< သုတ္တံကျမ်း 9 >
1 ၁ ဉာဏ်ပညာ သည်အိမ်တိုင် ခုနစ် တိုင်ကိုခုတ် ၍၊ မိမိ နေရာအိမ် ကို ဆောက် လေပြီ။
၁ဥာဏ်ပညာသည်အိမ်တိုင်ခုနစ်တိုင်ကိုခုတ်၍၊ မိမိနေရာအိမ်ကို ဆောက်လေပြီ။
2 ၂ သူ ၏အကောင် များကိုသတ် ၍၊ စပျစ်ရည် ကို ဘော် ပြီးမှစားပွဲ ကို ခင်း လေပြီ။
၂သူ၏အကောင်များကိုသတ်၍၊ စပျစ်ရည်ကို ဘော်ပြီးမှ စားပွဲကို ခင်းလေပြီ။
3 ၃ ကျွန် မတို့ကိုစေလွှတ် ၍၊ မြို့ တွင် အမြင့်ဆုံး သော အရပ်တို့၌ ကြွေးကြော် လေသည်ကား၊
၃ကျွန်မတို့ကိုစေလွှတ်၍၊ မြို့တွင် အမြင့်ဆုံးသော အရပ်တို့၌ ကြွေးကြော်လေသည်ကား၊
4 ၄ ဉာဏ် တိမ်သောသူ သည် ဤ အရပ်သို့ဝင် စေ။ အိုပညာ မ ရှိသောသူ၊
၄ဥာဏ်တိမ်သောသူသည် ဤအရပ်သို့ဝင်စေ။ အိုပညာမရှိသောသူ၊
5 ၅ လာ လော့။ ငါ့ မုန့် ကို စား လော့။ ငါဘော် သော စပျစ်ရည် ကို သောက် လော့။
၅လာလော့။ ငါ့မုန့်ကိုစားလော့။ ငါဘော်သော စပျစ်ရည်ကို သောက်လော့။
6 ၆ မိုက် သောသူကို ရှောင် ၍ အသက် ချမ်းသာရ လော့။ ပညာ လမ်း သို့ လိုက် လော့ဟုဆိုသတည်း။
၆မိုက်သောသူကို ရှောင်၍ အသက်ချမ်း သာရ လော့။ ပညာလမ်းသို့လိုက်လော့ဟုဆိုသတည်း။
7 ၇ မထီမဲ့မြင် ပြုသောသူကို ဆုံးမ သောသူသည် အရှက်ကွဲ ခြင်းကို၎င်း ၊ လူဆိုး ကို အပြစ် ပြသောသူသည် ကဲ့ရဲ့ ခြင်းကို၎င်းခံရ လိမ့်မည်။
၇မထီမဲ့မြင်ပြုသောသူကို ဆုံးမသောသူသည် အရှက်ကွဲခြင်းကို၎င်း၊ လူဆိုးကိုအပြစ်ပြသော သူသည် ကဲ့ရဲ့ခြင်းကို၎င်း ခံရလိမ့်မည်။
8 ၈ မထီမဲ့မြင် ပြုသောသူကိုမ ဆုံးမ နှင့်။ သင့် ကို မုန်း လိမ့်မည်။ ပညာ ရှိကို အပြစ် ပြလော့။ သူသည် သင့် ကို ချစ် လိမ့်မည်။
၈မထီမဲ့မြင်ပြုသော သူကိုမဆုံးမနှင့်။ သင့်ကို မုန်းလိမ့်မည်။ ပညာရှိကိုအပြစ်ပြလော့။ သူသည် သင့်ကို ချစ်လိမ့်မည်။
9 ၉ ပညာ ရှိသော သူကို ဆုံးမ လျှင် ၊ သူသည် သာ၍ပညာ ရှိလိမ့်မည်။ ဖြောင့်မတ် သောသူကို သွန်သင် လျှင် ၊ သူသည် သိပ္ပံ အတတ်တိုးပွါး လိမ့်မည်။
၉ပညာရှိသော သူကိုဆုံးမလျှင်၊ သူသည် သာ၍ ပညာရှိလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လျှင်၊ သူသည် သိပ္ပံအတတ်တိုးပွါးလိမ့်မည်။
10 ၁၀ ထာဝရဘုရား ကို ကြောက်ရွံ့ သော သဘောသည် ပညာ ၏မူလ အမြစ် ဖြစ်၏။ သန့်ရှင်း တော်မူသောဘုရားကိုသိကျွမ်း သော သဘောသည် ဉာဏ် ဖြစ်၏။
၁၀ထာဝရဘုရားကို ကြောက်ရွံ့သော သဘော သည် ပညာ၏မူလအမြစ် ဖြစ်၏။ သန့်ရှင်းတော်မူသော ဘုရားကိုသိကျွမ်းသော သဘောသည် ဥာဏ်ဖြစ်၏။
11 ၁၁ အကြောင်း မူကား၊ ငါ့ ကိုအမှီပြု ၍၊ သင် ၏ နေ့ရက် ကာလနှင့် အသက် အပိုင်းအခြား နှစ် ပေါင်း ကာလ တိုးပွါး လိမ့်မည်။
၁၁အကြောင်းမူကား၊ ငါ့ကိုအမှီပြု၍၊ သင်၏ နေ့ရက်ကာလနှင့် အသတ်အပိုင်းအခြား နှစ်ပေါင်း ကာလ တိုးပွါးလိမ့်မည်။
12 ၁၂ သင်သည်ပညာ ရှိလျှင် ၊ ကိုယ်တိုင် အကျိုးကို ခံရလိမ့်မည်။ မထီမဲ့မြင် ပြုလျှင် ကိုယ်တိုင် သာအပြစ် ကိုခံရလိမ့်မည်။
၁၂သင်သည်ပညာရှိလျှင်၊ ကိုယ်တိုင်အကျိုးကို ခံရ လိမ့်မည်။ မထီမဲ့ပြုလျှင် ကိုယ်တိုင်သာအပြစ်ကို ခံရလိမ့် မည်။
13 ၁၃ မိုက် သောမိန်းမ သည် စကား သံကျယ်၍ ဉာဏ် တိမ်သဖြင့် အလျှင်း မ သိ တတ်။
၁၃မိုက်သောမိန်းမသည် စကားသံကျယ်၍ ဥာဏ် တိမ်သဖြင့် အလျှင်းမသိတတ်။
14 ၁၄ မိမိ အိမ် တံခါး နားတွင် မြို့ မြင့် ရာအရပ် အနေအထိုင်ပေါ် မှာ ထိုင် လျက်၊
၁၄မိမိအိမ်တံခါးနားတွင် မြို့မြင့်ရာအရပ် အနေအထိုင်ပေါ်မှာ ထိုင်လျက်၊
15 ၁၅ လမ်း ၌ တည့်တည့် ခရီး သွားသောသူတို့ ကို ခေါ် ၍၊
၁၅လမ်း၌တည့်တည့် ခရီးသွားသော သူတို့ကို ခေါ်၍၊
16 ၁၆ ဉာဏ် တိမ်သောသူ သည် ဤ အရပ်သို့ဝင် စေ။ အိုပညာ မ ရှိသောသူ၊
၁၆ဥာဏ်တိမ်သော သူသည် ဤအရပ်သို့ဝင်စေ။ အိုပညာမရှိသောသူ၊
17 ၁၇ ခိုး သောရေ သည် ချို ၏။ တိတ်ဆိတ် စွာစား သောမုန့် လည်း မြိန် သည်ဟု ဆို တတ်၏။
၁၇ခိုးသောရေသည် ချို၏။ တိတ်ဆိတ်စွာစား သောမုန့်လည်း မြိန်သည်ဟု ဆိုတတ်၏။
18 ၁၈ ထို အရပ်၌ သင်္ချိုင်း သားရှိ ကြောင်း၊ ထိုမိန်းမ ၏ ဧည့်သည်တို့သည် မရဏာ နိုင်ငံအနက်ဆုံး ၌ နေ ကြောင်း ကို ထိုယောက်ျားသည်မ သိ မမှတ်။ (Sheol )
၁၈ထိုအရပ်၌ သင်္ချိုင်းသားရှိကြောင်း၊ ထိုမိန်းမ၏ ဧည့်သည်တို့သည် မရဏနိုင်ငံအနက်ဆုံး၌နေကြောင်း ကို ထိုယောက်ျားသည်မသိမမှတ်။ (Sheol )