< သုတ္တံကျမ်း 12 >

1 နည်း ဥပဒေကို ခံ ချင်သောသူသည် ပညာ အတတ်ကို နှစ်သက် ၏။ ဆုံးမ ခြင်းကိုမုန်း သော သူမူကား ၊ တိရစ္ဆာန် သဘောရှိ၏။
אהב מוסר אהב דעת ושונא תוכחת בער
2 သူတော် ကောင်းသည် ထာဝရဘုရား ရှေ့တော်၌ မျက်နှာ ရ တတ်၏။ မ ကောင်းသောအကြံကို ကြံစည်သော သူမူကား ၊ အပြစ် စီရင်တော်မူခြင်းကို ခံရ၏။
טוב--יפיק רצון מיהוה ואיש מזמות ירשיע
3 လူ သည်ဒုစရိုက် အားဖြင့် မြဲမြံ ခြင်းသို့ မ ရောက်ရာ။ ဖြောင့်မတ် သောသူ၏အမြစ် မူကား မ ရွေ့ ရာ။
לא-יכון אדם ברשע ושרש צדיקים בל-ימוט
4 သီလ ရှိသော မိန်းမ သည် မိမိ လင် ၌ ဦးရစ် သရဖူ ဖြစ်၏။ အရှက် ခွဲတတ်သော မိန်းမမူကား ၊ လင် ၏အရိုး တို့၌ ဆွေးမြေ့ ခြင်းကဲ့သို့ ဖြစ်၏။
אשת-חיל עטרת בעלה וכרקב בעצמותיו מבישה
5 ဖြောင့်မတ် သောသူ ၏အကြံ သည် ဖြောင့် ၏။ မ တရားသောသူ ပေးသော အကြံ မူကား မုသာ ဖြစ်၏။
מחשבות צדיקים משפט תחבלות רשעים מרמה
6 မ တရားသောသူ ၏စကား သည် သူ့အသက် ကို သတ်ခြင်းငှါစောင်းမြောင်း တတ်၏။ ဖြောင့်မတ် သောသူ ၏နှုတ် မူကား ၊ သူတပါး တို့ကို ကယ်နှုတ် တတ်၏။
דברי רשעים ארב-דם ופי ישרים יצילם
7 မ တရားသောသူ ၏အိမ်သည် ပြိုလဲ ပျောက်ပျက် ခြင်း၊ ဖြောင့်မတ် သောသူ၏ အိမ် မူကား ၊ အမြဲ တည် ခြင်းရှိတတ်၏။
הפוך רשעים ואינם ובית צדיקים יעמד
8 လူ သည်ဉာဏ် ပညာရှိသည်အတိုင်း ချီးမွမ်း ခြင်း ကိုခံရ၏။ သဘော ကောက် သော သူမူကား ၊ မထီမဲ့မြင် ပြုခြင်းကို ခံရ ၏။
לפי-שכלו יהלל-איש ונעוה-לב יהיה לבוז
9 စားစရာ မ ရှိဘဲ ဝါကြွား သောသူထက် ၊ အသရေ မရှိ၊ ကိုယ် အလုပ် ကိုလုပ်ရသောသူသည် သာ၍ကောင်း ၏။
טוב נקלה ועבד לו-- ממתכבד וחסר-לחם
10 ၁၀ ဖြောင့်မတ် သောသူသည် မိမိ တိရစ္ဆာန် အသက် ကို နှမြော တတ်၏။ မ တရားသောသူမူကား ၊ ကရုဏာ အရာ၌ပင် ကြမ်းကြုတ် တတ်၏။
יודע צדיק נפש בהמתו ורחמי רשעים אכזרי
11 ၁၁ မိမိ လယ်ယာ ကို လုပ် သောသူသည် ဝ စွာစားရ ၏။ အချည်းနှီး သောအမှုကို စောင့် သောသူမူကား ၊ ဉာဏ် ချို့တဲ့ ၏။
עבד אדמתו ישבע-לחם ומרדף ריקים חסר-לב
12 ၁၂ မ တရားသောသူသည် လူဆိုး သုံးတတ်သော ကျော့ကွင်း ကို အလို ရှိ၏။ ဖြောင့်မတ် သောသူ ၏အမြစ် မူကား ၊ အသီး ကိုသီးတတ်၏။
חמד רשע מצוד רעים ושרש צדיקים יתן
13 ၁၃ စကား လွန်ကျူး ရာတွင် ဆိုး သောကျော့ကွင်း ရှိ၏။ ဖြောင့်မတ် သောသူမူကား ၊ အမှု ထဲက ထမြောက် တတ်၏။
בפשע שפתים מוקש רע ויצא מצרה צדיק
14 ၁၄ လူ သည်မိမိနှုတ်ခမ်း အသီး ကို ဝ စွာစားရ၏။ မိမိ လက် လုပ် ရာ အကျိုးအပြစ်ကိုလည်းခံရ ၏။
מפרי פי-איש ישבע-טוב וגמול ידי-אדם ישוב (ישיב) לו
15 ၁၅ မိုက် သောသူသည် မိမိ ပြု သောအမှုကို မှန် သည် ဟု ထင် တတ်၏။ အကြံ ပေးသောစကားကို နားထောင် သော သူမူကား ပညာ ရှိ၏။
דרך אויל ישר בעיניו ושמע לעצה חכם
16 ၁၆ မိုက် သောသူ၏ အမျက် ဒေါသသည် ချက်ခြင်း ထင်ရှား တတ်၏။ ပညာ သတိရှိသောသူမူကား ၊ ရှက် စရာ အမှုကို ဖုံး တတ်၏။
אויל--ביום יודע כעסו וכסה קלון ערום
17 ၁၇ မှန် သောစကားကို ပြော သောသူသည် ဖြောင့်မတ် ခြင်းတရား၊ မ မှန်သောသက်သေ ကို ခံသောသူမူကား ၊ မုသာ တရားကို ပြသ တတ်၏။
יפיח אמונה יגיד צדק ועד שקרים מרמה
18 ၁၈ သန်လျက် နှင့်ထိုး သကဲ့သို့ စကား ပြောတတ် သော လူတချို့ရှိ ၏။ ပညာရှိ တို့၏ လျှာ မူကား အနာ ကို ပင် ပျောက်စေတတ်၏။
יש בוטה כמדקרות חרב ולשון חכמים מרפא
19 ၁၉ သစ္စာ နှုတ်ခမ်း သည် အစဉ် အမြဲတည် ၏။ မုသာ လျှာ မူကား ခဏသာတည် ၏။
שפת-אמת תכון לעד ועד-ארגיעה לשון שקר
20 ၂၀ မ ကောင်းသောအကြံကို ကြံ သောသူတို့၏ စိတ် ထဲမှာ လှည့်စား တတ်သောသဘောရှိ၏။ ရန် ပြေစေ ခြင်းငှါ အကြံ ပေးသောသူတို့၌ကား ၊ ဝမ်းမြောက် စရာ အကြောင်းရှိ၏။
מרמה בלב-חרשי רע וליעצי שלום שמחה
21 ၂၁ တရား သောသူ၌ အမင်္ဂလာ မ ရောက် ရာ။ မ တရားသော သူမူကား ၊ အမင်္ဂလာ နှင့်ပြည့်ဝ ရလိမ့်မည်။
לא-יאנה לצדיק כל-און ורשעים מלאו רע
22 ၂၂ မုသာ သုံးသောနှုတ်ခမ်း သည် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူဘွယ်ဖြစ်၏။ သစ္စာ တရားကို စောင့်ရှောက် သောသူတို့မူကား ၊ နှစ်သက် တော်မူဘွယ် ဖြစ်ကြ ၏။
תועבת יהוה שפתי-שקר ועשי אמונה רצונו
23 ၂၃ ပညာ သတိရှိသောသူ သည် မိမိသိ သောအရာ ကိုပင်ထိမ်ဝှက် တတ်၏။ မိုက် သောသူမူကား ၊ မိမိစိတ် အလိုအလျောက်မိုက် သောသဘောကို ထင်ရှား ပြတတ် ၏။
אדם ערום כסה דעת ולב כסילים יקרא אולת
24 ၂၄ လုံ့လဝိရိယ ပြုသောသူသည် အစိုး ရတတ်၏။ ပျင်းရိ သောသူမူကား ၊ အခွန် ပေး ရ၏။
יד-חרוצים תמשול ורמיה תהיה למס
25 ၂၅ ဝမ်းနည်း ခြင်းအကြောင်းသည် ညှိုးငယ် စေ တတ်၏။ ကောင်း သောစကား မူကား ၊ ရွှင်လန်း စေတတ် ၏။
דאגה בלב-איש ישחנה ודבר טוב ישמחנה
26 ၂၆ ဖြောင့်မတ် သောသူသည် အိမ်နီးချင်း ကို လမ်း ပြတတ်၏။ မ တရားသောသူလိုက်သော လမ်း မူကား ၊ သူ့ ကိုပင် လှည့်စား တတ်၏။
יתר מרעהו צדיק ודרך רשעים תתעם
27 ၂၇ ပျင်းရိ သောသူသည် မုဆိုး လုပ်သော်လည်း ၊ ဘမ်း ရသောအကောင်ကို ကင်၍မစားရ။ လုံ့လ ဝိရိယပြုသောသူ ၏ ဥစ္စာ မူကား၊ အဘိုး ထိုက်ပေ၏။
לא-יחרך רמיה צידו והון-אדם יקר חרוץ
28 ၂၈ ဖြောင့်မတ် ခြင်းတရားလမ်း ၌ သေ ဘေးမ ရှိ၊ အသက် ချမ်းသာလမ်း ဖြစ်၏။
בארח-צדקה חיים ודרך נתיבה אל-מות

< သုတ္တံကျမ်း 12 >