< သုတ္တံကျမ်း 16 >

1 စိတ် နှလုံးအကြံအစည် တို့သည် လူ နှင့်ဆိုင်ကြ၏။ လျှာ နှင့်ပြန်ပြော ချက်ကိုကား ၊ ထာဝရ ဘုရားပိုင်တော်မူ ၏။
စိတ်နှလုံးအကြံအစည်တို့သည် လူနှင့်ဆိုင်ကြ၏။ လျှာနှင့်ပြန်ပြောချက်ကိုကား၊ ထာဝရဘုရားပိုင်တော် မူ၏။
2 လူ သည် မိမိ ကျင့် သမျှ သောအကျင့် တို့ကို နှစ်သက် တတ်၏။ ထာဝရဘုရား မူကား ၊ စိတ် သဘောတို့ကို ချိန် တော်မူ၏။
လူသည် မိမိကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရားမူကား၊ စိတ်သဘော တို့ကို ချိန်တော်မူ၏။
3 ကိုယ် ပြုသောအမှု တို့ကို ထာဝရဘုရား ၌ အပ် လော့။ သို့ပြုလျှင် သင် ၏အကြံအစည် တို့သည် တည် ကြ လိမ့်မည်။
ကိုယ်ပြုသောအမှုတို့ကို ထာဝရဘုရား၌ အပ် လော့။ သို့ပြုလျှင် သင်၏အကြံအစည်တို့သည် တည်ကြ လိမ့်မည်။
4 ထာဝရဘုရား သည် ခပ်သိမ်း သောအရာတို့ကို ကိုယ်တော် အဘို့ ၊ မ တရားသောသူတို့ကိုလည်း ဘေးဒဏ် ခံရသောနေ့ အဘို့ဖန်ဆင်း တော်မူ၏။
ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို ကိုယ်တော်အဘို့၊ မတရားသောသူတို့ကိုလည်း ဘေးဒဏ် ခံရသော နေ့အဘို့ဖန်ဆင်းတော်မူ၏။
5 မာန ကြီးသောသူအပေါင်း တို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ သူတို့သည် အသင်း ဖွဲ့သော်လည်း၊ အပြစ်ဒဏ် နှင့် မ လွတ်ရကြ။
မာနကြီးသောသူအပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ သူတို့သည် အသင်းဖွဲ့သော် လည်း၊ အပြစ်ဒဏ်နှင့် မလွတ်ရကြ။
6 ကရုဏာ တရားနှင့် သစ္စာ တရားအားဖြင့် အပြစ် ပြေ တတ်၏။ ထာဝရဘုရား ကို ကြောက်ရွံ့ သော သဘောအားဖြင့် ဒုစရိုက် ကို ရှောင် တတ်၏။
ကရုဏာတရားနှင့် သစ္စာတရားအားဖြင့် အပြစ်ပြေတတ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောအားဖြင့် ဒုစရိုက်ကို ရှောင်တတ်၏။
7 လူ ကျင့် သောအကျင့်တို့ကို ထာဝရဘုရား သည် နှစ်သက် သောအခါ ၊ ထိုသူ ၏ရန်သူ ကိုပင် သူ နှင့် သင့်တင့် စေတော်မူ၏။
လူကျင့်သောအကျင့်တို့ကို ထာဝရဘုရားသည် နှစ်သက်သောအခါ၊ ထိုသူ၏ရန်သူကိုပင် သူနှင့်သင့်တင့် စေတော်မူ၏။
8 ဖြောင့်မတ် ခြင်းပါရမီနှင့် ယှဉ်သောဥစ္စာအနည်းငယ် သည်၊ မ တရားသဖြင့် ရသောဥစ္စာ အများ ထက် သာ၍ကောင်း ၏။
ဖြောင့်မတ်ခြင်းပါရမီနှင့် ယှဉ်သောဥစ္စာအနည်း ငယ်သည်၊ မတရားသဖြင့်ရသောဥစ္စာ အများထက်သာ၍ ကောင်း၏။
9 လူ သည် မိမိ သွားရာလမ်း ကို စိတ် ထဲမှာ ကြံစည် ၏။ သို့သော်လည်း သူ ၏ခြေရာ တို့ကို ထာဝရဘုရား စီရင် တော်မူ၏။
လူသည် မိမိသွားရာလမ်းကို စိတ်ထဲမှာ ကြံစည် ၏။ သို့သော်လည်း သူ၏ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ၏။
10 ၁၀ ရှင်ဘုရင် ၏ နှုတ်ခမ်း တို့၌ ဗျာဒိတ် တော်ရှိသည် ဖြစ်၍၊ တရား ဆုံးဖြတ်ရာအမှု၌ နှုတ် တော်သည် မ မှား စေနှင့်။
၁၀ရှင်ဘုရင်၏ နှုတ်ခမ်းတို့၌ ဗျာဒိတ်တော်ရှိသည် ဖြစ်၍၊ တရားဆုံးဖြတ်ရာအမှု၌ နှုတ်တော်သည် မမှားစေ နှင့်။
11 ၁၁ မှန် သောအလေး နှင့် မှန်သောချိန်ခွင် သည် ထာဝရ ဘုရား၏ဥစ္စာဖြစ်၏။ အလေး အိတ်၌ပါသမျှ သော အလေးတို့သည် စီရင် တော်မူရာ ဖြစ်ကြ၏။
၁၁မှန်သောအလေးနှင့် မှန်သောချိန်ခွင်သည် ထာဝရဘုရား၏ဥစ္စာဖြစ်၏။ အလေးအိတ်၌ပါသမျှသော အလေးတို့သည် စီရင်တော်မူရာ ဖြစ်ကြ၏။
12 ၁၂ ရှင်ဘုရင် ပြု သောဒုစရိုက် သည် စက်ဆုပ် ရွံရှာဘွယ်ဖြစ်၏။ အကြောင်း မူကား၊ ရာဇပလ္လင် သည် ဖြောင့်မတ် ခြင်းအားဖြင့် သာ တည် တတ်၏။
၁၂ရှင်ဘုရင်ပြုသော ဒုစရိုက်သည် စက်ဆုပ်ရွံရှာ ဘွယ် ဖြစ်၏။ အကြောင်းမူကား၊ ရာဇပလ္လင်သည် ဖြောင့် မတ်ခြင်းအားဖြင့်သာ တည်တတ်၏။
13 ၁၃ ဖြောင့်မတ် သော နှုတ်ခမ်း တို့သည် ရှင်ဘုရင် နှစ်သက် ရာဖြစ်၏။ မှန်ကန် စွာပြော သောသူကို ရှင်ဘုရင်ချစ် တတ်၏။
၁၃ဖြောင့်မတ်သော နှုတ်ခမ်းတို့သည် ရှင်ဘုရင် နှစ်သက်ရာဖြစ်၏။ မှန်ကန်စွာပြောသောသူကို ရှင်ဘုရင် ချစ်တတ်၏။
14 ၁၄ ရှင်ဘုရင် ၏ အမျက် သည် သေ မင်းတမန် ကဲ့သို့ဖြစ်၏။ သို့သော်လည်း ၊ ပညာရှိ သောသူ သည် အမျက် တော်ကို ဖြေတတ်၏။
၁၄ရှင်ဘုရင်၏ အမျက်သည် သေမင်းတမန်ကဲ့သို့ ဖြစ်၏။ သို့သော်လည်း၊ ပညာရှိသောသူသည် အမျက် တော်ကို ဖြေတတ်၏။
15 ၁၅ ရှင်ဘုရင် မျက်နှာ ပွင့်လန်း သောအားဖြင့် အသက် ချမ်းသာရ၏။ ကျေးဇူး တော်သည် နောက် ရွာ သော မိုဃ်းတိမ်ကဲ့သို့ ဖြစ်၏။
၁၅ရှင်ဘုရင် မျက်နှာပွင့်လန်းသောအားဖြင့် အသက်ချမ်းသာရ၏။ ကျေးဇူးတော်သည် နောက်ရွာ သော မိုဃ်းတိမ်ကဲ့သို့ ဖြစ်၏။
16 ၁၆ ရွှေ ကိုရတတ်ခြင်းထက် ပညာ ကို ရ တတ်ခြင်း သည် အလွန် ကောင်း ၏။ ငွေ ကိုအမြတ် မထား၊ ဉာဏ် နှင့် ပြည့်စုံခြင်းကို အမြတ် ထားစရာအလွန်ကောင်း၏။
၁၆ရွှေကိုရတတ်ခြင်းထက် ပညာကို ရတတ်ခြင်း သည် အလွန်ကောင်း၏။ ငွေကိုအမြတ်မထား၊ ဥာဏ်နှင့် ပြည့်စုံခြင်းကို အမြတ်ထားစရာအလွန်ကောင်း၏။
17 ၁၇ ဖြောင့်မတ် သော သူလိုက်သောလမ်း မူကား၊ ဒုစရိုက် ကို ရှောင် ခြင်းတည်း။ ထိုလမ်း မှ မလွှဲဘဲ အမြဲ လိုက် သောသူသည် မိမိ အသက် ဝိညာဉ်ကို စောင့် တတ်၏။
၁၇ဖြောင့်မတ်သော သူလိုက်သောလမ်းမူကား၊ ဒုစရိုက်ကိုရှောင်ခြင်းတည်း။ ထိုလမ်းမှ မလွှဲဘဲ အမြဲလိုက် သောသူသည် မိမိအသက်ဝိညာဉ်ကို စောင့်တတ်၏။
18 ၁၈ မာန သည်ပျက်စီး ခြင်းအရင် ၊ ထောင်လွှား သော သဘော သည် ရှုတ်ချ ခြင်း အရင် ၌ နေရာကျတတ်၏။
၁၈မာနသည်ပျက်စီးခြင်းအရင်၊ ထောင်လွှားသော သဘောသည် ရှုတ်ချခြင်း အရင်၌ နေရာကျတတ်၏။
19 ၁၉ စိတ် နှိမ့်ချသောသူတို့နှင့် ပေါင်းဘော်၍ စိတ် နှိမ့်ချ ခြင်းသည်၊ မာန ကြီးသောသူတို့ နှင့် ဆက်ဆံ၍ လုယူ သောဥစ္စာ ကို ဝေမျှ ခြင်းထက် သာ၍ကောင်း ၏။
၁၉စိတ်နှိမ့်ချသောသူတို့နှင့် ပေါင်းဘော်၍ စိတ် နှိမ့်ချခြင်းသည်၊ မာနကြီးသော သူတို့နှင့် ဆက်ဆံ၍ လုယူ သောဥစ္စာကို ဝေမျှခြင်းထက် သာ၍ကောင်း၏။
20 ၂၀ ပညာ နှင့်အမှုစောင့်သောသူသည် အကျိုး ကို ရ လိမ့်မည်။ ထာဝရဘုရား ကို ခိုလှုံ သောသူသည်လည်း မင်္ဂလာ ရှိ၏။
၂၀ပညာနှင့်အမှုစောင့်သောသူသည် အကျိုးကို ရလိမ့်မည်။ ထာဝရဘုရားကို ခိုလှုံသောသူသည်လည်း မင်္ဂလာရှိ၏။
21 ၂၁ လိမ္မာ သောစိတ် သဘောရှိသောသူသည် ပညာ သတိရှိသည်ဟု ကျော်စော ရာသို့ရောက်တတ်၏။ ချို သောစကားကို ပြောတတ်သော နှုတ် သတ္တိသည်လည်း ပညာ အတတ်ကိုတိုးပွါး စေတတ်၏။
၂၁လိမ္မာသော စိတ်သဘောရှိသောသူသည် ပညာ သတိရှိသည်ဟု ကျောက်စောရာသို့ရောက်တတ်၏။ ချိုသောစကားကို ပြောတတ်သော နှုတ်သတ္တိသည်လည်း ပညာအတတ်ကိုတိုးပွါးစေတတ်၏။
22 ၂၂ ဉာဏ် ပညာကိုရ သောသူသည် အသက် စမ်းရေ တွင်း ကိုရ၏။ မိုက် သောသူတို့၏ သွန်သင် ခြင်းမူကား ၊ မိုက် ခြင်းဖြစ်၏။
၂၂ဥာဏ်ပညာကိုရသော သူသည် အသက်စမ်းရေ တွင်းကိုရ၏။ မိုက်သောသူတို့၏ သွန်သင်ခြင်းမူကား၊ မိုက်ခြင်းဖြစ်၏။
23 ၂၃ ပညာ ရှိသောသူ ၏နှလုံး သည် သူ ၏နှုတ် ကို သွန်သင် ၍ ၊ သူ ၏နှုတ်ခမ်း တို့၌ ပညာ အတတ်ကို ထပ်လောင်း တတ်၏။
၂၃ပညာရှိသော သူ၏နှလုံးသည် သူ၏နှုတ်ကို သွန် သင်၍၊ သူ၏နှုတ်ခမ်းတို့၌ ပညာအတတ်ကို ထပ်လောင်း တတ်၏။
24 ၂၄ သာယာ သောစကား တို့သည် ပျားလပို့ ကဲ့သို့ဖြစ်၍၊ စိတ် ဝိညာဉ်၌ ချိုမြိန် လျက် ၊ ကိုယ်အရိုး ကို ကျန်းမာ စေလျက်ရှိကြ၏။
၂၄သာယာသောစကားတို့သည် ပျားလပို့ကဲ့သို့ ဖြစ်၍၊ စိတ်ဝိညာဉ်၌ ချိုမြိန်လျက်၊ ကိုယ်အရိုးကို ကျန်းမာ စေလျက်ရှိကြ၏။
25 ၂၅ လူ ထင် သည်အတိုင်း မှန် သောလက္ခဏာ ရှိ သော်လည်း ၊ အဆုံး ၌ သေ ခြင်းသို့ ပို့သောလမ်း တမျိုးရှိ၏။
၂၅လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော် လည်း၊ အဆုံး၌ သေခြင်းသို့ ပို့သောလမ်းတမျိုးရှိ၏။
26 ၂၆ အလုပ် လုပ်သောသူသည်၊ မိမိ ပစပ် တောင်း သောကြောင့် ၊ မိမိ အဘို့ လုပ် တတ်၏။
၂၆အလုပ်လုပ်သောသူသည်၊ မိမိပစပ်တောင်း သောကြောင့်၊ မိမိအဘို့ လုပ်တတ်၏။
27 ၂၇ အဓမ္မ လူ သည် မ ကောင်းသော အမှုကိုကြိုးစား ၍ ကြံစည်တတ်၏။ သူ ၏နှုတ်ခမ်း ၌ လောင် သောမီး ကဲ့သို့ ရှိ၏။
၂၇အဓမ္မလူသည် မကောင်းသော အမှုကိုကြိုးစား ၍ ကြံစည်တတ်၏။ သူ၏နှုတ်ခမ်း၌ လောင်သောမီးကဲ့သို့ ရှိ၏။
28 ၂၈ သဘော ကောက်သောသူ သည် ရန် မျိုးစေ့ကို ကြဲ တတ်၏။ ကုန်း တိုက်သောသူသည် လည်း ၊ မိတ်ဆွေ တို့ကို ကွဲပြား စေတတ်၏။
၂၈သဘောကောက်သောသူသည် ရန်မျိုးစေ့ကို ကြဲတတ်၏။ ကုန်းတိုက်သော သူသည်လည်း၊ မိတ်ဆွေ တို့ကို ကွဲပြားစေတတ်၏။
29 ၂၉ ကြမ်းကြုတ် သောသူ သည် အိမ်နီးချင်း ကို ချော့မော့ ၍ ၊ မ ကောင်း သောလမ်း ထဲသို့ သွေးဆောင် တတ်၏။
၂၉ကြမ်းကြုတ်သော သူသည် အိမ်နီးချင်းကို ချော့မော့၍၊ မကောင်းသောလမ်းထဲသို့ သွေးဆောင် တတ်၏။
30 ၃၀ ကောက် သောအကြံကို ကြံစည် ခြင်းငှါ မျက်စိ မှိတ် ၍၊ နှုတ်ခမ်း တို့ကို လှုပ် သဖြင့်၊ ဆိုးယုတ် သောအမှုကို ပြီးစီး တတ်၏။
၃၀ကောက်သောအကြံကို ကြံစည်ခြင်းငှါ မျက်စိ မှိတ်၍၊ နှုတ်ခမ်းတို့ကို လှုပ်သဖြင့်၊ ဆိုးယုတ်သောအမှုကို ပြီးစီးတတ်၏။
31 ၃၁ ဖြူ သောဆံပင်သည် ဖြောင့်မတ် ခြင်း တရား လမ်း ၌ တည် လျှင်၊ ဘုန်းကြီး သောသရဖူ ဖြစ်၏။
၃၁ဖြူသောဆံပင်သည် ဖြောင့်မတ်ခြင်း တရား လမ်း၌ တည်လျှင်၊ ဘုန်းကြီးသောသရဖူဖြစ်၏။
32 ၃၂ စိတ်ရှည် သောသူသည် ခွန်အား ကြီးသောသူ ထက် ၎င်း၊ မိမိ စိတ် ကို ချုပ်တည်း သောသူသည် မြို့ ကို တိုက် ယူသောသူထက် ၎င်း သာ၍ကောင်း ၏။
၃၂စိတ်ရှည်သောသူသည် ခွန်အားကြီးသောသူ ထက်၎င်း၊ မိမိစိတ်ကိုချုပ်တည်းသောသူသည် မြို့ကို တိုက်ယူသောသူထက်၎င်းသာ၍ ကောင်း၏။
33 ၃၃ စာရေးတံ တို့ကို အိတ် ထဲ၌လောင်း လျက်ရှိရာ တွင် ၊ ခွဲဝေ စီရင်ခြင်းအမှုကို ထာဝရဘုရား ပိုင်တော်မူ၏။
၃၃စာရေးတံတို့ကို အိတ်ထဲ၌ လောင်းလျက်ရှိရာ တွင်၊ ခွဲဝေစီရင်ခြင်းအမှုကို ထာဝရဘုရားပိုင်တော်မူ၏။

< သုတ္တံကျမ်း 16 >