< သုတ္တံကျမ်း 7 >

1 ငါ့ သား ၊ ငါ့ စကား ကို စေ့စေ့ နားထောင်၍ ၊ ငါ့ ပညတ် တို့ကို သင် ၌ သိုထား လော့။
My son, observe my sayings, and my commandments must thou treasure up with thee.
2 ငါ့ ပညတ် တို့ကို စောင့်ရှောက် ၍ အသက်ရှင် လော့။ ငါ ပေးသောတရား ကို ကိုယ် မျက် ဆန် ကဲ့သို့ စောင့်လော့။
Observe my commandments, and live: and my teaching as the apple of thy eyes.
3 သင် ၏လက် ချောင်းတို့၌ ချည် ထား၍၊ သင် ၏ နှလုံး အင်း စာရင်း၌ ရေးမှတ် လော့။
Bind them around thy fingers, write them upon the table of thy heart.
4 ပညာ ကို ကိုယ် နှမ ဟူ၍၎င်း၊ ဉာဏ် ကို ကိုယ် ပေါက်ဘော် ဟူ၍၎င်း ခေါ် လော့။
Say unto wisdom, Thou art my sister; and call understanding thy kinswoman:
5 သို့ပြုလျှင်သူတို့သည် အမျိုး ပျက်သောမိန်းမ ၊ နှုတ် နှင့် ချော့မော့ တတ်သော ပြည်တန်ဆာ မိန်းမလက်မှ သင့် ကို ကယ်တင် ကြလိမ့်မည်။
That they may keep thee from an adulterous woman, from an alien that useth flattering speeches.
6 ငါ့ အိမ် ပြတင်း ရွက်ကြားမှ ငါ ကြည့် ၍မြင်ရသောအမှု ဟူမူကား၊
For through the window of my house, through my lattice did I [once] look out,
7 ဉာဏ် တိမ်သော အမျိုးသားချင်း စုကို ငါကြည့်ရှု စဉ်တွင်၊ ဉာဏ် မ ရှိသော လူ ပျို တယောက်သည်၊
And I beheld among the simple ones, I discerned among the youths, a lad void of sense;
8 ထိုသို့သော မိန်းမ နေရာလမ်း ထောင့် အနား သို့ ရှောက်သွား သဖြင့် ၊
He was passing through the market-place near her corner; and he stepped along on the way to her house,
9 မိုဃ်းချုပ် ၍ ညဦး အချိန် ၊ ညဉ့် နက် သော အချိန် ရောက်သောအခါ ၊ ထိုမိန်းမ နေရာ လမ်း သို့ လိုက် လေ၏။
In the twilight, in the evening of the day, in the depth of the night and when it was dark:
10 ၁၀ ပြည်တန်ဆာ အဝတ်ကိုဝတ်၍ ၊ ဆန်းပြားသော မိန်းမ သည် ထိုသူ ကို ကြိုဆို ၏။
And, behold, a woman came to meet him with the attire of a harlot, and obdurate of heart.
11 ၁၁ ထို မိန်းမသည် ကျယ် သောအသံနှင့် ခိုင်မာ သောစိတ် သဘောရှိ၏။ ကိုယ် အိမ် ၌ မ နေ ၊ လည် တတ်၏။
(She is noisy and ungovernable; in her house her feet never rest;
12 ၁၂ ခဏ အိမ် ပြင်၊ ခဏ လမ်း ထဲမှာနေလျက် ၊ လမ်း ထောင့် အရပ်ရပ် ၌ ချောင်းမြောင်း ၍ကြည့်တတ်၏။
At one time she is in the street, at another in the open places, and near every corner doth she lurk, )
13 ၁၃ ထို လူပျိုကို တွေ့သောအခါ၊ ရဲ သောမျက်နှာ နှင့် ဘမ်း ဘက်နမ်းရှုပ် လျက်၊
And she caught hold of him, and kissed him, and with an impudent face she said to him,
14 ၁၄ ငါ ၌ မိဿဟာယ ပူဇော် သက္ကာရှိ၏။ ယနေ့ ငါ့ ဂတိ ဝတ်ကို ငါဖြေ ပြီ။
“I had bound myself to bring peace-offerings; this day have I paid my vows:
15 ၁၅ ထိုကြောင့် သင့် ကို ကြိုဆို အံ့သောငှါ ငါထွက် လာပြီ။ သင့် မျက်နှာ ကို ကြိုးစားရှာ ၍ တွေ့ ပြီ။
Therefore am I come forth to meet thee, to seek thy presence diligently, and I have found thee.
16 ၁၆ ငါ့ ခုတင် ကိုချယ် လှယ်သော အိပ်ရာခင်း နှင့်၎င်း၊ အဲဂုတ္တု ပိတ်ချော နှင့်၎င်း ပြင်ဆင် ပြီ။
With tapestry coverings have I decked my bed, with embroidered coverlids of the fine linen of Egypt.
17 ၁၇ ငါ့ မွေ့ရာ ကို မုရန် ၊ အကျော် ၊ သစ်ကြံပိုး နှင့် ထုံ ပြီ။
I have sprinkled my couch with myrrh, aloes, and cinnamon.
18 ၁၈ လာ ပါ၊ မိုဃ်းလင်း သည်တိုင်အောင် ကာမ ရာဂ စိတ်ကို ဖြေ ကြကုန်အံ့။ မေထုန် ပြု၍ မွေ့လျော်ကြကုန်အံ့။
Come, let us indulge in love until the morning: let us delight ourselves with dalliances.
19 ၁၉ ငါ့အရှင် သည် အိမ် မှာ မ ရှိ။ ငွေ အိတ် ကို ဆောင် လျက်ဝေး သော အရပ် သို့ သွား ပြီ။
For the man is not in his house, he is gone on a journey a great way off:
20 ၂၀ ပွဲ နေ့ ရောက်မှသာ ပြန် လာလိမ့်မည်ဟု၊
The bag of money hath he taken with him, by the day of the new-moon festival only will he come home.”
21 ၂၁ ချစ် ဘွယ်သော စကားနှင့် ထိုသူ ကို သွေးဆောင် ၍ ချော့မော့ တတ်သောနှုတ်ခမ်းနှင့် နိုင် သဖြင့်၊
She seduced him by the abundance of her reasoning: by the flattery of her lips she misguided him.
22 ၂၂ နွား သည်အသေခံ ရာသို့ လိုက် သကဲ့သို့ ၎င်း ၊ သမင်ဒရယ်သည် မိမိ အသည်း ၌ မြှား မ ထိုး မှီတိုင်အောင်၊ ဘမ်းမိရာထဲသို့ ဝင်သကဲ့သို့ ၎င်း၊
He followed after her suddenly, as an ox goeth to the slaughter, and as in fetters to his correction, the fool:
23 ၂၃ ငှက် သည် မိမိ အသက် ဆုံးစေခြင်းငှါ ထောင် မှန်းကိုမ ရိပ်မိ ဘဲ၊ ကျော့ကွင်း ထဲသို့ အလျင် အမြန်ဝင်သကဲ့သို့ ၎င်း၊ လူပျိုသည် ထိုမိန်းမ နောက် သို့ ချက်ခြင်း လိုက်သွား တတ်၏။
Till an arrow cleaveth through his liver; as a bird hasteneth into the snare, and knoweth not that it is done to take his life.
24 ၂၄ သို့ဖြစ်၍ ငါ့သား တို့၊ ငါ့ စကားကို နားထောင် ၍ ငါ ဟောပြော ချက်တို့ကို မှတ် ကျုံးကြလော့။
And now, O children, hearken unto me, and listen to the sayings of my mouth.
25 ၂၅ ထိုသို့သော မိန်းမ နေရာလမ်း ကို စိတ် မ ငဲ့ကွက် နှင့်။ သူ ကျင်လည်သော လမ်း ခရီးသို့ လွှဲ ၍မ လိုက်နှင့်။
Let not thy heart turn aside to her ways, do not go astray on her paths.
26 ၂၆ အကြောင်း မူကား၊ သူသည်စစ်သူရဲ အများ တို့ကို လှဲ လေပြီ။ ခွန်အား ကြီးသော သူအများ တို့ကိုသတ် လေပြီ။
For many deadly wounded hath she caused to fall: yea, very numerous are all those slain by her.
27 ၂၇ သူ ၏အိမ် သည် သေ မင်း၏ဘုံ ဗိမာန်သို့ ဆင်း ၍၊ မရဏာ နိုင်ငံသို့ ရောက်သောလမ်း ဖြစ်၏။ (Sheol h7585)
The ways to the nether world is her house leading down to the chambers of death. (Sheol h7585)

< သုတ္တံကျမ်း 7 >