< သုတ္တံကျမ်း 23 >

1 မင်း နှင့်အတူ ထိုင် ၍ စားသောက် သောအခါ သင့် ရှေ့ မှာ အဘယ် သူရှိသည်ကို စေ့စေ့ဆင်ခြင် လော့။
When you sit to eat with a ruler, consider diligently what is before you;
2 သင် သည် စားကြူး တတ်သောသူ ဖြစ်လျှင် ၊ သင် ၏လည်ချောင်း ကို ထား နှင့် ရွယ် လော့။
put a knife to your throat, if you are a man given to appetite.
3 ထိုမင်း ၏ခဲဘွယ် စားဘွယ်တို့ကို အလို မ ရှိနှင့်။ လှည့်စား တတ်သော အစာ ဖြစ်၏။
Don’t be desirous of his dainties, since they are deceitful food.
4 ငွေ ရတတ် ခြင်းငှါ မ ကြိုးစား နှင့်။ ကိုယ် ဉာဏ် ကို အမှီ မပြုနှင့်။
Don’t weary yourself to be rich. In your wisdom, show restraint.
5 ပျောက် တတ်သောအရာကို စေ့စေ့မျက်မှောက် ပြုသင့်သလော။ အကယ် စင်စစ်ရွှေလင်းတ သည် မိုဃ်း ကောင်းကင်သို့ ပျံတတ်သကဲ့သို့ ၊ ထို အရာသည် အတောင် တို့ကို လုပ် ၍ ပျံ သွားတတ်၏။
Why do you set your eyes on that which is not? For it certainly sprouts wings like an eagle and flies in the sky.
6 မနာလို သောသူ၏ အစာ ကိုမ စား နှင့်။ သူ ၏ ခဲဘွယ် စားဘွယ်ကို အလို မ ရှိနှင့်။
Don’t eat the food of him who has a stingy eye, and don’t crave his delicacies:
7 သူ သည် စိတ် ထင် သည်အတိုင်း ဖြစ်၏။ စား သောက် တော့ဟု ဆို သော်လည်း စေတနာစိတ် မ ရှိ။
for as he thinks about the cost, so he is. “Eat and drink!” he says to you, but his heart is not with you.
8 သင် သည် စား သောအစာ ကို တဖန်အန် ရ လိမ့်မည်။ သင် ချို သော စကား လည်း ယိုယွင်း လိမ့်မည်။
The morsel which you have eaten you shall vomit up, and lose your good words.
9 မိုက် သောသူကြား အောင် စကားမ ပြော နှင့်။ သင် ၏စကား ၌ ပါသောပညာ ကို မထီမဲ့မြင် ပြုလိမ့်မည်။
Don’t speak in the ears of a fool, for he will despise the wisdom of your words.
10 ၁၀ အရင် စိုက်သော မြေ မှတ်တိုင်ကိုမ ရွှေ့ နှင့်။ မိဘ မရှိသောသူတို့ ၏ လယ် ကို မ သိမ်း နှင့်။
Don’t move the ancient boundary stone. Don’t encroach on the fields of the fatherless:
11 ၁၁ အကြောင်း မူကား၊ ထိုသူ တို့ကို ရွေး တော်မူသောသူသည် တန်ခိုး ကြီး၍၊ သင့် တဘက် ၌ သူ တို့အမှု ကို စောင့် တော်မူလိမ့်မည်။
for their Defender is strong. He will plead their case against you.
12 ၁၂ ဆုံးမ ဩဝါဒ၌ စိတ် နှလုံးစွဲလမ်း ၍ ၊ ပညာ အတတ် စကား ကို နားခံ လော့။
Apply your heart to instruction, and your ears to the words of knowledge.
13 ၁၃ သူငယ် ကို မ ဆုံးမဘဲမ နေနှင့်။ ကြိမ်လုံး နှင့် ရိုက် သော်လည်း သူသည် မ သေ။
Don’t withhold correction from a child. If you punish him with the rod, he will not die.
14 ၁၄ ကြိမ်လုံး နှင့် ရိုက် ၍ သူ ၏အသက် ဝိညာဉ်ကို မရဏာ နိုင်ငံမှ ကယ်နှုတ် ရမည်။ (Sheol h7585)
Punish him with the rod, and save his soul from Sheol ·Place of the dead·. (Sheol h7585)
15 ၁၅ ငါ့ သား ၊ သင့် နှလုံး ၌ပညာ ရှိလျှင် ငါ့ နှလုံး နှင့် ငါ့ကိုယ်တိုင်သည် ဝမ်းမြောက် လိမ့်မည်။
My son, if your heart is wise, then my heart will be glad, even mine:
16 ၁၆ သင့် နှုတ် သည် မှန် သောစကားကို ပြော သောအခါ ၊ ငါ့ ကျောက်ကပ် ရွှင်လန်း လိမ့်မည်။
yes, my heart will rejoice, when your lips speak what is right.
17 ၁၇ အပြစ် ထင်ရှားသောသူတို့ ကို ငြူစူ သောစိတ် မ ရှိစေနှင့်။ တနေ့လုံး ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘော ရှိစေလော့။
Don’t let your heart envy sinners; but rather fear Adonai all the day long.
18 ၁၈ အကယ် စင်စစ်အမှု ဆုံးဖြတ်ချိန်သည် ရောက် လိမ့်မည်။ သင့် မြော်လင့် ခြင်းအကြောင်းမ ပျက် ရာ။
Indeed surely there is a future hope, and your hope will not be cut off.
19 ၁၉ ငါ့ သား ၊ ငါ့စကားကို နားထောင် ၍ ပညာ ရှိသဖြင့် ၊ ကိုယ် စိတ် နှလုံးကို လမ်းမ ၌ ပဲ့ပြင် လော့။
Sh'ma ·Hear obey·, my son, and be wise, and keep your heart on the right path!
20 ၂၀ စပျစ်ရည် သောက်ကြူး သောသူ၊ အမဲသား စားကြူး သောသူတို့ ကို အပေါင်းအဘော်မ လုပ် နှင့်။
Don’t be among ones drinking too much wine, or those who gorge themselves on meat:
21 ၂၁ သောက်ကြူး သောသူနှင့် စားကြူး သောသူသည် ဆင်းရဲ ခြင်းသို့ ရောက်လိမ့်မည်။ အိပ်ကြူး သော သဘောသည် လူကိုအဝတ် စုတ်နှင့် ခြုံတတ်၏။
for the drunkard and the glutton shall become poor; and drowsiness clothes them in rags.
22 ၂၂ သင့် ကိုဖြစ်ဘွား စေသောအဘ ၏ စကားကို နားထောင် လော့။ အသက်ကြီး သော အမိ ကို မထီမဲ့မြင် မ ပြုနှင့်။
Sh'ma ·Hear obey· your father who gave you life, and don’t despise your mother when she is old.
23 ၂၃ သမ္မာ တရားကို ဝယ် လော့။ မ ရောင်း နှင့်။ ပညာ ကို၎င်း ၊ ဆုံးမ ဩဝါဒကို၎င်း ၊ ဉာဏ် သတ္တိကို၎င်း ထိုအတူ ပြုလော့။
Buy the truth, and don’t sell it. Get wisdom, discipline, and understanding.
24 ၂၄ ဖြောင့်မတ် သောသူ၏အဘ သည် အလွန်ဝမ်းမြောက် လိမ့်မည်။ ပညာ ရှိသော သားကို ဖြစ်ဘွား စေသောသူသည် ထို သား၌ အားရဝမ်းမြောက် လိမ့်မည်။
The father of the upright has great joy. Whoever fathers a wise child delights in him.
25 ၂၅ သင်၏မိဘ တို့သည်ဝမ်းမြောက် ၍ ၊ သင့် ကို မွေးဘွား သောသူသည် ရွှင်လန်း လိမ့်မည်။
Let your father and your mother be glad! Let her who bore you rejoice!
26 ၂၆ ငါ့ သား ၊ သင့် နှလုံး ကို ငါ့ အား ပေး လော့။ သင့် မျက်စိ တို့သည် ငါ သွားသောလမ်း ကို ကြည့်မှတ် ပါစေ။
My son, give me your heart; and let your eyes keep in my ways.
27 ၂၇ ပြည်တန်ဆာမ သည် နက် သောကျုံး ကဲ့သို့၎င်း၊ အမျိုး ပျက်သော မိန်းမသည် ကျဉ်း သော မြေတွင်း ကဲ့သို့၎င်း ဖြစ်၏။
For a prostitute is a deep pit; and a wayward wife is a narrow well.
28 ၂၈ သူ သည် ထားပြ ကဲ့သို့ ချောင်း ကြည့်တတ်၏။ လွန်ကျူး သော ယောက်ျား များပြား စေခြင်းငှါ ပြုတတ်၏။
Yes, she lies in wait like a robber, and increases the unfaithful among men.
29 ၂၉ အဘယ်သူ သည် ဝမ်းနည်း ခြင်းရှိသနည်း။ အဘယ်သူ သည် ညည်းတွား ခြင်းရှိသနည်း။ အဘယ်သူ သည် ရန်တွေ့ ခြင်းရှိသနည်း။ အဘယ်သူ သည် မြည်တမ်း ခြင်းရှိသနည်း။ အဘယ်သူ သည် အကျိုး အကြောင်းမရှိ၊ ထိခိုက် ၍ နာခြင်းရှိသနည်း။ အဘယ်သူ သည် မျက်စိ နီ ခြင်းရှိသနည်း ဟူမူကား၊
Who has woe? Who has sorrow? Who has strife? Who has complaints? Who has needless bruises? Who has bloodshot eyes?
30 ၃၀ စပျစ်ရည် ကို ကြာမြင့် စွာ သောက်လျက်နေ သောသူ၊ ဆေး နှင့်ရောသော စပျစ်ရည်ကို ရှာ တတ်သောသူတို့ သည် ထိုသို့သော လက္ခဏာ ရှိကြ၏။
Those who stay long at the wine; those who go to seek out mixed wine.
31 ၃၁ ဖလား ၌ နီ လျက် ၊ အရောင် တောက်လျက် ၊ အချို အမြိန်ဝင် လျက်ရှိသောစပျစ်ရည် ကို မ ကြည့် မရှုနှင့်။
Don’t look at the wine when it is red, when it sparkles in the cup, when it goes down smoothly.
32 ၃၂ နောက်ဆုံး ၌ မြွေ ကဲ့သို့ ကိုက် တတ်၏။ မြွေဆိုး ကဲ့သို့ နာ စေတတ်၏။
In the end, it bites like a snake, and poisons like a viper.
33 ၃၃ သင့် မျက်စိ တို့သည် အမျိုး ပျက်သောမိန်းမတို့ကို ကြည့်ရှု ၍ ၊ သင့် နှလုံး သည်လည်း ကောက် သော စကားကို မြွက်ဆို လိမ့်မည်။
Your eyes will see strange things, and your mind will imagine confusing things.
34 ၃၄ အကယ် စင်စစ်သင်သည် ပင်လယ် အလယ် ၌ အိပ် သောသူ၊ သင်္ဘော ရွက်တိုင်ဖျား ပေါ် မှာ အိပ် သော သူကဲ့သို့ ဖြစ် လိမ့်မည်။
Yes, you will be as he who lies down in the middle of the sea, or as he who lies on top of the rigging:
35 ၃၅ သူတို့သည် ငါ့ ကိုရိုက် ကြပြီ။ သို့သော်လည်းငါမ နာ။ ငါ့ ကိုထိုး ကြသော်လည်းငါမ သိ။ အဘယ် အချိန် မှ ငါနိုး ရမည်နည်း။ တဖန် ငါရှာ ဦးမည်ဟု သင်ဆိုလိမ့် သတည်း။
“They hit me, and I was not hurt! They beat me, and I don’t feel it! When will I wake up? I can do it again. I can find another.”

< သုတ္တံကျမ်း 23 >