< သုတ္တံကျမ်း 4 >
1 ၁ ငါ့သား တို့၊ အဘ ၏နည်း ဥပဒေသကို နားထောင် ၍ ၊ ဉာဏ် သဘောကို နားလည် ခြင်းငှါ စေ့စေ့မှတ် ကြလော့။
၁ငါ့သားတို့၊ အဘ၏နည်းဥပဒေသကို နားထောင်၍၊ ဥာဏ်သဘောကို နားလည်ခြင်းငှါ စေ့စေ့မှတ် ကြလော့။
2 ၂ ကောင်း သောဩဝါဒ ကို ငါပေး ၏။ ငါ့ ပညတ် တရားကို မ ပယ် ကြနှင့်။
၂ကောင်းသောဩဝါဒကို ငါပေး၏။ ငါ့ပညတ် တရားကို မပယ်ကြနှင့်။
3 ၃ ငါ မူကား ၊ အဘ ၏ရင် နှစ်၊ အမိ ရှေ့ မှာနူးညံ့ ၍ အချစ် ဆုံးသော သားဖြစ်၏။
၃ငါမူကား၊ အဘ၏ရင်နှစ်၊ အမိရှေ့မှာနူးညံ့၍ အချစ်ဆုံးသော သားဖြစ်၏။
4 ၄ ငါ့ အဘသွန်သင် ၍ မြွက်ဆို လေသည်ကား၊ ငါ့ စကား ကို သင် ၏နှလုံး ၌ သွင်းမိ ၍၊ ငါ့ ပညတ် တို့ကို ကျင့် စောင့်သဖြင့် အသက်ရှင် လော့။
၄ငါ့အဘသွန်သင်၍မြွက်ဆိုလေသည်ကား၊ ငါ့စကားကို သင်၏နှလုံး၌ သွင်းမိ၍၊ ငါ့ပညတ်တို့ကို ကျင့်စောင့်သဖြင့် အသက်ရှင်လော့။
5 ၅ ပညာ ကိုဆည်းဖူး လော့။ ဉာဏ် ကို ဆည်းဖူး လော့။ သတိ မ လစ်စေနှင့်။ ငါ ၏နှုတ်ထွက် စကား ကို မ လွှဲ မရှောင်နှင့်။
၅ပညာကိုဆည်းဖူးလော့။ ဥာဏ်ကို ဆည်းဖူး လော့။ သတိမလစ်စေနှင့်။ ငါ၏နှုတ်ထွက်စကားကို မလွှဲမရှောင်နှင့်။
6 ၆ ပညာ ကိုမ စွန့် နှင့်။ သူသည်သင့် ကို ထိန်းသိမ်း လိမ့်မည်။ သူ့ ကိုချစ် လော့။ သင့် ကို စောင့် မလိမ့်မည်။
၆ပညာကိုမစွန့်နှင့်။ သူသည်သင့်ကို ထိန်းသိမ်း လိမ့်မည်။ သူ့ကိုချစ်လော့။ သင့်ကို စောင့်မလိမ့်မည်။
7 ၇ ပညာ သည် အမြတ် ဆုံးသောအရာဖြစ်၏။ ပညာ ကိုဆည်းဖူး လော့။ ဆည်းဖူးသမျှ သောဥစ္စာ တို့တွင် ဉာဏ် ကိုဆည်းဖူး လော့။
၇ပညာသည် အမြတ်ဆုံးသောအရာဖြစ်၏။ ပညာကိုဆည်းဖူးလော့။ ဆည်းဖူးသမျှသောဥစ္စာတို့တွင် ဥာဏ်ကိုဆည်းဖူးလော့။
8 ၈ သူ့ ကိုအမြတ် ထားလော့။ သူသည် သင့် ကို ချီးမြှောက် လိမ့်မည်။ သူ့ ကိုဘက်ယမ်း လျှင် ၊ ဂုဏ် အသရေကိုပေး လိမ့်မည်။
၈သူ့ကိုအမြတ်ထားလော့။ သူသည် သင့်ကို ချီးမြှောက်လိမ့်မည်။ သူ့ကိုဘက်ယမ်းလျှင်၊ ဂုဏ်အသရေ ကို ပေးလိမ့်မည်။
9 ၉ သင် ၏ခေါင်း ကို တင့်တယ် သောဦးရစ် နှင့် ပတ်ရစ် ၍၊ ဘုန်းကြီး သောသရဖူ ကို အပ်နှံ လိမ့်မည်။
၉သင်၏ခေါင်းကို တင့်တယ်သောဦးရစ်နှင့် ပတ်ရစ်၍၊ ဘုန်းကြီးသောသရဖူကို အပ်နှံလိမ့်မည်။
10 ၁၀ ငါ့ သား ၊ ငါ့ စကား ကိုနားထောင် နာယူ လော့။ သို့ပြုလျှင် ၊ သင့် အသက် နှစ် ပေါင်းများ လိမ့်မည်။
၁၀ငါ့သား၊ ငါ့စကားကိုနားထောင်နာယူလော့။ သို့ပြုလျှင်၊ သင့်အသက် နှစ်ပေါင်းများလိမ့်မည်။
11 ၁၁ ပညာ လမ်း ကို ငါပြသ ၍၊ မှန် သောလမ်း ခရီးတို့၌ သင့် ကိုငါပို့ဆောင် ၏။
၁၁ပညာလမ်းကိုငါပြသ၍၊ မှန်သောလမ်းခရီးတို့၌ သင့်ကိုငါပို့ဆောင်၏။
12 ၁၂ ရှောက်သွား လျှင် ၊ ကျဉ်းမြောင်း ရာသို့မ ရောက်၊ ပြေး သောအခါ တိုက်မိ၍မ လဲ ရ။
၁၂ရှောက်သွားလျှင် ကျဉ်းမြောင်းရာသို့မရောက်၊ ပြေးသောအခါ တိုက်မိ၍မလဲရ။
13 ၁၃ ဥပဒေသ ကို ကိုင်ဆွဲ လော့။ မ လွှတ် နှင့်။ စောင့် ထား လော့။ အသက်ရှင် ခြင်း၏အကြောင်း ဖြစ်၏။
၁၃ဥပဒေသကိုကိုင်ဆွဲလော့။ မလွှတ်နှင့်။ စောင့်ထား လော့။ အသက်ရှင်ခြင်း၏အကြောင်းဖြစ်၏။
14 ၁၄ အဓမ္မ လူတို့ လမ်း ထဲသို့ မ ဝင် နှင့်။ ဆိုးယုတ် သောသူတို့နှင့်အတူ မ လိုက် နှင့်။
၁၄အဓမ္မလူတို့ လမ်းထဲသို့မဝင်နှင့်။ ဆိုးယုတ် သောသူတို့နှင့်အတူ မလိုက်နှင့်။
15 ၁၅ သူ တို့လမ်းကို ကြဉ်ရှောင် လော့။ လိုက်မ သွား နှင့်။ လွှဲ ၍ သွား လော့။
၁၅သူတို့လမ်းကိုကြဉ်ရှောင်လော့။ လိုက်မသွားနှင့်။ လွှဲ၍သွားလော့။
16 ၁၆ သူတို့သည်သူတပါး၌ အပြစ် မ ပြုရလျှင် မ အိပ် တတ်။ တစုံတယောက်သော သူ ကိုမ လဲ စေလျှင် အိပ် ၍ မပျော်တတ်။
၁၆သူတို့သည်သူတပါး၌ အပြစ်မပြုရလျှင် မအိပ် တတ်။ တစုံတယောက်သော သူကိုမလဲစေလျှင် အိပ်၍ မပျော်တတ်။
17 ၁၇ ဒုစရိုက် နှင့်ဆိုင်သောမုန့် ကိုစား ၍ ညှဉ်းဆဲ ခြင်းနှင့်ဆိုင်သော စပျစ်ရည် ကို သောက် တတ်ကြ၏။
၁၇ဒုစရိုက်နှင့်ဆိုင်သောမုန့်ကိုစား၍ ညှဉ်းဆဲခြင်း နှင့်ဆိုင်သော စပျစ်ရည်ကို သောက်တတ်ကြ၏။
18 ၁၈ ဖြောင့်မတ် သောသူတို့၏လမ်း သည် တက် သော အာရုဏ် ကဲ့သို့ ဖြစ်၍၊ နေထွက် သည်တိုင်အောင် တိုးပွါး ထွန်းလင်း တတ်၏။
၁၈ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သော အာရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည်တိုင်အောင် တိုးပွါး ထွန်းလင်းတတ်၏။
19 ၁၉ မ တရားသောသူတို့၏လမ်း မူကား၊ မှောင်မိုက် ကဲ့သို့ ဖြစ်၍၊ သူတို့သည် လဲသောအခါ၊ အဘယ် အရာကို တိုက် မိသည်ဟု မ သိ ရကြ။
၁၉မတရားသောသူတို့၏လမ်းမူကား၊ မှောင်မိုက် ကဲ့သို့ဖြစ်၍၊ သူတို့သည် လဲသောအခါ၊ အဘယ်အရာကို တိုက်မိသည်ဟု မသိရကြ။
20 ၂၀ ငါ့ သား ၊ ငါ့ စကား ကို နားထောင် လော့။ ငါ ဟောပြော ချက်တို့ကို နား သွင်း လော့။
၂၀ငါ့သား၊ ငါ့စကားကိုနားထောင်လော့။ ငါ ဟောပြောချက်တို့ကို နားသွင်းလော့။
21 ၂၁ သင့် မျက်မှောက် မှ မ ကွာ စေနှင့်။ နှလုံး တွင်း ၌ စောင့် ထားလော့။
၂၁သင့်မျက်မှောက်မှ မကွာစေနှင့်။ နှလုံးတွင်း၌ စောင့်ထားလော့။
22 ၂၂ အကြောင်း မူကား၊ ထို တရားစကားကို တွေ့ ရ သောသူ တို့သည် အသက်ရှင် ခြင်း၊ တကိုယ်လုံး ကျန်းမာ ခြင်းအကြောင်း ကို တွေ့ရပြီ။
၂၂အကြောင်းမူကား၊ ထိုတရားစကားကို တွေ့ရ သောသူတို့သည် အသက်ရှင်ခြင်း၊ တကိုယ်လုံးကျန်းမာ ခြင်းအကြောင်းကို တွေ့ရပြီ။
23 ၂၃ နှလုံး သည်အသက် ၏အခြေ အမြစ် ဖြစ်သောကြောင့် ၊ သင် ၏နှလုံး ကို အထူးသဖြင့်စောင့်ရှောက် လော့။
၂၃နှလုံးသည်အသက်၏အခြေအမြစ် ဖြစ်သော ကြောင့်၊ သင်၏နှလုံးကို အထူးသဖြင့်စောင့်ရှောက်လော့။
24 ၂၄ ကောက် သောစကား တို့ကို၎င်း ၊ ငြင်းဆန် တတ် သော နှုတ်ခမ်း တို့ကို၎င်းဝေး စွာ ပယ်ရှောင် လော့။
၂၄ကောက်သောစကားတို့ကို၎င်း၊ ငြင်းဆန်တတ် သော နှုတ်ခမ်းတို့ကို၎င်း ဝေးစွာ ပယ်ရှောင်လော့။
25 ၂၅ သင် ၏မျက်စိ သည် ရှေ့ရှု ကြည့် ၍ ၊ မျက်ခမ်း တို့ သည် တည့်တည့် အာရုံ ပြုစေလော့။
၂၅သင်၏မျက်စိသည် ရှေ့ရှုကြည့်၍၊ မျက်ခမ်းတို့ သည် တည့်တည့်အာရုံပြုစေလော့။
26 ၂၆ သင် သွား ရာလမ်း ကို စူးစမ်း ၍ ၊ သွား လေရာရာ ၌ တည်ကြည် ခြင်းရှိစေလော့။
၂၆သင်သွားရာလမ်းကို စူးစမ်း၍၊ သွားလေ ရာရာ၌ တည်ကြည်ခြင်းရှိစေလော့။
27 ၂၇ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ တိမ်း မလွှဲနှင့်။ ဒုစရိုက် ပြုရာ လမ်း ကိုရှောင် လော့။
၂၇လက်ျာဘက်၊လက်ဝဲဘက်သို့ မတိမ်းမလွှဲနှင့်။ ဒုစရိုက်ပြုရာ လမ်းကိုရှောင်လော့။