< သုတ္တံကျမ်း 31 >

1 လေမွေလ မင်းကြီး ၏ မယ်တော် သည်သား ကို ဆုံးမ သွန်သင်သော တရား စကား ဟူမူကား၊
Misemo ya Mfalme Lemueli, usia wa mama yake aliyomfundisha:
2 ငါ့ သား အဘယ် သို့နည်း။ ငါ ဘွား သောသား ၊ အဘယ် သို့နည်း။ ငါ့ ၏သစ္စာ ဂတိနှင့်ဆိုင်သောသား အဘယ် သို့နည်းဟု မေးမြန်းသော်၊
“Ee mwanangu, ee mwana wa tumbo langu, ee mwana wa nadhiri zangu,
3 သင် ၏အစွမ်း သတ္တိကို မိန်းမ တို့အား မ ပေး နှင့်။ ရှင်ဘုရင် တို့ကိုဖျက်ဆီး တတ်သောအရာ၌ သင့် ၏အကျင့် အကြံ အပြုအမူတို့ကို မအပ်နှင့်။
Usitumie nguvu zako kwa wanawake, uhodari wako kwa wale wanaowaharibu wafalme.
4 အိုလေမွေလ ၊ စပျစ်ရည် သောက် သောအမှုနှင့် သေရည် သောက်သောအမှုသည် ရှင်ဘုရင် ၊ မင်းသား တို့နှင့် မ တော်မသင့်။
“Ee Lemueli, haifai wafalme, haifai wafalme kunywa mvinyo, haifai watawala kutamani sana kileo,
5 သူတို့သည်သောက် လျက် တရား တော်ကို မေ့လျော့ ၍ ၊ ဆင်းရဲသား အမှုကို မတရားသဖြင့် စီရင် ဆုံးဖြတ်မည်ဟု စိုးရိမ်စရာရှိ၏။
wasije wakanywa na kusahau vile sheria inavyoamuru na kuwanyima haki zao wote walioonewa.
6 ဆုံး လုသောသူအား သေရည် သေရက်ကို၎င်း၊ စိတ်ညစ် သောသူအား စပျစ်ရည် ကို၎င်း ၊ ပေး လော့။
Wape kileo wale wanaoangamia, mvinyo wale walio na uchungu,
7 ထိုသူတို့သည် သောက် ၍ မိမိ ဒုက္ခ ဆင်းရဲကို မ အောက်မေ့ ဘဲ မေ့လျော့ ပါစေ။
Wanywe na kusahau umaskini wao na wasikumbuke taabu yao tena.
8 ကိုးကွယ် ရာမရှိသော သူ အပေါင်း တို့၏အမှု ကို စောင့်ခြင်းငှါ ၊ စကားအ သောသူတို့ဘက် မှာ နေ၍ပြော လော့။
“Sema kwa ajili ya wale wasioweza kujisemea, kwa ajili ya haki za wote walioachwa ukiwa.
9 စကားပြော လျက်၊ တရား သဖြင့်စီရင် လျက် ၊ ဆင်းရဲ ငတ်မွတ် သောသူတို့၏ အမှုကိုစောင့် လော့။
Sema na uamue kwa haki, tetea haki za maskini na wahitaji.”
10 ၁၀ သီလ နှင့်ပြည့်စုံသော မိန်းမ ကိုအဘယ်သူ တွေ့ ရ သနည်း။ ထိုသို့သောမိန်းမ သည် ပတ္တမြား ထက် အဘိုး သာ၍ထိုက်ပေ၏။
Mke mwenye sifa nzuri, ni nani awezaye kumpata? Yeye ni wa thamani sana kuliko marijani.
11 ၁၁ သူ ၏ခင်ပွန်း သည် သူ့ ကို ယုံ ၍ ၊ ဆင်းရဲ ခြင်းနှင့် ကင်းလွတ် လိမ့်မည်။
Mume wake anamwamini kikamilifu wala hakosi kitu chochote cha thamani.
12 ၁၂ ထို မယားသည် မိမိ ခင်ပွန်းအကျိုး ကို မ ဖျက် ၊ တသက်လုံး ပြုစု တတ်၏။
Humtendea mumewe mema, wala si mabaya, siku zote za maisha yake.
13 ၁၃ သိုးမွေး နှင့် ဝါ ကို ရှာ ၍ ၊ မိမိ လက် နှင့် အလို အလျောက်လုပ် တတ်၏။
Huchagua sufu na kitani naye hufanya kazi kwa mikono yenye bidii.
14 ၁၄ ကုန်သည် သင်္ဘော ကဲ့သို့ ဖြစ်၍ ၊ စားစရာ ကို ဝေး သောအရပ်မှ ဆောင် ခဲ့တတ်၏။
Yeye ni kama meli za biashara akileta chakula chake kutoka mbali.
15 ၁၅ မိုဃ်း မလင်းမှီထ လျက် ၊ အိမ်သူ အိမ်သားတို့အား စားစရာ ကို၎င်း ၊ ကျွန်မ တို့အား အငန်း အတာကို၎င်း ပေး ဝေတတ်၏။
Yeye huamka kungali bado giza huwapa jamaa yake chakula na mafungu kwa watumishi wake wa kike.
16 ၁၆ ကောင်းမွန်စွာ ဆင်ခြင် ၍၊ လယ်ကွက် ကိုဝယ် ယူ တတ်၏။ ကိုယ်တိုင် လုပ်၍ရသောငွေနှင့် စပျစ် ဥယျာဉ်ကို ပြုစု တတ်၏။
Huangalia shamba na kulinunua, kutokana na mapato yake hupanda shamba la mizabibu.
17 ၁၇ မိမိ ခါး ကို ခွန်အား နှင့် စည်း ၍ ၊ မိမိ လက် တို့ကိုသန်မြန် စေတတ်၏။
Hufanya kazi zake kwa nguvu, mikono yake ina nguvu kwa ajili ya kazi zake.
18 ၁၈ မိမိ လုပ် သောဥစ္စာကောင်း သည်ကို ရိပ်မိ ၍၊ သူ ၏မီးခွက် သည် တညလုံး မ သေ တတ်။
Huona kwamba biashara yake ina faida, wala taa yake haizimiki usiku.
19 ၁၉ ချည်ဖြစ်တတ်သော တန်ဆာတို့ကို ကိုယ် လက် နှင့် ကိုင် ၍ လုပ်ဆောင်တတ်၏။
Huweka mikono yake kwenye pia, navyo vidole vyake hushikilia kijiti chenye uzi.
20 ၂၀ ဆင်းရဲ သောသူတို့အား လက် ကိုဖြန့် ၍ ၊ ငတ်မွတ် သောသူတို့အား လက်ရုံး ကိုဆန့် တတ်၏။
Huwanyooshea maskini mikono yake na kuwakunjulia wahitaji vitanga vyake.
21 ၂၁ မိုဃ်းပွင့် ကျသော်လည်း ၊ မိမိ အိမ်သူ အိမ်သားတို့ အတွက် မ စိုးရိမ်။ အိမ်သူ အိမ်သားအပေါင်း တို့သည် ကတ္တီပါနီ ကို ဝတ် ကြ၏။
Theluji ishukapo, hana hofu kwa ajili ya watu wa nyumbani mwake, kwa maana wote wamevikwa nguo za kutia joto.
22 ၂၂ ကိုယ် အဖို့ စောင် တို့ကို ရက် ၍၊ ပိတ်ချော နှင့် မောင်း သောအထည် ကို ဝတ်တတ်၏။
Hutengeneza mazulia ya urembo ya kufunika kitanda chake, yeye huvaa kitani safi na urujuani.
23 ၂၃ သူ ၏ခင်ပွန်း သည်လည်း မြို့တံခါး တို့၌ ပြည် သားအသက်ကြီး သူတို့နှင့် ထိုင် ၍ ၊ ထင်ရှား သောသူဖြစ် ရ၏။
Mume wake anaheshimiwa kwenye lango la mji, aketipo miongoni mwa wazee wa nchi.
24 ၂၄ ချော သောအထည်အလိပ်ကို ရက် ၍ ရောင်း တတ် ၏။ ခါးစည်း တို့ကိုလည်း ကုန်သည် ၌ ချ တတ်၏။
Hutengeneza mavazi ya kitani na kuyauza, naye huwauzia wafanyabiashara mishipi.
25 ၂၅ သူ လုပ်သောအထည် အလိပ်သည် ခိုင်ခံ့ ၍ ၊ လှ သောအဆင်းနှင့် ပြည့်စုံသဖြင့် ၊ သူသည်နောင် ကာလ ၌ ဝမ်းမြောက် လိမ့်မည်။
Amevikwa nguvu na heshima, anaweza kucheka bila kuwa na hofu kwa siku zijazo.
26 ၂၆ ပညာ စကားကို ပြော တတ်၍ ၊ မေတ္တာ တရား အားဖြင့် နှုတ်မြွတ် တတ်၏။
Huzungumza kwa hekima na mafundisho ya kuaminika yapo ulimini mwake.
27 ၂၇ အိမ်သူ အိမ်သား ပြုမူ သမျှတို့ကို ကြည့်ရှု တတ် ၏။ ပျင်းရိ ခြင်းအစာ ကို မ စား တတ်၊
Huangalia mambo ya nyumbani mwake wala hali chakula cha uvivu.
28 ၂၈ သူ ၏သားသမီး တို့သည်ထ ၍ ၊ အမိ ကို ကောင်းကြီး ပေးတတ်ကြ၏။ သူ ၏ခင်ပွန်း ကလည်း၊
Watoto wake huamka na kumwita aliyebarikiwa, mumewe pia humsifu, akisema:
29 ၂၉ လူမျိုးသမီး အများ တို့သည် ကောင်းမွန် စွာ ပြု ကြ ပြီ။ သို့ရာတွင် ၊ သင် သည် ထိုသူ အပေါင်း တို့ကို လွန်ကဲ ပြီ ဟု သူ့ကို ချီးမွမ်း တတ်၏။
“Wanawake wengi hufanya vitu vyenye sifa nzuri, lakini wewe umewapita wote.”
30 ၃၀ ယဉ်ကျေး သောအရာသည် လှည့်စား ခြင်းနှင့် ယှဉ်တတ်၏။ လှ သောအဆင်းသည်လည်း အချည်းနှီး ဖြစ် ၏။ ထာဝရဘုရား ကို ကြောက်ရွံ့ သော မိန်းမ မူကား၊ ချီးမွမ်း ခြင်းကိုခံရလိမ့်မည်။
Kujipamba ili kuvutia ni udanganyifu na uzuri unapita upesi, bali mwanamke anayemcha Bwana atasifiwa.
31 ၃၁ ထိုသို့သော မိန်းမ ကျင့် ရာ အကျိုး ကို ပေး လော့။ သူ ပြု သောအမှုသည် မြို့တံခါး တို့၌ သူ ၏အသရေ ကို ထင်ရှားစေသတည်း။
Mpe thawabu anayostahili, nazo kazi zake na zimletee sifa kwenye lango la mji.

< သုတ္တံကျမ်း 31 >