပြည်သား ရှိသမျှ တို့ကို စောစော ဖျက်ဆီး လေအံ့သတည်း။
Morning by morning I will destroy all the wicked of the land, to cut off all the workers of iniquity from the city of Jehovah.

< ဆာလံ 101 >