< သုတ္တံကျမ်း 18 >
1 ၁ သူတပါး များနှင့် မရောနှောသောသူသည် မိမိ စေတနာ အလို ရှိသည်အတိုင်း ရှာဖွေ ၍၊ ပညာ ရတနာ အမျိုးမျိုး ကို စူးစမ်း မွှေနှောက်တတ်၏။
One who isolates himself seeks his own desire and he quarrels with all sound judgment.
2 ၂ မိုက် သောသူမူကား ၊ မိမိ စိတ် သဘောကို ပြ စရာ အခွင့်မှတပါး ၊ အခြားသောအကြောင်းကြောင့် ဉာဏ် ပညာ၌ မ ပျော်မွေ့ တတ်။
A fool finds no pleasure in understanding, but only in revealing what is in his own heart.
3 ၃ မ တရားသောသူလာ သောအခါ ၊ မထီမဲ့မြင် ပြုခြင်း ကို ခံရ၏။ ဂုဏ် အသရေပျက်သောအခါ ၊ ကဲ့ရဲ့ ခြင်း ကိုလည်း ခံရ ၏။
When a wicked person comes, contempt comes with him— along with shame and reproach.
4 ၄ နှုတ်ထွက် သောစကား သည် နက် သောရေ ကဲ့သို့၎င်း၊ ပညာ စမ်းရေ တွင်းသည် ရေစီး သောမြစ် ကဲ့သို့၎င်း ဖြစ်၏။
The words of a man's mouth are deep waters; the fountain of wisdom is a flowing stream.
5 ၅ တရား တွေ့ရာအမှု၌ ဖြောင့်မတ် သောသူကို ရှုံး စေခြင်းငှါ ၊ မ တရားသောသူ ၏မျက်နှာ ကို မ ထောက် ကောင်း။
It is not good to be partial to the wicked person, nor to deny justice to the righteous person.
6 ၆ မိုက် သောသူ၏နှုတ်ခမ်း တို့သည် ရန်တွေ့ တတ်၏။ သူ ၏နှုတ် သည်လည်း အပြစ် ဒဏ်ကို တောင်း တတ်၏။
A fool's lips bring him conflict and his mouth invites a beating.
7 ၇ မိုက် သောသူ၏နှုတ် သည် ပျက်စီး ရာအကြောင်း၊ နှုတ်ခမ်း တို့သည်လည်း မိမိ အသက် ကို ကျော့မိ ရာ အကြောင်းဖြစ်၏။
A fool's mouth is his ruin and he ensnares himself with his lips.
8 ၈ ကုန်း တိုက်သောသူ၏စကား သည် မြိန် သော ခဲဘွယ်စားဘွယ်ကဲ့သို့ ဖြစ်၍ ၊ ဝမ်း အတွင်း သို့ဝင် တတ်၏။
The words of a gossip are like delicious morsels and they go down into the inner parts of the body.
9 ၉ အလုပ် လုပ်သောအခါ ပျင်းရိ သောသူသည်၊ မိမိ ဥစ္စာကို အချည်းနှီး ကုန်စေသော သူနှင့်ညီအစ်ကို တော်ပေ၏။
Also, one who is slack in his work is a brother to the one who destroys the most.
10 ၁၀ ထာဝရဘုရား ၏နာမတော် သည် ခိုင်ခံ့ သော ရဲတိုက် ဖြစ်၍၊ ဖြောင့်မတ် သောသူတို့သည် ပြေး ဝင်သဖြင့် ၊ လုံခြုံ စွာနေရကြ၏။
The name of Yahweh is a strong tower; the righteous person runs into it and is safe.
11 ၁၁ ငွေ ရတတ်သောသူက၊ ငါ့စည်းစိမ် သည် ခိုင်ခံ့ သောမြို့ ဖြစ်၏။ မြင့် သောမြို့ရိုး နှင့် တူသည်ဟု ထင် တတ် ၏။
The wealth of the rich is his fortified city and in his imagination it is like a high wall.
12 ၁၂ ပျက်စီး ခြင်းအရင် ၌လူ သည် စိတ် မြင့် ခြင်း၏ နေရာ၊ ဂုဏ် အသရေအရင် ၌နှိမ့်ချ ခြင်း၏နေရာရှိ၏။
Before his downfall a person's heart is proud, but humility comes before honor.
13 ၁၃ အကျိုး အကြောင်းကို မ စစ်မှီ၊ အမှု စီရင် သောသူသည်မိုက် သော အပြစ်၊ အရှက် ကွဲရသောအပြစ်ရှိ၏။
One who answers before listening— it is his folly and shame.
14 ၁၄ လူ ၏စိတ် ဝိညာဉ်သည် မိမိ နာ ခြင်းဝေဒနာကို ခံနိုင် ၏။ ကြေကွဲ သောစိတ် ကိုကား ၊ အဘယ် သူသည်းခံ နိုင် သနည်း။
A person's spirit will survive sickness, but a broken spirit who can bear it?
15 ၁၅ သမ္မာ သတိရှိသောသူ၏ စိတ် နှလုံးသည် ပညာ အတတ်ကို သိုထား တတ်၏။ ပညာ ရှိသောသူ ၏နား သည် လည်း ၊ ပညာ စကားကို ရှာ တတ်၏။
The heart of the intelligent acquires knowledge and the hearing of the wise seeks it out.
16 ၁၆ လူ ၌ပါသော လက်ဆောင် အားဖြင့် ၊ လမ်း ရှင်းလင်း ၍ ၊ လူကြီး ထံသို့ ဝင် ရသောအခွင့်ရှိတတ်၏။
A man's gift may open the way and bring him before an important person.
17 ၁၇ ကိုယ် အမှု ကို အဦး စောင့်၍ပြောသောသူသည် ဖြောင့်မတ် ရာသို့ရောက်သော်လည်း၊ အိမ်နီးချင်း လာ ၍ စစ်ကြော တတ်၏။
The first to plead his case seems right until his opponent comes and questions him.
18 ၁၈ စာရေးတံ ပြုခြင်းအားဖြင့် အငြင်းအခုံ ငြိမ်း ၍ ၊ အားကြီး သောသူတို့ အမှု ကို ဆုံးဖြတ်တတ်၏။
Casting the lot settles disputes and separates strong opponents.
19 ၁၉ အငြိုး ထားသောညီအစ်ကို သည် ခိုင်ခံ့ သောမြို့ ထက် သာ၍ခက်၏။ ညီအစ်ကိုရန် တွေ့ခြင်းအမှုသည် ရဲတိုက် တံခါးကျင် ကဲ့သို့ ဖြစ်၏။
An offended brother is harder to be won than a strong city, and quarreling is like the bars of a castle.
20 ၂၀ လူ သည်မိမိနှုတ် ၏အသီး နှင့် ဝမ်း ပြည့် ရ၏။ မိမိ နှုတ်ခမ်း တို့၏ စီးပွါး နှင့်ဝ ရ၏။
From the fruit of his mouth one's stomach is filled; with the harvest of his lips he is satisfied.
21 ၂၁ လျှာ သည်အသက်သေ ခြင်းနှင့် ရှင် ခြင်းကို အစိုးရ ၏။ လျှာ ကို နှစ်သက် သောသူသည်လည်း ၊ လျှာ ၏အသီး ကို စား ရ၏။
Death and life are controlled by the tongue, and those who love the tongue will eat its fruit.
22 ၂၂ မယား ကိုရ သောသူသည် ကောင်း သောအရာကို ရ ၍ ၊ ထာဝရဘုရား ၏ ကျေးဇူး တော်ကို ခံရ ၏။
He who finds a wife finds a good thing and receives favor from Yahweh.
23 ၂၃ ဆင်းရဲ သောသူသည် တောင်းပန် တတ်၏။ ငွေ ရတတ် သောသူမူကား ၊ ကြမ်းတမ်း စွာ ပြန် ပြောတတ်၏။
A poor person pleads for mercy, but a rich person answers harshly.
24 ၂၄ အပေါင်း အဘော်များသောသူ သည် အကျိုးနည်း ရှိတတ်၏။ မိတ်ဆွေ မူကား ၊ ညီအစ်ကို စွဲကပ် သည် ထက် သာ၍စွဲကပ် တတ်၏။
The one who claims many friends is brought to ruin by them, but there is a friend who comes closer than a brother.