< သုတ္တံကျမ်း 30 >
1 ၁ ယာကေ သား အာဂုရ သည် ဣသေလ နှင့် ဥကလ ကို ဆုံးမသောတရားစကား ဟူမူကား၊
The words of Agur son of Jakeh—the utterance: This man declared to Ithiel, to Ithiel and Ucal:
2 ၂ အကယ် စင်စစ်ငါ သည် လူ မဟုတ်၊ တိရစ္ဆာန် ဖြစ်၏။ လူ ဉာဏ် နှင့် မ ပြည့်စုံ။
Surely I am more like an animal than any human and I do not have the understanding of a human being.
3 ၃ ပညာ တရားကို မ သင် ၊ သန့်ရှင်း သော အရာတို့ ကို မလေ့ကျက်။
I have not learned wisdom, nor do I have knowledge of the Holy One.
4 ၄ ကောင်းကင် ဘုံသို့ အဘယ်သူ တက် သနည်း။ အဘယ်သူ ဆင်း လာသနည်း။ အဘယ်သူ သည် လေ ကို မိမိ လက် နှင့် ဆုပ်ယူ သနည်း။ အဘယ်သူ သည် ရေ ကို အဝတ် နှင့် ထုပ် ထားသနည်း။ မြေကြီး စွန်း ရှိသမျှ တို့ကို အဘယ်သူ တည် စေသနည်း။ ထိုသို့ပြုသောသူ ၏ အမည် နှင့် သူ ၏သား အမည် ကား အဘယ်သို့ နည်း။ သင်ပြော နိုင်သလော။
Who has gone up to heaven and come down? Who has gathered up the wind in the hollow of his hands? Who has gathered up the waters in a cloak? Who has established all the ends of the earth? What is his name, and what is the name of his son? Surely you know!
5 ၅ ဘုရား သခင်၏ စကား တော်ရှိသမျှ သည် စင်ကြယ် ၏။ ခိုလှုံ သောသူအပေါင်းတို့၌ ဘုရား သခင်သည် အကွယ် အကာဖြစ်တော်မူ၏။
Every word of God is tested; he is a shield to those who take refuge in him.
6 ၆ စကား တော်၌ ထပ်၍ မ သွင်းနှင့်။ သို့ပြုလျှင် အပြစ်တင် တော်မူ၍ ၊ သင်သည် မုသာသုံးသောသူဖြစ် လိမ့်မည်။
Do not add to his words, or he will discipline you, and you will be proved to be a liar.
7 ၇ ကိုယ်တော် ထံမှာ ဆုနှစ်ပါး ကို အကျွန်ုပ်တောင်း ပါ၏။ အကျွန်ုပ်မ သေ မှီတိုင်အောင်ငြင်း တော်မ မူပါနှင့်။
Two things I ask of you, do not withhold them from me before I die:
8 ၈ အကျွန်ုပ် မှ အနတ္တ နှင့် မုသာ ကိုပယ် တော်မူပါ။ ဆင်းရဲ ခြင်း နှင့် ငွေ ရတတ်ခြင်းကိုပေး တော်မ မူပါနှင့်။ အသက်မွေးလောက်သောအစာ ကိုသာ ပေး တော်မူပါ။
Put vanity and lies far away from me. Give me neither poverty nor riches, just give me the food I need.
9 ၉ သို့မဟုတ် ၊ အကျွန်ုပ်သည် ကြွယ်ဝ ၍ ၊ ထာဝရဘုရား ကား၊ အဘယ်သူ နည်းဟုဆိုလျက်၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု စိုးရိမ်စရာရှိပါ၏။ သို့မဟုတ် ၊ ဆင်းရဲ ၍ သူ့ဥစ္စာကိုခိုး သဖြင့် ၊ အကျွန်ုပ် ၏ ဘုရား သခင်နာမတော် ကို မုသာ နှင့်ဆိုင်၍ မြွက်ဆို မည်ဟု စိုးရိမ်စရာ ရှိပါ၏။
For if I have too much, I might deny you and say, “Who is Yahweh?” Or if I become poor, I might steal and profane the name of my God.
10 ၁၀ ကျွန် ၏ အကျိုး ကိုဖျက်ခြင်းငှါ သူ ၏သခင် ကို မ ပြောနှင့်။ ပြောလျှင် ကျွန်သည် သင့် ကိုကျိန်ဆဲ ၍၊ သင်၌ အပြစ် ရောက်မည်ဟု စိုးရိမ်စရာရှိ၏။
Do not slander a slave before his master, or he will curse you and you will be held guilty.
11 ၁၁ အဘ ကိုကျိန်ဆဲ ၍ အမိ ကိုလည်း ကောင်းကြီး မ ပေးတတ်သောလူတမျိုး၊
There is a generation that curses their father and does not bless their mother.
12 ၁၂ ငါသည် စင်ကြယ် ၏ဟု မိမိ ကိုယ်ထင် သော်လည်း ၊ မိမိ အညစ် အကြေးမှ မ ဆေးကြော သေးသော လူတမျိုး၊
There is a generation that is pure in their own eyes, and yet they are not washed of their filth.
13 ၁၃ အလွန် စိတ် မြင့်၍ မော်ကြည့်တတ်သော လူ တမျိုး၊
There is a generation whose eyes are raised up, and how high are their eyelids lifted up!
14 ၁၄ ဆင်းရဲ သောသူတို့ကို မြေကြီး ပေါ်က ၎င်း၊ ငတ်မွတ် သောသူတို့ကို လူ စုထဲက ၎င်း၊ ကိုက်စား ပယ်ရှားစရာဘို့ သန်လျက် နှင့်တူသောသွား ၊ ထား နှင့်တူသော အံ နှင့် ပြည့်စုံသော လူတမျိုးရှိ၏။
There is a generation whose teeth are swords, and their jawbones are like knives, so they may devour the poor from the earth and the needy from among humanity.
15 ၁၅ မျှော့ ကောင်၌ ပေး ပါနှင့်ပေး ပါဟူသောသမီး နှစ် ကောင်ရှိ၏။ အလို ဆန္ဒမ ပြေနိုင်သော အရာသုံး ပါးမက၊ တန် တော့ဟု မ ဆို တတ်သော အရာလေး ပါးဟူမူကား၊
The leech has two daughters: “Give and give” they cry. There are three things that are never satisfied, four that never say, “Enough”:
16 ၁၆ သင်္ချိုင်း တပါး၊ မြုံ သောမိန်းမဝမ်း တပါး၊ ရေ မ ဝ နိုင်သောမြေ တပါး၊ တန် တော့ဟု မ ဆို တတ်သော မီး တပါးတည်း။ (Sheol )
Sheol; the barren womb; land that is never satisfied with water; and the fire that never says, “Enough!” (Sheol )
17 ၁၇ အဘ ကို ကျီစား သောသူ၊ အမိ စကားကိုနား မထောင်၊ မထီမဲ့မြင် ပြုသောသူ၏ မျက်စိ ကို ချိုင့် ၌ကျင်လည်သောကျီးအ တို့သည် နှိုက် ကြလိမ့်မည်။ ရွှေလင်းတ သငယ် တို့သည်လည်း စား ကြလိမ့်မည်။
The eye that mocks a father and scorns obedience to a mother, his eyes will be pecked out by the ravens of the valley, and he will be eaten by the vultures.
18 ၁၈ ငါ့ ဉာဏ် မမှီနိုင်သော အရာသုံး ပါးမက၊ ငါမသိ၊ နား မ လည်နိုင်သော အရာလေး ပါးဟူမူကား၊
There are three things that are too wonderful for me, four that I do not understand:
19 ၁၉ လေ ၌ ရွှေလင်းတ သွားရာလမ်း တပါး၊ ကျောက် ပေါ် မှာ မြွေ သွားရာလမ်း တပါး၊ ပင်လယ် အလယ် ၌ သင်္ဘော သွားရာလမ်း တပါး၊ အပျိုမ နှင့် ယောက်ျား သွား ရာလမ်း တပါးတည်း။
the way of an eagle in the sky; the way of a snake on a rock; the way of a ship in the heart of the sea; and the way of a man with a young woman.
20 ၂၀ မျောက်မထား သော မိန်းမ လမ်း လည်း ထို အတူ ဖြစ်၏။ အစာစား ပြီးမှ မိမိ ပစပ် ကိုသုတ် ၍ ၊ ဒုစရိုက် ကို ငါမ ပြု မိဟုဆို တတ်၏။
This is the way of an adulteress: she eats and she wipes her mouth and says, “I have done nothing wrong.”
21 ၂၁ မြေကြီး ကို မွှေနှောက် သောအရာသုံး ပါးမက၊ မြေကြီးမ ခံ နိုင် သော အရာလေး ပါးဟူမူကား၊
Under three things the earth trembles, and under four it cannot bear up:
22 ၂၂ မင်း ပြုသောကျွန် တပါး၊ ဝ စွာစားရသောလူမိုက် တပါး၊
a slave when he becomes king; a fool when he is filled with food;
23 ၂၃ လက်ထပ် သော မိန်းမဆိုး တပါး၊ သခင်မ ဥစ္စာ ကို အမွေ ခံရသောကျွန်မ တပါးတည်း။
a hated woman when she marries; and a maid when she takes the place of her mistress.
24 ၂၄ မြေကြီး ပေါ်မှာ သေး နုပ်သော်လည်း ၊ အထူးသဖြင့် ပညာ ရှိသော အရာလေး ပါးဟူမူကား၊
Four things on earth are small and yet they are very wise:
25 ၂၅ ခွန်အား မရှိသောအမျိုး ဖြစ်သော်လည်း ၊ နွေ ကာလ၌ မိမိ စားစရာ ကို ပြင်ဆင် တတ်သော ပရွက်ဆိတ် တပါး၊
the ants are creatures that are not strong, but they prepare their food in the summer;
26 ၂၆ မ သန်စွမ်းသော အမျိုး ဖြစ်သော်လည်း ၊ ကျောက် တွင်း၌ နေရာ ချ တတ်သော ရှာဖန် ယုန်တပါး၊
the rock badgers are not mighty creatures, but they make their homes in the rocks.
27 ၂၇ မင်း မ ရှိသော်လည်း၊ တပ်ဖွဲ့၍ အစဉ်အတိုင်းသွား တတ်သောကျိုင်း တပါး၊
Locusts have no king, but all of them march in rank.
28 ၂၈ လက် ဖြင့် ကိုင် ဆွဲ၍ ၊ နန်းတော် ၌ ပင် နေတတ် သော အိမ်မြှောင် တပါးတည်း။
As for the lizard, you can hold it in your two hands, yet they are found in kings' palaces.
29 ၂၉ ကောင်း စွာသွား တတ်သော အရာသုံး ပါးမက၊ အသွား လှ သော အရာလေး ပါးဟူမူကား၊
There are three things that are stately in their stride and four that are stately in how they walk:
30 ၃၀ တိရစ္ဆာန် တကာတို့ထက် ခွန်အားကြီး ၍၊ အဘယ် သူကိုမျှ မ ရှောင် တတ်သော ခြင်္သေ့ တပါး၊
a lion, strongest among wild animals— it does not turn away from anything;
31 ၃၁ စစ်မြင်းတပါး၊ ဆိတ်ထီး တပါး၊ အဘယ်သူမျှမဆီးတားနိုင်သော ရှင်ဘုရင် တပါးတည်း။
a strutting rooster; a goat; and a king whose soldiers are beside him.
32 ၃၂ သင်သည် ကိုယ်ကိုချီးမြှောက် ၍ မိုက်သောအမှု ကို ပြု မိသော် ၎င်း၊ မကောင်းသော အကြံကိုကြံ မိ သော် ၎င်း၊ သင်၏နှုတ် ကို လက် နှင့်ပိတ်ထားလော့။
If you have been foolish, exalting yourself, or if you have been devising evil— put your hand over your mouth.
33 ၃၃ အကယ် စင်စစ်နို့ ကိုမွှေ လျှင် ထောပတ် ထွက် တတ်၏။ နှာခေါင်း ကိုဆွဲလိမ် လျှင် အသွေး ထွက် တတ်၏။ ထိုနည်းတူ ၊ ဒေါသ ကိုနှိုးဆော် လျှင် ခိုက်ရန် ထွက် တတ်၏။
As churning milk makes butter and as one's nose will produce blood if it is twisted, so deeds done in anger produce conflict.