< သုတ္တံကျမ်း 3 >
1 ၁ ငါ့ သား ၊ ငါ ပေးသောတရား ကို မ မေ့ နှင့်။ ငါ့ ပညတ် တို့ကို သင် ၏နှလုံး စောင့်ရှောက် ပါစေ။
My son, forget not my teaching, and let thy heart observe my commandments;
2 ၂ အကြောင်း မူကား၊ ပညတ်တရားသည် အသက်တာ ရှည် သော ကာလ နှစ်ပေါင်းများကို၎င်း၊ ငြိမ်ဝပ် ခြင်းကို၎င်း တိုးပွါး စေလိမ့်မည်။
for length of days, and years of life, and peace shall they add to thee.
3 ၃ ကရုဏာ တရားနှင့် သစ္စာ တရားကို သင် နှင့် မ ကွာ စေနှင့်။ ထို တရားတို့ကို သင် ၏လည်ပင်း ၌ ဆွဲ ထား လော့။ နှလုံး အင်း စာရင်း၌ ရေး သွင်းလော့။
Let not loving-kindness and truth forsake thee; bind them about thy neck, write them upon the tablet of thy heart:
4 ၄ ထိုသို့ ပြုလျှင် ဘုရား သခင်ရှေ့ လူ တို့ရှေ့မှာ မျက်နှာ ရ၍ ၊ ကျေးဇူး ကိုခံရ လိမ့်မည်။
and thou shalt find favour and good understanding in the sight of God and man.
5 ၅ ထာဝရဘုရား ကို စိတ် နှလုံးအကြွင်းမဲ့ ကိုးစား လော့။ ကိုယ် ဉာဏ် ကို အမှီ မ ပြုနှင့်။
Confide in Jehovah with all thy heart, and lean not unto thine own intelligence;
6 ၆ သွား လေရာရာ၌ ထာဝရ ဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင် ၊ သင် ၏လမ်းခရီး တို့ကို ပဲ့ပြင် တော်မူ မည်။
in all thy ways acknowledge him, and he will make plain thy paths.
7 ၇ ငါသည်ပညာ ရှိ၏ဟု ကိုယ် ကို မ ထင် နှင့်။ ထာဝရဘုရား ကို ကြောက်ရွံ့ ၍ ဒုစရိုက် ကို ရှောင် လော့။
Be not wise in thine own eyes; fear Jehovah, and depart from evil:
8 ၈ သို့ပြုလျှင်၊ သင် ၏အကြော တို့သည် အားသန် ၍ ၊ အရိုး တို့သည် ခြင်ဆီ နှင့် ပြည့်စုံ ကြလိမ့်မည်။
it shall be health for thy navel, and moisture for thy bones.
9 ၉ သင် သည်ကိုယ် ဥစ္စာ နှင့် အဦး သီးသော အသီးအနှံ ရှိသမျှ ကို ထာဝရ ဘုရားအား ပူဇော် လော့။
Honour Jehovah with thy substance, and with the first-fruits of all thine increase;
10 ၁၀ သို့ပြုလျှင် ၊ သင် ၏စပါးကျီ တို့သည် ကြွယ်ဝ ၍၊ စပျစ်သီး နယ်ရာ တန်ဆာတို့ကို အသစ်သော စပျစ်ရည် လျှံ လိမ့်မည်။
so shall thy barns be filled with plenty, and thy vats shall overflow with new wine.
11 ၁၁ ငါ့ သား ၊ ထာဝရဘုရား ဆုံးမ တော်မူခြင်းကို မ မှတ်ဘဲမနေနှင့်။ သင် ၏အပြစ် ကို စစ်ဆေးတော်မူသောအခါ စိတ် မ ပျက်စေနှင့်။
My son, despise not the instruction of Jehovah, neither be weary of his chastisement;
12 ၁၂ ထာဝရဘုရား သည် ချစ် တော်မူသောသူ ကို ဆုံးမ တော်မူတတ်၏။ နှစ်သက် တော်မူသောသား ကို ဒဏ်ခတ်တော်မူတတ်၏။
for whom Jehovah loveth he chasteneth, even as a father the son in whom he delighteth.
13 ၁၃ ဉာဏ် ပညာကို ရှာ ၍ရသောသူ သည် မင်္ဂလာ ရှိ ၏။
Blessed is the man that findeth wisdom, and the man that getteth understanding.
14 ၁၄ အကြောင်း မူကား၊ ပညာ ကုန်သွယ် ခြင်းသည် ငွေ ကုန်သွယ် ခြင်းထက် သာ၍ကောင်း ၏။ ပညာကုန်သွယ်၍ ရသောအမြတ် လည်း ရွှေစင် ထက် သာ၍ကောင်း၏။
For the gain thereof is better than the gain of silver, and her revenue than fine gold.
15 ၁၅ ပညာသည် ပတ္တမြား ထက် သာ၍အဘိုး ထိုက်ပေ၏။ နှစ်သက် ဘွယ်သမျှ သောအရာတို့သည် ထို ရတနာကို မ ပြိုင် နိုင်ကြ။
She is more precious than rubies; and all the things thou canst desire are not equal unto her.
16 ၁၆ သူ ၏လက်ျာ လက်၌ အသက်တာ ရှည် သောကာလ၊ လက်ဝဲ လက်၌ စည်းစိမ် နှင့် ဂုဏ် အသရေရှိ၏။
Length of days is in her right hand; in her left hand riches and honour.
17 ၁၇ ပညာ လမ်း တို့သည် သာယာ သောလမ်း ၊ ပညာ လမ်း ခရီးရှိသမျှ တို့သည် ငြိမ်ဝပ် လျက်ရှိကြ၏။
Her ways are ways of pleasantness, and all her paths are peace.
18 ၁၈ ပညာ ကို ကိုင်ဆွဲ သောသူသည်အသက် ပင် ကို ရပြီ။ လက် မလွှတ်သောသူသည် မင်္ဂလာ ရှိ၏။
She is a tree of life to them that lay hold upon her; and happy is he that retaineth her.
19 ၁၉ ထာဝရဘုရား သည် ပညာ တော်အားဖြင့် မြေကြီး ကိုတည် ၍၊ ဉာဏ် တော်အားဖြင့် မိုဃ်းကောင်းကင် ကို ပြင်ဆင် တော်မူပြီ။
Jehovah by wisdom founded the earth; by understanding he established the heavens.
20 ၂၀ သိပ္ပံ အတတ်တော်အားဖြင့် နက်နဲ သောအရပ် အက်ကွဲ ၍ ၊ မိုဃ်းတိမ် မှလည်း နှင်း ရည်ကျ တတ်၏။
By his knowledge the deeps were broken up, and the skies drop down the dew.
21 ၂၁ ငါ့ သား ၊ ပညာ ရတနာနှင့် သမ္မာ သတိကို သင့် မျက်မှောက် မှ မ ကွာ စေဘဲ၊ အစဉ်စောင့်ရှောက် လော့။
My son, let them not depart from thine eyes; keep sound wisdom and discretion:
22 ၂၂ သို့ပြုလျှင် ၊ ထိုရတနာတို့သည် သင် ၏ဝိညာဉ် ၌ အသက် ၊ သင် ၏လည်ပင်း ၌ ဂုဏ် အသရေဖြစ် လိမ့်မည်။
so shall they be life unto thy soul, and grace unto thy neck.
23 ၂၃ သင် သည်ခရီး သွားရာ၌ ဘေး မရှိ။ ခြေ မ တိုက်မိ ဘဲ သွား လိမ့်မည်။
Then shalt thou walk in thy way securely, and thy foot shall not stumble;
24 ၂၄ အိပ် သောအခါ ကြောက် စရာမ ရှိရ။ ကောင်းမွန် စွာ အိပ်ပျော် ရလိမ့်မည်။
when thou liest down, thou shalt not be afraid, but thou shalt lie down and thy sleep shall be sweet.
25 ၂၅ လျင်မြန် သောဘေး နှင့် လူဆိုး တွေ့ တတ်သော ပျက်စီး ရာ ဘေးကို ကြောက် စရာမ ရှိရ။
Be not afraid of sudden fear, neither of the destruction of the wicked, when it cometh;
26 ၂၆ အကြောင်း မူကား၊ ထာဝရဘုရား သည် သင် ယုံကြည် ကိုးစားရာ ဖြစ် ၍ ၊ သင် ၏ခြေ ကိုမ ကျော့မိစေခြင်းငှါစောင့်မ တော်မူလိမ့်မည်။
for Jehovah shall be thy confidence, and he will keep thy foot from being taken.
27 ၂၇ ကျေးဇူးကိုခံသင့်သောသူတို့ အား ကျေးဇူးပြုရ သော အခွင့်ရှိလျှင် မပြုဘဲမနေနှင့်။
Withhold not good from them to whom it is due, when it is in the power of thy hand to do it.
28 ၂၈ အိမ်နီးချင်း ကိုပေးစရာရှိ လျက် ပင်၊ သွား တော့။ တဖန် လာ ဦးတော့။ နက်ဖြန် မှ ငါပေး မည်ဟု မ ပြော နှင့်။
Say not unto thy neighbour, Go, and come again, and to-morrow I will give, when thou hast it by thee.
29 ၂၉ စိုးရိမ် ခြင်းမရှိဘဲ သင့် အနား မှာနေ သောအိမ်နီးချင်း ၌ မ ကောင်းသော အကြံကိုမ ကြံ နှင့်။
Devise not evil against thy neighbour, seeing he dwelleth securely by thee.
30 ၃၀ သင် ၌ အပြစ် မ ပြု သောသူကို အကြောင်း မရှိဘဲ ရန် မ တွေ့နှင့်။
Strive not with a man without cause, if he have done thee no harm.
31 ၃၁ ညှဉ်းဆဲ တတ်သောသူ ၏ စည်းစိမ်ကိုမ တောင့်တ နှင့်။ သူ လိုက်သော လမ်း တစုံတခု ကိုမျှ အလို မ ရှိနှင့်။
Envy not the man of violence, and choose none of his ways.
32 ၃၂ အကြောင်း မူကား၊ ထာဝရဘုရား သည် သဘော ကောက်သောသူတို့ ကို စက်ဆုပ် ရွံ့ရှာတော်မူ၏။ ဖြောင့်မတ် သောသူတို့မူကား ၊ ကိုယ်တော် နှင့် မိဿဟာယ ဖွဲ့ရ သောအခွင့်ရှိကြ၏။
For the perverse is an abomination to Jehovah; but his secret is with the upright.
33 ၃၃ မ တရားသောသူ၏ နေရာ သည်ထာဝရဘုရား ကျိန် တော်မူခြင်းကို တွေ့တတ်၏။ တရား သောသူ၏ နေရာ ကို ကား ကောင်းကြီး ပေးတော်မူ၏။
The curse of Jehovah is in the house of the wicked; but he blesseth the habitation of the righteous.
34 ၃၄ အကယ် စင်စစ်ကဲ့ရဲ့ တတ်သောသူတို့ကို ကဲ့ရဲ့ တော်မူ၏။ စိတ် နှိမ့်ချသောသူတို့ အား ကား ၊ ကျေးဇူး ပြု တော်မူ၏။
He indeed scorneth the scorners; but he giveth grace unto the lowly.
35 ၃၅ ပညာ ရှိသောသူတို့သည် ဘုန်း အသရေကို အမွေ ခံရ၍ ၊ မိုက် သောသူတို့မူကား၊ အရှက် ကွဲခြင်းကို ထမ်း သွားရကြလိမ့်မည်။
The wise shall inherit glory; but shame shall be the promotion of the foolish.