< ဖိလိပ္ပိ 4 >

1 ထိုကြောင့် ငါ ဝမ်းမြောက် ခြင်းအကြောင်း၊ ငါ့ဦးရစ် သရဖူတည်းဟူသော၊ ငါ ချစ် ၍ အလွန်လွမ်း သော ညီအစ်ကို တို့၊ ငါဆိုခဲ့ပြီးသည်အတိုင်း သခင် ဘုရား၌ တည်နေ ကြလော့၊ ငါ့ချစ်သူ တို့။
Therefore, my brethren dearly beloved and longed for, my joy and crown, so stand fast in the Lord, my dearly beloved.
2 ဧဝေါဒိ နှင့် သုန္တုတ် တို့သည် သခင် ဘုရား၌ သဘော တစ် ညီတစ်ညွတ်တည်း ဖြစ်ရကြမည်အကြောင်းကို ငါ တောင်းပန်သွေးဆောင်ပါ၏။
I beseech Euodias, and beseech Syntyche, that they be of the same mind in the Lord.
3 အချင်း ငါ့လုပ်ဘော်ဆောင်ဘက် စစ် ၊ သင် တို့ကိုလည်း ငါတောင်းပန် ၏။ ငါ နှင့် ကလေမင် မှစ၍ အသက် စာရင်းဝင်သော အခြား သောငါ ၏လုပ်ဘော်ဆောင်ဘက် တို့နှင့်အတူ ၊ ဧဝံဂေလိ တရားကို ဟောပြောသောအမှု၌ ကူညီ ၍ ကြိုးစားအားထုတ်သော မိန်းမတို့ကို မစ ထောက်ပံ့ပါလော့။
And I entreat thee also, true yokefellow, help those women who laboured with me in the gospel, with Clement also, and with other my fellowlabourers, whose names are in the book of life.
4 သခင် ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက် ခြင်း ရှိကြလော့။ တစ်ဖန် ငါဆို သည်ကား ဝမ်းမြောက် ကြလော့။
Rejoice in the Lord always: and again I say, Rejoice.
5 လူ အပေါင်း တို့ရှေ့၌ သင် တို့၏ ဖြည်းညှင်း ခြင်း သဘောကို ထင်ရှား စေကြလော့။ သခင် ဘုရားသည် အနီးအပါး ၌ ရှိတော်မူ၏။
Let your moderation be known to all men. The Lord is at hand.
6 အဘယ် အမှုကိုမျှ စိုးရိမ် ခြင်းမ ရှိဘဲအရာရာ၌ ကျေးဇူး တော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း ပဌနာပြုသောအားဖြင့်၊ သင် တို့တောင်းပန် လိုသောအရာများတို့ကို ဘုရားသခင် အား ကြားလျှောက် ကြလော့။
Be anxious for nothing; but in every thing by prayer and supplication with thanksgiving let your requests be made known to God.
7 ထိုသို့ပြုလျှင်အဘယ်သူမျှကြုံ၍မမှီနိုင်သော ဘုရားသခင် ၏ ငြိမ်သက် ခြင်းသည် ယေရှု ခရစ် အားဖြင့် သင် တို့၏စိတ် နှလုံးတို့ကို စောင့်မ လိမ့်မည်။
And the peace of God, which passeth all understanding, shall keep your hearts and minds through Christ Jesus.
8 ကြွင်း သေးသော စကားဟူမူကား၊ ညီအစ်ကို တို့၊ သမ္မာတရား နှင့် ဆိုင်သောအကျင့်၊ လျောက်ပတ် သောအကျင့်၊ ဖြောင့်မတ် သောအကျင့်၊ စင်ကြယ် သောအကျင့်၊ သူတစ်ပါးနှစ်သက် ဘွယ်သောအကျင့်၊ ချီးမွမ်း ဘွယ်သောအကျင့် ရှိသမျှ တို့ကို၎င်း၊ ပါရမီ တပါးပါး ၊ ကောင်း သောသိတင်းတပါးပါး နှင့် ဆိုင်သောအကျင့်တို့ကို၎င်း၊ နှလုံး သွင်းကြလော့။
Finally, brethren, whatever things are true, whatever things are honest, whatever things are just, whatever things are pure, whatever things are lovely, whatever things are of good report; if there is any virtue, and if there is any praise, think on these things.
9 သင်တို့သည် အထက်ကသင် ယူ ၍ ငါ ၌ ကြား မြင် ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့။ ထိုသို့ ကျင့် လျှင်၊ ငြိမ်သက် ခြင်း၏ အရှင်ဘုရားသခင် သည် သင် တို့နှင့်အတူ ရှိ တော်မူလိမ့်မည်။။
Those things, which ye have both learned, and received, and heard, and seen in me, do: and the God of peace shall be with you.
10 ၁၀ ယခု ၌လည်း သင်တို့သည် ငါ့ ကို ကြည့်ရှုပြုစုချင်သော စေတနာ စိတ်နှင့် ပြည့်စုံပြန်သည်ဖြစ်၍၊ ငါသည် သခင် ဘုရား၌ အလွန် ဝမ်းမြောက် ခြင်းရှိ၏။ ထိုစေတနာ စိတ်သည် အထက် ကရှိသော်လည်း ပြုစုရသောအခွင့် မရှိပြီ။။
But I rejoiced in the Lord greatly, that now at the last your care of me hath flourished again; in which ye were also concerned, but ye lacked opportunity.
11 ၁၁ ထိုသို့ငါဆို သော်၊ ကိုယ်တိုင်ဆင်းရဲ ခြင်းကို ရည်မှတ် ၍ ဆိုသည်မ ဟုတ်။ အကြောင်းမူကား ၊ ငါ သည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲ သောစိတ်ရှိ အံ့သောငှာသင် မိပြီ။။
Not that I speak in respect of want: for I have learned, in whatever state I am, with that to be content.
12 ၁၂ ရှုတ်ချ ခြင်းကို၎င်း ၊ ကြွယ်ဝ ခြင်းကို၎င်း၊ ခံတတ်၏။ ဝ စွာစားခြင်း၊ မွတ်သိပ် ခြင်း၊ စည်းစိမ် ရှိခြင်း၊ ဆင်းရဲ ခြင်းတို့ကို ခံရအံ့သောငှာ၊ အရပ်ရပ် တို့တွင် အရာရာ ၌ သင် မိပြီ။။
I know both how to be abased, and I know how to abound: every where and in all things I am instructed both to be full and to be hungry, both to abound and to suffer need.
13 ၁၃ ငါ့ ကို ခွန်အား နှင့်ပြည့်စုံစေတော်မူသော ခရစ်တော် အားဖြင့် ခပ်သိမ်း သောအမှုတို့ကို ငါတတ်စွမ်း နိုင်၏။။
I can do all things through Christ who strengtheneth me.
14 ၁၄ သို့သော်လည်း ဆင်းရဲ ဒုက္ခကိုငါ ခံရ စဉ်အခါ၊ သင် တို့သည် ငါနှင့်ဆက်ဆံ သောအားဖြင့်ကောင်းမွန် စွာ ပြု ကြပြီ။။
However ye have done well, that ye did share with my affliction.
15 ၁၅ အချင်းဖိလိပ္ပိ မြို့သားတို့၊ ဧဝံဂေလိ တရားကို ဟောစ ပြု၍ ၊ မာကေဒေါနိ ပြည်မှ ငါထွက် ဆဲရှိသောအခါ အလှူ လှူခြင်း၊ အလှူခံ ခြင်းအမှု၌ ၊ သင် တို့မှတစ်ပါး အဘယ် အသင်းတော် မျှငါ နှင့်မ ဆက်ဆံ ကြ။။
Now ye Philippians know also, that in the beginning of the gospel, when I departed from Macedonia, no church shared with me as concerning giving and receiving, but ye only.
16 ၁၆ သက်သာလောနိတ် မြို့၌ ငါရှိစဉ်ပင်၊ ငါ လို သောအရာကို သင်တို့သည် နှစ်ကြိမ် တိုင်အောင်ပေး လိုက် ကြ၏။။
For even in Thessalonica ye sent once and again to my necessity.
17 ၁၇ ထိုသို့ ငါဆိုသော်၊ အလှူ ကို ရှာ သည်မ ဟုတ်၊ သင် တို့၌ ကြွယ်ဝ သောအကျိုး ကို ရှာ ၏။။
Not because I desire a gift: but I desire fruit that may abound to your account.
18 ၁၈ ယခုအခါ အရာရာ ၌ငါရ တတ်၏။ ဥစ္စာကြွယ်ဝ ၏။ မွှေးကြိုင် သောအနံ့ နှင့် ပြည့်စုံ၍၊ ဘုရားသခင် နှစ်သက် အားရတော်မူသော ယဇ် တည်းဟူသောသင် တို့ ပေးလိုက်သောအရာ တို့ကို ဧပဖြောဒိတ် လက်မှ ငါခံရ သည်ဖြစ်၍ကြွယ်ဝ လျက်ရှိ၏။။
But I have all, and abound: I am full, having received from Epaphroditus the things which were sent from you, an odour of a sweet smell, a sacrifice acceptable, wellpleasing to God.
19 ၁၉ ငါ ၏ဘုရားသခင် သည် ဘုန်း အာနုဘော်၌ စံပယ်တော်မူသော စည်းစိမ် ရှိသည်အတိုင်း ၊ သင် တို့အလို ရှိသမျှ တို့ကို ယေရှု ခရစ် အားဖြင့် ပြည့်စုံ စေတော်မူလိမ့်မည်။။
But my God shall supply all your need according to his riches in glory by Christ Jesus.
20 ၂၀ ငါ တို့အဘ တည်းဟူသောဘုရားသခင် သည် ကမ္ဘာ အဆက်ဆက် ဘုန်းကြီး တော်မူစေသတည်း။ အာမင် ။။ (aiōn g165)
Now to God and our Father be glory for ever and ever. Amen. (aiōn g165)
21 ၂၁ ယေရှု ခရစ် ၌ ရှိသော သန့်ရှင်း သူအပေါင်း တို့ကို နှုတ်ဆက် ကြလော့။။
Greet every saint in Christ Jesus. The brethren who are with me greet you.
22 ၂၂ ငါ နှင့်အတူ ရှိသောညီအစ်ကို မှစ၍ သန့်ရှင်း သောသူအပေါင်း တို့သည် သင် တို့ကို နှုတ်ဆက် ကြ၏။ ကဲသာ ဘုရင်၏ နန်းတော် ၌နေသော သန့်ရှင်း သူတို့သည် အထူးသဖြင့် နှုတ်ဆက် ကြ၏။။
All the saints greet you, chiefly they that are of Caesar’s household.
23 ၂၃ ငါတို့သခင် ယေရှု ခရစ် ၏ ကျေးဇူး တော်သည် သင် တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။
The grace of our Lord Jesus Christ be with you all. Amen. To the Philippians written from Rome, by Epaphroditus.

< ဖိလိပ္ပိ 4 >