< သုတ္တံကျမ်း 8 >

1 ဉာဏ် ပညာသည်ခေါ် ၍ မိမိ အသံ ကို လွှင့် သည် မ ဟုတ်လော။
הלא-חכמה תקרא ותבונה תתן קולה
2 မြင့် သောအရပ် ထိပ် ၌ ၎င်း၊ လမ်း ခရီးအနား ၌ ၎င်း ရပ် နေ၏။
בראש-מרמים עלי-דרך בית נתיבות נצבה
3 ကြီးသောတံခါးဝ ၊ မြို့ တံခါး ၊ အိမ်တံခါး ဝမှာ ကြွေးကြော် ၍၊
ליד-שערים לפי-קרת מבוא פתחים תרנה
4 အချင်းလူ တို့၊ သင် တို့အား ငါခေါ် ၏။ လူ သားတို့ အား အသံ ကို ငါ လွှင့်၏။
אליכם אישים אקרא וקולי אל-בני אדם
5 ဉာဏ် တိမ်သောသူတို့၊ ပညာ တရားကို နားလည် ကြလော့။ လူမိုက် တို့၊ ထိုးထွင်းသော ဉာဏ် ရှိ ကြလော့။
הבינו פתאים ערמה וכסילים הבינו לב
6 နားထောင် ကြ။ မြတ် သောစကားကို ငါပြော မည်။ မှန် သောတရားစကားကို ငါ နှုတ်မြွက် မည်။
שמעו כי-נגידים אדבר ומפתח שפתי מישרים
7 ငါ့ နှုတ်ထွက် စကား သည် သမ္မာ တရားနှင့်သာ ဆိုင်၍ ၊ ငါ့ နှုတ်ခမ်း တို့သည် ဒုစရိုက် ကို စက်ဆုပ် ရွံ့ရှာ၏။
כי-אמת יהגה חכי ותועבת שפתי רשע
8 ငါ ဟောပြော သမျှ သော စကား တို့သည် ဖြောင့်မတ် ၍ ၊ ကောက် သောသဘော၊ ဖောက်ပြန် သောသဘော နှင့် ကင်းစင် ကြ၏။
בצדק כל-אמרי-פי אין בהם נפתל ועקש
9 နားလည် သောသူ၌ အလုံးစုံ ရှင်းလင်း ၍ ၊ ပညာ ကိုရ သောသူတို့ အား ဟုတ်မှန် ကြ၏။
כלם נכחים למבין וישרים למצאי דעת
10 ၁၀ ငွေ အရင်၊ ငါ့ နည်း ကို၎င်း၊ မြတ် သောရွှေ အရင် ၊ ပညာ အတတ်ကို၎င်း ခံယူ ကြလော့။
קחו-מוסרי ואל-כסף ודעת מחרוץ נבחר
11 ၁၁ အကြောင်း မူကား၊ ပညာ သည် ပတ္တမြား ထက် သာ၍မြတ် ၏။ နှစ်သက် ဘွယ်သမျှ သောအရာတို့သည် ထို ရတနာကို မ ပြိုင် နိုင်ကြ။
כי-טובה חכמה מפנינים וכל-חפצים לא ישוו-בה
12 ၁၂ ငါ့ ဉာဏ် ပညာသည် သမ္မာ သတိနှင့် ပေါင်း ၍၊ လိမ္မာ သော သိပ္ပံ အတတ်များကို ဘော် တတ်၏။
אני-חכמה שכנתי ערמה ודעת מזמות אמצא
13 ၁၃ ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောကား၊ ဒုစရိုက် ကိုမုန်း သောသဘောတည်း။ မာန ထောင်လွှားခြင်း၊ စော်ကား ခြင်း၊ မကောင်း သော လမ်း သို့လိုက်ခြင်း၊ ကောက် သောစကား ဖြင့်ပြောဆိုခြင်းတို့ကို ငါမုန်း ၏။
יראת יהוה שנאת-רע גאה וגאון ודרך רע ופי תהפכות שנאתי
14 ၁၄ အကြံ ပေးနိုင်သော အခွင့်နှင့် ပညာ ရတနာသည် ငါ ၌ ရှိ၏။ ငါ သည်ဉာဏ် ဖြစ်၍ အစွမ်း သတ္တိနှင့်ပြည့်စုံ၏။
לי-עצה ותושיה אני בינה לי גבורה
15 ၁၅ ငါ့ အားဖြင့် ရှင် ဘုရင်တို့သည် စိုးစံ ရသောအခွင့်၊ မင်း အရာရှိတို့သည် ဆုံးဖြတ် ရသောအခွင့်ရှိကြ ၏။
בי מלכים ימלכו ורזנים יחקקו צדק
16 ၁၆ ငါ့ အားဖြင့် မင်းသား ၊ မှူးမတ် ၊ တရားသူကြီး အပေါင်း တို့သည် အစိုးရ သောအခွင့် ရှိကြ၏။
בי שרים ישרו ונדיבים כל-שפטי צדק
17 ၁၇ ငါ့ ကိုချစ် သောသူတို့ ကို ငါချစ် ၏။ ငါ့ ကိုကြိုးစား၍ ရှာ သောသူတို့သည် တွေ့ တတ်ကြ၏။
אני אהביה (אהבי) אהב ומשחרי ימצאנני
18 ၁၈ ငါ ၌ စည်းစိမ် နှင့် ဂုဏ် အသရေရှိ၏။ မြဲ သော စည်းစိမ် နှင့် ဖြောင့်မတ် ခြင်းပါရမီရှိ၏။
עשר-וכבוד אתי הון עתק וצדקה
19 ၁၉ ငါ ပေးသောအကျိုး သည် ရွှေ ထက်မက ၊ ရွှေစင် ထက် သာ၍မြတ်၏။ ငါ ကြောင့်ရသောအခွန် ဘဏ္ဍာသည် ငွေ တော်ထက် သာ၍မြတ် ၏။
טוב פריי מחרוץ ומפז ותבואתי מכסף נבחר
20 ၂၀ ငါသည် ဖြောင့်မတ် ခြင်းလမ်း ၊ တရား သဖြင့် စီရင်ခြင်းလမ်း အလယ် ၌ ရှောက်သွား သည်ဖြစ်၍၊
בארח-צדקה אהלך בתוך נתיבות משפט
21 ၂၁ ငါ့ ကိုချစ် သောသူတို့ သည် အမွေ ခံရသောအခွင့်နှင့် ၊ သူ တို့ဘဏ္ဍာ တိုက်ပြည့်ဝ စေသော အခွင့်ကို ငါပေးတတ်၏။
להנחיל אהבי יש ואצרתיהם אמלא
22 ၂၂ ထာဝရဘုရား သည် ရှေး အမှု တော်ကို မ ပြုမှီ ထွက်ကြွ တော်မူစ ကပင် ငါ့ ကို ပိုင် တော်မူ၏။
יהוה--קנני ראשית דרכו קדם מפעליו מאז
23 ၂၃ မြေကြီး မ ဖြစ်မှီ၊ ရှေ့ဦးစွာ သောကာလ၊ အနန္တ ကာလမှစ၍ ငါသည် ဘိသိက် ခံပြီ။
מעולם נסכתי מראש-- מקדמי-ארץ
24 ၂၄ နက်နဲ သောပင်လယ်မ ဖြစ်၊ ရေ နှင့်ကြွယ်ဝ သော စမ်းရေ တွင်းမ ဖြစ်မှီ ငါ့ကိုဖြစ် ဘွားစေတော်မူ၏။
באין-תהמות חוללתי באין מעינות נכבדי-מים
25 ၂၅ တောင် ကြီးမ တည် ၊ တောင် ငယ်မဖြစ် မှီ၊
בטרם הרים הטבעו לפני גבעות חוללתי
26 ၂၆ မြေကြီး နှင့် လယ် တောများကို မ ဖန်ဆင်း ၊ အဦးဆုံး သော မြေမှုန့် ကိုမျှ မဖန်ဆင်းမှီ၊ ငါ့ကိုဖြစ်ဘွားစေ တော်မူ၏။
עד-לא עשה ארץ וחוצות וראש עפרות תבל
27 ၂၇ မိုဃ်းကောင်းကင် ကို ပြင် တော်မူသောအခါ ငါ ရှိ ၏။ သမုဒ္ဒရာ မျက်နှာ ကို ကန့်ကွက် သောအမှု၊
בהכינו שמים שם אני בחקו חוג על-פני תהום
28 ၂၈ အထက် မိုဃ်းတိမ် ကို တည် စေသောအမှု၊ နက်နဲ သောအရပ်၌ စမ်းရေ ပေါက်တို့ကို ခိုင်ခံ့ စေသောအမှု၊
באמצו שחקים ממעל בעזוז עינות תהום
29 ၂၉ သမုဒ္ဒရာ ၌ ကန့် ကွက်သောအပိုင်းအခြားကို ရေ မ လွှမ်း ရမည်အကြောင်းစီရင် သောအမှု၊ မြေကြီး တိုက်မြစ် တည်သော အမှု တို့ကို ပြီးစီး စေတော်မူသောအခါ ၊
בשומו לים חקו ומים לא יעברו-פיו בחוקו מוסדי ארץ
30 ၃၀ ငါသည်ကျွေးမွေးတော်မူသောသားကဲ့သို့၊ အထံ တော်ပါးတွင် နေ ၍ ၊ အစဉ် မပြတ်မွေ့လျော် တော်မူရာ ဖြစ် ၏။ ရှေ့ တော်၌ အစဉ် မပြတ် ကစား လျက် ၊
ואהיה אצלו אמון ואהיה שעשועים יום יום משחקת לפניו בכל-עת
31 ၃၁ ဖန်ဆင်းတော်မူသောမြေကြီး တပြင်လုံး တွင် ရွှင်လန်း လျက် ၊ လူ သားတို့နှင့်ပေါင်းဘော်၍ ပျော်ပါး လျက် နေ၏။
משחקת בתבל ארצו ושעשעי את-בני אדם
32 ၃၂ သို့ဖြစ်၍ ငါ့သား တို့၊ ငါ့ စကားကို နားထောင် ကြလော့။ ငါ ၏လမ်း များကို စောင့်ရှောက် သောသူတို့သည် မင်္ဂလာ ရှိကြ၏။
ועתה בנים שמעו-לי ואשרי דרכי ישמרו
33 ၃၃ ငါဆုံးမ ခြင်းကို မ ပယ် ကြနှင့်။ နားထောင် ၍ ပညာ ရှိကြလော့။
שמעו מוסר וחכמו ואל-תפרעו
34 ၃၄ ငါ့ စကားကို ကြား ၍ ငါ့ တံခါး နား မှာ နေ့ တိုင်း စောင့် လျက် ၊ တံခါး တိုင် နားမှာ မြော်လင့် လျက် နေသောသူ သည် မင်္ဂလာ ရှိ၏။
אשרי אדם שמע-לי לשקד על-דלתתי יום יום--לשמר מזוזת פתחי
35 ၃၅ ငါ့ ကိုရှာ ၍ တွေ့သောသူသည်အသက် ကိုတွေ့ ၏။ ထာဝရဘုရား ၏ ကျေးဇူး တော်ကိုလည်း ခံရ ၏။
כי מצאי מצאי (מצא) חיים ויפק רצון מיהוה
36 ၃၆ ငါ့ ကိုပြစ်မှား သော သူမူကား ၊ မိမိ အသက် ဝိညာဉ်ကိုပြစ်မှား ၏။ ငါ့ ကိုမုန်း သောသူအပေါင်း တို့သည် သေ ခြင်းကိုချစ် ကြ၏။
וחטאי חמס נפשו כל-משנאי אהבו מות

< သုတ္တံကျမ်း 8 >