< သုတ္တံကျမ်း 11 >
1 ၁ မ မှန်သောချိန်ခွင် သည် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူဘွယ်၊ မှန် သောအလေး မူကား ၊ နှစ်သက် တော်မူဘွယ်ဖြစ်၏။
Yahweh hates scales that are not accurate, but he delights in a precise weight.
2 ၂ မာန ထောင်လွှား သောအခါ အရှက် ကွဲခြင်း ဖြစ် တတ်၏။ စိတ် နှိမ့်ချသောသူတို့၌ ကား ပညာ ရှိ၏။
When pride comes, then comes disgrace, but with humility comes wisdom.
3 ၃ ဖြောင့် သောသဘောသည် ဖြောင့်မတ် သောသူတို့ ကိုပဲ့ပြင် တတ်၏။ ကောက် သောသဘောမူကား ၊ လွန်ကျူး သောသူတို့ကို ဖျက်ဆီး တတ်၏။
The integrity of the upright guides them, but the crooked ways of the treacherous destroy them.
4 ၄ အမျက် ဒေါသထွက်သောကာလ ၌ စည်းစိမ် ဥစ္စာသည် အကျိုး မ ပေးနိုင်။ ဖြောင့်မတ် ခြင်းပါရမီမူကား ၊ သေ ခြင်းမှ ကယ်တင် တတ်၏။
Wealth is worthless on the day of wrath, but doing right keeps you from death.
5 ၅ ဖြောင့်မတ် ခြင်း ပါရမီသည်စုံလင် သောသူတို့ကို ပဲ့ပြင် တတ်၏။ မ တရားသောသူမူကား ၊ မိမိ မ တရားသော အမှုအားဖြင့် ဆုံးရှုံး တတ်၏။
The right conduct of a blameless person makes his way straight, but the wicked will fall because of their own wickedness.
6 ၆ ဖြောင့်မတ် သောသူတို့ ၏ဖြောင့်မတ် သော သဘောသည် သူ တို့ကိုကယ်တင် တတ်၏။ လွန်ကျူး သောသူတို့ မူကား ၊ မိမိတို့အဓမ္မ ၌ ကျော့မိ တတ်ကြ၏။
The right conduct of those who please God keeps them safe, but the treacherous are trapped by their cravings.
7 ၇ ဆိုး သောသူ သည် သေ သောအခါ မြော်လင့် ခြင်း ပျက် တတ်၏။ မတရားသောသူ၏တောင့်တ ခြင်းလည်း ပျက် တတ်၏။
When a wicked man dies, his hope perishes and the hope that was in his strength comes to nothing.
8 ၈ ဖြောင့်မတ် သောသူသည် ဒုက္ခ ထဲက ထွက်မြောက် ၍ ၊ သူ့ ကိုယ်စား မ တရားသောသူခံရ ၏။
The righteous person is kept away from trouble and it comes upon the wicked instead.
9 ၉ အဓမ္မ လူသည် မိမိနှုတ် ဖြင့် မိမိ အိမ်နီးချင်း ကို ဖျက် တတ်၏။ တရား သောသူမူကား ၊ ပညာ အတတ် အားဖြင့် အမှု လွတ်တတ်၏။
With his mouth the godless person destroys his neighbor, but through knowledge righteous people are kept safe.
10 ၁၀ တရား သောသူသည် ကောင်းစား သောအခါ တမြို့ လုံးဝမ်းမြောက် ခြင်း ရှိ၏။ မ တရားသောသူသည် ဆုံးရှုံး သောအခါ မူကား ၊ ကြွေးကြော် ခြင်းရှိ၏။
When righteous people prosper, a city rejoices; when the wicked perish, there are shouts of joy.
11 ၁၁ တရား သောသူသည် ကောင်းကြီး ပေးသော အားဖြင့် သူ၏နေရာမြို့ သည် ချီးမြှောက် ခြင်းသို့၎င်း၊ မ တရားသောသူ ၏နှုတ် ဖြင့် ဖြိုဖျက် ခြင်းသို့၎င်း ရောက် တတ်၏။
Through the good gifts of those who please God, the city becomes great; by the mouth of the wicked, the city is torn down.
12 ၁၂ ပညာမဲ့ သောသူသည် မိမိ အိမ်နီးချင်း ကို မထီမဲ့မြင် ပြုတတ်၏။ ဉာဏ် ကောင်းသောသူ မူကား ၊ တိတ်ဆိတ် စွာ နေတတ်၏။
The man who has contempt for his friend has no sense, but a man of understanding keeps quiet.
13 ၁၃ လည် ၍စကားများစွာပြောတတ်သောသူသည် လျှို့ဝှက် အပ်သောအရာကို ဘော်ပြ တတ်၏။ သစ္စာ စောင့်သောသူမူကား ၊ ဝှက်ထား တတ်၏။
Whoever goes around slandering reveals secrets, but a faithful person keeps a matter covered.
14 ၁၄ အကြံ ပေးနိုင်သော ဉာဏ်မ ရှိလျှင် ပြည်သား တို့ သည် ရှုံး တတ်၏။ အကြံ ပေးနိုင်သောသူ အများ ရှိလျှင် မူကား ၊ ဘေး လွတ်တတ်၏။
Where there is no wise direction, a nation falls, but victory comes by consulting many advisors.
15 ၁၅ အကျွမ်း မဝင်သောသူ၏ အမှု၌အာမခံ သောသူသည် အလွန် နာလိမ့်မည်။ လက်ဝါးချင်းရိုက် သော အမှုကိုမုန်း သောသူမူကား ၊ စိုးရိမ် စရာမရှိ။
Whoever guarantees a loan for a stranger will surely suffer harm, but the one who hates giving a pledge in that kind of promise is safe.
16 ၁၆ နှစ်သက် ဘွယ်သောမိန်းမ သည် ဂုဏ် အသရေကို၎င်း ၊ ခွန်အား ကြီးသော ယောက်ျားသည် စည်းစိမ် ကို၎င်း ရ တတ်၏။
A gracious woman gets honor, but ruthless people grasp for wealth.
17 ၁၇ သနား တတ်သောသူ သည် မိမိ ကိုယ် ၌ ကျေးဇူး ပြုတတ်၏။ ကြမ်းကြုတ် သောသူမူကား ၊ မိမိ ကိုယ် ကိုပင် နှောင့်ရှက် တတ်၏။
A kind person benefits himself, but one who is cruel hurts himself.
18 ၁၈ မ တရားသောသူပြု သော အမှု သည် အမြဲ မတည်တတ်။ ဖြောင့်မတ် ခြင်းတရားမျိုးစေ့ကို ကြဲ သော သူမူကား ၊ မြဲမြံ သော အကျိုး ကိုခံရလိမ့်မည်။
The wicked person lies to get his wages, but one who sows what is right reaps the wages of truth.
19 ၁၉ ဖြောင့်မတ် ခြင်း တရား သည် အသက်ရှင် ခြင်းနှင့် ဆိုင်သကဲ့သို့ ၊ ဒုစရိုက် ကိုလိုက် ရှာသောသူ သည်လည်း ၊ မိမိ သေ ခြင်းတိုင်အောင် လိုက်ရှာတတ်၏။
An honest person who does what is right will live, but the one who pursues evil will die.
20 ၂၀ သဘော ကောက် သောသူတို့ကို ထာဝရဘုရား သည် စက်ဆုပ် ရွံရှာတော်မူ၏။ ဖြောင့် သောလမ်းသို့ လိုက်သောသူတို့ ကိုကား ၊ နှစ်သက် တော်မူ၏။
Yahweh hates those whose hearts are perverse, but he delights in those whose ways are blameless.
21 ၂၁ လူဆိုး တို့သည် အသင်း ဖွဲ့သော်လည်း၊ အပြစ် ဒဏ် နှင့်မ လွတ်ရကြ။ ဖြောင့်မတ် သောသူတို့၏ အမျိုးအနွှယ် မူကား လွတ် ရ၏။
Be sure of this—the wicked person will not go unpunished, but the descendants of righteous people will be kept safe.
22 ၂၂ သမ္မာ သတိမရှိ၊ အဆင်း လှသော မိန်းမ သည် ဝက်မ နှာခေါင်း ဖျား၌ တပ်သော ရွှေ တန်ဆာ နှင့်တူ၏။
Like a gold ring in a pig's nose is a beautiful woman without discretion.
23 ၂၃ ဖြောင့်မတ် သောသူသည် မြတ် သောအရာကို သာ တောင့်တ တတ်၏။ မ တရားသောသူမြော်လင့် သော အရာမူကား၊ ဒေါသ အမျက်နှင့် ဆိုင်သတည်း။
The desires of righteous people result in good, but wicked people can only hope for wrath.
24 ၂၄ စွန့်ကြဲ သော်လည်း ဥစ္စာ တိုးပွါးတတ်သော သူရှိ ၏။ အထောက် မတန်စုသိမ်း ၍ ဆင်းရဲ ခြင်းသို့ ရောက်တတ်သော သူလည်း ရှိ၏။
There is one who scatters—he will accumulate even more; another withholds what he should give—he comes to poverty.
25 ၂၅ စွန့်ကြဲ တတ်သောသူသည် ကြွယ်ဝ လိမ့်မည်။ သူတပါးကို ရေ လောင်းသောသူသည် ကိုယ်တိုင် ရေ လောင်းခြင်း အကျိုး ကိုခံရလိမ့်မည်။
The generous person will prosper and the one who gives water to others will have water for himself.
26 ၂၆ စပါး ကိုသိုထား သောသူသည် လူ များကျိန်ဆဲ ခြင်း ကိုခံရလိမ့်မည်။ ရောင်း ချသောသူ၏ခေါင်း ၌ မူကား ၊ ကောင်းကြီး မင်္ဂလာရှိလိမ့်မည်။
People curse the man who refuses to sell grain, but good gifts crown the head of him who sells it.
27 ၂၇ ကောင်း သောအရာကိုကြိုးစား၍ ရှာ သောသူသည် ကျေးဇူး ကိုခံရ လိမ့်မည်။ သူ့အကျိုးကိုဖျက်ခြင်းငှါရှာ ကြံသောသူမူကား ၊ ကိုယ် အကျိုးပျက်ခြင်းရှိ လိမ့်မည်။
The one who diligently seeks good is also seeking favor, but the one who searches for evil will find it.
28 ၂၈ မိမိ စည်းစိမ် ကို ကိုးစား သောသူသည်ရှုံး လိမ့်မည်။ ဖြောင့်မတ် သော သူမူကား ၊ သစ်ခက် ကဲ့သို့ စိမ်းလန်း လိမ့်မည်။
Those who trust in their riches will fall, but like the leaf, righteous people will flourish.
29 ၂၉ မိမိ အိမ် ကိုနှောင့်ရှက် သောသူသည် လေ ကို အမွေ ခံရလိမ့်မည်။ မိုက် သောသူသည်လည်း ၊ လိမ္မာ သော သူထံ ၌ ကျွန် ခံရလိမ့်မည်။
The one who brings trouble on his own household will inherit the wind and the fool will become a servant to the wise of heart.
30 ၃၀ ဖြောင့်မတ် သောသူ သီးသော အသီး သည် အသက် ပင် အသီးဖြစ်၏။ သူတပါးတို့၏ စိတ်ဝိညာဉ် ကို ရ သောသူသည်လည်း ပညာရှိ ဖြစ်၏။
The righteous person will be like a tree of life, but violence takes away lives.
31 ၃၁ ဖြောင့်မတ် သောသူသော်လည်း မြေကြီး ပေါ် မှာ အပြစ်ဒဏ်ကို ခံရ ၏။ မ တရားသောသူနှင့် အပြစ် ထင်ရှားသောသူကိုမူကား ၊ အဘယ် ဆိုဘွယ်ရာရှိသနည်း။
Behold! The righteous person receives what he deserves; how much more the wicked and the sinner!