< သုတ္တံကျမ်း 19 >
1 ၁ ကောက်လိမ် သော စကား ကိုသုံးတတ်သော လူမိုက် ထက် ၊ ဖြောင့်မတ် ခြင်းလမ်းသို့ လိုက် သော ဆင်းရဲ သူသည်သာ၍ကောင်း ၏။
Better is a poor person who walks in his integrity than one who is perverse in speech and is a fool.
2 ၂ စိတ် ဝိညာဉ်သည် ပညာ အတတ်မ ရှိဘဲ မ နေကောင်း ။ အလျင် အမြန်သွားသောသူသည် လည်း မှားယွင်း တတ်၏။
Also, it is not good to have desire without knowledge and the one who runs too fast misses the path.
3 ၃ လူ သည် မိုက် သောသဘောကြောင့်၊ လမ်းလွဲ ၍ စိတ် ထဲမှာ ထာဝရဘုရား ကို ကဲ့ရဲ့ ပြစ်တင်တတ်၏။
A person's folly ruins his life and his heart rages against Yahweh.
4 ၄ စည်းစိမ် ရှိလျှင် အဆွေ ခင်ပွန်းများ တတ်၏။ ဆင်းရဲ သောသူမူကား ၊ မိမိ အိမ်နီးချင်းနှင့်မျှ မ ပေါင်းဘော် ရ။
Wealth adds many friends, but a poor person is separated from his friends.
5 ၅ မ မှန်သောသက်သေ သည် အပြစ် မခံဘဲမနေရ။ မုသာ ကို သုံး သောသူသည်လည်း ဒဏ်နှင့်မ လွတ် ရ။
A false witness will not go unpunished and he who breathes out lies will not escape.
6 ၆ များ သောသူတို့သည် မင်း ကိုဖျောင်းဖျ တတ်ကြ ၏။ လက်ဆောင် ပေးသော သူ ကိုလည်း၊ လူတိုင်း မိတ်ဆွေ ဖွဲ့တတ်၏။
Many will ask for a favor from a generous person and everyone is a friend of the one who gives gifts.
7 ၇ ဆင်းရဲ သောသူ၏ ညီအစ်ကို ရှိသမျှ တို့သည် သူ့ ကို မုန်း တတ်ကြ၏။ သူ ၏အဆွေ ခင်ပွန်းတို့သည် သူ့ ကို သာ၍ ဝေး စွာရှောင်တတ်ကြ၏။ လိုက် ၍ခေါ်သော်လည်း ကွယ်ပျောက် ကြပြီ။
All the brothers of a poor man hate him; how much more do his friends who go far away from him! He calls out to them, but they are gone.
8 ၈ ပညာ ကိုရ သောသူသည် မိမိ အသက် ဝိညာဉ်ကို ချစ် ရာရောက်၏။ ဉာဏ် ကိုစွဲလမ်း သောသူသည်လည်း၊ ကောင်းကျိုး ကို ခံ တတ်၏။
He who gets wisdom loves his own life; he who keeps understanding will find what is good.
9 ၉ မ မှန်သောသက်သေ သည် အပြစ် မခံဘဲမနေရ။ မုသာ ကိုသုံး သောသူသည် လည်း ၊ ပျက်စီး ခြင်းသို့ ရောက် လိမ့်မည်။
A false witness will not go unpunished, but the one who breathes out lies will perish.
10 ၁၀ မိုက် သောသူသည် မ ပျော်မွေ့ သင့်။ ထိုမျှမက ၊ ကျွန် သည်မင်း တို့ကို အစိုး မရသင့်။
It is not fitting for a fool to live in luxury— much less for a slave to rule over princes.
11 ၁၁ သမ္မာ သတိရှိသောသူ သည် မိမိ အမျက် ဒေါသ ကို ချုပ်တည်း တတ်၏။ သူတပါးပြစ်မှား ခြင်းကို သည်းခံ သောသူသည်လည်း ဘုန်း အသရေရှိ၏။
Discretion makes a person slow to anger and it is his glory to overlook an offense.
12 ၁၂ ရှင်ဘုရင် ၏အမျက် တော်သည် ခြင်္သေ့ ဟောက် သကဲ့သို့ ဖြစ်၏။ ကျေးဇူး တော်မူကား ၊ မြက် ပေါ် မှာ ကျသော နှင်းရည် ကဲ့သို့ ဖြစ်၏။
The wrath of the king is like the roaring of a young lion, but his favor is like dew on the grass.
13 ၁၃ မိုက် သော သား သည် အဘ ဆင်းရဲ စရာ အကြောင်း ဖြစ်၏။ ရန်တွေ့ တတ်သောမယား သည်လည်း ၊ အစက် စက်ကျသော မိုဃ်း ပေါက်နှင့်တူ၏။
A foolish son is ruin to his father and a quarreling wife is a constant dripping of water.
14 ၁၄ အိမ် နှင့် စည်းစိမ် သည် မိဘ အမွေ ဥစ္စာဖြစ်၏။ သမ္မာ သတိရှိသောမယား မူကား ၊ ထာဝရဘုရား ပေးသနား တော်မူရာ ဖြစ်၏။
A house and wealth are inherited from parents, but a prudent wife is from Yahweh.
15 ၁၅ ပျင်းရိ သော သဘောသည် လွန်ကျူး စွာ အိပ်ပျော် စေ၍ ၊ ပျင်းရိ သောသူသည် အငတ် ခံရ၏။
Laziness throws a person into a deep sleep, but the one not willing to work will go hungry.
16 ၁၆ ပညတ် တရားကို စောင့် သောသူသည် မိမိ အသက် ဝိညာဉ်ကို စောင့် ရာရောက်၏။ မိမိ သွားရာလမ်း တို့ကို မထီလေးစား ပြုသောသူမူကား၊ အသေ ခံရ၏။
The one who obeys the command guards his life, but the person who does not think about his ways will die.
17 ၁၇ ဆင်းရဲ သားကို သနား သောသူသည် ထာဝရ ဘုရား အား ချေးငှါး သောသူဖြစ်၍ ၊ သူ ပြုသောအမှု ၏ အကျိုးကိုဆပ် ပေးတော်မူလိမ့်မည်။
Whoever is kind to the poor lends to Yahweh and he will repay him for what he has done.
18 ၁၈ မြော်လင့် စရာရှိ စဉ်အခါ ၊ ကိုယ် သား ကို ဆုံးမ လော့။ သူ့ ကိုအကျိုး နည်းအောင် သနား သောစိတ်မ ရှိစေနှင့်။
Discipline your son while there is hope and do not set your desire on putting him to death.
19 ၁၉ ဒေါသ အမျက်ကြီး သောသူသည် အပြစ်ဒဏ် ကိုခံရလိမ့်မည်။ သူ့ကိုကယ်နှုတ် လျှင် အဖန်ဖန် ကယ်နှုတ်ရမည်။
A hot-tempered person must pay the penalty; if you rescue him, you will have to do it a second time.
20 ၂၀ နောက်ဆုံး ကာလ၌ ပညာရှိ ဖြစ်လိုသောငှါ ၊ ဆုံးမ သော စကားကို နားထောင် ၍ နည်းဥပဒေသ ကို ခံယူ လော့။
Listen to advice and accept instruction, so you may become wise by the end of your life.
21 ၂၁ လူ သည်အထူးထူး အပြားပြားကြံစည် တတ်၏။ သို့ရာတွင် ၊ ထာဝရဘုရား ၏အကြံ တော်သည် တည် လိမ့်မည်။
Many are the plans in a person's heart, but it is the purpose of Yahweh that will stand.
22 ၂၂ လူ သည်စေတနာ ရှိလျှင် ကျေးဇူး ပြုရာ ရောက်၏။ ဆင်းရဲ သောသူသည်လည်း ၊ မုသာ သုံးသော သူ ထက် သာ၍ကောင်း ၏။
Loyalty is what a person desires and a poor person is better than a liar.
23 ၂၃ ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောသည် အသက်ရှင် ခြင်းနှင့်ဆိုင်သည်ဖြစ်၍ ထိုသဘောရှိသောသူသည် အလို ဆန္ဒပြည့်စုံလျက်ရှိ၍၊ ဘေးဥပဒ် နှင့်ကင်းလွတ် လိမ့်မည်။
Honor for Yahweh leads people to life; anyone who has it will be satisfied and not afflicted by harm.
24 ၂၄ ပျင်းရိ သောသူသည်မိမိ လက် ကို အိုး ၌ သွင်း သော်လည်း တဖန်နှုတ် ၍ မိမိ ပစပ် သို့ မ ခွံ့လို။
The sluggard buries his hand in the dish; he will not even bring it back up to his mouth.
25 ၂၅ မထီမဲ့မြင် ပြုသောသူကို ရိုက် လျှင် ဉာဏ် တိမ် သောသူသည် သတိ ရလိမ့်မည်။ ဉာဏ် ကောင်းသော သူကို ဆုံးမ လျှင် ၊ သူသည် ပညာ တရားကို နားလည် လိမ့်မည်။
Strike a mocker, and the naive person will become prudent; discipline one who is discerning, and he will gain knowledge.
26 ၂၆ အဘ ဥစ္စာ ကိုဖြုန်း၍ အမိ ကိုနှင်ထုတ် သော သားသည် အရှက်ခွဲ သောသား၊ ကဲ့ရဲ့ ခြင်းကိုခံစေသော သားဖြစ်၏။
The one who robs his father and chases his mother away is a son who brings shame and reproach.
27 ၂၇ ငါ့ သား ၊ ပညာ တရားကို ပယ် စေခြင်းငှါ ၊ သွန်သင် သောသူ ၏စကား ကို နား မ ထောင်နှင့်။
If you cease to hear instruction, my son, you will stray from the words of knowledge.
28 ၂၈ အဓမ္မ သက်သေ သည် တရား ကို မထီမဲ့မြင် ပြုတတ်၏။ မ တရားသောသူသည် လည်း ၊ ဒုစရိုက် ကို စား ၍ မျို တတ်၏။
A corrupt witness mocks justice and the mouth of the wicked swallows iniquity.
29 ၂၉ မထီမဲ့မြင် ပြုသောသူတို့အဘို့ အပြစ် စီရင်ခြင်း၊ မိုက် သောသူတို့ ၏ကျော အဘို့ ဒဏ် ပေးခြင်းသည် အသင့် ရှိ၏။
Condemnation is ready for mockers and flogging for the backs of fools.