< သုတ္တံကျမ်း 21 >
1 ၁ ရှင်ဘုရင် ၏ စိတ် နှလုံးသည် ရေ ချောင်း ကဲ့သို့ဖြစ်၍၊ ထာဝရဘုရား ၏ လက် တော်၌ ရှိသဖြင့်၊ အလို တော်ရှိသည်အတိုင်း လှည့် စေတော်မူ၏။
HE mau auwai ka naau o ke alii, iloko o ka lima o Iehova, Nana e hookahe ae e like me kona makemake.
2 ၂ လူ တို့သည်မိမိ တို့ ကျင့် သမျှ သောအကျင့် တို့ကို နှစ်သက် တတ်၏။ ထာဝရဘုရား မူကား ၊ စိတ် နှလုံးတို့ကို ချိန် တော်မူ၏။
O na aoao a pau o ke kanaka, ua pololei ia i kona maka iho, Hoao ae la o Iehova i na naau.
3 ၃ ယဇ် ပူဇော်ခြင်းကို နှစ်သက်သည်ထက် ဖြောင့်မတ် စွာပြု ခြင်း၊ တရား သဖြင့် စီရင်ခြင်းကို ထာဝရဘုရား သည် သာ၍နှစ်သက် တော်မူ၏။
O ka hana ana i ka pono a me ka pololei, Ua makemakeia e Iehova mamua o ka mohai.
4 ၄ ထောင်လွှား သောမျက်နှာ ၊ မာန ကြီးသောနှလုံး ၊ မ တရားသောသူတို့၏အလင်း သော်လည်း အပြစ် ပါ၏။
O ka maka haaheo, o ka naau hookiekie, O ka pomaikai ana hoi o ka poe hewa he pono ole no ia.
5 ၅ လုံ့လ ဝိရိယပြုသောသူ၏အကြံ အစည်သည် ကြွယ်ဝ ခြင်းနှင့် ၎င်း၊ သမ္မာ သတိမရှိသောသူ ၏အကြံအစည် သည် ဆင်းရဲ ခြင်းနှင့် ၎င်း ဆိုင် ပေ၏။
O ka manao o ka mea hana mau, pili no ia i ka lako; O ko ka mea wikiwiki wale, pili no ia i ka nele.
6 ၆ မုသာ စကား အားဖြင့် ဘဏ္ဍာ ကိုဆည်းဖူးခြင်း အမှု သည် သေမင်း ကျော့ကွင်း တို့တွင် ပျောက်လွင့် သော အနတ္တ ဖြစ်၏။
O ka imi ana i ka waiwai ma ke elelo wahahee, He opala i hoopuehuia e ka poe e imi ana i ka make.
7 ၇ မ တရားသောသူတို့ သည် တရား သဖြင့်မ စီရင် လိုသောကြောင့်၊ မိမိညှဉ်းဆဲ ခြင်းအပြစ်သည် မိမိ ကို ဖျက်ဆီး လိမ့်မည်။
O ke kaili wale o ka poe hewa, e kaili aku ia ia lakou; No ka mea, hoole lakou, aole e hana ma ka hoopono.
8 ၈ လမ်း လွှဲသွားသောသူ သည် ကွာဝေး ရာသို့ ရောက်တတ်၏။ စင်ကြယ် သော သူပြုသောအမှု မူကား မှန် ပေ၏။
He kekee ka aoao o ke kanaka, a he ano e hoi; O ka mea maemae hoi, ua pololei kana hana.
9 ၉ ရန်တွေ့ တတ်သောမိန်းမ နှင့်အတူလူ များသော အိမ် ၌နေ သည်ထက် ၊ အိမ်မိုး ပေါ် ထောင့် ထဲမှာ နေသော် သာ၍ကောင်း ၏။
E aho ka noho ma ke kihi maluna o ka hale, Aole hoi me ka wahine hakaka ma ka hale kanaka.
10 ၁၀ မ တရားသောသူ သည် မနာလို သောစိတ်ရှိ၏။ အိမ်နီးချင်း ၌ ကျေးဇူး ပြုချင်သော အလို မ ရှိ။
O ka uhane o ka mea hewa, makemake no ia i ka hewa; Aole ona lokomaikai mai i kona hoanoho.
11 ၁၁ မထီမဲ့မြင် ပြုသောသူသည် အပြစ်ဒဏ် ကို ခံရသောအခါ ၊ ဉာဏ်တိမ် သောသူသည်သတိ ရတတ်၏။ သတိ ရသောသူသည်လည်း သွန်သင် ခြင်းကိုခံသောအခါ ၊ ပညာ တိုးပွါး တတ်၏။
Ma ka hoopaiia mai o ka mea hoowahawaha, e hoonaauaoia'i ka mea ike ole; I ke ao ana aku i ka mea akamai, e loaa no ia ia ka ike.
12 ၁၂ တရား သောသူသည် မ တရားသောသူ၏အိမ် ကို ပညာစိတ်နှင့် ဆင်ခြင်တတ်၏။ မ တရားသောသူတို့ မူကား၊ မိမိတို့ပြုသောဒုစရိုက် အားဖြင့်ပျက်စီး ခြင်းသို့ ရောက်တတ်ကြ၏။
Noonoo nui ka mea pono i ka hale o ka mea hewa; Ua hookahuliia ka poe hewa no ka hana hewa ana.
13 ၁၃ ဆင်းရဲ သောသူ၏အော်ဟစ် သံကို မကြားလို၍၊ နား ကိုပိတ် သောသူသည် ကိုယ်တိုင် အော်ဟစ် ၍ ၊ အဘယ် သူမျှမ ကြားရ။
O ka mea i papani i kona pepeiao i ka uwe ana o ka mea nele, E hea aku no oia, aohe mea e hoolohe mai.
14 ၁၄ တိတ်ဆိတ် စွာ ပေးသောလက်ဆောင် သည် သူ့စိတ် ကို၎င်း ၊ ရင်ခွင် ၌ ချထားသော လက်ဆောင် ပဏ္ဏာ သည် ပြင်းစွာ သော အမျက် ကို၎င်းဖြေ တတ်၏။
O ka makana malu, pale ae no ia i ka huhu; Pela hoi ka makana poli i ka inaina ikaika.
15 ၁၅ ဖြောင့်မတ် သောသူသည် တရား သဖြင့်စီရင် ၍ ဝမ်းမြောက် တတ်၏။ အဓမ္မ အမှုကိုပြု သောသူမူကား ၊ ပျက်စီး ခြင်းသို့ ရောက်လိမ့်မည်။
He olioli i ka mea pono ke hana ma ka pololei; He make no ko ka poe hana hewa.
16 ၁၆ ဉာဏ် ပညာလမ်း မှ လွှဲသွား သောသူ သည် သင်္ချိုင်း သား အစုအဝေး ၌ နေရာ ကျလိမ့်မည်။
O ke kanaka hele hewa mai ka aoao ae o ka naauao, E noho no oia ma ke anaina o ka poe malu make.
17 ၁၇ ကာမ ဂုဏ်၌ မွေ့လျော်သောသူသည် ဆင်းရဲ ခြင်းသို့ ရောက်လိမ့်မည်။ စပျစ်ရည် နှင့် ဆီ ကို ကြိုက် သောသူသည် လည်း ငွေ ကိုမ ရတတ်ရ။
O ka mea makemake i ka lealea, e ilihune auanei ia, O ka mea makemake i ka waina a me ka aila, aole ia e waiwai.
18 ၁၈ မ တရားသောသူသည် တရား သောသူအဘို့ ၊ လွန်ကျူး သောသူသည် ဖြောင့်မတ် သောသူအဘို့ ရွေး ရန် ဖြစ်၏။
Pani ka mea hewa i ka hakahaka no ka mea pono; Pela ka mea lawe hala no ka mea pololei.
19 ၁၉ စိတ်တို ၍ ရန်တွေ့ တတ်သောမိန်းမ နှင့် နေ သည်ထက် ၊ တော လွင်ပြင် ၌ နေသော်သာ၍ကောင်း ၏။
E aho ka noho noho ana ma ka waoakua. Aole me ka wahine huhu a me ka hakaka.
20 ၂၀ ပညာရှိ သောသူ၏အိမ် ၌ နှစ်သက်ဘွယ် သော ဘဏ္ဍာ နှင့် ဆီ ရှိတတ်၏။ မိုက် သောသူ မူကား ၊ ကုန် စေ တတ်၏။
Aia ka waiwai i makemakeia a me ka aila ma ka hale o ka mea naauao; A o ke kanaka lapuwale, moni iho la oia ia mea.
21 ၂၁ ဖြောင့်မတ် ခြင်းတရားနှင့် ကရုဏာ တရားကို ရှာ သောသူသည် အသက်ရှင် ခြင်း၊ ဖြောင့်မတ် ခြင်း၊ ဂုဏ် အသရေထင်ရှားခြင်းကို တွေ့ တတ်၏။
O ka mea hahai mahope o ka pono, a me ka lokomaikai, E loaa ia ia ke ola a me ka pono a me ka nani.
22 ၂၂ ပညာ ရှိသောသူသည် ခိုင်ခံ့ သောမြို့ရိုး ကို တက် ၍ ၊ မြို့ သားကိုးစား စရာခွန်အား ကို ရှုတ်ချ တတ်၏။
Pii ae ka mea naauao maluna o ke kulanakauhale o ka poe ikaika, Hoohiolo oia i ka ikaika a lakou i paulele ai.
23 ၂၃ မိမိ နှုတ် နှင့် လျှာ ကိုစောင့် သောသူသည် မိမိ စိတ် ဝိညာဉ်ကို ဒုက္ခ နှင့် လွတ်စေခြင်းငှါ စောင့် ရာရောက် ၏။
O ka mea malama i kona waha a me kona alelo, Oia ka i hoopakele i kona uhane i ka popilikia.
24 ၂၄ ပြင်းစွာ သော ဒေါသ အမျက်၌ ကျင်လည် သောသူကို၊ ထောင်လွှား စော်ကားသောသူ၊ မထီမဲ့မြင် ပြုသောသူဟူ၍ သမုတ်အပ်၏။
O ka haaheo, o ka hookano, o ka hoowahawaha, Oia ka inoa o ka mea hana ma ka huhu ikaika.
25 ၂၅ ပျင်းရိ သောသူသည် အလုပ် မလုပ်ချင်သောကြောင့် ၊ မိမိ တပ်မက် သောအားဖြင့် သေ တတ်၏။
O ka makemake o ka mea palaualelo oia kona mea e make ai; No ka mea, hoole kona mau lima i ka hana.
26 ၂၆ တနေ့လုံး တပ်မက် အားကြီးတတ်၏။ ဖြောင့်မတ် သော သူမူကား မ နှမြော ဘဲစွန့်ကြဲ တတ်၏။
Kuko wale aku no ia a po ka la; Haawi aku hoi ka mea pono me ka aua ole.
27 ၂၇ မ တရားသော သူပူဇော်သော ယဇ် သည် စက်ဆုပ် ရွံ့ရှာဘွယ်ဖြစ်၏။ ထိုမျှမက ၊ မ တရားသောစိတ် နှင့် ပူဇော် လျှင် သာ၍ဖြစ်၏။
O ka mohai o ka poe hewa, he hoopailua ia; Ua oi aku hoi ka hewa, ke lawe oia ia mea me ka manao ino.
28 ၂၈ မ မှန်သော သက်သေ သည် ပျက် တတ်၏။ ကိုယ်တိုင်ကြား သောသူ မူကား ၊ တည်ကြည် စွာ ပြော တတ်၏။
O ka mea hoike wahahee, e make no ia; O ke kanaka hoolohe, oia ke olelo mau.
29 ၂၉ မ တရားသောသူ သည် မိမိ မျက်နှာ ကို ခိုင်မာ စေတတ်၏။ ဖြောင့်မတ် သောသူမူကား ၊ မိမိ သွားရာလမ်း ကို ပြင်ဆင် တတ်၏။
Hoopaakiki ke kanaka hewa i kona maka; O ka mea pololei hoi, hoopololei oia i kona aoao.
30 ၃၀ ထာဝရဘုရား တဘက် ၌ ဉာဏ် မ တည်၊ ပညာ မ တည်၊ အကြံ တစုံတခုမျှ မ တည်နိုင်။
Aohe akamai, aohe noonoo; Aole hoi oleloao e hiki ai ke ku e aku ia Iehova.
31 ၃၁ စစ်တိုက် ရာကာလ အဘို့ မြင်း များကို ပြင်ဆင် သော်လည်း ၊ ထာဝရဘုရား ၏ကျေးဇူးတော်ကြောင့် ချမ်းသာ ရပါ၏။
Ua hoomakaukauia ka lio no ka la e kaua ai; Aka, ia Iehova no ka hoopakele ana.