< သုတ္တံကျမ်း 1 >
1 ၁ ပညာတရား ၊ နည်း ဥပဒေသတရားကိုသိ ၍၊ ဉာဏ် နှင့်ယှဉ်သောစကား ကိုနားလည် မည်အကြောင်း ၊
The wise sayings of Solomon, the son of David, king of Israel.
2 ၂ ပညာ သွန်သင်ခြင်း၊ ဖြောင့်မတ် စွာကျင့်ခြင်း၊ တရားသဖြင့်
To have knowledge of wise teaching; to be clear about the words of reason:
3 ၃ စီရင်ခြင်း၊ လျစ်လျူ စွာဆုံးဖြတ်ခြင်းအမှုအရာ၌လေ့ကျက် မည်အကြောင်း၊ မိုက် သောသူသည်လိမ္မာ ၍၊ လူပျို သည်ပညာသတိ နှင့်ပြည့်စုံမည်အကြောင်း၊
To be trained in the ways of wisdom, in righteousness and judging truly and straight behaviour:
4 ၄ ဒါဝိဒ် ၏သား တော်ဖြစ်သော ဣသရေလ ရှင်ဘုရင် ရှောလမုန် စီရင်သော သုတ္တံစကား ဟူမူကား၊
To make the simple-minded sharp, and to give the young man knowledge, and serious purpose:
5 ၅ ပညာရှိ သောသူသည် နားထောင် သဖြင့် ၊ ပညာ အတတ်တိုးပွါး ရလိမ့်မည်။
(The wise man, hearing, will get greater learning, and the acts of the man of good sense will be wisely guided: )
6 ၆ ဉာဏ်ကောင်း သောသူသည် သုတ္တံ စကားအနက်အဓိပ္ပါယ်ကို၎င်း၊ ပညာရှိ ဟောပြော ၍ နက်နဲ သောစကားတို့ကို၎င်း၊ နားလည် သောနိဿရည်းဆရာအဖြစ်သို့ ရောက် ရလိမ့်မည်။
To get the sense of wise sayings and secrets, and of the words of the wise and their dark sayings.
7 ၇ ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောသည် ပညာ ၏အချုပ် အခြာဖြစ်၏။ လူမိုက် တို့သည် ပညာ နှင့် ဥပဒေသ ကို မထီမဲ့မြင် ပြုတတ်ကြ၏။
The fear of the Lord is the start of knowledge: but the foolish have no use for wisdom and teaching.
8 ၈ ငါ့ သား ၊ အဘ ၏နည်း ဥပဒေသကို နားထောင် လော့။ အမိ ၏တရား ကိုလည်း မ ပယ် နှင့်။
My son, give ear to the training of your father, and do not give up the teaching of your mother:
9 ၉ ထိုနည်းဥပဒေသတရားတို့သည် သင် ၏ခေါင်း ၌ တင့်တယ် သော ဦးရစ် ၊ သင် ၏လည်ပင်း ၌ ပတ်ရစ်သော လည်ဆွဲ ဖြစ်ကြလိမ့်မည်။
For they will be a crown of grace for your head, and chain-ornaments about your neck.
10 ၁၀ ငါ့ သား ၊ လူဆိုး တို့သည် သင့် ကိုသွေးဆောင် လျှင် ဝန် မ ခံနှင့်။
My son, if sinners would take you out of the right way, do not go with them.
11 ၁၁ သူတို့က ငါ တို့နှင့်အတူ လိုက် တော့။ သူ့အသက် ကို သတ်အံ့သောငှါစောင့် ကြစို့။ အချည်းနှီး အပြစ် လွတ် သောသူတို့ ကို ချောင်းမြောင်း ကြစို့။
If they say, Come with us; let us make designs against the good, waiting secretly for the upright, without cause;
12 ၁၂ သင်္ချိုင်းတွင်း သို့ဆင်း သောသူတို့ ကဲ့သို့ တကိုယ်လုံး ပါ လျက်၊ အသက်ရှင် လျက်ရှိသောထိုသူ တို့ကို မရဏာ နိုင်ငံမျိုသကဲ့သို့ မျို ကြစို့။ (Sheol )
Let us overcome them living, like the underworld, and in their strength, as those who go down to death; (Sheol )
13 ၁၃ အဘိုး ထိုက်သော ဘဏ္ဍာ အမျိုးမျိုး ကိုတွေ့ ၍ လုယူသောဥစ္စာ နှင့် ငါ တို့အိမ် ကိုပြည့် စေကြမည်။
Goods of great price will be ours, our houses will be full of wealth;
14 ၁၄ ငါတို့နှင့် ပေါင်းဘော်တော့။ ရသောဥစ္စာကို အညီအမျှ ပိုင်ကြစို့ဟုဆိုသော်လည်း၊
Take your chance with us, and we will all have one money-bag:
15 ၁၅ ငါ့ သား ၊ သူ တို့နှင့်အတူ မ လိုက် နှင့်။ သူ တို့သွားသောလမ်း ကို ရှောင် လော့။
My son, do not go with them; keep your feet from their ways:
16 ၁၆ အကြောင်း မူကား၊ သူ တို့ခြေ သည် ဒုစရိုက် ပြုရာ သို့ ပြေး ၍ ၊ လူအသက် ကို သတ် ခြင်းငှါ လျင်မြန် ၏။
For their feet are running after evil, and they are quick to take a man's life.
17 ၁၇ အကယ် စင်စစ်ငှက် မျက်မှောက် ၌ ပိုက်ကွန် ကို ဖြန့် ထားလျှင် အကြံ မမြောက်ရာ။
Truly, to no purpose is the net stretched out before the eyes of the bird:
18 ၁၈ လူဆိုး တို့သည် ကိုယ် အသွေး ကို သွန်အံ့သောငှါစောင့်၍၊ ကိုယ် အသက် ကိုသတ် အံ့သောငှါချောင်းမြောင်း တတ်ကြ၏။
And they are secretly waiting for their blood and making ready destruction for themselves.
19 ၁၉ မ တရားသောစီးပွါးကို ရှာ သောသူအပေါင်း တို့သည် ထိုသို့ သော အကျိုး ကိုခံရ၍၊ ထိုစီးပွါးသည် မိမိ အရှင် ၏အသက် ကိုသတ် တတ်၏။
Such is the fate of everyone who goes in search of profit; it takes away the life of its owners.
20 ၂၀ ပညာ သည်ပြင် မှာ ကြွေးကြော် ၍၊ လမ်းခရီး တို့၌ မိမိ စကား သံကို လွှင့် တတ်၏။
Wisdom is crying out in the street; her voice is loud in the open places;
21 ၂၁ လူ စည်းဝေးရာ အဦး ၌ ၎င်း၊ မြို့ တံခါးဝ တို့၌ ၎င်း၊ မြို့ ထဲ ၌၎င်း ခေါ် ၍မြွက်ဆို သောစကား ဟူမူကား၊
Her words are sounding in the meeting-places, and in the doorways of the town:
22 ၂၂ အိုလူမိုက် တို့၊ သင်တို့သည်မိုက် သောအကျင့်ကို နှစ်သက် လျက် ၊ ကဲ့ရဲ့ သောသူတို့သည် ကဲ့ရဲ့ ခြင်း၌ မွေ့လျော် လျက် ၊ မိုက်မဲ သောသူတို့သည် ပညာ အတတ်ကို မုန်း လျက်၊ အဘယ် မျှကာလ ပတ်လုံးနေကြလိမ့်မည်နည်း။
How long, you simple ones, will foolish things be dear to you? and pride a delight to the haters of authority? how long will the foolish go on hating knowledge?
23 ၂၃ ငါ ဆုံးမ သော စကားကို နားထောင် ၍ ပြောင်းလဲ ကြလော့။ ငါ့ ဝိညာဉ် ကို သင် တို့အပေါ် သို့ ငါသွန်းလောင်း ၍၊ ငါ့ စကား ၏အနက်အဓိပ္ပါယ်ကို နားလည် စေမည်။
Be turned again by my sharp words: see, I will send the flow of my spirit on you, and make my words clear to you.
24 ၂၄ ငါသည်ခေါ် ၍ သင်တို့သည် ငြင်းပယ် သောကြောင့် ၎င်း၊ ငါ့ လက် ကိုဆန့် ၍ အဘယ်သူ မျှမမှတ် သောကြောင့် ၎င်း၊
Because your ears were shut to my voice; no one gave attention to my out-stretched hand;
25 ၂၅ ငါ သတိ ပေးခြင်းရှိသမျှ ကို သင်တို့သည်ပယ် ၍ ၊ ငါ ဆုံးမ သော စကားတခွန်းကိုမျှ နာ မ ခံဘဲနေသောကြောင့် ၎င်း၊
You were not controlled by my guiding, and would have nothing to do with my sharp words:
26 ၂၆ သင် တို့သည် ဘေး ဥပဒ်နှင့် တွေ့ကြုံသောအခါ ငါရယ် မည်။ ကြောက်မက် ဖွယ်သော အမှုရောက် သောအခါ ငါပြက်ယယ် ပြုမည်။
So in the day of your trouble I will be laughing; I will make sport of your fear;
27 ၂၇ သင် တို့ကြောက်မက် ဘွယ်သော အမှုသည်သုတ်သင် ပယ်ရှင်းခြင်းအမှုကဲ့သို့ ၎င်း၊ သင် တို့ပျက်စီး ခြင်း အမှုသည် လေပြင်း မုန်တိုင်းကဲ့သို့ ၎င်း ရောက် လာ၍ ၊ သင် တို့သည်ဆင်းရဲ ခြင်း၊ ပူပန် ခြင်းနှင့် တွေ့ကြုံ သောအခါ ၊
When your fear comes on you like a storm, and your trouble like a rushing wind; when pain and sorrow come on you.
28 ၂၈ ထို အမှုရောက်သောသူတို့သည် ငါ့ ကိုခေါ် သော်လည်း ငါမ ထူး။ ငါ့ ကို ကြိုးစား၍ ရှာ သော်လည်း မ တွေ့ ရကြ။
Then I will give no answer to their cries; searching for me early, they will not see me:
29 ၂၉ အကြောင်း မူကား၊ သူတို့သည် ပညာ အတတ်ကိုမုန်း ကြ၏။ ထာဝရဘုရား ကို ကြောက်ရွံ့ သော သဘောကို အလို မ ရှိကြ။
For they were haters of knowledge, and did not give their hearts to the fear of the Lord:
30 ၃၀ ငါ သတိ ပေးခြင်းကို အလျှင်းနာ မ ခံကြ။ ငါ ဆုံးမ ခြင်းရှိသမျှ ကို မထီမဲ့မြင် ပြုကြ၏။
They had no desire for my teaching, and my words of protest were as nothing to them.
31 ၃၁ ထိုကြောင့် သူတို့သည် ကိုယ် ကျင့် ခြင်း၏ အကျိုး အပြစ်ကို စား ၍ ၊ ကိုယ် ကြံသော အကြံ တို့နှင့် ဝ ကြလိမ့်မည်။
So the fruit of their way will be their food, and with the designs of their hearts they will be made full.
32 ၃၂ ဉာဏ် တိမ်သောသူတို့သည် လမ်းလွဲ သဖြင့် အသက် ဆုံးတတ်ကြ၏။ မိုက် သောသူတို့သည် သတိလစ် သောအားဖြင့် ပျက်စီး ခြင်းသို့ ရောက်တတ်ကြ၏။
For the turning back of the simple from teaching will be the cause of their death, and the peace of the foolish will be their destruction.
33 ၃၃ ငါ့ စကားကို နားထောင် သောသူမူကား လုံခြုံ စွာ နေ ၍ ၊ ဘေး ကို မ ကြောက်ဘဲငြိမ်ဝပ် လိမ့်မည်။
But whoever gives ear to me will take his rest safely, living in peace without fear of evil.