< သုတ္တံကျမ်း 6 >
1 ၁ ငါ့ သား ၊ သင် သည် အဆွေ ခင်ပွန်းအတွက် အာမခံ မိသော် ၎င်း၊ သူတပါး နှင့် လက်ဝါး ချင်း ရိုက် မိ သော်၎င်း၊
Сын мой! если ты поручился за ближнего твоего и дал руку твою за другого, -
2 ၂ ကိုယ် နှုတ်ထွက် စကား ဖြင့် ကျော့မိ ပြီ။ ကိုယ် ပြော သောစကား ကြောင့် အမှု ရောက်လေပြီ။
ты опутал себя словами уст твоих, пойман словами уст твоих.
3 ၃ ငါ့ သား ၊ သင် သည် အဆွေ ခင်ပွန်းလက် သို့ ရောက် မိလျှင် ၊ ကိုယ်ကိုနှုတ် အံ့သောငှါအဘယ်သို့ပြု ရမည်နည်းဟူမူကား ၊ အဆွေ ခင်ပွန်းထံသို့သွား ၍ ၊ ကိုယ်ကိုနှိမ့်ချ လျက် သူ့ကို နှိုးဆော်လော့။
Сделай же, сын мой, вот что, и избавь себя, так как ты попался в руки ближнего твоего: пойди, пади к ногам и умоляй ближнего твоего;
4 ၄ အိပ် မ ပျော်နှင့်။ မျက်စိ မှိတ် ၍ မငိုက် နှင့်။
не давай сна глазам твоим и дремания веждам твоим;
5 ၅ မုဆိုး လက် မှ သမင်ဒရယ် ကို၎င်း၊ ငှက် ကို၎င်းနှုတ် ရသကဲ့သို့ ကိုယ်ကိုနှုတ် လော့။
спасайся, как серна из руки и как птица из руки птицелова.
6 ၆ အချင်း လူပျင်း၊ ပရွက်ဆိတ် ထံသို့ သွား ၍၊ သူ ၏ အပြု အမူတို့ကို ဆင်ခြင် သဖြင့် ပညာ ရှိစေလော့။
Пойди к муравью, ленивец, посмотри на действия его, и будь мудрым.
7 ၇ ပရွတ်ဆိတ် သည်ဆရာ မ ရှိ၊ ပဲ့ပြင် သောသူမရှိ၊ မင်း မရှိဘဲလျက် ၊
Нет у него ни начальника, ни приставника, ни повелителя;
8 ၈ နွေ ကာလနှင့် စပါး ရိတ်ရာကာလ၌ မိမိ စားစရာ အစာ ကို ရှာဖွေသိုထား တတ်၏။
но он заготовляет летом хлеб свой, собирает во время жатвы пищу свою.
9 ၉ အိုလူပျင်း ၊ သင် သည် အဘယ် မျှကာလ ပတ်လုံးအိပ် လျက်နေလိမ့်မည်နည်း။ အဘယ် သောအခါနိုး လိမ့်မည်နည်း။
Доколе ты, ленивец, будешь спать? когда ты встанешь от сна твоего?
10 ၁၀ ခဏ အိပ် လျက်၊ ခဏ ပျော် လျက်၊ အိပ်ပျော် အံ့သောငှါ ခဏ လက် ချင်းပိုက် လျက် နေစဉ်တွင်၊
Немного поспишь, немного подремлешь, немного, сложив руки, полежишь:
11 ၁၁ ဆင်းရဲ ခြင်းသည် ခရီးသွား သော သူကဲ့သို့ ၎င်း၊ ဥစ္စာ ပြုန်းတီးခြင်းသည် သူရဲ ကဲ့သို့ ၎င်း ရောက် လာ လိမ့်မည်။
и придет, как прохожий, бедность твоя, и нужда твоя, как разбойник. Если же будешь не ленив, то, как источник, придет жатва твоя; скудость же далеко убежит от тебя.
12 ၁၂ ဆိုးယုတ် သော သူ နှင့်မ တရားသောသူ သည် ကောက်လိမ် သော စကား၌ ကျင်လည် တတ်၏။
Человек лукавый, человек нечестивый ходит со лживыми устами,
13 ၁၃ မျက်တောင် ခတ် လျက် ၊ ခြေ ဖြင့် အမှတ် ပေးလျက် ၊ လက် ချောင်းတို့ဖြင့် သွန်သင် လျက် ပြုတတ်၏။
мигает глазами своими, говорит ногами своими, дает знаки пальцами своими;
14 ၁၄ ကောက် သောစိတ် သဘောနှင့် ပြည့်စုံ၍၊ မ ကောင်းသော အကြံကို အစဉ် ကြံစည် တတ်၏။ သူတပါးချင်းရန်တွေ့ စေခြင်းငှါပြုတတ်၏။
коварство в сердце его: он умышляет зло во всякое время, сеет раздоры.
15 ၁၅ ထိုကြောင့် သူ သည် အမှတ်တမဲ့ အမှု ရောက် ၍၊ ကိုးကွယ် ရာမ ရဘဲ ချက်ခြင်း ကျိုးပဲ့ ပျက်စီးရလိမ့်မည်။
Зато внезапно придет погибель его, вдруг будет разбит без исцеления.
16 ၁၆ ထာဝရဘုရား မုန်း တော်မူသောအရာ ခြောက် ပါးမက၊ စက်ဆုပ် ရွံ့ရှာတော်မူသောအရာ ခုနစ် ပါး ဟူမူကား ၊
Вот шесть, что ненавидит Господь, даже семь, что мерзость душе Его:
17 ၁၇ ထောင်လွှား သော မျက်နှာ တပါး၊ မုသာ ၌ ကျင်လည် သော လျှာ တပါး၊ အပြစ် မရှိသောသူ၏ အသက် ကိုသတ် သော လက် တပါး၊
глаза гордые, язык лживый и руки, проливающие кровь невинную,
18 ၁၈ မ ကောင်းသော အကြံ ကို ကြံစည် သော နှလုံး တပါး၊ အပြစ် ပြုရာသို့ အလျင် အမြန်ပြေး တတ်သော ခြေ တပါး၊
сердце, кующее злые замыслы, ноги, быстро бегущие к злодейству,
19 ၁၉ မုသာ စကားကိုပြော ၍ မ မှန်သောသက်သေ တပါး၊ အပေါင်း အဘော်ချင်း ရန်တွေ့ စေခြင်းငှါပြုတတ် သော သူတပါးတည်း။
лжесвидетель, наговаривающий ложь и сеющий раздор между братьями.
20 ၂၀ ငါ့ သား ၊ အဘ ၏ပညတ် စကားကို နားထောင် လော့။ အမိ ပေးသော တရား ကို မ ပယ် နှင့်။
Сын мой! храни заповедь отца твоего и не отвергай наставления матери твоей;
21 ၂၁ နှလုံး ပေါ် မှာ အမြဲ ချည် ၍ လည်ပင်း ၌ ဆွဲ ထား လော့။
навяжи их навсегда на сердце твое, обвяжи ими шею твою.
22 ၂၂ သင် သည် အခြားသို့ သွား သောအခါ ၊ ထိုပညတ် တရားသည် လမ်း ပြလိမ့်မည်။ အိပ် သောအခါ သင့် ကို စောင့် လိမ့်မည်။ နိုး သောအခါ သင် နှင့် နှုတ်ဆက် လိမ့်မည်။
Когда ты пойдешь, они будут руководить тебя; когда ляжешь спать, будут охранять тебя; когда пробудишься, будут беседовать с тобою:
23 ၂၃ အကြောင်း မူကား၊ ပညတ် တော်သည် မီးခွက် ဖြစ်၏။ တရား တော်သည် အလင်း ဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒ စကားသည် အသက် လမ်း ဖြစ်၏။
ибо заповедь есть светильник, и наставление - свет, и назидательные поучения - путь к жизни,
24 ၂၄ ဆိုး သောမိန်းမ နှင့် ၎င်း၊ အမျိုး ပျက်သော မိန်းမချော့မော့ တတ်သော နှုတ် နှင့်၎င်း လွတ်စေခြင်းငှါ၊ သင့် ကို စောင့် ဘို့ရာဖြစ်သတည်း။
чтобы остерегать тебя от негодной женщины, от льстивого языка чужой.
25 ၂၅ ထိုသို့သောမိန်းမ သည် အဆင်း လှသော်လည်း ၊ တပ်မက် သောစိတ် မ ရှိနှင့်။ သူ သည် မျက်ခမ်း တို့ဖြင့် သင့် ကိုမ ကျော့မိ စေနှင့်။
Не пожелай красоты ее в сердце твоем, да не уловлен будешь очами твоими, и да не увлечет она тебя ресницами своими;
26 ၂၆ အကြောင်း မူကား၊ ပြည်တန်ဆာ မကို မှီဝဲသော ယောက်ျား သည် ဆင်းရဲ၍၊ မုန့် တလုံးကိုသာ ရတတ်၏။ မျောက်မထားသော မိန်းမ သည်လည်း မြတ် သောအသက် ကို ဘမ်း တတ်၏။
потому что из-за жены блудной обнищевают до куска хлеба, а замужняя жена уловляет дорогую душу.
27 ၂၇ လူ သည်အဝတ် မ လောင် ဘဲ မီး ကို ပိုက် ဘက်နိုင် သလော ။
Может ли кто взять себе огонь в пазуху, чтобы не прогорело платье его?
28 ၂၈ ခြေ မ လောင် ဘဲမီး ခဲပေါ် မှာ နင်း နိုင်သလော။
Может ли кто ходить по горящим угольям, чтобы не обжечь ног своих?
29 ၂၉ သူ့ မယား ထံသို့ ဝင် သောသူသည် ထိုနည်းတူ ဖြစ်၏။ သူ့ မယားကို ပြစ်မှား သော သူမည်သည် ကား၊ အပြစ် နှင့် မ ကင်းမလွတ်နိုင်ရာ၊
То же бывает и с тем, кто входит к жене ближнего своего: кто прикоснется к ней, не останется без вины.
30 ၃၀ မွတ်သိပ် သောစိတ် ပြေ စေခြင်းငှါ ၊ ခိုး သောသူ ပင် အပြစ် မလွတ်ရ။
Не спускают вору, если он крадет, чтобы насытить душу свою, когда он голоден;
31 ၃၁ တွေ့ မိလျှင် ခုနစ် ဆပြန်ပေး ရမည်။ ကိုယ် အိမ် ၌ ရှိသမျှ သော ဥစ္စာ တို့ကို လျော် ရမည်။
но, будучи пойман, он заплатит всемеро, отдаст все имущество дома своего.
32 ၃၂ သူ့မယား ကိုပြစ်မှား သောသူသည် ဉာဏ် မ ရှိ။ ထိုသို့ ပြု သောသူ သည် မိမိ အသက် ကို ဖျက်ဆီး တတ်၏။
Кто же прелюбодействует с женщиною, у того нет ума; тот губит душу свою, кто делает это:
33 ၃၃ နာကျင် စွာ ထိခိုက်ခြင်းနှင့် အသရေ ရှုတ်ချခြင်း ကိုခံရ လိမ့်မည်။ သူ ၏အရှက် ကွဲခြင်းသည် မ ပြေ နိုင်။
побои и позор найдет он, и бесчестие его не изгладится,
34 ၃၄ အကြောင်း မူကား၊ ယောက်ျား သည် မယားကို မယုံ သောစိတ်ရှိလျှင် ၊ ပြင်းထန်စွာ အမျက်ထွက် တတ်၏။ အပြစ် ပေးချိန် ရောက်သောအခါ သနား ခြင်းမ ရှိတတ်။
потому что ревность - ярость мужа, и не пощадит он в день мщения,
35 ၃၅ လျော်ပြစ်ငွေ မည်မျှ ကို ပမာဏ မ ပြုတတ်။ များစွာ သော လက်ဆောင် တို့ကိုပေးသော်လည်း စိတ် မ ပြေတတ်။
не примет никакого выкупа и не удовольствуется, сколько бы ты ни умножал даров.