< သုတ္တံကျမ်း 6 >

1 ငါ့ သား ၊ သင် သည် အဆွေ ခင်ပွန်းအတွက် အာမခံ မိသော် ၎င်း၊ သူတပါး နှင့် လက်ဝါး ချင်း ရိုက် မိ သော်၎င်း၊
My son, if you have put up security for your neighbor, if you have struck hands in pledge with a stranger,
2 ကိုယ် နှုတ်ထွက် စကား ဖြင့် ကျော့မိ ပြီ။ ကိုယ် ပြော သောစကား ကြောင့် အမှု ရောက်လေပြီ။
if you have been trapped by the words of your lips, ensnared by the words of your mouth,
3 ငါ့ သား ၊ သင် သည် အဆွေ ခင်ပွန်းလက် သို့ ရောက် မိလျှင် ၊ ကိုယ်ကိုနှုတ် အံ့သောငှါအဘယ်သို့ပြု ရမည်နည်းဟူမူကား ၊ အဆွေ ခင်ပွန်းထံသို့သွား ၍ ၊ ကိုယ်ကိုနှိမ့်ချ လျက် သူ့ကို နှိုးဆော်လော့။
then do this, my son, to free yourself, for you have fallen into your neighbor’s hands: Go, humble yourself, and press your plea with your neighbor.
4 အိပ် မ ပျော်နှင့်။ မျက်စိ မှိတ် ၍ မငိုက် နှင့်။
Allow no sleep to your eyes or slumber to your eyelids.
5 မုဆိုး လက် မှ သမင်ဒရယ် ကို၎င်း၊ ငှက် ကို၎င်းနှုတ် ရသကဲ့သို့ ကိုယ်ကိုနှုတ် လော့။
Free yourself, like a gazelle from the hand of the hunter, like a bird from the snare of the fowler.
6 အချင်း လူပျင်း၊ ပရွက်ဆိတ် ထံသို့ သွား ၍၊ သူ ၏ အပြု အမူတို့ကို ဆင်ခြင် သဖြင့် ပညာ ရှိစေလော့။
Walk in the manner of the ant, O slacker; observe its ways and become wise.
7 ပရွတ်ဆိတ် သည်ဆရာ မ ရှိ၊ ပဲ့ပြင် သောသူမရှိ၊ မင်း မရှိဘဲလျက် ၊
Without a commander, without an overseer or ruler,
8 နွေ ကာလနှင့် စပါး ရိတ်ရာကာလ၌ မိမိ စားစရာ အစာ ကို ရှာဖွေသိုထား တတ်၏။
it prepares its provisions in summer; it gathers its food at harvest.
9 အိုလူပျင်း ၊ သင် သည် အဘယ် မျှကာလ ပတ်လုံးအိပ် လျက်နေလိမ့်မည်နည်း။ အဘယ် သောအခါနိုး လိမ့်မည်နည်း။
How long will you lie there, O slacker? When will you get up from your sleep?
10 ၁၀ ခဏ အိပ် လျက်၊ ခဏ ပျော် လျက်၊ အိပ်ပျော် အံ့သောငှါ ခဏ လက် ချင်းပိုက် လျက် နေစဉ်တွင်၊
A little sleep, a little slumber, a little folding of the hands to rest,
11 ၁၁ ဆင်းရဲ ခြင်းသည် ခရီးသွား သော သူကဲ့သို့ ၎င်း၊ ဥစ္စာ ပြုန်းတီးခြင်းသည် သူရဲ ကဲ့သို့ ၎င်း ရောက် လာ လိမ့်မည်။
and poverty will come upon you like a robber, and need like a bandit.
12 ၁၂ ဆိုးယုတ် သော သူ နှင့်မ တရားသောသူ သည် ကောက်လိမ် သော စကား၌ ကျင်လည် တတ်၏။
A worthless person, a wicked man, walks with a perverse mouth,
13 ၁၃ မျက်တောင် ခတ် လျက် ၊ ခြေ ဖြင့် အမှတ် ပေးလျက် ၊ လက် ချောင်းတို့ဖြင့် သွန်သင် လျက် ပြုတတ်၏။
winking his eyes, speaking with his feet, and pointing with his fingers.
14 ၁၄ ကောက် သောစိတ် သဘောနှင့် ပြည့်စုံ၍၊ မ ကောင်းသော အကြံကို အစဉ် ကြံစည် တတ်၏။ သူတပါးချင်းရန်တွေ့ စေခြင်းငှါပြုတတ်၏။
With deceit in his heart he devises evil; he continually sows discord.
15 ၁၅ ထိုကြောင့် သူ သည် အမှတ်တမဲ့ အမှု ရောက် ၍၊ ကိုးကွယ် ရာမ ရဘဲ ချက်ခြင်း ကျိုးပဲ့ ပျက်စီးရလိမ့်မည်။
Therefore calamity will come upon him suddenly; in an instant he will be shattered beyond recovery.
16 ၁၆ ထာဝရဘုရား မုန်း တော်မူသောအရာ ခြောက် ပါးမက၊ စက်ဆုပ် ရွံ့ရှာတော်မူသောအရာ ခုနစ် ပါး ဟူမူကား ၊
There are six things that the LORD hates, seven that are detestable to Him:
17 ၁၇ ထောင်လွှား သော မျက်နှာ တပါး၊ မုသာ ၌ ကျင်လည် သော လျှာ တပါး၊ အပြစ် မရှိသောသူ၏ အသက် ကိုသတ် သော လက် တပါး၊
haughty eyes, a lying tongue, hands that shed innocent blood,
18 ၁၈ မ ကောင်းသော အကြံ ကို ကြံစည် သော နှလုံး တပါး၊ အပြစ် ပြုရာသို့ အလျင် အမြန်ပြေး တတ်သော ခြေ တပါး၊
a heart that devises wicked schemes, feet that run swiftly to evil,
19 ၁၉ မုသာ စကားကိုပြော ၍ မ မှန်သောသက်သေ တပါး၊ အပေါင်း အဘော်ချင်း ရန်တွေ့ စေခြင်းငှါပြုတတ် သော သူတပါးတည်း။
a false witness who gives false testimony, and one who stirs up discord among brothers.
20 ၂၀ ငါ့ သား ၊ အဘ ၏ပညတ် စကားကို နားထောင် လော့။ အမိ ပေးသော တရား ကို မ ပယ် နှင့်။
My son, keep your father’s commandment, and do not forsake your mother’s teaching.
21 ၂၁ နှလုံး ပေါ် မှာ အမြဲ ချည် ၍ လည်ပင်း ၌ ဆွဲ ထား လော့။
Bind them always upon your heart; tie them around your neck.
22 ၂၂ သင် သည် အခြားသို့ သွား သောအခါ ၊ ထိုပညတ် တရားသည် လမ်း ပြလိမ့်မည်။ အိပ် သောအခါ သင့် ကို စောင့် လိမ့်မည်။ နိုး သောအခါ သင် နှင့် နှုတ်ဆက် လိမ့်မည်။
When you walk, they will guide you; when you lie down, they will watch over you; when you awake, they will speak to you.
23 ၂၃ အကြောင်း မူကား၊ ပညတ် တော်သည် မီးခွက် ဖြစ်၏။ တရား တော်သည် အလင်း ဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒ စကားသည် အသက် လမ်း ဖြစ်၏။
For this commandment is a lamp, this teaching is a light, and the reproofs of discipline are the way to life,
24 ၂၄ ဆိုး သောမိန်းမ နှင့် ၎င်း၊ အမျိုး ပျက်သော မိန်းမချော့မော့ တတ်သော နှုတ် နှင့်၎င်း လွတ်စေခြင်းငှါ၊ သင့် ကို စောင့် ဘို့ရာဖြစ်သတည်း။
to keep you from the evil woman, from the smooth tongue of the adulteress.
25 ၂၅ ထိုသို့သောမိန်းမ သည် အဆင်း လှသော်လည်း ၊ တပ်မက် သောစိတ် မ ရှိနှင့်။ သူ သည် မျက်ခမ်း တို့ဖြင့် သင့် ကိုမ ကျော့မိ စေနှင့်။
Do not lust in your heart for her beauty or let her captivate you with her eyes.
26 ၂၆ အကြောင်း မူကား၊ ပြည်တန်ဆာ မကို မှီဝဲသော ယောက်ျား သည် ဆင်းရဲ၍၊ မုန့် တလုံးကိုသာ ရတတ်၏။ မျောက်မထားသော မိန်းမ သည်လည်း မြတ် သောအသက် ကို ဘမ်း တတ်၏။
For the levy of the prostitute is poverty, and the adulteress preys upon your very life.
27 ၂၇ လူ သည်အဝတ် မ လောင် ဘဲ မီး ကို ပိုက် ဘက်နိုင် သလော ။
Can a man embrace fire and his clothes not be burned?
28 ၂၈ ခြေ မ လောင် ဘဲမီး ခဲပေါ် မှာ နင်း နိုင်သလော။
Can a man walk on hot coals without scorching his feet?
29 ၂၉ သူ့ မယား ထံသို့ ဝင် သောသူသည် ထိုနည်းတူ ဖြစ်၏။ သူ့ မယားကို ပြစ်မှား သော သူမည်သည် ကား၊ အပြစ် နှင့် မ ကင်းမလွတ်နိုင်ရာ၊
So is he who sleeps with another man’s wife; no one who touches her will go unpunished.
30 ၃၀ မွတ်သိပ် သောစိတ် ပြေ စေခြင်းငှါ ၊ ခိုး သောသူ ပင် အပြစ် မလွတ်ရ။
Men do not despise the thief if he steals to satisfy his hunger.
31 ၃၁ တွေ့ မိလျှင် ခုနစ် ဆပြန်ပေး ရမည်။ ကိုယ် အိမ် ၌ ရှိသမျှ သော ဥစ္စာ တို့ကို လျော် ရမည်။
Yet if caught, he must pay sevenfold; he must give up all the wealth of his house.
32 ၃၂ သူ့မယား ကိုပြစ်မှား သောသူသည် ဉာဏ် မ ရှိ။ ထိုသို့ ပြု သောသူ သည် မိမိ အသက် ကို ဖျက်ဆီး တတ်၏။
He who commits adultery lacks judgment; whoever does so destroys himself.
33 ၃၃ နာကျင် စွာ ထိခိုက်ခြင်းနှင့် အသရေ ရှုတ်ချခြင်း ကိုခံရ လိမ့်မည်။ သူ ၏အရှက် ကွဲခြင်းသည် မ ပြေ နိုင်။
Wounds and dishonor will befall him, and his reproach will never be wiped away.
34 ၃၄ အကြောင်း မူကား၊ ယောက်ျား သည် မယားကို မယုံ သောစိတ်ရှိလျှင် ၊ ပြင်းထန်စွာ အမျက်ထွက် တတ်၏။ အပြစ် ပေးချိန် ရောက်သောအခါ သနား ခြင်းမ ရှိတတ်။
For jealousy enrages a husband, and he will show no mercy in the day of vengeance.
35 ၃၅ လျော်ပြစ်ငွေ မည်မျှ ကို ပမာဏ မ ပြုတတ်။ များစွာ သော လက်ဆောင် တို့ကိုပေးသော်လည်း စိတ် မ ပြေတတ်။
He will not be appeased by any ransom, or persuaded by lavish gifts.

< သုတ္တံကျမ်း 6 >