< သုတ္တံကျမ်း 14 >
1 ၁ ပညာရှိ သောမိန်းမ သည် မိမိ အိမ် ကို တည်ဆောက် တတ်၏။ မိုက် သောမိန်းမမူကား ၊ ကိုယ် လက် နှင့် ဖြိုဖျက် တတ်၏။
Every wise woman buildeth her house: but the foolish plucketh it down with her hands.
2 ၂ ဖြောင့် သောလမ်းသို့ လိုက် သောသူသည် ထာဝရဘုရား ကို ကြောက်ရွံ့ တတ်၏။ ကောက်သောလမ်းသို့ လိုက် သောသူမူကား ၊ မထီမဲ့မြင် ပြုတတ်၏။
He that walketh in his uprightness feareth the LORD: but [he that is] perverse in his ways despiseth him.
3 ၃ မိုက် သောသူ၏ နှုတ် ၌ မာန ကြိမ်လုံး ရှိ၏။ ပညာရှိ သောသူ၏ နှုတ်ခမ်း တို့သည် ကယ်တင် သောအမှုကို ပြုတတ်၏။
In the mouth of the foolish [is] a rod of pride: but the lips of the wise shall preserve them.
4 ၄ နွား ထီးမ ရှိသော တင်းကုပ် သည် စင်ကြယ် ၏။ သို့သော်လည်း ၊ နွား ခွန်အား ကိုသုံး၍ များ သောစီးပွား ကို ရတတ်၏။
Where no oxen [are], the crib [is] clean: but much increase [is] by the strength of the ox.
5 ၅ သစ္စာ ရှိသောသက်သေ သည်မုသာ မ သုံးတတ်။ သစ္စာ ပျက်သော သက်သေ မူကား ၊ မုသာ ကိုသုံး တတ်၏။
A faithful witness will not lie: but a false witness will utter lies.
6 ၆ မထီမဲ့မြင် ပြုသောသူသည် ပညာ ကိုရှာ ၍ မ တွေ့ရာ။ ဉာဏ် ရှိသောသူမူကား ၊ ပညာ အတတ်ကို ရ လွယ်၏။
A scorner seeketh wisdom, and [findeth it] not: but knowledge [is] easy unto him that understandeth.
7 ၇ မိုက် သောသူနှင့်တွေ့၍ သူ၏နှုတ် ၌ ပညာ အတတ်မ ရှိသည်ကို သိမြင် လျှင် ၊ ထိုသူ ကို ရှောင် သွား လော့။
Go from the presence of a foolish man, when thou perceivest not [in him] the lips of knowledge.
8 ၈ ပညာ သတိရှိသောသူ ၏ပညာ ကား၊ ကိုယ် သွား ရသောလမ်း ကို သိ ခြင်းတည်း။ မိုက် သောသူ၏ မိုက် ခြင်း မူကား ၊ ပရိယာယ် တည်း။
The wisdom of the prudent [is] to understand his way: but the folly of fools [is] deceit.
9 ၉ မိုက် သောသူတို့သည် ဒုစရိုက် အပြစ်ကို မထီ လေးစားပြုကြ၏။ ဖြောင့်မတ် သောသူတို့ မူကား ၊ တယောက် ကိုတယောက်ကျေးဇူး ပြုကြ၏။
Fools make a mock at sin: but among the righteous [there is] favour.
10 ၁၀ စိတ် နှလုံးသည် မိမိ ဒုက္ခ ကို သိ ၏။ စိတ်နှလုံးရွှင်လန်း ခြင်း အကြောင်းကိုလည်း သူတပါး မ ဆိုင် တတ်။
The heart knoweth his own bitterness; and a stranger doth not intermeddle with his joy.
11 ၁၁ မ တရားသောသူ၏အိမ် သည် ပြို လဲတတ်၏။ ဖြောင့်မတ် သောသူ ၏တဲ မူကား ၊ ပွင့်လန်း တတ်၏။
The house of the wicked shall be overthrown: but the tabernacle of the upright shall flourish.
12 ၁၂ လူ ထင် သည်အတိုင်း မှန် သောလက္ခဏာ ရှိ သော်လည်း ၊ အဆုံး ၌ သေ ခြင်းသို့ပို့သော လမ်း တမျိုးရှိ၏။
There is a way which seemeth right unto a man, but the end thereof [are] the ways of death.
13 ၁၃ လူသည် ရယ် စဉ် အခါပင် ၊ ဝမ်းနည်း သောစိတ် သဘောရှိ၏။ ထို ရယ်မောရွှင်လန်း ခြင်းအဆုံး ၌လည်း ညှိုးငယ် ခြင်းရှိတတ်၏။
Even in laughter the heart is sorrowful; and the end of that mirth [is] heaviness.
14 ၁၄ စိတ် နှလုံးဖေါက်ပြန် သောသူဖြစ်စေ ၊ သူ တော် ကောင်းဖြစ်စေ ၊ မိမိ အကျင့် တို့နှင့်ဝ လိမ့်မည်။
The backslider in heart shall be filled with his own ways: and a good man [shall be satisfied] from himself.
15 ၁၅ ဉာဏ် တိမ်သောသူသည် သူတပါး ပြော သမျှ ကို ယုံ တတ်၏။ ပညာ သတိရှိသောသူမူကား ၊ မိမိ သွား ရာ လမ်းကို စေ့စေ့ ကြည့်ရှုတတ်၏။
The simple believeth every word: but the prudent [man] looketh well to his going.
16 ၁၆ ပညာရှိ သောသူသည် ကြောက် ၍ ဒုစရိုက် ကို ရှောင် တတ်၏။ မိုက် သောသူမူကား မာန ကြီး၍ ရဲရင့် တတ်၏။
A wise [man] feareth, and departeth from evil: but the fool rageth, and is confident.
17 ၁၇ စိတ်တို သောသူသည် မိုက် စွာသောအမှုကို ပြု တတ်၏။ မ ကောင်းသောအကြံကို ကြံသောသူ ကိုလည်း သူတပါးမုန်း လိမ့်မည်။
[He that is] soon angry dealeth foolishly: and a man of wicked devices is hated.
18 ၁၈ ဉာဏ် တိမ်သောသူသည် မိုက် ခြင်းကို အမွေခံ တတ်၏။ ပညာ သတိရှိသောသူမူကား ၊ သိပ္ပံ သရဖူ ကို ဆောင်းတတ်၏။
The simple inherit folly: but the prudent are crowned with knowledge.
19 ၁၉ လူဆိုး တို့သည် သူ တော်ကောင်းရှေ့ ၌၎င်း ၊ မ တရားသောသူတို့သည် ဖြောင့်မတ် သောသူ၏ အိမ် တံခါးဝ ၌ ၎င်း ဦးချ တတ်ကြ၏။
The evil bow before the good; and the wicked at the gates of the righteous.
20 ၂၀ ဆင်းရဲ သောသူသည် မိမိ အိမ်နီးချင်း မုန်း ခြင်း ကိုပင် ခံရမည်။ ငွေ ရတတ်သောသူ၌မူကား ၊ များစွာ သော အဆွေ ခင်ပွန်းရှိလိမ့်မည်။
The poor is hated even of his own neighbour: but the rich [hath] many friends.
21 ၂၁ မိမိ အိမ်နီးချင်း ကို မထီမဲ့မြင် ပြုသောသူသည် အပြစ် ရှိ၏။ ဆင်းရဲ သော သူကိုသနား သောသူမူကား ၊ မင်္ဂလာ ရှိ၏။
He that despiseth his neighbour sinneth: but he that hath mercy on the poor, happy [is] he.
22 ၂၂ မ ကောင်းသော အကြံကိုကြံ တတ်သောသူတို့ သည် မှားယွင်း ကြလိမ့်မည်။ ကျေးဇူး ပြု မည်ဟု ကြံတတ် သောသူတို့မူကား ၊ ကရုဏာ အကျိုး နှင့် သစ္စာ အကျိုးကိုခံရကြလိမ့်မည်။
Do they not err that devise evil? but mercy and truth [shall be] to them that devise good.
23 ၂၃ ကြိုးစား ၍ လုပ်လေရာရာ ၌ကျေးဇူး ရှိ ၏။ စကား များခြင်းအကျိုးမူကား ၊ ဆင်းရဲ ခြင်းသက်သက် တည်း။
In all labour there is profit: but the talk of the lips [tendeth] only to penury.
24 ၂၄ ပညာရှိ သောသူတို့၏ စည်းစိမ် ဥစ္စာသည် သူ တို့ ဦးရစ် သရဖူဖြစ်၏။ မိုက် သောသူတို့၏ မိုက် ခြင်းမူကား၊ အမိုက် သက်သက်ဖြစ်၏။
The crown of the wise [is] their riches: [but] the foolishness of fools [is] folly.
25 ၂၅ မှန် သောသက်သေ သည် သူ့အသက် ကို ကယ်တင် တတ်၏။ မ မှန်သောသက်သေ မူကား ၊ မုသာ ကို သုံးတတ်၏။
A true witness delivereth souls: but a deceitful [witness] speaketh lies.
26 ၂၆ ထာဝရဘုရား ကို ကြောက်ရွံ့ ခြင်းသည် အားကြီး သော ကိုးစား ရာအခွင့်ကိုဖြစ်စေတတ်၏။ သား တော်တို့ သည်လည်း ၊ ခိုလှုံ ရာအရပ်ကို ရ ကြလိမ့်မည်။
In the fear of the LORD [is] strong confidence: and his children shall have a place of refuge.
27 ၂၇ ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောသည် အသေခံ ရာ ကျော့ကွင်း တို့မှ လွှဲရှောင် ရာအသက် စမ်းရေ တွင်း ဖြစ်၏။
The fear of the LORD [is] a fountain of life, to depart from the snares of death.
28 ၂၈ ပြည်သား များပြား ရာ၌ ရှင်ဘုရင် ၏ဘုန်း တော် တည်၏။ ပြည်သား နည်းပါး ရာ၌ ကား ၊ မင်း အကျိုးနည်း ခြင်းရှိ၏။
In the multitude of people [is] the king’s honour: but in the want of people [is] the destruction of the prince.
29 ၂၉ စိတ် ရှည် သောသူသည် ပညာ ကြီး ၏။ စိတ်တို သောသူမူကား ၊ အထူးသဖြင့်မိုက် ပေ၏။
[He that is] slow to wrath [is] of great understanding: but [he that is] hasty of spirit exalteth folly.
30 ၃၀ ကျန်းမာ သောနှလုံး သည် ကိုယ် အသက်ရှင် စေ သောအကြောင်း၊ ငြူစူ သော သဘောမူကား ၊ အရိုး ဆွေးမြေ့ ခြင်းအကြောင်းဖြစ်၏။
A sound heart [is] the life of the flesh: but envy the rottenness of the bones.
31 ၃၁ ဆင်းရဲသား တို့ကို ညှဉ်းဆဲ သောသူသည် ဖန်ဆင်း တော်မူသောဘုရားကိုကဲ့ရဲ့ ၏။ ဘုရား ကို ရိုသေ သောသူမူကား ၊ ဆင်းရဲ သောသူတို့ကို သနား တတ်၏။
He that oppresseth the poor reproacheth his Maker: but he that honoureth him hath mercy on the poor.
32 ၃၂ မ တရားသောသူသည် မ တရားသဖြင့် ပြုစဉ်အခါ ၊ လှဲ ခြင်းကို ခံရ၏။ ဖြောင့်မတ် သောသူမူကား ၊ သေ သောအခါ၌ ပင် မြော်လင့် စရာရှိ၏။
The wicked is driven away in his wickedness: but the righteous hath hope in his death.
33 ၃၃ ဉာဏ် ရှိသောသူ၏ နှလုံး ၌ ပညာ ကျိန်းဝပ် တတ် ၏။ မိုက် သောသူတို့၏အထဲ ၌ ရှိသောအရာမူကား ၊ ထင်ရှား တတ်၏။
Wisdom resteth in the heart of him that hath understanding: but [that which is] in the midst of fools is made known.
34 ၃၄ ဖြောင့်မတ် ခြင်းတရားသည် ပြည်သား တို့ကို ချီးမြှောက် တတ်၏။ ဒုစရိုက် အပြစ်မူကား ၊ ပြည်သား များ တို့ကို ရှုတ်ချ တတ်၏။
Righteousness exalteth a nation: but sin [is] a reproach to any people.
35 ၃၅ ပညာရှိ သော ကျွန် အား ရှင် ဘုရင်သည် ကျေးဇူး ပြုတတ်၏။ အရှက် ခွဲတတ်သော ကျွန်မူကား ၊ အမျက် တော်ကိုခံရ မည်။
The king’s favour [is] toward a wise servant: but his wrath is [against] him that causeth shame.