< ဆာလံ 100 >

1 မြေကြီး သားအပေါင်း တို့၊ ထာဝရဘုရား အား ကြွေးကြော် ကြလော့။
Zaburi ya shukrani. Mpigieni Bwana kelele za shangwe, dunia yote.
2 ထာဝရ ဘုရား၏ အမှုတော်ကို ဝမ်းမြောက် စွာ ဆောင်ရွက် ကြလော့။ ရွှင်လန်း စွာ သီချင်းဆိုလျက် ၊ အထံ တော်သို့ ဝင် ကြလော့။
Mwabuduni Bwana kwa furaha; njooni mbele zake kwa nyimbo za shangwe.
3 ထာဝရဘုရား သည် ဘုရား သခင်ဖြစ်တော်မူသည် ဟု သိမှတ် ကြလော့။ ထာဝရ ဘုရားသည် ငါ တို့ကို ဖန်ဆင်း တော်မူ၍ ၊ ငါတို့၏အရှင် ဖြစ်တော်မူ၏။ ငါ တို့ သည်လည်း၊ ထာဝရ ဘုရား၏ လူ ဖြစ်ကြ၏။ အထံ တော်၌ ကျက်စား သော သိုးစု လည်း ဖြစ်ကြ၏။
Jueni kwamba Bwana ndiye Mungu. Yeye ndiye alituumba, sisi tu mali yake; sisi tu watu wake, kondoo wa malisho yake.
4 ကျေးဇူး တော် ကြီးပါသည်ဟု ဝန်ခံလျက်၊ တံခါး တော်တို့ကို၎င်း၊ ဂုဏ်တော်ကိုချီးမွမ်း လျက် တန်တိုင်း တော်တို့ကို၎င်းဝင် ကြလော့။ ကျေးဇူးတော်ကိုချီးမွမ်း ၍ နာမ တော်ကို ကောင်းကြီး ပေးကြလော့။
Ingieni malangoni mwake kwa shukrani na katika nyua zake kwa kusifu, mshukuruni yeye na kulisifu jina lake.
5 အကြောင်း မူကား၊ ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၏။ ကရုဏာ တော်သည် အစဉ် အမြဲရှိ၍ ၊ သစ္စာ တော်သည် ကာလ အဆက်ဆက်တည်လေ သတည်း။
Kwa maana Bwana ni mwema na upendo wake wadumu milele; uaminifu wake unadumu kwa vizazi vyote.

< ဆာလံ 100 >