< သုတ္တံကျမ်း 18 >

1 သူတပါး များနှင့် မရောနှောသောသူသည် မိမိ စေတနာ အလို ရှိသည်အတိုင်း ရှာဖွေ ၍၊ ပညာ ရတနာ အမျိုးမျိုး ကို စူးစမ်း မွှေနှောက်တတ်၏။
NO ka makemake wale e imi ai ke kanaka manao ku e, A pale aku no i na manao pono a pau.
2 မိုက် သောသူမူကား ၊ မိမိ စိတ် သဘောကို ပြ စရာ အခွင့်မှတပါး ၊ အခြားသောအကြောင်းကြောင့် ဉာဏ် ပညာ၌ မ ပျော်မွေ့ တတ်။
Aole i haliu mai ka mea lapuwale i ka ike, Aka, ma ka hoike ana i kona naau.
3 မ တရားသောသူလာ သောအခါ ၊ မထီမဲ့မြင် ပြုခြင်း ကို ခံရ၏။ ဂုဏ် အသရေပျက်သောအခါ ၊ ကဲ့ရဲ့ ခြင်း ကိုလည်း ခံရ ၏။
A hiki mai ka hewa, hiki mai no hoi ka hoowahawaha; A o ka hilahila pu kekahi me ka hoomaewaewa.
4 နှုတ်ထွက် သောစကား သည် နက် သောရေ ကဲ့သို့၎င်း၊ ပညာ စမ်းရေ တွင်းသည် ရေစီး သောမြစ် ကဲ့သို့၎င်း ဖြစ်၏။
He wai hohonu na olelo o ko ke kanaka waha; He punawai e hu ana, ke kumu o ka naauao.
5 တရား တွေ့ရာအမှု၌ ဖြောင့်မတ် သောသူကို ရှုံး စေခြင်းငှါ ၊ မ တရားသောသူ ၏မျက်နှာ ကို မ ထောက် ကောင်း။
O ka hooluolu aku i ka mea hewa, aole ia he maikai; Aole hoi ka opea aku i ka mea pono ma ka hookolokolo ana.
6 မိုက် သောသူ၏နှုတ်ခမ်း တို့သည် ရန်တွေ့ တတ်၏။ သူ ၏နှုတ် သည်လည်း အပြစ် ဒဏ်ကို တောင်း တတ်၏။
O na lehelehe o ka mea lapuwale, aia no ma ka hoopaapaa; Ua maopopo kona waha e pono ke hahauia.
7 မိုက် သောသူ၏နှုတ် သည် ပျက်စီး ရာအကြောင်း၊ နှုတ်ခမ်း တို့သည်လည်း မိမိ အသက် ကို ကျော့မိ ရာ အကြောင်းဖြစ်၏။
O ka waha o ka mea lapuwale, oia kona mea e make ai; A o kona mau lehelehe hoi, oia ke pahele o kona uhane.
8 ကုန်း တိုက်သောသူ၏စကား သည် မြိန် သော ခဲဘွယ်စားဘွယ်ကဲ့သို့ ဖြစ်၍ ၊ ဝမ်း အတွင်း သို့ဝင် တတ်၏။
O na olelo ahiahi, ua like me na olelo paani, A komo no nae iloko loa o ka opu.
9 အလုပ် လုပ်သောအခါ ပျင်းရိ သောသူသည်၊ မိမိ ဥစ္စာကို အချည်းနှီး ကုန်စေသော သူနှင့်ညီအစ်ကို တော်ပေ၏။
O ka mea hoomolowa ma kana hana ana, He kaikaina oia o ka mea hoomaunauna wale.
10 ၁၀ ထာဝရဘုရား ၏နာမတော် သည် ခိုင်ခံ့ သော ရဲတိုက် ဖြစ်၍၊ ဖြောင့်မတ် သောသူတို့သည် ပြေး ဝင်သဖြင့် ၊ လုံခြုံ စွာနေရကြ၏။
He pakaua ikaika ka inoa o Iehova; Malaila e holo ai ka mea pono a maluhia iho la.
11 ၁၁ ငွေ ရတတ်သောသူက၊ ငါ့စည်းစိမ် သည် ခိုင်ခံ့ သောမြို့ ဖြစ်၏။ မြင့် သောမြို့ရိုး နှင့် တူသည်ဟု ထင် တတ် ၏။
O ka waiwai o ka mea waiwai, oia kona kulanakauhale paa I ka pa, Ua like hoi me ka pa kiekie i kona manao.
12 ၁၂ ပျက်စီး ခြင်းအရင် ၌လူ သည် စိတ် မြင့် ခြင်း၏ နေရာ၊ ဂုဏ် အသရေအရင် ၌နှိမ့်ချ ခြင်း၏နေရာရှိ၏။
Mamua o ka make, ua haaheo ka naau o ke kanaka, Mamua hoi o ka hookiekieia mai, he akahai.
13 ၁၃ အကျိုး အကြောင်းကို မ စစ်မှီ၊ အမှု စီရင် သောသူသည်မိုက် သော အပြစ်၊ အရှက် ကွဲရသောအပြစ်ရှိ၏။
O ka mea hoopuka i kona manao mamua o kona lohe ana, He lapuwale ia, a he mea ia nona e hilahila ai.
14 ၁၄ လူ ၏စိတ် ဝိညာဉ်သည် မိမိ နာ ခြင်းဝေဒနာကို ခံနိုင် ၏။ ကြေကွဲ သောစိတ် ကိုကား ၊ အဘယ် သူသည်းခံ နိုင် သနည်း။
O ka uhane o ke kanaka, hoomanawanui no ia i ka nawaliwali; Aka, o ka uhane e eha ana, owai la e hiki ai ke hoomanawanui?
15 ၁၅ သမ္မာ သတိရှိသောသူ၏ စိတ် နှလုံးသည် ပညာ အတတ်ကို သိုထား တတ်၏။ ပညာ ရှိသောသူ ၏နား သည် လည်း ၊ ပညာ စကားကို ရှာ တတ်၏။
O ka naau o ka mea naauao e loaa ia ia ka ike; O ka pepeiao hoi o ka poe akamai, e imi no i ka naauao.
16 ၁၆ လူ ၌ပါသော လက်ဆောင် အားဖြင့် ၊ လမ်း ရှင်းလင်း ၍ ၊ လူကြီး ထံသို့ ဝင် ရသောအခွင့်ရှိတတ်၏။
O ko ke kanaka makana, he mea ia e hookaawale ai i wahi nona; A e kai aku hoi ia ia imua o na kanaka koikoi.
17 ၁၇ ကိုယ် အမှု ကို အဦး စောင့်၍ပြောသောသူသည် ဖြောင့်မတ် ရာသို့ရောက်သော်လည်း၊ အိမ်နီးချင်း လာ ၍ စစ်ကြော တတ်၏။
Ua pono ka mea i hoopiiia i kana olelo mua ana; Aka, hele mai kona hoanoho a imi ae i kona ano.
18 ၁၈ စာရေးတံ ပြုခြင်းအားဖြင့် အငြင်းအခုံ ငြိမ်း ၍ ၊ အားကြီး သောသူတို့ အမှု ကို ဆုံးဖြတ်တတ်၏။
O ka hailona ana ka mea e pau ai ka hoopaapaa; He mea hoi e uwao ai iwaena o ka ikaika.
19 ၁၉ အငြိုး ထားသောညီအစ်ကို သည် ခိုင်ခံ့ သောမြို့ ထက် သာ၍ခက်၏။ ညီအစ်ကိုရန် တွေ့ခြင်းအမှုသည် ရဲတိုက် တံခါးကျင် ကဲ့သို့ ဖြစ်၏။
Aole ikaika ke kulanakauhale paa i ka pa e like me ka hoahanau i hoonaukiukiia; A o ko laua hoopaapaa ana, ua like me na kaolahao o ka halealii.
20 ၂၀ လူ သည်မိမိနှုတ် ၏အသီး နှင့် ဝမ်း ပြည့် ရ၏။ မိမိ နှုတ်ခမ်း တို့၏ စီးပွါး နှင့်ဝ ရ၏။
Ma na hua o ko ke kanaka waha, e maona ai kona opu; A ma ka waiwai o kona mau lehelehe e piha ai oia.
21 ၂၁ လျှာ သည်အသက်သေ ခြင်းနှင့် ရှင် ခြင်းကို အစိုးရ ၏။ လျှာ ကို နှစ်သက် သောသူသည်လည်း ၊ လျှာ ၏အသီး ကို စား ရ၏။
Ma ke elelo ka make a me ke ola; O ka mea makemake malaila, e ai oia i kona hua.
22 ၂၂ မယား ကိုရ သောသူသည် ကောင်း သောအရာကို ရ ၍ ၊ ထာဝရဘုရား ၏ ကျေးဇူး တော်ကို ခံရ ၏။
O ka mea loaa ia ia ka wahine, loaa no ka mea maikai, Ua loaa hoi ia ia ka lokamaikai no Iehova mai.
23 ၂၃ ဆင်းရဲ သောသူသည် တောင်းပန် တတ်၏။ ငွေ ရတတ် သောသူမူကား ၊ ကြမ်းတမ်း စွာ ပြန် ပြောတတ်၏။
He noi ko ke kanaka ilihune; A o ka mea waiwai, ua olelo kalakala oia.
24 ၂၄ အပေါင်း အဘော်များသောသူ သည် အကျိုးနည်း ရှိတတ်၏။ မိတ်ဆွေ မူကား ၊ ညီအစ်ကို စွဲကပ် သည် ထက် သာ၍စွဲကပ် တတ်၏။
O ke kanaka i nui na hoalauna, e poino oia malaila; Aka, o kekahi hoaaloha ua oi aku kona pipili ana mamua o ko ka hoahanau.

< သုတ္တံကျမ်း 18 >