< သုတ္တံကျမ်း 29 >
1 ၁ အထပ်ထပ်ဆုံးမ ခြင်းကိုခံ သော်လည်း၊ မိမိ လည်ပင်း ကို ခိုင်မာ စေသောသူ သည် ကိုးကွယ် ရာမ ရ၊ ရုတ်တရက် ပျက်စီး လိမ့်မည်။
၁အထပ်ထပ်ဆုံးမခြင်းကို ခံသော်လည်း၊ မိမိ လည်ပင်းကို ခိုင်မာစေသောသူသည် ကိုးကွယ်ရာမရ၊ ရုတ်တရက် ပျက်စီးလိမ့်မည်။
2 ၂ ဖြောင့်မတ် သောသူတို့သည် အခွင့် ရသောအခါ ၊ ပြည်သူ ပြည်သားတို့သည် ဝမ်းမြောက် တတ်ကြ၏။ မ တရားသောသူတို့သည် အုပ်စိုး သောအခါ မူကား ၊ ပြည်သူ ပြည်သားတို့သည် ဝမ်းနည်း တတ်ကြ၏။
၂ဖြောင့်မတ်သောသူတို့သည် အခွင့်ရသော အခါ၊ ပြည်သူပြည်သားတို့သည် ဝမ်းမြောက်တတ်ကြ၏။ မတရားသောသူတို့သည် အုပ်စိုးသောအခါမူကား၊ ပြည်သူပြည်သားတို့သည် ဝမ်းနည်းတတ်ကြ၏။
3 ၃ ပညာ တရားကို နှစ်သက် သောသူ သည် မိမိ အဘ ကို ဝမ်းမြောက် စေ၏။ ပြည်တန်ဆာ တို့နှင့် ပေါင်းဘော် သောသူမူကား ၊ ဥစ္စာ ပြုန်းတီး တတ်၏။
၃ပညာတရားကို နှစ်သက်သောသူသည် မိမိ အဘကို ဝမ်းမြောက်စေ၏။ ပြည်တန်ဆာတို့နှင့် ပေါင်း ဘော်သောသူမူကား၊ ဥစ္စာပြုန်းတီးတတ်၏။
4 ၄ တရား သဖြင့် စီရင်သောရှင် ဘုရင်သည် တိုင်းပြည် ကို တည် စေတတ်၏။ တံစိုး စားသော ရှင် ဘုရင်မူကား ၊ တိုင်းပြည် ကို မှောက်လှန် တတ်၏။
၄တရားသဖြင့် စီရင်သောရှင်ဘုရင်သည် တိုင်း ပြည်ကို တည်စေတတ်၏။ တံစိုးစားသော ရှင်ဘုရင် မူကား၊ တိုင်းပြည်ကို မှောက်လှန်တတ်၏။
5 ၅ အိမ်နီးချင်း ကို ချော့မော့ သောသူ သည် အိမ်နီးချင်း သွား ရာလမ်း၌ ကွန်ရွက် ကို ဖြန့် ထား၏။
၅အိမ်နီးချင်းကို ချော့မော့သော သူသည် အိမ်နီး ချင်းသွားရာလမ်း၌ ကွန်ရွက်ကို ဖြန့်ထား၏။
6 ၆ အဓမ္မ လူ ပြစ်မှား ရာ၌ ကျော့ကွင်း ထောင်လျက် ရှိ၏။ ဖြောင့်မတ် သောသူမူကား ၊ ရွှင်လန်း စွာ သီချင်း ဆိုတတ်၏။
၆အဓမ္မလူပြစ်မှားရာ၌ ကျော့ကွင်းထောင်လျက် ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ ရွှင်လန်းစွာ သီချင်း ဆိုတတ်၏။
7 ၇ ဖြောင့်မတ် သောသူသည် ဆင်းရဲသား အမှု ကို ဆင်ခြင် တတ်၏။ မ တရားသောသူမူကား၊ ထိုအမှုကို ပမာဏ မပြုတတ်။
၇ဖြောင့်မတ်သော သူသည် ဆင်းရဲသားအမှုကို ဆင်ခြင်တတ်၏။ မတရားသောသူမူကား၊ ထိုအမှုကို ပမာဏမပြုတတ်။
8 ၈ မထီမဲ့မြင် ပြုသောသူ တို့ သည် မြို့ ကို မီးရှို့ တတ် ၏။ ပညာရှိ သောသူတို့ မူကား ၊ ဒေါသအမျက် ကို လွှဲ တတ် ၏။
၈မထီမဲ့မြင်ပြုသော သူတို့သည် မြို့ကို မီးရှို့တတ် ၏။ ပညာရှိသော သူတို့မူကား၊ ဒေါသအမျက်ကို လွှဲတတ် ၏။
9 ၉ ပညာရှိ သောသူ သည် မိုက် သောသူ နှင့် အမှု တွေ့လျှင် ၊ စိတ်ဆိုး သည်ဖြစ်စေ ၊ ပြုံးရယ် သည်ဖြစ်စေ ၊ အားရ စရာအကြောင်းမ ရှိ။
၉ပညာရှိသောသူသည် မိုက်သောသူနှင့် အမှု တွေ့လျှင်၊ စိတ်ဆိုးသည်ဖြစ်စေ၊ ပြုံးရယ်သည်ဖြစ်စေ၊ အားရစရာအကြောင်းမရှိ။
10 ၁၀ လူ အသက်ကိုသတ် တတ်သောသူတို့သည် စုံလင် သောသူကို မုန်း တတ်ကြ၏။ ဖြောင့်မတ် သောသူတို့ မူကား ၊ သူတပါး အသက် ကို စောင့်မ တတ်ကြ၏။
၁၀လူအသက်ကို သတ်တတ်သောသူတို့သည် စုံလင်သောသူကို မုန်းတတ်ကြ၏။ ဖြောင့်မတ်သော သူတို့မူကား၊ သူတပါးအသက်ကို စောင့်မတတ်ကြ၏။
11 ၁၁ မိုက် သောသူသည် မိမိ ကြံစည် သမျှ ကို ဘော်ပြ တတ်၏။ ပညာ ရှိသောသူမူကား ၊ အဆင် မသင့်မှီ ထိမ်ဝှက် တတ်၏။
၁၁မိုက်သောသူသည် မိမိကြံစည်သမျှကို ဘော်ပြ တတ်၏။ပညာရှိသောသူမူကား၊ အဆင်မသင့်မှီ ထိမ်ဝှက် တတ်၏။
12 ၁၂ မင်း သည်မုသာ စကား ကို နားထောင် လျှင်၊ ကျွန် အပေါင်း တို့သည် လူဆိုး ဖြစ်ကြလိမ့်မည်။
၁၂မင်းသည်မုသာစကားကို နားထောင်လျှင်၊ ကျွန် အပေါင်းတို့သည် လူဆိုးဖြစ်ကြလိမ့်မည်။
13 ၁၃ ဆင်းရဲ သောသူနှင့် ညှဉ်းဆဲ သောသူ တို့သည် တွေ့ကြုံ ကြပြီ။ ထာဝရဘုရား သည် ထို နှစ်ဦး တို့အား အလင်း ကိုပေး သနားတော်မူ၏။
၁၃ဆင်းရဲသောသူနှင့် ညှဉ်းဆဲသောသူတို့သည် တွေ့ကြုံကြပြီ။ ထာဝရဘုရားသည် ထိုနှစ်ဦးတို့အား အလင်းကို ပေးသနားတော်မူ၏။
14 ၁၄ ဆင်းရဲသား တို့ကို တရား သဖြင့် စီရင် သော ရှင်ဘုရင် ၏အာဏာ တော်သည် အစဉ်အမြဲ တည် တတ်၏။
၁၄ဆင်းရဲသားတို့ကို တရားသဖြင့် စီရင်သော ရှင် ဘုရင်၏အာဏာတော်သည် အစဉ်အမြဲတည်တတ်၏။
15 ၁၅ ကြိမ်လုံး နှင့်ရိုက်ခြင်း၊ နှုတ်နှင့်ဆုံးမ ခြင်းအားဖြင့် ပညာ တိုးပွါး တတ်၏။ တတ် တိုင်းနေစေသော သူငယ် သည် အမိ ကို အရှက်ခွဲ တတ်၏။
၁၅ကြိမ်လုံးနှင့်ရိုက်ခြင်း၊ နှုတ်နှင့်ဆုံးမခြင်းအားဖြင့် ပညာတိုးပွါးတတ်၏။ တတ်တိုင်းနေစေသော သူငယ်သည် အမိကို အရှက်ခွဲတတ်၏။
16 ၁၆ မ တရားသောသူတို့သည် များပြား သောအခါ ၊ လွန်ကျူး ခြင်းအပြစ်တိုးပွား တတ်၏။ သို့ရာတွင် ၊ သူ တို့ ပျက်စီး ခြင်းကို ဖြောင့်မတ် သောသူတို့သည် မြင် ရကြ၏။
၁၆မတရားသောသူတို့သည် များပြားသောအခါ၊ လွန်ကျူးခြင်းအပြစ်တိုးပွားတတ်၏။ သို့ရာတွင်၊ သူတို့ ပျက်စီးခြင်းကို ဖြောင့်မတ်သောသူတို့သည် မြင်ရကြ၏။
17 ၁၇ သင် ၏သား ကို ဆုံးမ လော့။ သို့ပြုလျှင် သူသည် သင့် ကို ချမ်းသာ ပေးမည်။ ထိုမျှ မက စိတ် ရွှင်လန်း စရာ အခွင့်ကို ပေး မည်။
၁၇သင်၏သားကို ဆုံးမလော့။ သို့ပြုလျှင် သူသည် သင့်ကို ချမ်းသာပေးမည်။ ထိုမျှမက စိတ်ရွှင်လန်းစရာ အခွင့်ကို ပေးမည်။
18 ၁၈ ဗျာဒိတ် တော်မ ရှိလျှင် ၊ လူ တို့သည် အကျိုးနည်း ဖြစ်ကြ၏။ တရား တော်ကို စောင့် သောသူမူကား မင်္ဂလာ ရှိ ၏။
၁၈ဗျာဒိတ်တော်မရှိလျှင်၊ လူတို့သည် အကျိုးနည်း ဖြစ်ကြ၏။ တရားတော်ကို စောင့်သောသူမူကား မင်္ဂလာ ရှိ၏။
19 ၁၉ စကား အားဖြင့် သာ ကျွန် ကို ဆုံးမ ၍ မ နိုင်ရာ။ သူသည်နားလည် သော်လည်း ၊ နား မ ထောင်ဘဲ နေလိမ့်မည်။
၁၉စကားအားဖြင့်သာ ကျွန်ကို ဆုံးမ၍ မနိုင်ရာ။ သူသည် နားလည်သော်လည်း၊ နားမထောင်ဘဲ နေလိမ့် မည်။
20 ၂၀ သတိ မရှိဘဲစကား များသော သူရှိ လျှင်၊ ထိုသူ ၌ မြော်လင့် စရာအခွင့်ရှိသည်ထက်၊ မိုက် သောသူ၌ သာ၍ မြော်လင့်စရာ အခွင့်ရှိ၏။
၂၀သတိမရှိဘဲစကားများသော သူရှိလျှင်၊ ထိုသူ၌ မြော်လင့် စရာအခွင့်ရှိသည်ထက်၊ မိုက်သောသူ၌သာ၍ မြော်လင့်စရာ အခွင့်ရှိ၏။
21 ၂၁ ကျွန် သည်ငယ် သော အရွယ်မှစ၍ ပျော်ပါး အောင် ကျွေးမွေးခြင်းကိုခံရလျှင် ၊ နောက်ဆုံး ၌ သား အရာကို ရ လိမ့်မည်။
၂၁ကျွန်သည်ငယ်သော အရွယ်မှစ၍ ပျော်ပါး အောင် ကျွေးမွေးခြင်းကိုခံရလျှင်၊ နောက်ဆုံး၌ သား အရာကို ရလိမ့်မည်။
22 ၂၂ စိတ်ဆိုး တတ်သောသူ သည် ခိုက်ရန် မှုကို နှိုးဆော် တတ်၏။ ပြင်းထန် သောသူ သည်လည်း ၊ အလွန်အကျူး များ တတ်၏။
၂၂စိတ်ဆိုးတတ်သောသူသည် ခိုက်ရန်မှုကို နှိုးဆော် တတ်၏။ ပြင်းထန်သောသူသည်လည်း၊ အလွန်အကျူး များတတ်၏။
23 ၂၃ မိမိ မာန သည် မိမိ ကိုနှိမ့်ချ လိမ့်မည်။ စိတ် နှိမ့်ချ သောသူမူကား ၊ ဂုဏ် အသရေကိုရ လိမ့်မည်။
၂၃မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချ သောသူမူကား၊ ဂုဏ်အသရေကိုရလိမ့်မည်။
24 ၂၄ သူခိုး ကို လက်ခံ သောသူသည် မိမိ အသက် ကိုမုန်း တတ်၏။ ကျိန်ဆို ခြင်းကိုပြု သော်လည်း ၊ အမှုကိုမ ဘော် မပြတတ်။
၂၄သူခိုးကိုလက်ခံသောသူသည် မိမိအသက်ကိုမုန်း တတ်၏။ ကျိန်ဆိုခြင်းကိုပြုသော်လည်း၊ အမှုကိုမဘော် မပြတတ်။
25 ၂၅ လူ ကိုကြောက်ရွံ့ ခြင်း သဘောသည် ကျော့ကွင်း ကို ထောင် တတ်၏။ ထာဝရဘုရား ကို ခိုလှုံ သောသူမူကား လုံခြုံလိမ့်မည်။
၂၅လူကိုကြောက်ရွံ့ခြင်း သဘောသည် ကျော့ကွင်း ကို ထောင်တတ်၏။ ထာဝရဘုရားကို ခိုလှုံသောသူမူ ကား လုံခြုံလိမ့်မည်။
26 ၂၆ မင်း ပြုသောကျေးဇူး ကိုများ သောသူတို့သည် ကြိုးစား၍ ရှာ တတ်ကြ၏။ သို့ရာတွင် ခပ်သိမ်းသောသူတို့ ၏အမှုကို ထာဝရဘုရား စီရင် တော်မူ၏။
၂၆မင်းပြုသော ကျေးဇူးကိုများသောသူတို့သည် ကြိုးစား၍ ရှာတတ်ကြ၏။ သို့ရာတွင် ခပ်သိမ်းသောသူ တို့၏အမှုကို ထာဝရဘုရားစီရင်တော်မူ၏။
27 ၂၇ တရား သောသူသည် မ တရားသောသူ ကို၎င်း၊ မ တရားသောသူသည်တရား သဖြင့် ကျင့် သောသူကို၎င်း၊ စက်ဆုပ် ရွံရှာတတ်၏။
၂၇တရားသောသူသည် မတရားသောသူကို၎င်း၊ မတရားသောသူသည်တရားသဖြင့် ကျင့်သောသူကို၎င်း၊ စက်ဆုပ်ရွံရှာ တတ်၏။