< သုတ္တံကျမ်း 28 >
1 ၁ လိုက် သောသူမ ရှိသော်လည်း ၊ မ တရားသောသူသည် ပြေး တတ်၏။ ဖြောင့်မတ် သောသူမူကား ၊ ခြင်္သေ့ ကဲ့သို့ ရဲရင့် တတ်၏။
The wicked flee when no one pursueth; But the righteous is as bold as a lion.
2 ၂ ပြည်သူ ပြည်သားအပြစ် ကြောင့် ၊ မင်း တို့သည် များပြား တတ်ကြ၏။ ဉာဏ် ပညာနှင့် ပြည့်စုံ သောသူအားဖြင့် နိုင်ငံ တည်တတ်၏။
Through the transgression of a land many are its rulers; But through men of prudence and understanding the prince shall live long.
3 ၃ ဆင်းရဲ သားတို့ကို ညှဉ်းဆဲ သော ဆင်းရဲ သားသည် အဘယ်စားစရာ မျှ မ ကြွင်းစေဘဲ၊ သုတ်သင် ပယ်ရှင်း သော မိုဃ်း ရေနှင့်တူ၏။
A poor man who oppresseth the needy Is a sweeping rain which leaveth no food.
4 ၄ တရား ကိုဖျက် သောသူသည် မ တရားသောသူတို့ ကို ချီးမွမ်း တတ်၏။ တရား ကို စောင့် သောသူမူကား ၊ သူ တို့နှင့် ဆန့်ကျင် ဘက်ပြုတတ်၏။
They who forsake the law praise the wicked; But they who keep the law contend with them.
5 ၅ အဓမ္မ လူ သည် တရား စီရင်ခြင်းကို နား မ လည်တတ်။ ထာဝရဘုရား ကို ရှာ သောသူမူကား ၊ ခပ်သိမ်း သော စီရင်ခြင်းကို နားလည် တတ်၏။
Wicked men understand not equity; But they who seek the LORD understand all things.
6 ၆ မ မှန်သောအမှုကို ပြု သောသူ သည် ငွေ ရတတ်သော်လည်း ၊ ဖြောင့်မတ် ခြင်းလမ်းသို့ လိုက် သော ဆင်းရဲ သားသည် သာ၍ မြတ် ၏။
Better is a poor man who walketh in uprightness, Than he who is perverse in his ways, though he be rich.
7 ၇ တရား ကိုစောင့် သောသူသည် ပညာ ရှိသော သား ဖြစ်၏။ စားကြူး သောသူတို့နှင့် ပေါင်းဘော် သောသူ မူကား ၊ မိမိ အဘ ကို အရှက်ခွဲ တတ်၏။
He that keepeth the law is a wise son; But he that is the companion of prodigals bringeth shame on his father.
8 ၈ အတိုး စား၍ မတရားသော အမြတ်အားဖြင့်ဥစ္စာ ကို ဆည်းဖူးသောသူ သည် ဆင်းရဲသား တို့ကို သနား သောသူအဘို့ သာ ဆည်းဖူး တတ်၏။
He that increaseth his substance by usurious gain Gathereth it for him who will pity the poor.
9 ၉ တရား မနာ ၊ လွှဲ သွားသောသူသည် ဆုတောင်းသော်လည်း ၊ သူ ၏ပဌနာ စကားသည် စက်ဆုပ် ရွံရှာဘွယ်ဖြစ်၏။
He that turneth away his ear from hearing the law, Even his prayer shall be an abomination.
10 ၁၀ ဖြောင့်မတ် သောသူကို လမ်းလွှဲ၍၊ မ ကောင်းသော လမ်း ထဲသို့ သွေးဆောင် သောသူသည် မိမိ တူး သော တွင်းထဲသို့ မိမိ ကျ လိမ့်မည်။ သဘော ဖြောင့်သောသူမူကား ၊ ကောင်း သောအရာတို့ကို အမွေခံ ရလိမ့်မည်။
He that causeth the righteous to go astray in an evil way Shall himself fall into his own pit; But the upright shall have good things in possession.
11 ၁၁ ငွေ ရတတ်သောသူ က၊ ငါသည်ပညာ ရှိ၏ဟု ကိုယ်ကို ထင်တတ်၏။ ဉာဏ် ကောင်းသော ဆင်းရဲသား မူကား ၊ ထိုသူ ကို စစ်ကြော တတ်၏။
The rich man is wise in his own conceit; But the poor man, who hath understanding, will search him through.
12 ၁၂ ဖြောင့်မတ် သောသူတို့သည် ဝမ်းမြောက် သောအခါ ဘုန်း ကြီး တတ်၏။ မ တရားသောသူတို့သည် ချီးမြှောက် ခြင်းသို့ ရောက်သောအခါ လူ တို့သည် ပုန်းရှောင် ၍ နေတတ်ကြ၏။
When the righteous rejoice, there is great glorying; But, when the wicked are exalted, men hide themselves.
13 ၁၃ မိမိ အပြစ် ကို ဝှက်ထား သောသူသည် ချမ်းသာ မ ရ။ မိမိအပြစ်ကို ဘော်ပြ ဝန်ချ၍ စွန့်ပစ် သော သူမူကား ၊ ကရုဏာ တော်ကိုခံရလိမ့်မည်။
He that covereth his sins shall not prosper; But he that confesseth and forsaketh them shall have mercy.
14 ၁၄ အစဉ် မပြတ်ကြောက်ရွံ့ သောသူ သည် မင်္ဂလာ ရှိ ၏။ မိမိ စိတ် နှလုံးကို ခိုင်မာ စေသောသူမူကား ၊ ဘေးဥပဒ် နှင့် တွေ့ လိမ့်မည်။
Happy the man who feareth always! But he who hardeneth his heart shall fall into mischief.
15 ၁၅ ဆင်းရဲ သားတို့ကို အုပ်စိုး သော အဓမ္မ မင်းသည် ဟောက် သောခြင်္သေ့ ၊ လှည့်လည် သောဝံ နှင့်တူ၏။
As a roaring lion and a hungry bear, So is a wicked ruler over a needy people.
16 ၁၆ ဉာဏ် မ ရှိသောမင်း သည် ပြင်း စွာညှဉ်းဆဲ တတ် ၏။ လောဘ ကို မုန်း သောမင်းမူကား၊ အသက်တာ ရှည် လိမ့်မည်။
The prince who is weak in understanding is great in oppression; But he who hateth unjust gain shall prolong his days.
17 ၁၇ လူ အသက် ကို ညှဉ်းဆဲ သောသူသည် သင်္ချိုင်း တွင်း သို့ ပြေး ပါလေစေ။ အဘယ်သူမျှမ ဆီးတား စေနှင့်။
A man who is burdened with life-blood—Let him flee to the pit! let no man stay him!
18 ၁၈ ဖြောင့် သောလမ်းသို့ လိုက် သောသူသည်ဘေး လွတ်လိမ့်မည်။ ကောက် သောလမ်းသို့ လိုက်သောသူမူကား ၊ ချက်ခြင်း လဲ လိမ့်မည်။
He who walketh uprightly shall be safe; But he who is perverse in his ways shall fall at once.
19 ၁၉ လယ် လုပ် သောသူသည် ဝ စွာစားရ၏။ အချည်းနှီး သောအမှုကို စောင့် သောသူမူကား ၊ ဆင်းရဲ ခြင်းနှင့် ဝ လိမ့်မည်။
He who tilleth his land shall have bread enough; And he that followeth after worthless persons shall have poverty enough.
20 ၂၀ သစ္စာ စောင့်သောသူ သည် ကောင်းကြီး မင်္ဂလာ နှင့် ကြွယ်ဝ လိမ့်မည်။ ငွေ ရတတ်ခြင်းငှါ အလျင် အမြန်ပြုသောသူမူကား ၊ အပြစ် နှင့်မ လွတ်ရ။
A faithful man shall abound with blessings; But he that maketh haste to be rich shall not go unpunished.
21 ၂၁ လူမျက်နှာ ကို မ ထောက် ကောင်း။ သို့သော်လည်း ၊ လူ သည် မုန့် တဖဲ့ ကိုရခြင်းငှါ ဒုစရိုက် ကို ပြုလိမ့်မည်။
To have respect to persons is not good; Since for a piece of bread that man will transgress.
22 ၂၂ ငွေ ရတတ်ခြင်းငှါ အလျင်အမြန် ပြုသော သူ သည် မ နာလိုသောသဘော ရှိတတ်၏။ နောက် တဖန် ဆင်းရဲ ခြင်းသို့ ရောက် မည်ဟု မ အောက်မေ့ တတ်။
He who hath an evil eye hasteth after wealth, And considereth not that poverty will come upon him.
23 ၂၃ ချော့မော့သောစကားကို ပြောသောသူသည် ကျေးဇူးကိုခံရသည်ထက်၊ ဆုံးမပြစ်တင်သောသူသည် နောက်တဖန် သာ၍ကျေးဇူးကိုခံရလိမ့်မည်။
He who rebuketh a man shall afterwards find favor More than he who flattereth with his tongue.
24 ၂၄ အပြစ် မ ရှိဟုဆို လျက် ၊ မိဘ ဥစ္စာကို လုယူ သောသူသည် ဖျက်ဆီး သောသူ ၏ အပေါင်း အဘော်ဖြစ်၏။
Whoso stealeth from his father or his mother, And saith, “It is no transgression,” The same is the companion of a robber.
25 ၂၅ စိတ် မြင့် သောသူသည် ခိုက်ရန် ကို နှိုးဆော် တတ် ၏။ ထာဝရဘုရား ကို ခိုလှုံ သောသူမူကား ၊ ကြွယ်ဝ တတ် ၏။
He who is of a proud heart stirreth up strife; But he that trusteth in the LORD shall be rich.
26 ၂၆ မိမိ စိတ် နှလုံးကို ကိုးစား သောသူသည် လူမိုက် ဖြစ်၏။ ပညာ သတိနှင့် ကျင့် သောသူမူကား ၊ ဘေးလွတ် တတ်၏။
He who trusteth in his own understanding is a fool; But he who walketh wisely shall be delivered.
27 ၂၇ ဆင်းရဲ သားတို့အား စွန့်ကြဲ သောသူသည်ကိုယ်တိုင် မ ဆင်းရဲ ရာ။ လွှဲရှောင် သောသူမူကား ၊ များစွာ သော ကျိန်ဆဲ ခြင်းကိုခံရ လိမ့်မည်။
He who giveth to the poor shall not want; But he that hideth his eyes shall have many a curse.
28 ၂၈ မ တရားသောသူတို့သည် ချီးမြှောက် ခြင်းသို့ ရောက်သောအခါ ၊ လူ တို့သည် ပုန်းရှောင် ၍ နေရကြ၏။ ပျက်စီး ခြင်းသို့ ရောက်သောအခါ ၊ ဖြောင့်မတ် သောသူတို့ သည် ပွားများ တတ်ကြ၏။
When the wicked are exalted, men hide themselves; But, when they perish, the righteous increase.