< သုတ္တံကျမ်း 29 >

1 အထပ်ထပ်ဆုံးမ ခြင်းကိုခံ သော်လည်း၊ မိမိ လည်ပင်း ကို ခိုင်မာ စေသောသူ သည် ကိုးကွယ် ရာမ ရ၊ ရုတ်တရက် ပျက်စီး လိမ့်မည်။
O KE kanaka i ao pinepine ia a hoopaakiki hoi i kona a-i, E make koke no ia, aole mea e ola'i.
2 ဖြောင့်မတ် သောသူတို့သည် အခွင့် ရသောအခါ ၊ ပြည်သူ ပြည်သားတို့သည် ဝမ်းမြောက် တတ်ကြ၏။ မ တရားသောသူတို့သည် အုပ်စိုး သောအခါ မူကား ၊ ပြည်သူ ပြည်သားတို့သည် ဝမ်းနည်း တတ်ကြ၏။
I ka lehulehu ana e ka poe pono, hauoli na kanaka; A i ke alii ana o ka mea hewa, ulono ae la na kanaka.
3 ပညာ တရားကို နှစ်သက် သောသူ သည် မိမိ အဘ ကို ဝမ်းမြောက် စေ၏။ ပြည်တန်ဆာ တို့နှင့် ပေါင်းဘော် သောသူမူကား ၊ ဥစ္စာ ပြုန်းတီး တတ်၏။
O ke kanaka e ake ana i ka naauao, hoohauoli oia i kona makuakane; O ka mea launa aku me na wahine hookamakama, hokai wale aku oia i kana waiwai.
4 တရား သဖြင့် စီရင်သောရှင် ဘုရင်သည် တိုင်းပြည် ကို တည် စေတတ်၏။ တံစိုး စားသော ရှင် ဘုရင်မူကား ၊ တိုင်းပြည် ကို မှောက်လှန် တတ်၏။
Ma ka hoopono, e hooku paa ai ke alii i ka aina; O ka mea lawe i na makana, oia ke hoohiolo iho.
5 အိမ်နီးချင်း ကို ချော့မော့ သောသူ သည် အိမ်နီးချင်း သွား ရာလမ်း၌ ကွန်ရွက် ကို ဖြန့် ထား၏။
O ke kanaka malimali aku i kona hoanoho, Oia ka i hohola i ka hei no kona mau wawae.
6 အဓမ္မ လူ ပြစ်မှား ရာ၌ ကျော့ကွင်း ထောင်လျက် ရှိ၏။ ဖြောင့်မတ် သောသူမူကား ၊ ရွှင်လန်း စွာ သီချင်း ဆိုတတ်၏။
Puniheiia ke kanaka hewa ma kona hewa iho; Hauoli no ka mea pono me ka olioli.
7 ဖြောင့်မတ် သောသူသည် ဆင်းရဲသား အမှု ကို ဆင်ခြင် တတ်၏။ မ တရားသောသူမူကား၊ ထိုအမှုကို ပမာဏ မပြုတတ်။
Ike aku no ka mea pono i ka pilikia o ka poe ilihune; A o ka mea hewa, aole ona manao e ike aku.
8 မထီမဲ့မြင် ပြုသောသူ တို့ သည် မြို့ ကို မီးရှို့ တတ် ၏။ ပညာရှိ သောသူတို့ မူကား ၊ ဒေါသအမျက် ကို လွှဲ တတ် ၏။
O ka poe hoowahawaha, hoohihia lakou i ke kulanakauhale; O ka poe naauao, pale ae lakou i ka huhu.
9 ပညာရှိ သောသူ သည် မိုက် သောသူ နှင့် အမှု တွေ့လျှင် ၊ စိတ်ဆိုး သည်ဖြစ်စေ ၊ ပြုံးရယ် သည်ဖြစ်စေ ၊ အားရ စရာအကြောင်းမ ရှိ။
Ina e hoopaapaa ke kanaka naauao, me ke kanaka hewa, He huhu paha kona, he akaaka paha, aohe oluolu iki.
10 ၁၀ လူ အသက်ကိုသတ် တတ်သောသူတို့သည် စုံလင် သောသူကို မုန်း တတ်ကြ၏။ ဖြောင့်မတ် သောသူတို့ မူကား ၊ သူတပါး အသက် ကို စောင့်မ တတ်ကြ၏။
O ka poe punikoko, inaina aku lakou i ka mea pololei; Imi hoi ka poe hoopono i ke ola nona.
11 ၁၁ မိုက် သောသူသည် မိမိ ကြံစည် သမျှ ကို ဘော်ပြ တတ်၏။ ပညာ ရှိသောသူမူကား ၊ အဆင် မသင့်မှီ ထိမ်ဝှက် တတ်၏။
Hoopuka mai ka mea naaupo i kona manao a pau; Noho malie hoi ka mea naauao a mahope aku.
12 ၁၂ မင်း သည်မုသာ စကား ကို နားထောင် လျှင်၊ ကျွန် အပေါင်း တို့သည် လူဆိုး ဖြစ်ကြလိမ့်မည်။
Ina e haliu ae ke alii i ka olelo wahahee, Pau loa kana poe kauwa i ka hana hewa.
13 ၁၃ ဆင်းရဲ သောသူနှင့် ညှဉ်းဆဲ သောသူ တို့သည် တွေ့ကြုံ ကြပြီ။ ထာဝရဘုရား သည် ထို နှစ်ဦး တို့အား အလင်း ကိုပေး သနားတော်မူ၏။
O ka mea ilihune, a o ke kanaka hookaumaha e halawai pu laua; Na Iehova e hoomalamalama i na maka o laua a elua.
14 ၁၄ ဆင်းရဲသား တို့ကို တရား သဖြင့် စီရင် သော ရှင်ဘုရင် ၏အာဏာ တော်သည် အစဉ်အမြဲ တည် တတ်၏။
O ke alii e hooponopono ana i ka poe ilihune ma ka oiaio, E paa mau loa no kona nohoalii.
15 ၁၅ ကြိမ်လုံး နှင့်ရိုက်ခြင်း၊ နှုတ်နှင့်ဆုံးမ ခြင်းအားဖြင့် ပညာ တိုးပွါး တတ်၏။ တတ် တိုင်းနေစေသော သူငယ် သည် အမိ ကို အရှက်ခွဲ တတ်၏။
O ka laau hahau, a me ke aoia mai, haawi no i ka naauao; A o ko keiki waiho wale ia, oia ke hoohilahila i kona makuwahine.
16 ၁၆ မ တရားသောသူတို့သည် များပြား သောအခါ ၊ လွန်ကျူး ခြင်းအပြစ်တိုးပွား တတ်၏။ သို့ရာတွင် ၊ သူ တို့ ပျက်စီး ခြင်းကို ဖြောင့်မတ် သောသူတို့သည် မြင် ရကြ၏။
I ka mahuahua ana o ka poe howa, mahuahua no ke kolohe; E ike hoi ka poe pono i ko lakau haule ana.
17 ၁၇ သင် ၏သား ကို ဆုံးမ လော့။ သို့ပြုလျှင် သူသည် သင့် ကို ချမ်းသာ ပေးမည်။ ထိုမျှ မက စိတ် ရွှင်လန်း စရာ အခွင့်ကို ပေး မည်။
E haua i kau keiki, a nana oe e hoomaha mai; E lilo no ia i mea e olioli ai kou uhane.
18 ၁၈ ဗျာဒိတ် တော်မ ရှိလျှင် ၊ လူ တို့သည် အကျိုးနည်း ဖြစ်ကြ၏။ တရား တော်ကို စောင့် သောသူမူကား မင်္ဂလာ ရှိ ၏။
I ole ke aoia mai, hele hewa na kanaka; A o ka mea malama i ke kanawai, pomaikai oia.
19 ၁၉ စကား အားဖြင့် သာ ကျွန် ကို ဆုံးမ ၍ မ နိုင်ရာ။ သူသည်နားလည် သော်လည်း ၊ နား မ ထောင်ဘဲ နေလိမ့်မည်။
Ma ka olelo wale ana, aole e aoia mai ke kauwa; No ka mea ina paha i ike, aole ia e pane mai,
20 ၂၀ သတိ မရှိဘဲစကား များသော သူရှိ လျှင်၊ ထိုသူ ၌ မြော်လင့် စရာအခွင့်ရှိသည်ထက်၊ မိုက် သောသူ၌ သာ၍ မြော်လင့်စရာ အခွင့်ရှိ၏။
Ua ike anei oe i ke kanaka wikiwiki i ka olelo? Ua lana ka manao no ka mea naaupo aole nona.
21 ၂၁ ကျွန် သည်ငယ် သော အရွယ်မှစ၍ ပျော်ပါး အောင် ကျွေးမွေးခြင်းကိုခံရလျှင် ၊ နောက်ဆုံး ၌ သား အရာကို ရ လိမ့်မည်။
O ka mea hoohiwahiwa i kana kauwa mai kona wa uuku mai, Mahope iho, e lilo oia i keiki nana.
22 ၂၂ စိတ်ဆိုး တတ်သောသူ သည် ခိုက်ရန် မှုကို နှိုးဆော် တတ်၏။ ပြင်းထန် သောသူ သည်လည်း ၊ အလွန်အကျူး များ တတ်၏။
O ke kanaka huhu, oia ka i hookonokono i ka hakaka, A o ka mea inaina wale, nui ae la kona hewa.
23 ၂၃ မိမိ မာန သည် မိမိ ကိုနှိမ့်ချ လိမ့်မည်။ စိတ် နှိမ့်ချ သောသူမူကား ၊ ဂုဏ် အသရေကိုရ လိမ့်မည်။
O ka haaheo o ke kanaka, oia ka mea uana ia e hoohaahaa iho; E pili hoi ka hanohano i ka mea haahaa ka naau.
24 ၂၄ သူခိုး ကို လက်ခံ သောသူသည် မိမိ အသက် ကိုမုန်း တတ်၏။ ကျိန်ဆို ခြင်းကိုပြု သော်လည်း ၊ အမှုကိုမ ဘော် မပြတတ်။
O ka mea lawe pu me ka aihue, inaina aku oia i kona uhane iho; Ua lohe oia i ka hailiili, aole hoi i hoike aku.
25 ၂၅ လူ ကိုကြောက်ရွံ့ ခြင်း သဘောသည် ကျော့ကွင်း ကို ထောင် တတ်၏။ ထာဝရဘုရား ကို ခိုလှုံ သောသူမူကား လုံခြုံလိမ့်မည်။
O ka makau i ke kanaka, he mea ia e hihia ai; O ka mea paulele ia Iehova ua palekana oia.
26 ၂၆ မင်း ပြုသောကျေးဇူး ကိုများ သောသူတို့သည် ကြိုးစား၍ ရှာ တတ်ကြ၏။ သို့ရာတွင် ခပ်သိမ်းသောသူတို့ ၏အမှုကို ထာဝရဘုရား စီရင် တော်မူ၏။
Nui ka poe imi i ka lokomaikaiia mai e ke alii, Aka, no Iehova mai ka hoopono ana i ke kanaka.
27 ၂၇ တရား သောသူသည် မ တရားသောသူ ကို၎င်း၊ မ တရားသောသူသည်တရား သဖြင့် ကျင့် သောသူကို၎င်း၊ စက်ဆုပ် ရွံရှာတတ်၏။
He mea hoopailua i ka poe pono ke kanaka hoopono ole; He mea hoopailua hoi i ka mea hewa, ka mea pololei ma kona aoao.

< သုတ္တံကျမ်း 29 >