< သုတ္တံကျမ်း 27 >

1 နက်ဖြန် နေ့ ကို အမှီပြု ၍ မ ဝါကြွား နှင့်။ တရက် အတွင်းတွင် အဘယ် သို့ဖြစ်လိမ့်မည်ကို မ သိ နိုင်။
אל-תתהלל ביום מחר כי לא-תדע מה-ילד יום
2 ကိုယ်တိုင်ကိုယ်ကိုမချီးမွမ်းဘဲ သူတပါး ချီးမွမ်း ပါလေစေ။ ကိုယ် နှုတ် နှင့် ကိုယ်ကိုမ ချီးမွမ်းဘဲ၊ ကိုယ် နှင့် မ ဆိုင်သော သူတပါး ချီးမွမ်း ပါလေစေ။
יהללך זר ולא-פיך נכרי ואל-שפתיך
3 ကျောက် နှင့် သဲ သည်လေး ၏။ မိုက် သောသူ၏ ဒေါသ သည် ထို နှစ်ပါး ထက် သာ၍လေး ၏။
כבד-אבן ונטל החול וכעס אויל כבד משניהם
4 မာန သည်ကြမ်းကြုတ် သော သဘောရှိ၏။ ဒေါသ သည် ပြင်းထန် တတ်၏။ ငြူစူ သောစိတ်ကို ကား၊ အဘယ်သူ ဆီး ၍ ခံနိုင်သနည်း။
אכזריות חמה ושטף אף ומי יעמד לפני קנאה
5 ထင်ရှား စွာဆုံးမ ပြစ်တင်ခြင်းသည် တိတ်ဆိတ် စွာ ချစ် ခြင်းထက် သာ၍ကောင်း ၏။
טובה תוכחת מגלה-- מאהבה מסתרת
6 အဆွေခင်ပွန်းသည် ဒဏ် ပေး သောအခါ သစ္စာစောင့် လျက်ပေး၏။ ရန်သူ မူကား ၊ နမ်း သောအခါ လှည့်စား တတ်၏။
נאמנים פצעי אוהב ונעתרות נשיקות שונא
7 စား ၍ ဝသောသူ သည် ပျားလပို့ ကိုပင် ငြင်းပယ် လိမ့်မည်။ မွတ်သိပ် သောသူ မူကား ၊ ခါး သောအရာကို ချို သည်ဟု ထင်တတ်၏။
נפש שבעה תבוס נפת ונפש רעבה כל-מר מתוק
8 မိမိ နေရာ ကို စွန့် ၍ လည်သောသူ သည် မိမိ အသိုက် ကို စွန့် ၍လည်သော ငှက် နှင့် တူ၏။
כצפור נודדת מן-קנה-- כן-איש נודד ממקומו
9 နံ့သာ ဆီနှင့် နံ့သာ ရည်သည် ရွှင်လန်းစေသကဲ့သို့ ၊ ကြည်ညို သောစိတ်နှင့် အကြံ ပေးတတ်သော အဆွေ ခင်ပွန်း၏ ချစ်ဘွယ် သော လက္ခဏာသည် ရွှင်လန်း စေ တတ်၏။
שמן וקטרת ישמח-לב ומתק רעהו מעצת-נפש
10 ၁၀ ကိုယ် အဆွေ ခင်ပွန်းနှင့် အဘ ၏ အဆွေ ခင်ပွန်းကို မ စွန့် နှင့်။ အမှု ရောက်သောကာလ ၌၊ ညီအစ်ကို အိမ် သို့မ သွား နှင့်။ နီး သောအိမ်နီးချင်း သည် ဝေး သော ညီအစ်ကို ထက် သာ၍ကောင်း ၏။
רעך ורעה (ורע) אביך אל-תעזב-- ובית אחיך אל-תבוא ביום אידך טוב שכן קרוב מאח רחוק
11 ၁၁ ငါ့ သား ၊ ပညာ ရှိလော့။ ကဲ့ရဲ့ သောသူ၏စကား ကို ငါ ချေ နိုင်အောင်၊ ငါ့ စိတ် ကို ရွှင်လန်း စေလော့။
חכם בני ושמח לבי ואשיבה חרפי דבר
12 ၁၂ သမ္မာ သတိရှိသောသူသည် အမှု ကိုမြော်မြင် ၍၊ ပုန်းရှောင် လျက်နေတတ်၏။ ဉာဏ်တိမ် သောသူမူကား၊ အစဉ်အတိုင်းသွား ၍ အမှု နှင့်တွေ့တတ်၏။
ערום ראה רעה נסתר פתאים עברו נענשו
13 ၁၃ မကျွမ်း သော သူအတွက် ၊ အမျိုး ပျက်သော မိန်းမအတွက် ၊ အာမခံ တတ်သောသူသည် အဝတ် အစ ရှိသောဥစ္စာတစုံတခုကို ပေါင် ထားစေ။
קח-בגדו כי-ערב זר ובעד נכריה חבלהו
14 ၁၄ နံနက် စောစော ထ၍၊ မိမိ အဆွေ ခင်ပွန်းကို ကျယ် သောအသံ နှင့် ကောင်းကြီး ပေးသောသူသည် ကျိန်ဆဲ ခြင်းကို ပြု ရာရောက်၏။
מברך רעהו בקול גדול--בבקר השכים קללה תחשב לו
15 ၁၅ ရန်တွေ့ တတ်သော မယား သည် မိုဃ်း သည်းစွာရွာသောနေ့ ၌ အစက်စက် ကျသော မိုဃ်းပေါက်နှင့် တူ၏။
דלף טורד ביום סגריר ואשת מדונים (מדינים) נשתוה
16 ၁၆ ထိုမိန်းမ ကို သိမ်း ထားသောသူသည် လေ ကို သိမ်း ထားသောသူနှင့်တူ၏။ လက်ျာ လက်၌ လိမ်းသော နံ့သာ ဆီကို ဝှက် ၍မထားနိုင်။
צפניה צפן-רוח ושמן ימינו יקרא
17 ၁၇ သံ ကို သံ ဖြင့်ထက် စေသကဲ့သို့ ၊ လူ သည်အဆွေ ခင်ပွန်း၏ မျက်နှာ ကို ထက် စေတတ်၏။
ברזל בברזל יחד ואיש יחד פני-רעהו
18 ၁၈ သင်္ဘောသဖန်း ပင်ကို စောင့် သောသူသည် သင်္ဘောသဖန်းသီး ကို စား ရ၏။ ထိုနည်းတူ ၊ သခင် အမှုကို ဆောင်ရွက် သောသူသည် ဂုဏ်အသရေ ကို ရတတ်၏။
נצר תאנה יאכל פריה ושמר אדניו יכבד
19 ၁၉ ရေ ၌လူမျက်နှာ ချင်းတူသကဲ့သို့ ၊ လူ တယောက်နှင့်တယောက်စိတ် သဘောတူကြ၏။
כמים הפנים לפנים-- כן לב-האדם לאדם
20 ၂၀ မရဏာ နိုင်ငံနှင့် အဗဒ္ဒုန် နိုင်ငံသည် အလို မ ပြည့်စုံသကဲ့သို့၊ လူ တို့မျက်စိ သည် အလို မ ပြည့်စုံတတ်။ (Sheol h7585)
שאול ואבדה לא תשבענה ועיני האדם לא תשבענה (Sheol h7585)
21 ၂၁ ငွေ စစ်စရာဘို့ မိုက် ရှိ၏။ ရွှေ စစ်စရာဘို့ မီးဖို ရှိ၏။ လူ ကိုစစ်စရာဘို့ သူတပါးချီးမွမ်း ခြင်းရှိ၏။
מצרף לכסף וכור לזהב ואיש לפי מהללו
22 ၂၂ မိုက် သောသူကို စပါး နှင့်အတူ ဆုံ ၌ ကျည်ပွေ့ နှင့် ထောင်း သော်လည်း ၊ မိုက် သောသဘောမ ထွက် တတ်။
אם תכתוש-את-האויל במכתש בתוך הריפות-- בעלי לא-תסור מעליו אולתו
23 ၂၃ သင် ၏ သိုးစု အကြောင်း တို့ကို သိ ခြင်းငှါကြိုးစား လော့။ နွားစု တို့ကိုလည်း စေ့စေ့ ကြည့်ရှုလော့။
ידע תדע פני צאנך שית לבך לעדרים
24 ၂၄ စည်းစိမ် သည် အမြဲ မ တည်တတ်။ ရှင် ဘုရင်၏ စည်းစိမ်သော်လည်း ၊ လူမျိုး အစဉ်အဆက် မတည် တတ်။
כי לא לעולם חסן ואם-נזר לדור דור (ודור)
25 ၂၅ မြက်ပင် ပေါက် တတ်၏။ ပျိုး ပင်လည်း ထင်ရှား တတ်၏။ တောင် ယာအသီး ကိုလည်း သိမ်း ရ၏။
גלה חציר ונראה-דשא ונאספו עשבות הרים
26 ၂၆ သိုးသငယ် တို့သည် သင် ဝတ် စရာဘို့ ၊ ဆိတ် တို့သည် လည်း မြေ အဘိုး ကိုဖြေစရာဘို့ ပြစ်၏။
כבשים ללבושך ומחיר שדה עתודים
27 ၂၇ သင် စားစရာ ဘို့ ၊ အိမ်သူ အိမ်သားစားစရာ ဘို့ ၊ ကျွန် မိန်းမများကို ကျွေး စရာဘို့ ဆိတ် နို့ လောက် လိမ့်မည်။
ודי חלב עזים--ללחמך ללחם ביתך וחיים לנערותיך

< သုတ္တံကျမ်း 27 >