< ဖိလိပ္ပိ 4 >
1 ၁ ထိုကြောင့် ငါ ဝမ်းမြောက် ခြင်းအကြောင်း၊ ငါ့ဦးရစ် သရဖူတည်းဟူသော၊ ငါ ချစ် ၍ အလွန်လွမ်း သော ညီအစ်ကို တို့၊ ငါဆိုခဲ့ပြီးသည်အတိုင်း သခင် ဘုရား၌ တည်နေ ကြလော့၊ ငါ့ချစ်သူ တို့။
Therefore, my brothers, whom I love and long for, my joy and crown, so stand firm in the Lord, my beloved.
2 ၂ ဧဝေါဒိ နှင့် သုန္တုတ် တို့သည် သခင် ဘုရား၌ သဘော တစ် ညီတစ်ညွတ်တည်း ဖြစ်ရကြမည်အကြောင်းကို ငါ တောင်းပန်သွေးဆောင်ပါ၏။
I appeal to Euodia and I appeal to Syntyche to agree in the Lord.
3 ၃ အချင်း ငါ့လုပ်ဘော်ဆောင်ဘက် စစ် ၊ သင် တို့ကိုလည်း ငါတောင်းပန် ၏။ ငါ နှင့် ကလေမင် မှစ၍ အသက် စာရင်းဝင်သော အခြား သောငါ ၏လုပ်ဘော်ဆောင်ဘက် တို့နှင့်အတူ ၊ ဧဝံဂေလိ တရားကို ဟောပြောသောအမှု၌ ကူညီ ၍ ကြိုးစားအားထုတ်သော မိန်းမတို့ကို မစ ထောက်ပံ့ပါလော့။
Yes, I ask you also, true companion, help these women, for they labored with me in the Good News, with Clement also, and the rest of my fellow workers, whose names are in the Book of Life.
4 ၄ သခင် ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက် ခြင်း ရှိကြလော့။ တစ်ဖန် ငါဆို သည်ကား ဝမ်းမြောက် ကြလော့။
Rejoice in the Lord always. Again I will say, Rejoice.
5 ၅ လူ အပေါင်း တို့ရှေ့၌ သင် တို့၏ ဖြည်းညှင်း ခြင်း သဘောကို ထင်ရှား စေကြလော့။ သခင် ဘုရားသည် အနီးအပါး ၌ ရှိတော်မူ၏။
Let your gentleness be evident to all people. The Lord is near.
6 ၆ အဘယ် အမှုကိုမျှ စိုးရိမ် ခြင်းမ ရှိဘဲအရာရာ၌ ကျေးဇူး တော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း ပဌနာပြုသောအားဖြင့်၊ သင် တို့တောင်းပန် လိုသောအရာများတို့ကို ဘုရားသခင် အား ကြားလျှောက် ကြလော့။
Do not be anxious about anything, but in everything, by prayer and petition with thanksgiving, let your requests be made known to God.
7 ၇ ထိုသို့ပြုလျှင်အဘယ်သူမျှကြုံ၍မမှီနိုင်သော ဘုရားသခင် ၏ ငြိမ်သက် ခြင်းသည် ယေရှု ခရစ် အားဖြင့် သင် တို့၏စိတ် နှလုံးတို့ကို စောင့်မ လိမ့်မည်။
And the peace of God, which surpasses all understanding, will guard your hearts and your minds in Christ Jesus.
8 ၈ ကြွင်း သေးသော စကားဟူမူကား၊ ညီအစ်ကို တို့၊ သမ္မာတရား နှင့် ဆိုင်သောအကျင့်၊ လျောက်ပတ် သောအကျင့်၊ ဖြောင့်မတ် သောအကျင့်၊ စင်ကြယ် သောအကျင့်၊ သူတစ်ပါးနှစ်သက် ဘွယ်သောအကျင့်၊ ချီးမွမ်း ဘွယ်သောအကျင့် ရှိသမျှ တို့ကို၎င်း၊ ပါရမီ တပါးပါး ၊ ကောင်း သောသိတင်းတပါးပါး နှင့် ဆိုင်သောအကျင့်တို့ကို၎င်း၊ နှလုံး သွင်းကြလော့။
Finally, brothers, whatever things are true, whatever things are honorable, whatever things are just, whatever things are pure, whatever things are lovely, whatever things are of good report; if there is any virtue, and if there is any praise, think on these things.
9 ၉ သင်တို့သည် အထက်ကသင် ယူ ၍ ငါ ၌ ကြား မြင် ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့။ ထိုသို့ ကျင့် လျှင်၊ ငြိမ်သက် ခြင်း၏ အရှင်ဘုရားသခင် သည် သင် တို့နှင့်အတူ ရှိ တော်မူလိမ့်မည်။။
And the things you learned and received and heard and saw in me, do these things. And the God of peace will be with you.
10 ၁၀ ယခု ၌လည်း သင်တို့သည် ငါ့ ကို ကြည့်ရှုပြုစုချင်သော စေတနာ စိတ်နှင့် ပြည့်စုံပြန်သည်ဖြစ်၍၊ ငါသည် သခင် ဘုရား၌ အလွန် ဝမ်းမြောက် ခြင်းရှိ၏။ ထိုစေတနာ စိတ်သည် အထက် ကရှိသော်လည်း ပြုစုရသောအခွင့် မရှိပြီ။။
Now I rejoice in the Lord greatly that at last you have revived your concern for me; in which you were indeed concerned, but you lacked opportunity.
11 ၁၁ ထိုသို့ငါဆို သော်၊ ကိုယ်တိုင်ဆင်းရဲ ခြင်းကို ရည်မှတ် ၍ ဆိုသည်မ ဟုတ်။ အကြောင်းမူကား ၊ ငါ သည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲ သောစိတ်ရှိ အံ့သောငှာသင် မိပြီ။။
I'm not saying this because I am in need, for I have learned to be content in any circumstance.
12 ၁၂ ရှုတ်ချ ခြင်းကို၎င်း ၊ ကြွယ်ဝ ခြင်းကို၎င်း၊ ခံတတ်၏။ ဝ စွာစားခြင်း၊ မွတ်သိပ် ခြင်း၊ စည်းစိမ် ရှိခြင်း၊ ဆင်းရဲ ခြင်းတို့ကို ခံရအံ့သောငှာ၊ အရပ်ရပ် တို့တွင် အရာရာ ၌ သင် မိပြီ။။
I know what it is to be in need, and I know what it is to have a lot. In any and all circumstances I have learned the secret, whether full or hungry, whether having a lot or being in need.
13 ၁၃ ငါ့ ကို ခွန်အား နှင့်ပြည့်စုံစေတော်မူသော ခရစ်တော် အားဖြင့် ခပ်သိမ်း သောအမှုတို့ကို ငါတတ်စွမ်း နိုင်၏။။
I can do all things through him who strengthens me.
14 ၁၄ သို့သော်လည်း ဆင်းရဲ ဒုက္ခကိုငါ ခံရ စဉ်အခါ၊ သင် တို့သည် ငါနှင့်ဆက်ဆံ သောအားဖြင့်ကောင်းမွန် စွာ ပြု ကြပြီ။။
Still, you have done well to share my hardship.
15 ၁၅ အချင်းဖိလိပ္ပိ မြို့သားတို့၊ ဧဝံဂေလိ တရားကို ဟောစ ပြု၍ ၊ မာကေဒေါနိ ပြည်မှ ငါထွက် ဆဲရှိသောအခါ အလှူ လှူခြင်း၊ အလှူခံ ခြင်းအမှု၌ ၊ သင် တို့မှတစ်ပါး အဘယ် အသင်းတော် မျှငါ နှင့်မ ဆက်ဆံ ကြ။။
And you Philippians yourselves know that in the beginning of the Good News, when I departed from Macedonia, no church shared with me in the matter of giving and receiving but you only.
16 ၁၆ သက်သာလောနိတ် မြို့၌ ငါရှိစဉ်ပင်၊ ငါ လို သောအရာကို သင်တို့သည် နှစ်ကြိမ် တိုင်အောင်ပေး လိုက် ကြ၏။။
For even in Thessalonica you sent me aid twice.
17 ၁၇ ထိုသို့ ငါဆိုသော်၊ အလှူ ကို ရှာ သည်မ ဟုတ်၊ သင် တို့၌ ကြွယ်ဝ သောအကျိုး ကို ရှာ ၏။။
Not that I seek the gift, but I seek the fruit that increases to your account.
18 ၁၈ ယခုအခါ အရာရာ ၌ငါရ တတ်၏။ ဥစ္စာကြွယ်ဝ ၏။ မွှေးကြိုင် သောအနံ့ နှင့် ပြည့်စုံ၍၊ ဘုရားသခင် နှစ်သက် အားရတော်မူသော ယဇ် တည်းဟူသောသင် တို့ ပေးလိုက်သောအရာ တို့ကို ဧပဖြောဒိတ် လက်မှ ငါခံရ သည်ဖြစ်၍ကြွယ်ဝ လျက်ရှိ၏။။
But I have received everything in full, and I have an abundance. I am fully supplied, having received from Epaphroditus the things that came from you, a sweet-smelling fragrance, an acceptable and well-pleasing sacrifice to God.
19 ၁၉ ငါ ၏ဘုရားသခင် သည် ဘုန်း အာနုဘော်၌ စံပယ်တော်မူသော စည်းစိမ် ရှိသည်အတိုင်း ၊ သင် တို့အလို ရှိသမျှ တို့ကို ယေရှု ခရစ် အားဖြင့် ပြည့်စုံ စေတော်မူလိမ့်မည်။။
And my God will supply all your needs according to his glorious riches in Christ Jesus.
20 ၂၀ ငါ တို့အဘ တည်းဟူသောဘုရားသခင် သည် ကမ္ဘာ အဆက်ဆက် ဘုန်းကြီး တော်မူစေသတည်း။ အာမင် ။။ (aiōn )
Now to our God and Father be the glory forever and ever. Amen. (aiōn )
21 ၂၁ ယေရှု ခရစ် ၌ ရှိသော သန့်ရှင်း သူအပေါင်း တို့ကို နှုတ်ဆက် ကြလော့။။
Greet every saint in Christ Jesus. The brothers who are with me greet you.
22 ၂၂ ငါ နှင့်အတူ ရှိသောညီအစ်ကို မှစ၍ သန့်ရှင်း သောသူအပေါင်း တို့သည် သင် တို့ကို နှုတ်ဆက် ကြ၏။ ကဲသာ ဘုရင်၏ နန်းတော် ၌နေသော သန့်ရှင်း သူတို့သည် အထူးသဖြင့် နှုတ်ဆက် ကြ၏။။
All the saints greet you, especially those who are of Caesar's household.
23 ၂၃ ငါတို့သခင် ယေရှု ခရစ် ၏ ကျေးဇူး တော်သည် သင် တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။
The grace of the Lord Jesus Christ be with your spirit.