< သုတ္တံကျမ်း 20 >
1 ၁ စပျစ်ရည် သည် လှည့်စား တတ်၏။ သေရည် သေရက်သည် ရုန်းရင်းခတ် ပြုခြင်းအမှုကို ဖြစ်စေတတ် ၏။ ထိုသို့ သောအားဖြင့် မှားယွင်း သောသူသည် ပညာ မ ရှိ။
Wine is a mocker, strong drink is a brawler, and whoever is led astray by them is not wise.
2 ၂ ရှင်ဘုရင် ကြောက် စေသော အမှုအရာသည် ခြင်္သေ့ ဟောက် ခြင်းနှင့် တူ၏။ အမျက်တော်ကို နှိုးဆော် သောသူသည် မိမိ အသက် ကို ပြစ်မှား ၏။
The terror of a king is like the roar of a lion; whoever provokes him forfeits his own life.
3 ၃ ရန်တွေ့ ခြင်းကို ငြိမ်းစေ သောသူ သည် ဂုဏ် အသရေရှိ၏။ မိုက် သောသူမူကား ၊ အမှု နှင့်ရောနှောတတ်၏။
It is honorable for a man to resolve a dispute, but any fool will quarrel.
4 ၄ ချမ်း သောကြောင့် ပျင်းရိ သောသူသည် လယ် မ လုပ်လို။ ထိုကြောင့် စပါး ရိတ်သောကာလ ၌သူတပါးကို တောင်း သော်လည်း မ ရရာ။
The slacker does not plow in season; at harvest time he looks, but nothing is there.
5 ၅ လူ စိတ် နှလုံး၌ ပညာအကြံ သည် နက် သော ရေ နှင့်တူသော်လည်း ၊ ဉာဏ် ကောင်းသောသူသည် ခပ်ယူ လိမ့်မည်။
The intentions of a man’s heart are deep waters, but a man of understanding draws them out.
6 ၆ လူ များ တို့သည် မိမိ တို့ပြုသောကျေးဇူး ကို ကြား ပြောတတ်၏။ သစ္စာ ရှိ သောသူ ကိုကား ၊ အဘယ် သူရှာ၍ တွေ့ နိုင်သနည်း။
Many a man proclaims his loving devotion, but who can find a trustworthy man?
7 ၇ ဖြောင့်မတ် သောသူသည် မိမိ ဖြောင့်မတ် ခြင်း လမ်းသို့ လိုက် ၍၊ သူ ၏သား စဉ်မြေးဆက်တို့သည် မင်္ဂလာ ရှိကြ၏။
The righteous man walks with integrity; blessed are his children after him.
8 ၈ တရား ပလ္လင်ပေါ် မှာထိုင် သော ရှင် ဘုရင်သည် မ ကောင်းသော အမှုအရာရှိသမျှ တို့ကို မျက်စိ တော်နှင့် ပယ်ရှင်း တတ်၏။
A king who sits on a throne to judge sifts out all evil with his eyes.
9 ၉ ငါသည် ကိုယ် စိတ် နှလုံးကို စင်ကြယ် စေပြီ။ အပြစ် နှင့် ကင်းလွတ် ၏ဟု အဘယ် သူဆို နိုင်သနည်း။
Who can say, “I have kept my heart pure; I am cleansed from my sin”?
10 ၁၀ အလေး ချင်းမတူသောအလေး၊ အဝင်ချင်း မတူသော တင်းတောင်း တို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။
Differing weights and unequal measures — both are detestable to the LORD.
11 ၁၁ သူငယ် သော်လည်း ၊ မိမိ ပြုသောအမှု သည် စင် သည်မစင်သည်၊ မှန် သည်မမှန်သည်ကို မိမိ အခြင်း အရာအားဖြင့် ပြ ၍ ၊ မိမိသဘောကို ထင်ရှားစေ၏။
Even a young man is known by his actions— whether his conduct is pure and upright.
12 ၁၂ ကြား တတ်သော နား ကို၎င်း၊ မြင် တတ်သော မျက်စိ ကို၎င်း ၊ ထာဝရဘုရား ဖန်ဆင်း တော်မူပြီ။
Ears that hear and eyes that see— the LORD has made them both.
13 ၁၃ ဆင်းရဲ မည်ဟု စိုးရိမ်စရာရှိသည်ဖြစ်၍ ၊ အိပ် ခြင်းကိုမ တပ်မက် နှင့်။ နိုး တတ်လျှင် ဝ စွာစား ရ၏။
Do not love sleep, or you will grow poor; open your eyes, and you will have plenty of food.
14 ၁၄ ဝယ် သောသူက၊ မ ကောင်းဘူး၊ မ ကောင်းဘူးဟု ဆို တတ်၏။ ဝယ်၍သွား ပြီး မှ ဝါကြွား တတ်၏။
“Worthless, worthless!” says the buyer, but on the way out, he gloats.
15 ၁၅ ရွှေ ရှိ ၏။ ပတ္တမြား လည်း ရှိ ၏။ ပညာ အတတ်နှင့် ပြည့်စုံသော နှုတ် မူကား ၊ အလွန် အဘိုး ထိုက်သော ရတနာ ဖြစ်၏။
There is an abundance of gold and rubies, but lips of knowledge are a rare treasure.
16 ၁၆ မ ကျွမ်းသောသူအတွက်၊ အမျိုး ပျက်သော မိန်းမအတွက် ၊ အာမခံ တတ်သောသူ သည် အဝတ် အစ ရှိသောဥစ္စာ တစုံတခုကို ပေါင် ထားစေ။
Take the garment of the one who posts security for a stranger; get collateral if it is for a foreigner.
17 ၁၇ လှည့်စား ၍ ရသောအစာ သည် ချိုမြိန် သော်လည်း ၊ စားသောသူ ၏နှုတ် သည် ကျောက်စရစ် နှင့် ပြည့် လိမ့်မည်။
Food gained by fraud is sweet to a man, but later his mouth is full of gravel.
18 ၁၈ အကြံရှိသောသူသည် သူတပါးနှင့်တိုင်ပင် လျှင်၊ အကြံ ထမြောက် တတ်၏။ ကောင်း သော တိုင်ပင်ခြင်း ရှိမှ သာ စစ်မှု ကို ပြု ရမည်။
Set plans by consultation, and wage war under sound guidance.
19 ၁၉ လည် ၍စကားများသောသူသည် လျှို့ဝှက် အပ် သောအရာကို ဘော်ပြ တတ်၏။ သို့ဖြစ်၍ ချော့မော့ တတ် သောသူနှင့် မ ပေါင်းဘော် နှင့်။
He who reveals secrets is a constant gossip; avoid the one who babbles with his lips.
20 ၂၀ အကြင်သူသည် မိဘ ကို ကျိန်ဆဲ ၏။ ထိုသူ ၏ မီးခွက် သည် ထူထပ် သော မှောင်မိုက် ၌ သေ လိမ့်မည်။
Whoever curses his father or mother, his lamp will be extinguished in deepest darkness.
21 ၂၁ အမွေ ဥစ္စာကို အစအဦး ၌ အလျင် ရနိုင်သော်လည်း ၊ အဆုံး ၌ အမင်္ဂလာ ဖြစ်လိမ့်မည်။
An inheritance gained quickly will not be blessed in the end.
22 ၂၂ ငါသည်ရန်တုံ့ ပြုမည်ဟု မ ဆို နှင့်၊ ထာဝရဘုရား ကို ငံ့လင့် လော့။ သို့ပြုလျှင် ကယ်တင် တော်မူလိမ့်မည်။
Do not say, “I will avenge this evil!” Wait on the LORD, and He will save you.
23 ၂၃ အလေး ချင်းမတူသော အလေးတို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ စဉ်းလဲ သောချိန်ခွင် လည်း အပြစ် ရှိ၏။
Unequal weights are detestable to the LORD, and dishonest scales are no good.
24 ၂၄ လူ သွား ရာလမ်းတို့ကို ထာဝရဘုရား စီရင်တော်မူ ၏။ သို့ဖြစ်၍ ၊ သူ သည် မိမိ သွားရာလမ်း တို့ကို အဘယ် သို့ နားလည် နိုင်သနည်း။
A man’s steps are from the LORD, so how can anyone understand his own way?
25 ၂၅ ဘုရား အမှု၌စကားလွန်မိ သောသူ၊ သစ္စာ ဂတိထားပြီးမှ မေးမြန်း သောသူ သည် ကျော့ကွင်း နှင့် တွေ့မိပြီ။
It is a trap for a man to dedicate something rashly, only later to reconsider his vows.
26 ၂၆ ပညာ ရှိသော ရှင် ဘုရင်သည် လူဆိုး တို့ကို ကွဲပြား စေ၍ ၊ ဘီး နှင့် ဖိ တတ်၏။
A wise king separates out the wicked and drives the threshing wheel over them.
27 ၂၇ လူ ၏စိတ် ဝိညာဉ်သည် ကိုယ် အတွင်း၌ ရှိရှိ သမျှတို့ကို စစ်ဆေး သော ထာဝရဘုရား ၏ မီးခွက် ဖြစ်၏။
The spirit of a man is the lamp of the LORD, searching out his inmost being.
28 ၂၈ ကရုဏာ တရားနှင့် သစ္စာ တရားသည် ရှင် ဘုရင်ကို စောင့်မ တတ်၏။ ရာဇ ပလ္လင်တော်သည် ကရုဏာ တရားအားဖြင့် မြဲမြံ တတ်၏။
Loving devotion and faithfulness preserve a king; by these he maintains his throne.
29 ၂၉ လူပျို ၏ဘုန်း ကား အစွမ်း သတ္တိ၊ လူအို ၏ ဂုဏ်အသရေ ကား ဖြူ သော ဆံပင်ဖြစ်၏။
The glory of young men is their strength, and gray hair is the splendor of the old.
30 ၃၀ အနာ ကိုမွှေနှောက် ခြင်းအားဖြင့်အဆိုး အညစ် နှင့် ကင်းစင် တတ်၏။ ဒဏ်ချက် ရာတို့သည်လည်း ၊ ကိုယ် အတွင်းအရပ်တို့၌ ထိုသို့သော ကျေးဇူးကို ပြုတတ်၏။
Lashes and wounds scour evil, and beatings cleanse the inmost parts.