< သုတ္တံကျမ်း 24 >

1 မ တရားသောသူ တို့ကို မ ငြူစူ နှင့်။ သူ တို့နှင့် ပေါင်းဘော် ခြင်းငှါ အလို မ ရှိနှင့်။
Seek not to be like evil men, neither desire to be with them:
2 သူ တို့သည် ဖျက်ဆီး ခြင်းငှါ နှလုံး ကြံစည် တတ် ၏။ နှုတ် နှင့်လည်း ဘေး ပြုမည်စကားကို ပြော တတ်၏။
Because their mind studieth robberies, and their lips speak deceits.
3 ဉာဏ် ပညာအားဖြင့် အိမ် ကိုတည်ဆောက် ၍ ခိုင်ခံ့ မြဲမြံစေရ၏။
By wisdom the house shall be built, and by prudence it shall be strengthened.
4 ပညာ အတတ်အားဖြင့် အခန်း များတို့သည် အဘိုးထိုက်၍၊ နှစ်သက် ဘွယ်သော ဥစ္စာ အပေါင်း တို့နှင့် ပြည့် ရကြ၏။
By instruction the storerooms shall be filled with all precious and most beautiful wealth.
5 ပညာရှိ သောသူ သည် တန်ခိုး ရှိ ၏။ ပညာ အတတ်နှင့် ပြည့်စုံသောသူ သည် ခွန်အား တိုးပွါး တတ်၏။
A wise man is strong: and a knowing man, stout and valiant.
6 ပညာရှိ တို့နှင့် တိုင်ပင်ပြီးမှစစ်မှု ကိုပြု ရ၏။ အကြံ ပေးနိုင်သော သူများစွာ ရှိ လျှင် ၊ ဘေး လွတ်တတ်၏။
Because war is managed by due ordering: and there shall be safety where there are many counsels.
7 ပညာ မြင့် သောကြောင့် မိုက် သောသူမမှီနိုင်။ မြို့တံခါးဝ ၌ စကား မ ပြော ဝံ့။
Wisdom is too high for a fool, in the gate he shall not open his mouth.
8 မ ကောင်းသောအမှုကို ပြုခြင်းငှါ ကြံစည် သောသူကို၊ ဘေး ပြုသောသူဟူ၍ မှည့် ရ၏။
He that deviseth to do evils, shall be called a fool.
9 မိုက် သောအကြံ အစည်၌ အပြစ် ပါ၏။ မထီမဲ့မြင် ပြုသောသူသည် လည်း ၊ လူ စက်ဆုပ် ရွံရှာဘွယ်ဖြစ် ၏။
The thought of a fool is sin: and the detracter is the abomination of men.
10 ၁၀ သင် သည် အမှု ရောက်သောကာလ ၌ စိတ်ပျက် လျှင် အားနည်း ၏။
If thou lose hope being weary in the day of distress, thy strength shall be diminished.
11 ၁၁ သင်္ချိုင်း သို့ ထုတ် ၍ အသေခံ လုသောသူတို့ကို သင်သည် နှုတ်အံ့သောငှါ၊ အား မထုတ်ဘဲနေလျက်၊
Deliver them that are led to death: and those that are drawn to death forbear not to deliver.
12 ၁၂ ငါ့တို့မ သိ ဟုဆို သော်လည်း ၊ နှလုံး သဘောကို ဆင်ခြင် သောသူသည် မ မှတ်၊ သင် ၏စိတ် ဝိညာဉ်ကို စောင့် သောသူသည် မသိဘဲ၊ လူအသီးအသီးတို့အား သူ တို့အကျင့် နှင့် အလျောက်၊ အကျိုးအပြစ်ကို မဆပ် မပေးဘဲ နေတော်မူမည်လော။
If thou say: I have not strength enough: he that seeth into the heart, he understandeth, and nothing deceiveth the keeper of thy soul, and he shall render to a man according to his works.
13 ၁၃ ငါ့ သား ၊ ပျားရည် ကောင်း သောကြောင့် စား လော့။ ချိုမြိန် သော ပျားလပို့ ကိုလည်း စားလော့။
Fat honey, my son, because it is good, and the honeycomb most sweet to thy throat:
14 ၁၄ ထိုအတူ ၊ သင်တွေ့ရသောပညာ တရားသည် စိတ် ဝိညာဉ်၌ အရသာနှင့်ပြည့်စုံ၍၊ သင် သည် မြော်လင့် ခြင်းအကြောင်းမ ပျက်၊ ကောင်း သောအကျိုးကိုခံရ လိမ့်မည်။
So also is the doctrine of wisdom to thy soul: which when thou hast found, thou shalt have hope in the end, and thy hope shall not perish.
15 ၁၅ အိုမ တရားသောသူ၊ ဖြောင့်မတ် သောသူ၏ အိမ် ကို ချောင်း ၍ မ ကြည့်နှင့်။ သူ ၏ ငြိမ်ဝပ် ရာအရပ်ကို မ ဖျက် နှင့်။
Lie not in wait, nor seek after wickedness in the house of the just, nor spoil his rest.
16 ၁၆ ဖြောင့်မတ် သောသူသည် ခုနစ် ကြိမ်လဲ သော်လည်း ထ ပြန်လိမ့်မည်။ မ တရားသောသူမူကား ၊ လဲ သောအခါ ဆုံးရှုံး လိမ့်မည်။
For a just mall shall fall seven times and shall rise again: but the wicked shall fall down into evil.
17 ၁၇ သင် ၏ရန်သူ လဲ သောအခါ ဝမ်း မ မြောက်နှင့်။ ခြေ ထိခိုက်သောအခါ ရွှင်လန်း သောစိတ် မ ရှိနှင့်။
When thy enemy shall fall, be not glad, and in his ruin let not thy heart rejoice:
18 ၁၈ ရှိလျှင် ထာဝရဘုရား သိမြင် သဖြင့် ၊ မ နှစ်သက်ဘဲ သူ မှ အမျက် တော်ကို လွှဲ တော်မူမည်။
Lest the Lord see, and it displease him, and he turn away his wrath from him.
19 ၁၉ မ တရားသောသူတို့ကြောင့် စိတ် မ ပူနှင့်။ အဓမ္မ လူတို့ကို မ ငြူစူ နှင့်။
Contend not with the wicked, nor seek to be like the ungodly:
20 ၂၀ အကြောင်း မူကား၊ မ တရားသောသူသည် အကျိုး ကိုမ ရ။ အဓမ္မ လူ၏ မီးခွက် သည် သေ လိမ့်မည်။
For evil men have no hope of things to come, and the lamp of the wicked shall be put out.
21 ၂၁ ငါ့ သား ၊ ထာဝရဘုရား ကို၎င်း၊ ရှင် ဘုရင်ကို၎င်း ၊ ကြောက်ရွံ့ လော့။ မ တည်ကြည်သောသူတို့နှင့် မ ရောနှော မပေါင်းဘော်နှင့်။
My son, fear the Lord and the king: and have nothing to do with detracters.
22 ၂၂ သူ တို့ဘေး သည် ချက်ခြင်း ရောက် တတ်၏။ ထို နှစ်ပါး တို့၏ အဆုံး ကို အဘယ်သူ သိ သနည်း။
For their destruction shall rise suddenly: and who knoweth the ruin of both?
23 ၂၃ ထိုမှတပါး ၊ ပညာရှိ တို့နှင့် ဆိုင်သော အရာဟူမူကား ၊ တရား တွေ့မှု စီရင်ရာတွင် လူမျက်နှာ ကို မ ထောက် ကောင်း။
These things also to the wise: It is not good to have respect to persons in judgment.
24 ၂၄ သင် သည် ဖြောင့်မတ် ၏ဟု မ တရားသောသူအား ဆို သောသူကို လူ အမျိုးတို့သည် ကျိန်ဆဲ ကြလိမ့်မည်။ လူ အနွှယ်တို့သည် စက်ဆုပ် ရွံရှာကြလိမ့်မည်။
They that say to the wicked man: Thou art just: shall be cursed by the people, and the tribes shall abhor them.
25 ၂၅ ဆုံးမ ပြစ်တင်သောသူတို့မူကား ၊ စိတ် သာယာလျက် ၊ ကောင်းကြီး မင်္ဂလာကို ခံ လျက်ရှိကြ လိမ့်မည်။
They that rebuke him, shall be praised: and a blessing shall come upon them.
26 ၂၆ မှန် သောစကားကို ပြန် ပြောတတ်သောသူ၏ နှုတ် ကို လူတိုင်းနမ်း လိမ့်မည်။
He shall kiss the lips, who answereth right words.
27 ၂၇ ပြင် အရပ်မှာ သင် ၏အလုပ် ကိုပြင် လော့။ လယ် တော၌ ကိုယ်အဘို့ ပြင်ဆင် လော့။ နောက်မှ သင် ၏ နေရာအိမ် ကို ဆောက် လော့။
Prepare thy work without, and diligently till thy ground: that afterward thou mayst build thy house.
28 ၂၈ သင် ၏အိမ်နီးချင်း တဘက် ၌ အကြောင်း မရှိဘဲ သက်သေ မ ခံ နှင့်။ ကိုယ် နှုတ် နှင့် သူတပါးကို မလှည့်စား နှင့်။
Be not witness without cause against thy neighbour: and deceive not any man with thy lips.
29 ၂၉ သူသည် ငါ ၌ ပြု သည်အတိုင်း သူ ၌ ငါပြု မည်။ သူ့ အကျင့် နှင့်အလျောက် အကျိုးအပြစ်ကို ငါဆပ် ပေး မည်ဟု မ ဆို နှင့်။
Say not: I will do to him as he hath done to me: I will render to every one according to his work.
30 ၃၀ ပျင်းရိ သောသူ ၏ လယ်ယာ အနား နှင့်၊ ဉာဏ် မ ရှိ သောသူ ၏ စပျစ် ဥယျာဉ်အနား မှာ ငါရှောက်သွား စဉ်၊
I passed by the field of the slothful man, and by the vineyard of the foolish man:
31 ၃၁ ဆူးပင် များပြား ၍၊ မြေတပြင်လုံး ၌ ဆူးလေ ပင် အနှံ့အပြားလွှမ်းမိုး လျက် ၊ ကျောက် ရိုး ပြို လျက်ရှိသည်ကို၊
And behold it was all filled with nettles, and thorns had covered the face thereof, and the stone wall was broken down.
32 ၃၂ ငါ မြင် ၍ စေ့စေ့ဆင်ခြင် ၏။ ကြည့်ရှု ၍ သွန်သင် ခြင်းကို ခံရ၏။
Which when I had seen, I laid it up in my heart, and by the example I received instruction.
33 ၃၃ ခဏ အိပ် လျက်၊ ခဏ ပျော် လျက်၊ အိပ်ပျော် ခြင်းငှါ ၊ ခဏ လက်ချင်း ပိုက် လျက်နေစဉ်တွင်၊
Thou wilt sleep a little, said I, thou wilt slumber a little, thou wilt fold thy hands a little to rest:
34 ၃၄ ဆင်းရဲ ခြင်းသည် ခရီးသွား သောသူကဲ့သို့၎င်း၊ ဥစ္စာ ပြုန်းတီးခြင်းသည် သူရဲ ကဲ့သို့ ၎င်း ရောက် လာလိမ့်မည်။
And poverty shall come to thee as a runner, and beggary as an armed man.

< သုတ္တံကျမ်း 24 >