< သုတ္တံကျမ်း 2 >
1 ၁ ငါ့ သား ၊ သင်သည်ပညာ စကားကို နားထောင် ၍၊
၁ငါ့သား၊ သင်သည်ပညာစကားကို နားထောင်၍၊
2 ၂ စေတနာစိတ် နှင့်ဉာဏ် ကို ရှာဖွေ သည်တိုင်အောင်၊ ငါ့ စကား ကို နာခံ ၍ ၊ ငါ့ ပညတ် တို့ကို ကိုယ် အထဲ ၌ သွင်း မိလျှင် ၎င်း၊
၂စေတနာစိတ်နှင့်ဥာဏ်ကို ရှာဖွေသည်တိုင်အောင်၊ ငါ့စကားကို နားခံ၍၊ ငါ့ပညတ်တို့ကို ကိုယ်အထဲ၌ သွင်းမိလျှင်၎င်း၊
3 ၃ သိပ္ပံ အတတ်ကို ခေါ် ၍ ၊ ဉာဏ် နောက်သို့ အသံ ကိုလွှင့် လျှင် ၎င်း၊
၃သိပ္ပံအတတ်ကိုခေါ်၍၊ ဥာဏ်နောက်သို့ အသံ ကိုလွှင့်လျှင်၎င်း၊
4 ၄ ငွေ ကိုရှာတတ်သကဲ့သို့ ပညာ ကိုရှာ ၍ ၊ ဝှက်ထားသောဘဏ္ဍာ ကို စူးစမ်း တတ်သကဲ့သို့ ၊ ဉာဏ်ကို စူးစမ်းလျှင်၎င်း၊
၄ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍၊ ဝှက်ထား သောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့၊ ဥာဏ်ကို စူးစမ်း လျှင်၎င်း၊
5 ၅ ထာဝရဘုရား ကို ကြောက် သောသဘော ၌ ကျင်လည်၍ ၊ ဘုရား သခင်ကိုသိသော ဉာဏ် နှင့် ပြည့်စုံ လိမ့်မည်။
၅ထာဝရဘုရားကို ကြောက်သောသဘော၌ ကျင်လည်၍၊ ဘုရားသခင်ကိုသိသော ဥာဏ်နှင့်ပြည့်စုံ လိမ့်မည်။
6 ၆ အကြောင်း မူကား၊ ထာဝရဘုရား သည်ပညာ ကို ပေး တော်မူတတ်၏။ နားလည် နိုင်သော ဉာဏ် သည် နှုတ်ကပတ် တော်အားဖြင့် သာဖြစ်တတ်၏။
၆အကြောင်းမူကား၊ ထာဝရဘုရားသည်ပညာကို ပေးတော်မူတတ်၏။ နားလည်နိုင်သော ဥာဏ်သည် နှုတ်ကပတ်တော်အားဖြင့်သာဖြစ်တတ်၏။
7 ၇ ဖြောင့်မတ် သောသူတို့အဘို့ ပညာ ရတနာကိုသိုထား တော်မူ၏။ တရား သဖြင့်ကျင့် သောသူတို့ကို ကွယ်ကာ တော်မူ၏။
၇ဖြောင့်မတ်သောသူတို့အဘို့ ပညာရတနာကို သိုထားတော်မူ၏။ တရားသဖြင့်ကျင့်သောသူတို့ကို ကွယ်ကာတော်မူ၏။
8 ၈ မိမိ သန့်ရှင်း သူတို့သည်တရားလမ်း ကို စောင့်ရှောက် မည်အကြောင်း ၊ သူ တို့၏လမ်းခရီး ကို လုံခြုံ စေတော်မူ၏။
၈မိမိသန့်ရှင်းသူတို့သည်တရားလမ်းကို စောင့် ရှောက်မည်အကြောင်း၊ သူတို့၏လမ်းခရီးကို လုံခြုံ စေတော်မူ၏။
9 ၉ ကျေးဇူးတော်ကြောင့် သင်သည် ဖြောင့်မတ် စွာကျင့် ခြင်း၊ တရား သဖြင့်စီရင်ခြင်း၊ လျစ်လျူ စွာ ဆုံးဖြတ်ခြင်းမှစ၍ ၊ ကောင်း သောလမ်း ရှိသမျှ တို့ကို သိ နားလည်လိမ့်မည်။
၉ကျေးဇူးတော်ကြောင့် သင်သည် ဖြောင့်မတ်စွာ ကျင့်ခြင်း။ တရားသဖြင့်စီရင်ခြင်း၊ လျစ်လျူစွာ ဆုံးဖြတ် ခြင်းမှစ၍၊ ကောင်းသောလမ်းရှိသမျှတို့ကို သိနားလည် လိမ့်မည်။
10 ၁၀ ပညာ သည်သင် ၏နှလုံး ထဲသို့ ဝင် ၍ ၊ သင် သည် သိကြား ခြင်း၌ မွေ့လျော် သောအခါ၊
၁၀ပညာသည်သင်၏နှလုံးထဲသို့ဝင်၍၊ သင်သည် သိကြားခြင်း၌ မွေ့လျော်သောအခါ၊
11 ၁၁ သမ္မာ သတိသည် သင့် ကို ထိန်းသိမ်း ၍၊ ဉာဏ် သည်လည်း စောင့်ရှောက် သဖြင့်၊
၁၁သမ္မာသတိသည် သင့်ကို ထိန်းသိမ်း၍၊ ဥာဏ်သည်လည်း စောင့်ရှောက်သဖြင့်၊
12 ၁၂ ဆိုး သောလမ်း မှ ကယ်တင် လိမ့်မည်။ ကောက် သောစကားကို ပြော တတ်သောသူ၊
၁၂ဆိုးသောလမ်းမှ ကယ်တင်လိမ့်မည်။ ကောက် သောစကားကို ပြောတတ်သောသူ၊
13 ၁၃ ဖြောင့်မတ် သောလမ်း ကိုစွန့် ၍၊ မိုက်မဲ သော လမ်း သို့ လိုက် သောသူ၊
၁၃ဖြောင့်မတ်သောလမ်းကိုစွန့်၍၊ မိုက်မဲသော လမ်းသို့လိုက်သောသူ၊
14 ၁၄ ဒုစရိုက် ၌ မွေ့လျော် ၍ အဓမ္မ လူ၏ ကောက်လိမ် ခြင်းကို အားရ နှစ်သက်သောသူ၊
၁၄ဒုစရိုက်၌မွေ့လျော်၍ အဓမ္မလူ၏ ကောက်လိမ် ခြင်းကို အားရနှစ်သက်သောသူ၊
15 ၁၅ ဖြောင့် သောလမ်းသို့မလိုက်၊ ကောက် သော လမ်း သို့သာ လိုက်သောသူ တို့၏လက်မှ၎င်း၊
၁၅ဖြောင့်သောလမ်းသို့မလိုက်၊ ကောက်သော လမ်းသို့သာ လိုက်သောသူတို့၏လက်မှ၎င်း၊
16 ၁၆ အမျိုး ပျက်သောမိန်းမ ၊ နှုတ် နှင့်ချော့မော့ တတ် သော ပြည်တန်ဆာ မိန်းမ၊
၁၆အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့်ချော့မော့တတ် သော ပြည်တန်ဆာမိန်းမ၊
17 ၁၇ အသက် ငယ်စဉ်ပဲ့ပြင်သော ကျေးဇူးရှင် ကိုစွန့် ၍ ၊ မိမိ ဘုရား သခင်၏ ပဋိညာဉ် တရားကို မေ့လျော့ သော မိန်းမလက်မှ ၎င်း၊ သင့် ကို ကယ်တင် လိမ့်မည်။
၁၇အသက်ငယ်စဉ်ပဲ့ပြင်သော ကျေးဇူးရှင်ကိုစွန့်၍၊ မိမိဘုရားသခင်၏ ပဋိညာဉ်တရားကို မေ့လျော့သော မိန်းမလက်မှ၎င်း၊ သင့်ကို ကယ်တင်လိမ့်မည်။
18 ၁၈ ထိုမိန်းမ ၏အိမ် သည် သေ ခြင်းနှင့်၎င်း၊ သူ လိုက်သော လမ်း တို့သည် သင်္ချိုင်း သားနေရာနှင့် ၎င်း စပ်ဆိုင်သဖြင့်၊
၁၈ထိုမိန်းမ၏အိမ်သည် သေခြင်းနှင့်၎င်း၊ သူလိုက်သော လမ်းတို့သည် သင်္ချိုင်းသားနေရာနှင့်၎င်း စပ်ဆိုင် သဖြင့်၊
19 ၁၉ သူ ၏အိမ်သို့ဝင် သောသူ တစုံ တယောက်မျှ မ ပြန် ရ။ အသက် လမ်း ကို မ မှီ ရ။
၁၉သူ၏အိမ်သို့ဝင်သောသူ တစုံတယောက်မျှ မပြန်ရ။ အသက်လမ်းကို မမှီရ။
20 ၂၀ သင်သည် သူတော်ကောင်း တို့၏ လမ်း သို့ ရှောက် ၍ ၊ ဖြောင့်မတ် သောသူတို့ ၏ လမ်းခရီး ထဲက မ ထွက်ဘဲ အစဉ်တစိုက်လိုက်ရမည်အကြောင်းတည်း။
၂၀သင်သည် သူတော်ကောင်းတို့၏ လမ်းသို့ရှောက်၍၊ ဖြောင့်မတ်သော သူတို့၏ လမ်းခရီးထဲက မထွက်ဘဲ အစဉ်တစိုက်လိုက်ရမည်အကြောင်းတည်း။
21 ၂၁ ဖြောင့်မတ် သောသူတို့သည်ပြည် တော်၌နေ ၍ ၊ စုံလင် သောသူတို့ သည် နေရာ ကျကြလိမ့်မည်။
၂၁ဖြောင့်မတ်သောသူတို့သည်ပြည်တော်၌နေ၍၊ စုံလင်သော သူတို့သည် နေရာကျကြလိမ့်မည်။
22 ၂၂ အဓမ္မ လူတို့မူကား ၊ ပြည် တော်မှ ပယ်ရှင်း ခြင်း၊ လွန်ကျူး သောသူတို့ သည် နှုတ်ပစ် ခြင်းကိုခံရကြ လိမ့်မည်။
၂၂အဓမ္မလူတို့မူကား၊ ပြည်တော်မှပယ်ရှင်းခြင်း၊ လွန်ကျူးသော သူတို့သည် နှုတ်ပစ်ခြင်းကို ခံရကြလိမ့် မည်။