< သုတ္တံကျမ်း 15 >
1 ၁ ဖြည်းညှင်း သော စကား သည် စိတ် ကိုဖြေ တတ် ၏။ ကြမ်းတမ်း သောစကား မူကား ၊ အမျက် ကို နှိုးဆော် တတ်၏။
Eine sanfte Antwort beschwichtigt den Grimm, aber ein kränkendes Wort ruft Zorn hervor. –
2 ၂ ပညာရှိ သောသူ ၏လျှာ သည်ပညာ အတတ်ကို တင့်တယ် စေတတ်၏။ မိုက် သောသူတို့၏ နှုတ် မူကား ၊ မိုက် သောအရာကို သွန်းလောင်း တတ်၏။
Die Zunge der Weisen träufelt Erkenntnis (aus), aber der Mund der Toren sprudelt Dummheit hervor. –
3 ၃ ထာဝရဘုရား ၏မျက်စိ တော်သည် ခပ်သိမ်း သောအရပ် ၌ ရှိ၍၊ ကောင်း မကောင်း ကို ကြည့်ရှု တော်မူ၏။
An jedem Orte sind die Augen des HERRN, sie schauen auf die Bösen und auf die Guten. –
4 ၄ ဖြည်းညှင်း သောလျှာ သည် အသက် ဖြစ်၏။ ကြမ်းတမ်း သော လျှာ မူကား စိတ် နာ စေတတ်၏။
Sanftheit der Zunge ist ein Baum des Lebens, aber Verkehrtheit an ihr schlägt dem Herzen Wunden. –
5 ၅ မိုက် သောသူသည် အဘ သွန်သင် ခြင်းကို မထီမဲ့မြင် ပြုတတ်၏။ ဆုံးမ သော စကားကို နားထောင် သော သူမူကား ၊ သမ္မာ သတိနှင့်ပြည့်စုံတတ်၏။
Ein Tor verschmäht die Zucht seines Vaters; wer aber Zurechtweisung annimmt, wird klug. –
6 ၆ ဖြောင့်မတ် သောသူ၏ အိမ် ၌များစွာ သော စည်းစိမ် ရှိ၏။ မ တရားသော သူခံရသောအခွန် မူကား ၊ များစွာသော နှောင့်ရှက် ခြင်းနှင့်ယှဉ်၏။
Das Haus des Gerechten ist eine große Schatzkammer, aber im Einkommen des Gottlosen herrscht Zerrüttung. –
7 ၇ ပညာရှိ သောသူ ၏နှုတ်ခမ်း တို့သည် ပညာ အတတ်ကို စွန့်ကြဲ တတ်၏။ မိုက် သောသူ၏ နှလုံး မူကား ပညာမ ရှိ။
Die Lippen der Weisen streuen Erkenntnis aus, aber der Toren Sinn ist verkehrt gerichtet. –
8 ၈ မ တရားသောသူ ပူဇော်သောယဇ် ကို ထာဝရဘုရား စက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘော ဖြောင့်သောသူ ဆုတောင်းသော ပဌနာ ကိုကား ၊ နှစ်သက် တော်မူ၏။
Das Opfer der Gottlosen ist dem HERRN ein Greuel, aber das Gebet der Aufrichtigen ist ihm wohlgefällig. –
9 ၉ မ တရားသော သူလိုက်သောလမ်း ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ ဖြောင့်မတ် ခြင်း တရား လမ်းသို့ လိုက် သောသူကိုကား ချစ် တော်မူ၏။
Der Wandel des Gottlosen ist dem HERRN ein Greuel; wer aber der Gerechtigkeit nachjagt, den hat er lieb. –
10 ၁၀ လမ်း လွှဲ သောသူသည် ဆုံးမ သောစကားကို နား မခံလို။ သို့သော်လည်း၊ အပြစ်တင် ခြင်းကို မုန်း သောသူသည် သေ ရမည်။
Schwere Züchtigung erwartet den, der den rechten Weg verläßt; wer Zurechtweisung verschmäht, wird sterben. –
11 ၁၁ မရဏာ နိုင်ငံနှင့် အဗဒ္ဒုန် နိုင်ငံသည် ထာဝရဘုရား ရှေ့ တော်၌ ထင်ရှား၏။ ထိုမျှမက၊ လူ သားတို့၏ နှလုံး သည် သာ၍ ထင်ရှား ၏။ (Sheol )
Unterwelt und Abgrund liegen offen vor dem HERRN: um wieviel mehr die Herzen der Menschenkinder! – (Sheol )
12 ၁၂ မထီမဲ့မြင် ပြုသောသူသည် အပြစ် ပြသောသူ ကို မ ချစ် တတ်။ ပညာရှိ ထံသို့ မ ချဉ်းကပ် တတ်။
Der Spötter hat es nicht gern, daß man ihn zurechtweist; (darum) mag er sich nicht zu den Weisen gesellen. –
13 ၁၃ ရွှင်လန်းသော စိတ် နှလုံးသည် ချို သောမျက်နှာ ကို ဖြစ်စေတတ်၏။ ညှိုးငယ် ခြင်းအားဖြင့် ကား ၊ စိတ် ပျက် တတ်၏။
Ein fröhliches Herz macht das Angesicht heiter, aber bei Bekümmernis des Herzens ist der Mut gebrochen. –
14 ၁၄ ဉာဏ် ကောင်းသောသူ၏ စိတ် နှလုံးသည် ပညာ အတတ်ကို ရှာ တတ်၏။ မိုက် သောသူတို့၏ နှုတ် မူကား ၊ မိုက် ခြင်းကို ကျက်စား တတ်၏။
Das Herz des Verständigen trachtet nach Erkenntnis, aber der Mund der Toren geht auf Dummheit aus. –
15 ၁၅ ဆင်းရဲ ငြိုငြင်သောသူ၏ နေ့ရက် ရှိသမျှ တို့သည် ဆိုးယုတ် ကြ၏။ ရွှင်လန်း သောစိတ် နှလုံးမူကား ၊ အစဉ် အမြဲခံရသောပွဲ ဖြစ်၏။
Alle Lebenstage sind für den Unglücklichen trübselig, aber ein wohlgemuter Sinn ist wie ein beständiges Festmahl. –
16 ၁၆ နှောင့်ရှက် ခြင်းနှင့် ယှဉ်၍ ကြီးစွာ သော စည်းစိမ်ထက် ထာဝရဘုရား ကိုကြောက်ရွံ့ ခြင်းနှင့် ယှဉ် သောဥစ္စာ အနည်းငယ် သည် သာ၍ ကောင်း ၏။
Besser wenig (Habe) bei Gottesfurcht, als reiche Schätze und Unruhe dabei. –
17 ၁၇ ဆူ အောင်ကျွေးသော နွား တကောင်လုံးကို အချင်းချင်း အငြိုး ထားသောစိတ်နှင့် စားရသည်ထက်၊ ချစ် ခြင်းမေတ္တာပါသော ဟင်းရွက် တနပ်စာ သည်သာ၍ ကောင်း ၏။
Besser ein Gericht Gemüse und Liebe dabei, als ein gemästeter Ochs und Haß dabei. –
18 ၁၈ မာန ကြီးသောသူ သည် ရန် ကိုနှိုးဆော် တတ်၏။ သည်းခံ နိုင်သော သူမူကား ငြိမ်း တတ်၏။
Ein zornmütiger Mensch ruft Streit hervor, aber ein langmütiger beschwichtigt den Hader. –
19 ၁၉ ပျင်းရိ သောသူသွားရာ လမ်း ၌ ဆူး ပင်ဆီး ကာ လျက် ရှိ၏။ ဖြောင့်မတ် သောသူ သွား ရာလမ်းမူကား ၊ မို့ မောက်လျက်ရှိ၏။
Der Weg des Faulen ist wie mit Dornen verzäunt, aber der Pfad der Fleißigen ist ebene Bahn. –
20 ၂၀ ပညာရှိ သောသား သည်အဘ ဝမ်းမြောက် ခြင်း အကြောင်းဖြစ်၏။ မိုက် သောသား မူကား ၊ မိမိ အမိ ကို မထီမဲ့မြင် ပြုတတ်၏။
Ein weiser Sohn ist seines Vaters Freude, aber ein törichter Mensch verachtet seine Mutter. –
21 ၂၁ ဉာဏ် မ ရှိသောသူသည် မိုက် ခြင်း၌ ပျော်မွေ့ တတ်၏။ ဉာဏ် ရှိသောသူ မူကား ၊ ဖြောင့်မတ် သောအကျင့် ကို ကျင့် တတ်၏။
Die Torheit ist dem Unverständigen eine Freude, ein verständiger Mensch aber geht seinen Weg geradeaus. –
22 ၂၂ တိုင်ပင် ခြင်းမ ရှိလျှင် အကြံ ပျက် တတ်၏။ တိုင်ပင် သော သူများ လျှင် မူကား ၊ အကြံ တည်တတ်၏။
Wo keine Beratung stattfindet, da mißlingen die Pläne; wo aber viele Ratgeber sind, da kommen sie zustande. –
23 ၂၃ လူ သည်ပြန်ပြော သောစကား အားဖြင့် ဝမ်းမြောက် စရာအကြောင်းရှိ၏။ အချိန်တန် ၍ ပြောသော စကား သည်လည်း အလွန် လျောက်ပတ် ပေ၏။
Freude hat jeder an der (treffenden) Antwort seines Mundes, und ein Wort zu rechter Zeit – wie wertvoll ist das! –
24 ၂၄ ပညာရှိ သော သူလိုက်ရာ အသက် လမ်း သည် အောက် အရပ်၊ မရဏာ နိုင်ငံမှ လွှဲရှောင် ၍၊ အထက် သို့ ပို့ဆောင်တတ်၏။ (Sheol )
Der Weg des Lebens geht für den Einsichtigen aufwärts, damit er dem Totenreich drunten fernbleibe. – (Sheol )
25 ၂၅ မာန ထောင်လွှားသောသူ ၏အိမ် ကို ထာဝရဘုရား ဖျက်ဆီး တော်မူမည်။ မုတ်ဆိုးမ နေရာ အရပ်ကို ကား ၊ တည် စေတော်မူမည်။
Das Haus der Hochmütigen reißt der HERR nieder, aber die Grenze der Witwe legt er fest. –
26 ၂၆ မ တရားသောသူ၏ အကြံအစည် တို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ စင်ကြယ် သောသူ၏ စကား တို့ကိုကား ၊ နှစ်သက် တော်မူ၏။
Boshafte Anschläge sind dem HERRN ein Greuel, aber leutselige Worte sind (ihm) rein. –
27 ၂၇ မ တရားသော စီးပွါးကို ရှာ သောသူသည် မိမိ အိမ်သား တို့ကို နှောင့်ရှက် တတ်၏။ တံစိုး ကိုရွံ သောသူမူကား အသက် ချမ်းသာရလိမ့်မည်။
Wer unrechtmäßigen Gewinn macht, zerrüttet sein (eigenes) Haus; wer aber Bestechungsgeschenke haßt, wird leben. –
28 ၂၈ ဖြောင့်မတ် သောသူသည် အဘယ်သို့ပြန်ပြော ရမည်ကို စိတ် နှလုံးထဲမှာ ဆင်ခြင် တတ်၏။ မ တရားသောသူ ၏နှုတ် မူကား ၊ မ ကောင်းသောအရာတို့ကို သွန်းလောင်း တတ်၏။
Das Herz des Gerechten überlegt, um eine Antwort zu geben; aber der Mund der Gottlosen sprudelt Bosheiten hervor. –
29 ၂၉ ထာဝရဘုရား သည် မ တရားသောသူတို့ နှင့် ဝေး တော်မူ၏။ ဖြောင့်မတ် သောသူ၏ ပဌနာ စကားကို ကား နားထောင် တော်မူ၏။
Von den Gottlosen bleibt der HERR fern, aber das Gebet der Gerechten vernimmt er. –
30 ၃၀ မျက်စိ အလင်း သည် နှလုံး ကို ရွှင်လန်း စေတတ် ၏။ ကောင်း သော သိတင်း စကားသည်လည်း၊ အရိုး တို့ကို ခြင်ဆီနှင့်ပြည့်ဝ စေတတ်၏။
Ein freundlicher Blick erfreut das Herz; eine gute Botschaft erquickt Mark und Bein. –
31 ၃၁ အသက် နှင့်ယှဉ်သောဆုံးမ ခြင်းစကားကို နားထောင် သောသူသည် ပညာရှိ တို့နှင့် ပေါင်းဘော် ရသောအခွင့်ရှိ၏။
Ein Ohr, das auf heilsame Zurechtweisung hört, weilt gern im Kreise der Weisen. –
32 ၃၂ ဆုံးမ ခြင်းစကားကို ပယ် သောသူသည်မိမိ အသက် ဝိညာဉ်ကို မထီမဲ့မြင် ပြုရာသို့ ရောက်၏။ နားထောင် သော သူမူကား ၊ ဉာဏ် ကိုရ တတ်၏။
Wer Unterweisung verschmäht, mißachtet (das Heil) seiner Seele; wer aber auf Zurechtweisung hört, erwirbt sich Einsicht. –
33 ၃၃ ထာဝရဘုရား ကိုကြောက်ရွံ့ သော သဘောသည် ပညာ ကိုသွန်သင် ခြင်းဖြစ်၏။ ဂုဏ် အသရေအရင်၌ နှိမ့်ချ ခြင်း၏ နေရာရှိ၏။
Die Furcht des HERRN ist Unterweisung zur Weisheit, und vor der Ehre geht die Demut her.