< သုတ္တံကျမ်း 26 >
1 ၁ နွေ ကာလ၌ မိုဃ်းပွင့် ကဲ့သို့ ၎င်း၊ စပါး ရိတ်ရာကာလ ၌ မိုဃ်း ရေကဲ့သို့ ၎င်း၊ မိုက် သောသူသည် ဂုဏ် အသရေကို မ ခံသင့်။
2 ၂ စာငှက် သည် အရပ်ရပ် လှည့်လည်၍ ၊ ဇရက် သည် လည်း ပျံ သွားသကဲ့သို့ ၊ ထိုနည်းတူ အကြောင်း မရှိသော ကျိန်ဆဲ ခြင်းသည် မ သင့်မရောက် တတ်။
3 ၃ မြင်း ဘို့ နှင်တံ ၊ မြင်း ဘို့ ဇက်ကြိုး ၊ မိုက် သောသူ၏ ကျော ဘို့ ကြိမ်လုံး သည် သင့်ပေ၏။
4 ၄ မိုက် သောသူ၏ သဘောသို့လိုက်၍၊ သူ၏စကား ကို မ ချေ နှင့်။ ထိုသို့ ချေလျှင် သူ နှင့် တူ လိမ့်မည်။
5 ၅ မိုက်သောသူ၏ သဘောသို့လိုက်၍ သူ၏စကား ကို ချေလော့။ သို့မဟုတ် ၊ သူသည် ဝါကြွားသောစိတ် ရှိ လိမ့်မည်။
6 ၆ မိုက် သော သူတွင် မှာ လိုက်သောသူသည် ကိုယ်ခြေ ကို ဖြတ် ၍ အကျိုးနည်းရှိ ၏။
7 ၇ သုတ္တံ စကားကို မိုက် သောသူ ပြော ခြင်းသည် ခြေဆွံ့ သောသူ၏ ခြေ ကြွ ခြင်း ကဲ့သို့ဖြစ်၏။
8 ၈ မိုက် သောသူကို ချီးမြှောက် ခြင်းသည် ကျောက် ပုံ ၌ ကျောက်မြတ် ကို ပစ် ထားခြင်းကဲ့သို့ ဖြစ်၏။
9 ၉ ဆူး သည် ယစ်မူး သောသူ၏လက် ကို စူး သကဲ့သို့ ၊ သတ္တံ စကားသည် မိုက် သောသူ၏ နှုတ် ၌ ရှိ၏။
10 ၁၀ ကြီး သောသူသည် ခပ်သိမ်း သောသူတို့ကို တုန်လှုပ် စေတတ်၏။ မိုက် သောသူနှင့် ပြစ်မှား တတ် သောသူတို့ ကို စေ သုံးတတ်၏။
11 ၁၁ ခွေး သည် မိမိ အန်ဖတ် ကို ပြန် ၍စားတတ်သကဲ့သို့ ၊ မိုက် သောသူသည် မိုက် သောအကျင့်ကို ပြန် ၍ ကျင့်တတ်၏။
12 ၁၂ ငါသည် ပညာ ရှိ၏ဟု ထင် သောသူ ရှိလျှင်၊ ထိုသူ ၌ မြော်လင့်စရာအခွင့်ရှိသည်ထက်၊ မိုက် သောသူ၌ သာ၍ မြော်လင့် စရာအခွင့်ရှိ၏။
13 ၁၃ ပျင်းရိ သောသူက၊ အိမ် ပြင်မှာ ခြင်္သေ့ ရှိ၏။ လမ်း တို့၌ ခြင်္သေ့ ရှိ၏ဟု ဆို တတ်၏။
14 ၁၄ တံခါးရွက် သည် စရွေး ၌ လည် သကဲ့သို့ ပျင်းရိ သောသူသည် အိပ်ရာ ပေါ် မှာ လည်တတ်၏။
15 ၁၅ ပျင်းရိ သောသူသည် မိမိ လက် ကို အိုး ၌ သွင်း သော်လည်း၊ တဖန်နှုတ် ၍ မိမိ ပစပ် သို့ ခွံရလျှင် စိတ်ညစ် တတ်၏။
16 ၁၆ ပျင်းရိ သောသူက၊ ငါသည် အကျိုးအကြောင်းကို ပြတတ်သောသူ ခုနစ် ယောက်ထက် သာ၍ပညာရှိသည် ဟု ကိုယ်ကိုထင်တတ်၏။
17 ၁၇ လမ်း၌ရှောက်သွား ၍ မိမိ မ ဆိုင်သောအမှု ကို ရောနှော သောသူသည် ခွေး နားရွက် ကို ကိုင် ဆွဲသောသူ နှင့် တူ၏။
18 ၁၈ ငါ ကျီစား ရုံမျှသာ ပြုသည်ဟုဆို လျက်၊
19 ၁၉ မိမိ အိမ်နီးချင်း ကို လှည့်စား သောသူ သည် မီးစ ၊ မြှား ၊ သေဘေး ကို ပစ် တတ်သော အရူး နှင့် တူ၏။
20 ၂၀ ထင်း မ ရှိလျှင် မီး သေ တတ်သကဲ့သို့ ကုန်းတိုက် သော သူမ ရှိလျှင် ရန် ငြိမ်း တတ်၏။
21 ၂၁ မီးခဲ ချင်းပြုသကဲ့သို့၎င်း ၊ ထင်း သည် မီး ကို မွေး သကဲ့သို့ ၎င်း၊ ရန်တွေ့ တတ်သောသူ သည် ခိုက်ရန် မှုကို ပြုစု တတ်၏။
22 ၂၂ ကုန်းတိုက် သောသူ ၏စကား သည် မြိန် သော ခဲဘွယ် စားဘွယ်ကဲ့သို့ ဖြစ်၍ ၊ ဝမ်း အတွင်း သို့ဝင် တတ်၏။
23 ၂၃ ချစ် အားကြီးသောနှုတ် နှင့် ၊ ဆိုးညစ် သော စိတ် နှလုံး သည် ချော် မွမ်းမံ သော အိုးခြမ်း နှင့် တူ၏။
24 ၂၄ အငြိုး ထားသောသူသည် နှုတ် ဖြင့် လျှို့ဝှက် ၍ ၊ ကိုယ် ထဲမှာလှည့်စား သော သဘောကိုဝှက်ထား တတ်၏။
25 ၂၅ ထိုသို့သောသူ ၏ စကား သည် ချို သော်လည်း မ ယုံ နှင့်။ သူ ၏စိတ် နှလုံးထဲမှာ စက်ဆုပ် ရွံရှာဘွယ်သော အရာခုနစ် ပါးရှိ၏။
26 ၂၆ အငြိုး ထားခြင်းကို လှည့်စား ခြင်းအားဖြင့် ဝှက်ထား သောသူ ၏ ဒုစရိုက် အပြစ်သည် ပရိသတ် ရှေ့ မှာ ထင်ရှား လိမ့်မည်။
27 ၂၇ တွင်း တူး သောသူသည် မိမိ တွင်းထဲသို့ ကျ လိမ့်မည်။ ကျောက် ကို လှိမ့် သောသူအပေါ် သို့ ထို ကျောက် သည် ပြန် ၍လိမ့်လိမ့်မည်။
28 ၂၈ မုသား ပြော တတ်သောသူသည် မိမိ ညှဉ်းဆဲ သောသူတို့ကို မုန်း တတ်၏။ ချော့မော့ တတ်သောသူသည် လည်း ဖျက်ဆီး တတ်၏။