< သုတ္တံကျမ်း 23 >
1 ၁ မင်း နှင့်အတူ ထိုင် ၍ စားသောက် သောအခါ သင့် ရှေ့ မှာ အဘယ် သူရှိသည်ကို စေ့စေ့ဆင်ခြင် လော့။
When thou sittest to eat with a ruler, consider diligently what is before thee:
2 ၂ သင် သည် စားကြူး တတ်သောသူ ဖြစ်လျှင် ၊ သင် ၏လည်ချောင်း ကို ထား နှင့် ရွယ် လော့။
For thou puttest a knife to thy throat, if thou be a man of a craving desire.
3 ၃ ထိုမင်း ၏ခဲဘွယ် စားဘွယ်တို့ကို အလို မ ရှိနှင့်။ လှည့်စား တတ်သော အစာ ဖြစ်၏။
Do not long for his savory meats; they are deceitful food.
4 ၄ ငွေ ရတတ် ခြင်းငှါ မ ကြိုးစား နှင့်။ ကိုယ် ဉာဏ် ကို အမှီ မပြုနှင့်။
Fatigue thyself not to become rich; because thou hast understanding, forbear.
5 ၅ ပျောက် တတ်သောအရာကို စေ့စေ့မျက်မှောက် ပြုသင့်သလော။ အကယ် စင်စစ်ရွှေလင်းတ သည် မိုဃ်း ကောင်းကင်သို့ ပျံတတ်သကဲ့သို့ ၊ ထို အရာသည် အတောင် တို့ကို လုပ် ၍ ပျံ သွားတတ်၏။
When thou lettest merely thy eyes fly over it, it is no more: for it will ever make itself wings: like an eagle will it fly toward heaven.
6 ၆ မနာလို သောသူ၏ အစာ ကိုမ စား နှင့်။ သူ ၏ ခဲဘွယ် စားဘွယ်ကို အလို မ ရှိနှင့်။
Eat not the bread of a man with an evil eye, and do not long for his savory meats;
7 ၇ သူ သည် စိတ် ထင် သည်အတိုင်း ဖြစ်၏။ စား သောက် တော့ဟု ဆို သော်လည်း စေတနာစိတ် မ ရှိ။
For as though there were a division in his soul, so doth he act: Eat and drink, saith he to thee; but his heart is not with thee.
8 ၈ သင် သည် စား သောအစာ ကို တဖန်အန် ရ လိမ့်မည်။ သင် ချို သော စကား လည်း ယိုယွင်း လိမ့်မည်။
Thy morsel which thou hast eaten must thou spit out, and thou hast wasted thy pleasant words.
9 ၉ မိုက် သောသူကြား အောင် စကားမ ပြော နှင့်။ သင် ၏စကား ၌ ပါသောပညာ ကို မထီမဲ့မြင် ပြုလိမ့်မည်။
Speak not before the ears of a fool; for he will despise the intelligence of thy words.
10 ၁၀ အရင် စိုက်သော မြေ မှတ်တိုင်ကိုမ ရွှေ့ နှင့်။ မိဘ မရှိသောသူတို့ ၏ လယ် ကို မ သိမ်း နှင့်။
Remove not the ancient landmark, and into the fields of the fatherless must thou not enter;
11 ၁၁ အကြောင်း မူကား၊ ထိုသူ တို့ကို ရွေး တော်မူသောသူသည် တန်ခိုး ကြီး၍၊ သင့် တဘက် ၌ သူ တို့အမှု ကို စောင့် တော်မူလိမ့်မည်။
For their redeemer is strong; he will indeed plead their cause with thee.
12 ၁၂ ဆုံးမ ဩဝါဒ၌ စိတ် နှလုံးစွဲလမ်း ၍ ၊ ပညာ အတတ် စကား ကို နားခံ လော့။
Apply thy heart unto instruction, and thy ears to the sayings of knowledge.
13 ၁၃ သူငယ် ကို မ ဆုံးမဘဲမ နေနှင့်။ ကြိမ်လုံး နှင့် ရိုက် သော်လည်း သူသည် မ သေ။
Withhold not from a lad correction; for if thou beat him with the rod, he will not die.
14 ၁၄ ကြိမ်လုံး နှင့် ရိုက် ၍ သူ ၏အသက် ဝိညာဉ်ကို မရဏာ နိုင်ငံမှ ကယ်နှုတ် ရမည်။ (Sheol )
Thou wilt indeed beat him with the rod; but thou wilt deliver his soul from perdition. (Sheol )
15 ၁၅ ငါ့ သား ၊ သင့် နှလုံး ၌ပညာ ရှိလျှင် ငါ့ နှလုံး နှင့် ငါ့ကိုယ်တိုင်သည် ဝမ်းမြောက် လိမ့်မည်။
My son, If thy heart be wise, my heart shall rejoice, even mine.
16 ၁၆ သင့် နှုတ် သည် မှန် သောစကားကို ပြော သောအခါ ၊ ငါ့ ကျောက်ကပ် ရွှင်လန်း လိမ့်မည်။
And my reins shall exult when thy lips speak what is equitable.
17 ၁၇ အပြစ် ထင်ရှားသောသူတို့ ကို ငြူစူ သောစိတ် မ ရှိစေနှင့်။ တနေ့လုံး ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘော ရှိစေလော့။
Let not thy heart be envious against sinners; but [remain] in the fear of the lord all the time.
18 ၁၈ အကယ် စင်စစ်အမှု ဆုံးဖြတ်ချိန်သည် ရောက် လိမ့်မည်။ သင့် မြော်လင့် ခြင်းအကြောင်းမ ပျက် ရာ။
For surely there is a future, and thy hope will not be cut off.
19 ၁၉ ငါ့ သား ၊ ငါ့စကားကို နားထောင် ၍ ပညာ ရှိသဖြင့် ၊ ကိုယ် စိတ် နှလုံးကို လမ်းမ ၌ ပဲ့ပြင် လော့။
Hear thou, my son, and become wise, and guide thy heart on the right way.
20 ၂၀ စပျစ်ရည် သောက်ကြူး သောသူ၊ အမဲသား စားကြူး သောသူတို့ ကို အပေါင်းအဘော်မ လုပ် နှင့်။
Be not among those that drink wine immoderately, among those that over-indulge in eating flesh:
21 ၂၁ သောက်ကြူး သောသူနှင့် စားကြူး သောသူသည် ဆင်းရဲ ခြင်းသို့ ရောက်လိမ့်မည်။ အိပ်ကြူး သော သဘောသည် လူကိုအဝတ် စုတ်နှင့် ခြုံတတ်၏။
For the drunkard and the glutton will come to poverty; and drowsiness clotheth a man in rags.
22 ၂၂ သင့် ကိုဖြစ်ဘွား စေသောအဘ ၏ စကားကို နားထောင် လော့။ အသက်ကြီး သော အမိ ကို မထီမဲ့မြင် မ ပြုနှင့်။
Hearken unto thy father that hath begotten thee, and despise not thy mother although she be old.
23 ၂၃ သမ္မာ တရားကို ဝယ် လော့။ မ ရောင်း နှင့်။ ပညာ ကို၎င်း ၊ ဆုံးမ ဩဝါဒကို၎င်း ၊ ဉာဏ် သတ္တိကို၎င်း ထိုအတူ ပြုလော့။
Buy the truth and sell it not; [also] wisdom, and instruction, and understanding.
24 ၂၄ ဖြောင့်မတ် သောသူ၏အဘ သည် အလွန်ဝမ်းမြောက် လိမ့်မည်။ ပညာ ရှိသော သားကို ဖြစ်ဘွား စေသောသူသည် ထို သား၌ အားရဝမ်းမြောက် လိမ့်မည်။
The father of the righteous will be greatly glad, and he that begetteth a wise child will have joy through him.
25 ၂၅ သင်၏မိဘ တို့သည်ဝမ်းမြောက် ၍ ၊ သင့် ကို မွေးဘွား သောသူသည် ရွှင်လန်း လိမ့်မည်။
Let [then] thy father and thy mother rejoice, and let her that hath born thee be glad.
26 ၂၆ ငါ့ သား ၊ သင့် နှလုံး ကို ငါ့ အား ပေး လော့။ သင့် မျက်စိ တို့သည် ငါ သွားသောလမ်း ကို ကြည့်မှတ် ပါစေ။
Give, my son, thy heart unto me, and let thy eyes watch my ways.
27 ၂၇ ပြည်တန်ဆာမ သည် နက် သောကျုံး ကဲ့သို့၎င်း၊ အမျိုး ပျက်သော မိန်းမသည် ကျဉ်း သော မြေတွင်း ကဲ့သို့၎င်း ဖြစ်၏။
For a harlot is a deep ditch, and a strange woman is a narrow well.
28 ၂၈ သူ သည် ထားပြ ကဲ့သို့ ချောင်း ကြည့်တတ်၏။ လွန်ကျူး သော ယောက်ျား များပြား စေခြင်းငှါ ပြုတတ်၏။
She also lieth in wait like a robber, and she increaseth the treacherous among men.
29 ၂၉ အဘယ်သူ သည် ဝမ်းနည်း ခြင်းရှိသနည်း။ အဘယ်သူ သည် ညည်းတွား ခြင်းရှိသနည်း။ အဘယ်သူ သည် ရန်တွေ့ ခြင်းရှိသနည်း။ အဘယ်သူ သည် မြည်တမ်း ခြင်းရှိသနည်း။ အဘယ်သူ သည် အကျိုး အကြောင်းမရှိ၊ ထိခိုက် ၍ နာခြင်းရှိသနည်း။ အဘယ်သူ သည် မျက်စိ နီ ခြင်းရှိသနည်း ဟူမူကား၊
Who hath woe? who hath sorrow? who hath quarrels? who hath complaints? who hath wounds without cause? who hath redness of eyes?
30 ၃၀ စပျစ်ရည် ကို ကြာမြင့် စွာ သောက်လျက်နေ သောသူ၊ ဆေး နှင့်ရောသော စပျစ်ရည်ကို ရှာ တတ်သောသူတို့ သည် ထိုသို့သော လက္ခဏာ ရှိကြ၏။
They that tarry late over the wine: they that come to seek for mixed drink.
31 ၃၁ ဖလား ၌ နီ လျက် ၊ အရောင် တောက်လျက် ၊ အချို အမြိန်ဝင် လျက်ရှိသောစပျစ်ရည် ကို မ ကြည့် မရှုနှင့်။
Do not look on the wine when it looketh red, when it giveth its color in the cup, when it glideth down so readily.
32 ၃၂ နောက်ဆုံး ၌ မြွေ ကဲ့သို့ ကိုက် တတ်၏။ မြွေဆိုး ကဲ့သို့ နာ စေတတ်၏။
At the last it will bite like a serpent, and like a basilisk will it sting.
33 ၃၃ သင့် မျက်စိ တို့သည် အမျိုး ပျက်သောမိန်းမတို့ကို ကြည့်ရှု ၍ ၊ သင့် နှလုံး သည်လည်း ကောက် သော စကားကို မြွက်ဆို လိမ့်မည်။
Thy eyes will see strange forms, and thy heart will speak perverse things.
34 ၃၄ အကယ် စင်စစ်သင်သည် ပင်လယ် အလယ် ၌ အိပ် သောသူ၊ သင်္ဘော ရွက်တိုင်ဖျား ပေါ် မှာ အိပ် သော သူကဲ့သို့ ဖြစ် လိမ့်မည်။
And thou wilt be like one that lieth down in the heart of the sea, or as he that lieth on the top of a mast.
35 ၃၅ သူတို့သည် ငါ့ ကိုရိုက် ကြပြီ။ သို့သော်လည်းငါမ နာ။ ငါ့ ကိုထိုး ကြသော်လည်းငါမ သိ။ အဘယ် အချိန် မှ ငါနိုး ရမည်နည်း။ တဖန် ငါရှာ ဦးမည်ဟု သင်ဆိုလိမ့် သတည်း။
“They smote me, [but] I suffered no pain; they struck me hard, [but] I felt it not: when shall I awake? I will continue to seek it again.”