< သုတ္တံကျမ်း 14 >

1 ပညာရှိ သောမိန်းမ သည် မိမိ အိမ် ကို တည်ဆောက် တတ်၏။ မိုက် သောမိန်းမမူကား ၊ ကိုယ် လက် နှင့် ဖြိုဖျက် တတ်၏။
Toute femme sage bâtit sa maison; mais la folle la renverse de ses mains.
2 ဖြောင့် သောလမ်းသို့ လိုက် သောသူသည် ထာဝရဘုရား ကို ကြောက်ရွံ့ တတ်၏။ ကောက်သောလမ်းသို့ လိုက် သောသူမူကား ၊ မထီမဲ့မြင် ပြုတတ်၏။
Celui qui marche dans la droiture, révère l'Éternel; mais celui dont les voies sont perverses, le méprise.
3 မိုက် သောသူ၏ နှုတ် ၌ မာန ကြိမ်လုံး ရှိ၏။ ပညာရှိ သောသူ၏ နှုတ်ခမ်း တို့သည် ကယ်တင် သောအမှုကို ပြုတတ်၏။
La bouche de l'insensé est une verge pour son orgueil; mais les lèvres des sages les gardent.
4 နွား ထီးမ ရှိသော တင်းကုပ် သည် စင်ကြယ် ၏။ သို့သော်လည်း ၊ နွား ခွန်အား ကိုသုံး၍ များ သောစီးပွား ကို ရတတ်၏။
Où il n'y a point de bœuf, la grange est vide; mais la force du bœuf fait abonder le revenu.
5 သစ္စာ ရှိသောသက်သေ သည်မုသာ မ သုံးတတ်။ သစ္စာ ပျက်သော သက်သေ မူကား ၊ မုသာ ကိုသုံး တတ်၏။
Le témoin fidèle ne ment jamais; mais le faux témoin avance des faussetés.
6 မထီမဲ့မြင် ပြုသောသူသည် ပညာ ကိုရှာ ၍ မ တွေ့ရာ။ ဉာဏ် ရှိသောသူမူကား ၊ ပညာ အတတ်ကို ရ လွယ်၏။
Le moqueur cherche la sagesse et ne la trouve point; mais la science est aisée à trouver pour un homme entendu.
7 မိုက် သောသူနှင့်တွေ့၍ သူ၏နှုတ် ၌ ပညာ အတတ်မ ရှိသည်ကို သိမြင် လျှင် ၊ ထိုသူ ကို ရှောင် သွား လော့။
Éloigne-toi de l'homme insensé, puisque tu ne connais pas en lui de paroles sages.
8 ပညာ သတိရှိသောသူ ၏ပညာ ကား၊ ကိုယ် သွား ရသောလမ်း ကို သိ ခြင်းတည်း။ မိုက် သောသူ၏ မိုက် ခြင်း မူကား ၊ ပရိယာယ် တည်း။
La sagesse d'un homme habile est de prendre garde à sa voie; mais la folie des insensés, c'est la fraude.
9 မိုက် သောသူတို့သည် ဒုစရိုက် အပြစ်ကို မထီ လေးစားပြုကြ၏။ ဖြောင့်မတ် သောသူတို့ မူကား ၊ တယောက် ကိုတယောက်ကျေးဇူး ပြုကြ၏။
Les insensés se raillent du péché; mais la bienveillance est parmi les hommes droits.
10 ၁၀ စိတ် နှလုံးသည် မိမိ ဒုက္ခ ကို သိ ၏။ စိတ်နှလုံးရွှင်လန်း ခြင်း အကြောင်းကိုလည်း သူတပါး မ ဆိုင် တတ်။
Le cœur de chacun sent l'amertume de son âme; et un autre n'aura point de part à sa joie.
11 ၁၁ မ တရားသောသူ၏အိမ် သည် ပြို လဲတတ်၏။ ဖြောင့်မတ် သောသူ ၏တဲ မူကား ၊ ပွင့်လန်း တတ်၏။
La maison des méchants sera détruite; mais la tente des hommes droits fleurira.
12 ၁၂ လူ ထင် သည်အတိုင်း မှန် သောလက္ခဏာ ရှိ သော်လည်း ၊ အဆုံး ၌ သေ ခြင်းသို့ပို့သော လမ်း တမျိုးရှိ၏။
Il y a telle voie qui semble droite à l'homme, mais dont l'issue est la voie de la mort.
13 ၁၃ လူသည် ရယ် စဉ် အခါပင် ၊ ဝမ်းနည်း သောစိတ် သဘောရှိ၏။ ထို ရယ်မောရွှင်လန်း ခြင်းအဆုံး ၌လည်း ညှိုးငယ် ခြင်းရှိတတ်၏။
Même en riant le cœur sera triste; et la joie finit par l'ennui.
14 ၁၄ စိတ် နှလုံးဖေါက်ပြန် သောသူဖြစ်စေ ၊ သူ တော် ကောင်းဖြစ်စေ ၊ မိမိ အကျင့် တို့နှင့်ဝ လိမ့်မည်။
Celui qui a le cœur pervers, sera rassasié de ses voies; mais l'homme de bien se rassasie de ce qui est en lui-même.
15 ၁၅ ဉာဏ် တိမ်သောသူသည် သူတပါး ပြော သမျှ ကို ယုံ တတ်၏။ ပညာ သတိရှိသောသူမူကား ၊ မိမိ သွား ရာ လမ်းကို စေ့စေ့ ကြည့်ရှုတတ်၏။
Un homme simple croit tout ce qu'on dit; mais l'homme bien avisé considère ses pas.
16 ၁၆ ပညာရှိ သောသူသည် ကြောက် ၍ ဒုစရိုက် ကို ရှောင် တတ်၏။ မိုက် သောသူမူကား မာန ကြီး၍ ရဲရင့် တတ်၏။
Le sage craint, et il évite le mal; mais l'insensé est arrogant et plein de sécurité.
17 ၁၇ စိတ်တို သောသူသည် မိုက် စွာသောအမှုကို ပြု တတ်၏။ မ ကောင်းသောအကြံကို ကြံသောသူ ကိုလည်း သူတပါးမုန်း လိမ့်မည်။
L'homme emporté fait des folies; et l'homme rusé est haï.
18 ၁၈ ဉာဏ် တိမ်သောသူသည် မိုက် ခြင်းကို အမွေခံ တတ်၏။ ပညာ သတိရှိသောသူမူကား ၊ သိပ္ပံ သရဖူ ကို ဆောင်းတတ်၏။
Les imprudents possèdent la folie; mais les bien avisés sont couronnés de science.
19 ၁၉ လူဆိုး တို့သည် သူ တော်ကောင်းရှေ့ ၌၎င်း ၊ မ တရားသောသူတို့သည် ဖြောင့်မတ် သောသူ၏ အိမ် တံခါးဝ ၌ ၎င်း ဦးချ တတ်ကြ၏။
Les méchants seront humiliés devant les bons, et les impies seront aux portes du juste.
20 ၂၀ ဆင်းရဲ သောသူသည် မိမိ အိမ်နီးချင်း မုန်း ခြင်း ကိုပင် ခံရမည်။ ငွေ ရတတ်သောသူ၌မူကား ၊ များစွာ သော အဆွေ ခင်ပွန်းရှိလိမ့်မည်။
Le pauvre est haï, même de son ami; mais les amis du riche sont en grand nombre.
21 ၂၁ မိမိ အိမ်နီးချင်း ကို မထီမဲ့မြင် ပြုသောသူသည် အပြစ် ရှိ၏။ ဆင်းရဲ သော သူကိုသနား သောသူမူကား ၊ မင်္ဂလာ ရှိ၏။
Celui qui méprise son prochain, s'égare; mais celui qui a pitié des affligés, est heureux.
22 ၂၂ မ ကောင်းသော အကြံကိုကြံ တတ်သောသူတို့ သည် မှားယွင်း ကြလိမ့်မည်။ ကျေးဇူး ပြု မည်ဟု ကြံတတ် သောသူတို့မူကား ၊ ကရုဏာ အကျိုး နှင့် သစ္စာ အကျိုးကိုခံရကြလိမ့်မည်။
Ceux qui machinent du mal, ne se fourvoient-ils pas? Mais la miséricorde et la vérité seront pour ceux qui procurent le bien.
23 ၂၃ ကြိုးစား ၍ လုပ်လေရာရာ ၌ကျေးဇူး ရှိ ၏။ စကား များခြင်းအကျိုးမူကား ၊ ဆင်းရဲ ခြင်းသက်သက် တည်း။
En tout travail il y a quelque profit; mais les vains discours ne tournent qu'à disette.
24 ၂၄ ပညာရှိ သောသူတို့၏ စည်းစိမ် ဥစ္စာသည် သူ တို့ ဦးရစ် သရဖူဖြစ်၏။ မိုက် သောသူတို့၏ မိုက် ခြင်းမူကား၊ အမိုက် သက်သက်ဖြစ်၏။
La richesse est une couronne pour le sage; mais la folie des insensés est toujours folie.
25 ၂၅ မှန် သောသက်သေ သည် သူ့အသက် ကို ကယ်တင် တတ်၏။ မ မှန်သောသက်သေ မူကား ၊ မုသာ ကို သုံးတတ်၏။
Le témoin fidèle délivre les âmes; mais celui qui prononce des mensonges, n'est que tromperie.
26 ၂၆ ထာဝရဘုရား ကို ကြောက်ရွံ့ ခြင်းသည် အားကြီး သော ကိုးစား ရာအခွင့်ကိုဖြစ်စေတတ်၏။ သား တော်တို့ သည်လည်း ၊ ခိုလှုံ ရာအရပ်ကို ရ ကြလိမ့်မည်။
Il y a une ferme assurance dans la crainte de l'Éternel; et il y aura une sûre retraite pour les enfants de celui qui le craint.
27 ၂၇ ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောသည် အသေခံ ရာ ကျော့ကွင်း တို့မှ လွှဲရှောင် ရာအသက် စမ်းရေ တွင်း ဖြစ်၏။
La crainte de l'Éternel est une source de vie, pour détourner des pièges de la mort.
28 ၂၈ ပြည်သား များပြား ရာ၌ ရှင်ဘုရင် ၏ဘုန်း တော် တည်၏။ ပြည်သား နည်းပါး ရာ၌ ကား ၊ မင်း အကျိုးနည်း ခြင်းရှိ၏။
Dans la multitude du peuple est la gloire d'un roi; mais quand le peuple manque, c'est la ruine du prince.
29 ၂၉ စိတ် ရှည် သောသူသည် ပညာ ကြီး ၏။ စိတ်တို သောသူမူကား ၊ အထူးသဖြင့်မိုက် ပေ၏။
Celui qui est lent à la colère est d'un grand sens; mais celui qui est prompt à se courroucer, étale sa folie.
30 ၃၀ ကျန်းမာ သောနှလုံး သည် ကိုယ် အသက်ရှင် စေ သောအကြောင်း၊ ငြူစူ သော သဘောမူကား ၊ အရိုး ဆွေးမြေ့ ခြင်းအကြောင်းဖြစ်၏။
Un cœur tranquille est la vie du corps; mais l'envie est la carie des os.
31 ၃၁ ဆင်းရဲသား တို့ကို ညှဉ်းဆဲ သောသူသည် ဖန်ဆင်း တော်မူသောဘုရားကိုကဲ့ရဲ့ ၏။ ဘုရား ကို ရိုသေ သောသူမူကား ၊ ဆင်းရဲ သောသူတို့ကို သနား တတ်၏။
Celui qui fait tort au pauvre, déshonore celui qui l'a fait; mais celui-là l'honore qui a pitié du nécessiteux.
32 ၃၂ မ တရားသောသူသည် မ တရားသဖြင့် ပြုစဉ်အခါ ၊ လှဲ ခြင်းကို ခံရ၏။ ဖြောင့်မတ် သောသူမူကား ၊ သေ သောအခါ၌ ပင် မြော်လင့် စရာရှိ၏။
Dans le malheur, le méchant est renversé; mais le juste reste en assurance, même dans la mort.
33 ၃၃ ဉာဏ် ရှိသောသူ၏ နှလုံး ၌ ပညာ ကျိန်းဝပ် တတ် ၏။ မိုက် သောသူတို့၏အထဲ ၌ ရှိသောအရာမူကား ၊ ထင်ရှား တတ်၏။
La sagesse repose dans le cœur de l'homme entendu; elle est même reconnue au milieu des insensés.
34 ၃၄ ဖြောင့်မတ် ခြင်းတရားသည် ပြည်သား တို့ကို ချီးမြှောက် တတ်၏။ ဒုစရိုက် အပြစ်မူကား ၊ ပြည်သား များ တို့ကို ရှုတ်ချ တတ်၏။
La justice élève une nation; mais le péché est la honte des peuples.
35 ၃၅ ပညာရှိ သော ကျွန် အား ရှင် ဘုရင်သည် ကျေးဇူး ပြုတတ်၏။ အရှက် ခွဲတတ်သော ကျွန်မူကား ၊ အမျက် တော်ကိုခံရ မည်။
La faveur du roi est pour le serviteur prudent; mais il aura de l'indignation contre celui qui lui fait honte.

< သုတ္တံကျမ်း 14 >